သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါသံတမန် ဖမ်းဆီးမှု တရုတ်အစိုးရ လုံခြုံရေး အကြောင်းပြ


ကနေဒါသံတမန် Michael Kovrig
ကနေဒါသံတမန် Michael Kovrig

တရုတ်ပြည်ဆိုင်ရာ ကနေဒါ သံတမန်ဟောင်းတဦးကို တရုတ်နိုင်ငံ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တနင်္လာနေ့က ဖမ်းဆီးခဲ့ကြောင်း တရုတ်အစိုးရက ဗုဒွဟူးနေ့မှာ ကြေညာပါတယ်။

Michael Kovrig ဟာ တိုင်းပြည်ရဲ့ လုံခြုံရေးအန္တရာယ်ဖြစ်စေမယ့် လုပ်ရက်တွေမှာ ပါဝင်လုပ်ဆောင်နေတယ်လို့ သံသရရှိတဲ့အတွက် ဒီလိုဖမ်းဆီးလိုက်တာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက VOA ကိုပြောကြားလိုက်ပါတယ်။ ဒီထက်ပိုပြီးအသေးစိတ်တော့ ပြောမထားပါဘူး။ တရုတ် Telecom ကုမ္ပဏီအကြီးအကဲ Meng Wanzhou ကို ကနေဒါအစိုးရက ဖမ်းဆီးခဲ့ပြီး တပတ်တောင် မကြာခင်မှာပဲ ကနေဒါ သံတမန်ဟောင်းကို တရုတ်ပြည်ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ Trump ကတော့ တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုအတွက် အထောက်အကူဖြစ်မယ်ဆိုရင် Meng Wanzhou အဖမ်းခံရတဲ့ အမှုမှာ ကြားဝင်ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။

အမေရိကန်ရဲ့ အီရန်အပေါ် ဒဏ်ခတ်မှုကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်ရဲ့ ဖမ်းဝရမ်းအရ တရုတ်ကုမ္ပဏီ အုပ်ချုပ်ရေးမှူး Meng ကို ကနေဒါတပ်ဖွဲ့က Vancouver လေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အင်္ဂါနေ့ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုတော့ Meng Wanzhou ဟာ အမေရိကန်ပြည်ထောင်စုဆီ လွှဲပြောင်းပေးခံရမယ့် အရေးစောင့်ဆိုင်းနေပါတယ်။

ကနေဒါသံတမန် ဖမ်းဆီးမှု တရုတ်အစိုးရ လုံခြုံရေး အကြောင်းပြ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG