သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး ကန်-ဖိလစ်ပိုင် ဆွေးနွေး


 ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ဗီယက်နမ်နိုင်ငံက ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ အပြီး သိပ်မကြာ ခင်မှာပဲ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ဟာ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိသွားပါတယ်။

ကြာသပတေးနေ့မှာ ဖိလစ်ပိုင်နိုင်ငံ Manila လေဆိပ်ကို ရောက်လာတဲ့ ဝန်ကြီး Pompeo ကို ဖိလစ်ပိုင် အစိုးရအရာရှိတွေက ကြိုဆိုခဲ့ကြပြီး ချက်ချင်းဆိုသလိုပဲ ဖိလစ်ပိုင် သမ္မတနဲ့ တွေ့ဆုံဖို့ ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွက် လုံခြုံရေးအရ အမျိုးမျိုး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အရေးပါတဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ကို အမေရိကန်က ကူညီပံ့ပိုးမှုပေးတာကို ခိုင်မာကြောင်း ပြသတဲ့အနေနဲ့ ဖိလစ်ပိုင်ကို ဝန်ကြီး Pompeo ခရီးစဉ်သွားရောက်တာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ခေါင်းဆောင် ၂ ဦး ဟာ ၁၉၅၁ - ကာကွယ်ရေးဆိုင်ရာ အမေရိကန်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံ ကြား အပြန်အလှန် သဘောတူညီချက်အပြင် တောင်တရုတ်ပင်လယ်တွင်း နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ မျှော်လင့်ထားကြောင်း ဖိလစ်ပိုင်အရာရှိတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG