Zawgyi/Unicode
သူလွ်ိဳလုပ္မႈနဲ႔ တ႐ုတ္ႏုိင္ငံက စြပ္စဲြ ဖမ္းဆီးထားတဲ့ ကေနဒါႏုိင္ငံသား ၂ ေယာက္ကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ အေမရိကန္ႏုိင္ငံျခား၀န္ႀကီး Mike Pompeo က တုိက္တြန္းလိုက္ပါတယ္။ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက တနလၤာေန႔က ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ အဲဒီလူေတြရဲက ေဘးကင္းလုံၿခဳံေရး နဲ႔ ပတ္သက္ၿပီး အေမရိကန္အေနနဲ႔ အလြန္စိုးရိမ္မိတယ္လို႔ ၀န္ႀကီး Pompeo က ေျပာထားပါတယ္။ ဒါ့အျပင္ သူတုိ႔ကို စဲြထားတဲ့ စြဲခ်က္ေတြဟာ ႏုိ္င္ငံေရးအရ စဲြထားတာျဖစ္ၿပီး၊ အေျခအျမစ္မရွိဘူးလို႔ ၀န္ႀကိး Pompeo က ေျပာပါတယ္။
ကေနဒါသံတမန္ေဟာင္း Michael Kovrig နဲ႔ စီးပြားေရးသမား Michael Spavor တုိ႔ကို ၂၀၁၈ ခုႏွစ္ ေႏွာင္းပိုင္းမွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကေတာ့ သူတုိ႔ကို သူလွ်ဳိလုပ္မႈ နဲ႔ တရားစဲြလိုက္တယ္လို႔ တ႐ုတ္ႏုိင္ငံက ေၾကညာပါတယ္။
အေမရိကန္က ဖမ္း၀ရမ္းထုတ္ထားတဲ့ Huawei ကုမၸဏီရဲ႕ ဘ႑ာေရးဆုိင္ရာအႀကီးအကဲ Mang Wazhou ကုိ ကေနဒါက ဖမ္းၿပီး သိပ္မၾကာခင္မွာ တ႐ုတ္ႏုိင္ငံဘက္ကလည္း အခုလို ကေနဒါႏုိင္ငံသား ၂ ေယာက္ကို ဖမ္းဆီးခဲ့တာပါ။ ဒါေပမဲ့ တ႐ုတ္ဘက္ကေတာ့ ဒီျဖစ္ရပ္ ၂ ခုကို ဆက္ႏြယ္မႈမရွိဘူးလို႔ ဆုိပါတယ္။ ဒါေပမယ့္လည္း ကၽြမ္းက်င္သူေတြကေတာ့ တ႐ုတ္ဘက္က အဲဒီလိုဖမ္းတာဟာ ကေနဒါကို ဖိအားေပးဖို႔အတြက္ ဖမ္းတာျဖစ္တယ္လို႔ ယူဆေနၾကပါတယ္။ ကေနဒါ၀န္ႀကီးခ်ဳပ္ Justin Trudeau ကေတာ့ တ႐ုတ္ဘက္က အခုလိုဖမ္းဆီးတာဟာ တရားဥပေဒမဲ့ ဖမ္းဆီးတာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။
[Unicode]
သူလျှိုလုပ်မှုနဲ့ တရုတ်နိုင်ငံက စွပ်စွဲ ဖမ်းဆီးထားတဲ့ ကနေဒါနိုင်ငံသား ၂ ယောက်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားဝန်ကြီး Mike Pompeo က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ အဲဒီလူတွေရဲက ဘေးကင်းလုံခြုံရေး နဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ အလွန်စိုးရိမ်မိတယ်လို့ ဝန်ကြီး Pompeo က ပြောထားပါတယ်။ ဒါ့အပြင် သူတို့ကို စွဲထားတဲ့ စွဲချက်တွေဟာ နိုင်ငံရေးအရ စွဲထားတာဖြစ်ပြီး၊ အခြေအမြစ်မရှိဘူးလို့ ဝန်ကြိး Pompeo က ပြောပါတယ်။
ကနေဒါသံတမန်ဟောင်း Michael Kovrig နဲ့ စီးပွားရေးသမား Michael Spavor တို့ကို ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ သူတို့ကို သူလျှိုလုပ်မှု နဲ့ တရားစွဲလိုက်တယ်လို့ တရုတ်နိုင်ငံက ကြေညာပါတယ်။
အမေရိကန်က ဖမ်းဝရမ်းထုတ်ထားတဲ့ Huawei ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ Mang Wazhou ကို ကနေဒါက ဖမ်းပြီး သိပ်မကြာခင်မှာ တရုတ်နိုင်ငံဘက်ကလည်း အခုလို ကနေဒါနိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးခဲ့တာပါ။ ဒါပေမဲ့ တရုတ်ဘက်ကတော့ ဒီဖြစ်ရပ် ၂ ခုကို ဆက်နွယ်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ တရုတ်ဘက်က အဲဒီလိုဖမ်းတာဟာ ကနေဒါကို ဖိအားပေးဖို့အတွက် ဖမ်းတာဖြစ်တယ်လို့ ယူဆနေကြပါတယ်။ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကတော့ တရုတ်ဘက်က အခုလိုဖမ်းဆီးတာဟာ တရားဥပဒေမဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။