သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္တရုတ္ပင္လယ္ျပင္အတြင္း တရုတ္နဲ႔အျငင္းပြားေနတဲ့ႏုိင္ငံေတြ ကန္ ေထာက္ခံအားေပးမည္


ေတာင္တရုတ္ပင္လယ္ျပင္က အေမရိကန္ရဲ႕ ေလယာဥ္သယ္ေဆာင္တဲ့ သေဘာၤ

Zawgyi/Unicode

ေတာင္တ႐ုတ္ပင္လယ္ထဲ နိုင္ငံအမ်ား ပိုင္နက္နယ္ေျမေတာင္းဆိုထားတဲ့ကိစၥမွာ တ႐ုတ္နိုင္ငံနဲ႔အျငင္းပြားေနၿပီး တ႐ုတ္နိုင္ငံေၾကာင့္ နယ္ေၿမ ပိုင္ဆိုင္မႈ ခ်ိဳးေဖာက္ခံရတဲ့ နိုင္ငံေတြကို အေမရိကန္ ျပည္ေထာက္စုက ေထာက္ခံအားေပးသြားမယ္လို႔ အေမရိကန္ နိုင္ငံ ျခားေရးဝန္ႀကီး MIKE POMPEO ကဗုဒၶဟူးေန႔ကေျပာလိုက္ပါတယ္။ ဒါေပမဲ့ စစ္ေရးနည္းလမ္းထက္ သံတမန္ေရးနည္းလမ္း အရ ေထာက္ခံ သြားမွာလို႔လည္း ေျပာပါတယ္။

"အဲဒီနိုင္ငံေတြကို ကၽြန္ေတာ္တို႔ တတ္နိုင္တဲ့ေထာက္ပံ့မႈေတြ ေပးအပ္သြားပါမယ္။ နိုင္ငံတကာ အဖြဲ႕အစည္းေတြမွာပဲ ျဖစ္ျဖစ္၊ အာဆီယံ အဖြဲ႕ မွာပဲျဖစ္ျဖစ္၊ တရားဥပေဒေၾကာင္းအရပဲ ျဖစ္ျဖစ္ နည္းလမ္း အားလုံးကို အသုံးျပဳၿပီး အားေပးေထာက္ခံသြားပါ မယ္" လို႔ သတင္းေထာက္ေတြကို ဝန္ႀကီး POMPEO က ေျပာပါတယ္။

တနလၤာေန႔တုန္းကေတာ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲ တ႐ုတ္တို႔ ပိုင္ဆိုင္တယ္လို႔ ေၾကညာေတာင္းဆိုထားတာေတြ အားလုံးနီးပါးကို အေမရိကန္ ျပည္ေထာင္စုက လက္မခံပယ္ခ်ေၾကာင္းေၾကညာခဲ့တာပါ။ အဲဒီ ေၾကညာခ်က္ဟာ ေတာင္တ႐ုတ္ပင္လယ္ကို တ႐ုတ္တို႔ ပိုင္ဆိုင္တယ္လို႔ ေၾကညာထားတာ လုံးဝ တရား မဝင္ဘူးဆိုၿပီး ပထမဆုံးအႀကိမ္ ပယ္ခ်လိုက္တာလည္း ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံက ခ်က္ခ်င္းဆိုသလိုပဲ အေမရိကန္ရဲ့ ရပ္တည္ခ်က္ဟာ ေဒသတြင္း တင္းမာမႈေတြ တိုးေစလိမ့္မယ္ ဆိုၿပီး ျပန္လည္ တုန္႔ျပန္ေျပာၾကားခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ထဲ နယ္ေၿမ ပိုင္ဆိုင္ေၾကာင္း တ႐ုတ္တို႔ရဲ့ ေတာင္းဆိုခ်က္ကို အေမရိကန္နိုင္ငံက အစဥ္ တစိုက္ ဆန္႔က်င္ေနခဲ့ တာျဖစ္သလို ေတာင္တ႐ုတ္ပင္လယ္ထဲ စစ္သေဘၤာေတြ ပုံမွန္ ေစလႊတ္ ၿပီး ပင္လယ္ေရေၾကာင္း လြတ္လပ္ခြင့္ကို ထိန္းသိမ္းေၾကာင္း ျပသေလ့ရွိပါတယ္။

စြမ္းအင္ အရင္းအျမစ္ ႂကြယ္ဝတယ္လို႔ ယူဆထားတဲ့ ေတာင္တ႐ုတ္ပင္လယ္ေရျပင္ရဲ့ ၉၀ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ ေၾကာင္း တ႐ုတ္တို႔ ေတာင္းဆို ေၾကညာထားခ်ိန္မွာပဲ ေဒသတြင္းက ဘ႐ူနိုင္းလ္၊ မေလးရွား၊ ဖိလစ္ပိုင္၊ ထိုင္ဝမ္နဲ႔ ဗီယက္နိုင္ငံ တို႔ကလည္း ေတာင္တ႐ုတ္ ပင္လယ္ရဲ့ အစိတ္အပိုင္း တစ္ခ်ိဳ႕ကို ပိုင္ဆိုင္ေၾကာင္း ေၾကညာထားတာပါ။

မေန႔ ဗုဒၶဟူးေန႔ကေတာ့ အေမရိကန္နိုင္ငံရဲ့ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး ဗီယက္နမ္ နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Le Thi Thu Hang က ေတာင္တ႐ုတ္ပင္လယ္ကိစၥမွာ နိုင္ငံတကာ ဥပေဒနဲ႔ ကိုက္ညီတဲ့ ဘယ္လို သေဘာထား အျမင္မ်ိဳးကို မဆို ႀကိဳဆိုေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္



[Unicode]

တောင်တရုတ်ပင်လယ်ထဲ နိုင်ငံအများ ပိုင်နက်နယ်မြေတောင်းဆိုထားတဲ့ကိစ္စမှာ တရုတ်နိုင်ငံနဲ့အငြင်းပွားနေပြီး တရုတ်နိုင်ငံကြောင့် နယ်မြေ ပိုင်ဆိုင်မှု ချိုးဖောက်ခံရတဲ့ နိုင်ငံတွေကို အမေရိကန် ပြည်ထောက်စုက ထောက်ခံအားပေးသွားမယ်လို့ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး MIKE POMPEO ကဗုဒ္ဓဟူးနေ့ကပြောလိုက်ပါတယ်။ ဒါပေမဲ့ စစ်ရေးနည်းလမ်းထက် သံတမန်ရေးနည်းလမ်း အရ ထောက်ခံ သွားမှာလို့လည်း ပြောပါတယ်။

"အဲဒီနိုင်ငံတွေကို ကျွန်တော်တို့ တတ်နိုင်တဲ့ထောက်ပံ့မှုတွေ ပေးအပ်သွားပါမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာပဲ ဖြစ်ဖြစ်၊ အာဆီယံ အဖွဲ့ မှာပဲဖြစ်ဖြစ်၊ တရားဥပဒေကြောင်းအရပဲ ဖြစ်ဖြစ် နည်းလမ်း အားလုံးကို အသုံးပြုပြီး အားပေးထောက်ခံသွားပါ မယ်" လို့ သတင်းထောက်တွေကို ဝန်ကြီး POMPEO က ပြောပါတယ်။
တနင်္လာနေ့တုန်းကတော့ တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်တို့ ပိုင်ဆိုင်တယ်လို့ ကြေညာတောင်းဆိုထားတာတွေ အားလုံးနီးပါးကို အမေရိကန် ပြည်ထောင်စုက လက်မခံပယ်ချကြောင်းကြေညာခဲ့တာပါ။ အဲဒီ ကြေညာချက်ဟာ တောင်တရုတ်ပင်လယ်ကို တရုတ်တို့ ပိုင်ဆိုင်တယ်လို့ ကြေညာထားတာ လုံးဝ တရား မဝင်ဘူးဆိုပြီး ပထမဆုံးအကြိမ် ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။


တရုတ်နိုင်ငံက ချက်ချင်းဆိုသလိုပဲ အမေရိကန်ရဲ့ ရပ်တည်ချက်ဟာ ဒေသတွင်း တင်းမာမှုတွေ တိုးစေလိမ့်မယ် ဆိုပြီး ပြန်လည် တုန့်ပြန်ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ထဲ နယ်မြေ ပိုင်ဆိုင်ကြောင်း တရုတ်တို့ရဲ့ တောင်းဆိုချက်ကို အမေရိကန်နိုင်ငံက အစဉ် တစိုက် ဆန့်ကျင်နေခဲ့ တာဖြစ်သလို တောင်တရုတ်ပင်လယ်ထဲ စစ်သင်္ဘောတွေ ပုံမှန် စေလွှတ် ပြီး ပင်လယ်ရေကြောင်း လွတ်လပ်ခွင့်ကို ထိန်းသိမ်းကြောင်း ပြသလေ့ရှိပါတယ်။


စွမ်းအင် အရင်းအမြစ် ကြွယ်ဝတယ်လို့ ယူဆထားတဲ့ တောင်တရုတ်ပင်လယ်ရေပြင်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင် ကြောင်း တရုတ်တို့ တောင်းဆို ကြေညာထားချိန်မှာပဲ ဒေသတွင်းက ဘရူနိုင်းလ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နိုင်ငံ တို့ကလည်း တောင်တရုတ် ပင်လယ်ရဲ့ အစိတ်အပိုင်း တစ်ချို့ကို ပိုင်ဆိုင်ကြောင်း ကြေညာထားတာပါ။
မနေ့ ဗုဒ္ဓဟူးနေ့ကတော့ အမေရိကန်နိုင်ငံရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Le Thi Thu Hang က တောင်တရုတ်ပင်လယ်ကိစ္စမှာ နိုင်ငံတကာ ဥပဒေနဲ့ ကိုက်ညီတဲ့ ဘယ်လို သဘောထား အမြင်မျိုးကို မဆို ကြိုဆိုကြောင်း ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG