သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်တွင်း တင်းမာမှုအပေါ် Shangri-La Dialogue မှာ သတိပေးပြောဆို


တောင်တရုတ်ပင်လယ်

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်အတွင်း သူတို့ပိုင်တဲ့နယ်မြေတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တည်ဆောက်ဖို့ တရားဝင်အခွင့်အရေးရှိတယ်လို့ ပြောလိုက်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်ပြင်အတွင်း တပ်အင်အားအသုံးပြုမှုတွေ၊ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သဘောထားတင်းမာနေတာတေအပေါ် သတိထားကြဖို့ Shangri-La Dialogue လို့ခေါ်တဲ့ နှစ်စဉ်ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe က ဒီကနေ့ အစောပိုင်းမှာကျင်းပတဲ့ ဆွေးနွေးပွဲအတွင်းမှာ အဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ အာရှဒေသက သူတို့ရဲ့ ကာကွယ်ရေးလုပ်ငန်းတွေဟာ သူတို့ဘာသာသူတို့ကာကွယ်ဖို့သက်သက်ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း သူတို့ရဲ့ အကျိုးစီးပွားကိုကာကွယ်တဲ့အနေနဲ့ တန်ပြန်တိုက်ခိုက်သွားဖို့ကိုတော့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

သြစတြေးလျ၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးတွေကတော့ အငြင်းပွားစရာဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်တွင်းမှာ နိုင်ငံတကာဥပဒေတွေနဲ့အညီလုပ်ဆောင်နေသမျှ၊ တရုတ်နိုင်ငံရဲ့လှုပ်ရှားမှုတွေကို သူတို့အနေနဲ့ ဆန့်ကျင်မှာမဟုတ်ဘူးလို့ ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG