သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါနိုင်ငံသားနောက်တဦး တရုတ် ဖမ်းဆီး


 တရုတ်က ဖမ်းဆီးထားတဲ့ သံတမန်ဟောင်း Michael Kovrig နှင့် စီးပွားရေးအကြံပေး Michael Spavor
တရုတ်က ဖမ်းဆီးထားတဲ့ သံတမန်ဟောင်း Michael Kovrig နှင့် စီးပွားရေးအကြံပေး Michael Spavor

တရုတ်နည်းပညာကုမ္ပဏီတခုရဲ့အမှုဆောင်အရာရှိတဦးကို ကနေဒါအာဏာပိုင်တွေက အခုလအစောပိုင်းမှာ ဖမ်းဆီးလိုက်ပြီးတဲ့နာက် ဒုတိယမြောက် ကနေဒါနိုင်ငံသားတစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တရုတ်အာဏာပိုင်တွေဘက်က အတည်ပြုလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုနေတယ်လို့ သံသယရှိရတဲ့အတွက် စီးပွားရေးအကြံပေး Michael Spavor နဲ့ သံတမန်ဟောင်း Michael Kovrig တို့ကို တနင်္လာနေ့က ဖမ်းဆီးလိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lu Kang က သတင်းထောက်တွေကို ဒီကနေ့ ဘေဂျင်းမြို့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်အာဏာပိုင်တွေဘက်က Spavor ကို စစ်ဆေးမေးမြန်း ခဲ့ပြီးတဲ့နောက်မ သူက ကနေဒါအာဏာပိုင်တွေကို ဆက်သွယ်ခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က ပြောပါတယ်။သူဘက်က ဖုန်းဆက်ပြောလာပြီးကတည်းက ပြန်ပြီးတော့ ဆက်သွယ်လို့မရသေးပါဘူး။

“သူဘယ်မှာရှိတယ်ဆိုတာကို သိရဖို့အတွက် ကနေဒါအစိုးရအနေနဲ့ အပြင်းအထန်ကြိုးပမ်းနေပြီး ၊ တရုတ်အာဏာပိုင်တွေကိုလည်း ဒီကိစ္စကိုမေးထားသလို၊ သူ့ရဲ့ မိသားစုနဲ့လည်း အဆက်သွယ်ရထားတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Ms. Freeland က ပြောပါတယ်။ သူကို ဘယ်နေရာမှာ ဖမ်းထားတယ်၊ ဘာကြောင့်ဖမ်းထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး နောက်ထပ်သတင်းအချက်အလက် မရသေးပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့ ကတော့ တရုတ်နိုင်ငံက ကနေဒါသံတမန်ဟောင်း Michael Kovrig ကို တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု နဲ့ ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ တရုတ်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါဟာ ကနေဒါရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲ့ Huawei ဖုန်းကုမ္ပဏီအမှုဆောင်အရာရှိ Meng Wanzhou ကို ဖမ်းဆီးလိုက်ပြီး တပတ်အကျော်မှာ တရုတ်ဘက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ Meng Wanzhou ကိုတော့ အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံနေထားဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG