သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ကုိ တရုတ္ႏုိင္ငံရဲ႕ၿမိဳ႕တၿမိဳ႕အျဖစ္ သတ္မွတ္မည္ဟု ကန္ ၀န္ႀကီးေျပာ


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo 

Zawgyi/Unicode

တရုတ္ရဲ့ သီးျခားအုပ္ခ်ဳပ္ခြင့္ရထားတဲ့ နယ္ေျမတခုျဖစ္တဲ့ ေဟာင္ေကာင္ကို တရုတ္ႏိုင္ငံရဲ့ ၿမိဳ႕တၿမိဳ႕ အျဖစ္နဲ႔ပဲ အေမရိကန္ျပည္ေထာင္စုက သတ္မွတ္ရေတာ့မွာ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေသာၾကာေန႔ ကိုေပေဟဂင္ ဒီမိုကေရစီ ထိပ္သီးအစည္းအေဝးမွာ ေျပာၾကားလိုက္ပါတယ္။

“ေဟာင္ေကာင္ကို တရုတ္ႏိုင္ငံရဲ့ ေနာက္ထပ္ ၿမိဳ႕တၿမိဳ႕ အျဖစ္နဲ႔ပဲ ဆက္ဆံေတာ့မွာလားလို႔ ေမးလာရင္ ဒီလိုပဲ ဆက္ဆံဖို႔ တရုတ္အစိုးရက လုပ္ေနတာေၾကာင့္ ဒီလိုပဲ ဆက္ဆံရေတာ့မွာပါ” လို႔ အြန္လိုင္းကေန က်င္းပတဲ့ ဒီထိပ္သီး အစည္းေဝးမွာ ဝန္ႀကီး Pompeo ကေျပာသြားတာပါ။

ေဟာင္ေကာင္မွာ စက္တင္ဘာလက်ရင္ ေရြးေကာက္ပြဲေတြ က်င္းပဖို႔ရွိၿပီး ဒီေရြးေကာက္ပြဲကေန တရုတ္ကြန္ျမဴနစ္ပါတီရဲ့ ေဟာင္ေကာင္လြတ္လပ္ခြင့္ အေပၚ ေလးစားမႈ ရွိမရွိကို အားလံုးသိလာႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ ေဟာင္ေကာင္ရဲ့ လြတ္လပ္ခြင့္ကို ထိန္းခ်ဳပ္ဖို႔ လုပ္ေနတာ အတြက္ ဘယ္သူ႔မွာ တာဝန္ရွိသလဲ ဆိုတာကို အေမရိကန္က ဆန္းစစ္ေနေၾကာင္းလည္း တရုတ္ကြန္ျမဴနစ္ပါတီ ထိပ္တန္းသံတမန္ Yang Jiechi နဲ႔ ဟိုႏိုလူလူမွာ ေတြ႔ဆံုအၿပီး ၂ ရက္အၾကာမွာ ေျပာၾကားခဲ့တာပါ။

Yang Jiechi ကလည္း အေမရိကန္ အေနနဲ႔ အဓိက ျပႆနာႀကီးေတြ နဲ႔ ပတ္သက္ၿပီး တရုတ္ရဲ့ ရပ္တည္ခ်က္ ကို ေလးစားဖုိ႔ လုိေၾကာင္းနဲ႔ ဒီလို ၂ ႏိုင္ငံ တင္းမာတဲ့ ဆက္ဆံေရး ျပန္ေကာင္းဖို႔ ႀကိဳးစား ေနၾကခ်ိန္မွာပဲ ေဟာင္ေကာင္လို ကိစၥမ်ိဳး အတြက္ ၾကားဝင္တာေတြ မလုပ္ဖို႔ ေျပာၾကားခဲ့ပါတယ္။

အေမရိကန္နဲ႔ တရုတ္ ၂ ႏိုင္ငံဆက္ဆံေရးဟာ တရုတ္က စတင္ခဲ့တဲ့ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ေၾကာင့္ အေမရိကန္ ဆိုးဆိ္ုးဝါးဝါး ထိခိုက္လာခ်္ိန္္မွာ အဆိုးဆံုး အေနထားကို ေရာက္လာခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


[Unicode]

တရုတ်ရဲ့ သီးခြားအုပ်ချုပ်ခွင့်ရထားတဲ့ နယ်မြေတခုဖြစ်တဲ့ ဟောင်ကောင်ကို တရုတ်နိုင်ငံရဲ့ မြို့တမြို့ အဖြစ်နဲ့ပဲ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ရတော့မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သောကြာနေ့ ကိုပေဟေဂင် ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

“ဟောင်ကောင်ကို တရုတ်နိုင်ငံရဲ့ နောက်ထပ် မြို့တမြို့ အဖြစ်နဲ့ပဲ ဆက်ဆံတော့မှာလားလို့မေးလာရင် ဒီလိုပဲ ဆက်ဆံဖို့ တရုတ်အစိုးရက လုပ်နေတာကြောင့် ဒီလိုပဲ ဆက်ဆံရတော့မှာပါ” လို့
အွန်လိုင်းကနေ ကျင်းပတဲ့ ဒီထိပ်သီး အစည်းဝေးမှာ ဝန်ကြီး Pompeo ကပြောသွားတာပါ။

ဟောင်ကောင်မှာ စက်တင်ဘာလကျရင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိပြီး ဒီရွေးကောက်ပွဲကနေ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဟောင်ကောင်လွတ်လပ်ခွင့် အပေါ် လေးစားမှု ရှိမရှိကို အားလုံးသိလာနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ လုပ်နေတာ အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို အမေရိကန်က ဆန်းစစ်နေကြောင်းလည်း တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းသံတမန် Yang Jiechi နဲ့ ဟိုနိုလူလူမှာ တွေ့ဆုံအပြီး ၂ ရက်အကြာမှာ ပြောကြားခဲ့တာပါ။

Yang Jiechi ကလည်း အမေရိကန် အနေနဲ့ အဓိက ပြဿနာကြီးတွေ နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက် ကို လေးစားဖို့ လိုကြောင်းနဲ့ ဒီလို ၂ နိုင်ငံ တင်းမာတဲ့ ဆက်ဆံရေး ပြန်ကောင်းဖို့ ကြိုးစား နေကြချိန်မှာပဲ ဟောင်ကောင်လို ကိစ္စမျိုး အတွက် ကြားဝင်တာတွေ မလုပ်ဖို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံဆက်ဆံရေးဟာ တရုတ်က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကြောင့် အမေရိကန် ဆိုးဆိုးဝါးဝါး ထိခိုက်လာချိန်မှာအဆိုးဆုံး အနေထားကို ရောက်လာခဲ့တာပါ။

XS
SM
MD
LG