သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Uighur ေတြအေပၚ အခြင့္အေရးခ်ဳိးေဖာက္မႈနဲ႔ တရုတ္အရာရွိ ၄ ဦးကုိ ကန္ ဒဏ္ခတ္အေရးယူ


Xinjiang ျပည္နယ္ ကြန္ျမဴနစ္ပါတီ အေထြေထြ အတြင္းေရးမႉး Chen Quanguo ႏွင့္ အရာရွိတခ်ိဳ႕ ကို ေတြ႔ရစဥ္

(Zawgyi/Unicode)

တ႐ုတ္နိုင္ငံ Xinjiang ျပည္နယ္က Uighur မူဆလင္ လူနည္းစုအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္ နဲ႔ တ႐ုတ္ ကြန္ျမဴနစ္ပါတီ Politburo အဖြဲ႕ဝင္ တစ္ဦး အပါအဝင္ တ႐ုတ္ တာဝန္ရွိသူ ၄ ဦးကိုဒဏ္ခတ္ အေရးယူလိုက္ေၾကာင္း အေမရိကန္ ျပည္ေထာင္စုက ၾကာသပေတးေန႔က ေၾကညာလိုက္ပါတယ္။ အခုလိုတ႐ုတ္အရာရွိေတြကို ဒဏ္ခတ္အေရးယူ လိုက္တာေၾကာင့္ တင္းမာမႈ ျမင့္တက္ေနတဲ့ ႏွစ္နိုင္ငံ ဆက္ဆံေရး ပိုၿပီး ဆိုးရြားလာဖြယ္​ရွိပါတယ္။

တ႐ုတ္ ကြန္ျမဴနစ္ပါတီက သူ႔ျပည္တြင္းက လူနည္းစုေတြအေပၚ ဆက္ဆံေနပုံကို တကမၻာလုံးက ဆန္႔က်င္ၾကဖို႔ အေမရိကန္ ျပည္ေထာင္စုက ေတာင္းဆိုေၾကာင္းလည္း အိမ္ျဖဴေတာ္ တာဝန္ရွိသူတစ္ဦး ကေျပာပါတယ္။

လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူေတြကို အေမရိကန္ အစိုးရက ဒဏ္ခတ္တာကို ခြင့္ျပဳတဲ့ Global Magnitsky Act ဥပေဒနဲ႔ အခုလို႔ ဒဏ္ခတ္အေရးယူတာလည္း ျဖစ္ပါတယ္။

ဒဏ္ခတ္အေရးယူခံရတဲ့ သူေတြထဲ Xinjiang ျပည္နယ္ ကြန္ျမဴနစ္ပါတီ အေထြေထြ အတြင္းေရးမႉး Chen Quanguo ကအဆင့္အျမင့္ဆုံး အရာရွိ ျဖစ္ပါတယ္။ တ႐ုတ္ ကြန္ျမဴနစ္ပါတီ Politburo အဖြဲ႕ဝင္လည္း ျဖစ္သူ Chen နဲ႔အတူ Xinjiang ျပည္နယ္ ဒုတိယ ပါတီ အေထြေထြ အတြင္းေရးမႉး ေဟာင္း Zhu Hailun၊ Xinjiang ျပည္သူ႔ လုံျခဳံေရး ဗ်ဴရို ညႊန္ၾကားေရးမႉး Wang Mingshan နဲ႔ အဲဒီ ဗ်ဴရိုရဲ့ ပါတီ အတြင္းေရးမႉး Huo Liujun တို႔ လည္း ဒဏ္ခတ္ခံရတဲ့အထဲ ပါဝင္ပါတယ္။

အဲဒီ တ႐ုတ္ တာဝန္ရွိသူ ၄ ဦးနဲ႔အတူ သူတို႔ရဲ့ မိသားစုဝင္ေတြကို အေမရိကန္ ျပည္ဝင္ဗီဇာ ကန္႔သတ္ပိတ္ပင္မွာ ျဖစ္တယ္လို႔ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။

Xinjiang ျပည္နယ္မွာ မူဆလင္ ၁ သန္းေက်ာ္ဟာ ထိန္းသိမ္းေရးစခန္းေတြမွာ ေနေနၾကရတယ္လို႔ ကုလသမဂၢအဖြဲ႕က ခန္႔မွန္းထား ပါတယ္။

တ႐ုတ္နိုင္ငံကေတာ့ အခုလို ဒဏ္ခတ္မႈေတြ လုပ္ရင္ လက္တံု႔ျပန္မယ္လို႔ ေျပာထားပါတယ္။ ဝါရွင္တန္ ဒီစီက တ႐ုတ္ သံ႐ုံးက ေတာ့ ေလာေလာဆယ္ တုံ႔ျပန္ေျပာဆိုတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


................

Uighur တွေအပေါ် အခွင့်အရေးချိုးဖောက်မှုနဲ့ တရုတ်အရာရှိ ၄ ဦးကို ကန် ဒဏ်ခတ်အရေးယူ

(Unicode)

တရုတ်နိုင်ငံ Xinjiang ပြည်နယ်က Uighur မူဆလင် လူနည်းစုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ တရုတ် ကွန်မြူနစ်ပါတီ Politburo အဖွဲ့ဝင် တစ်ဦး အပါအဝင် တရုတ် တာဝန်ရှိသူ ၄ ဦးကိုဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန် ပြည်ထောင်စုက ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ အခုလိုတရုတ်အရာရှိတွေကို ဒဏ်ခတ်အရေးယူ လိုက်တာကြောင့် တင်းမာမှု မြင့်တက်နေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုပြီး ဆိုးရွားလာဖွယ်ရှိပါတယ်။

တရုတ် ကွန်မြူနစ်ပါတီက သူ့ပြည်တွင်းက လူနည်းစုတွေအပေါ် ဆက်ဆံနေပုံကို တကမ္ဘာလုံးက ဆန့်ကျင်ကြဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုကြောင်းလည်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အမေရိကန် အစိုးရက ဒဏ်ခတ်တာကို ခွင့်ပြုတဲ့ Global Magnitsky Act ဥပဒေနဲ့ အခုလို့ ဒဏ်ခတ်အရေးယူတာလည်း ဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူခံရတဲ့ သူတွေထဲ Xinjiang ပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Chen Quanguoကအဆင့်အမြင့်ဆုံး အရာရှိ ဖြစ်ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီ Politburo အဖွဲ့ဝင်လည်း ဖြစ်သူ CHEN နဲ့အတူ Xinjiang ပြည်နယ် ဒုတိယ ပါတီ အထွေထွေ အတွင်းရေးမှူး ဟောင်း Zhu Hailun၊ Xinjiang ပြည်သူ့ လုံခြုံရေး ဗျူရို ညွှန်ကြားရေးမှူး Wang Mingshan နဲ့ အဲဒီ ဗျူရိုရဲ့ ပါတီ အတွင်းရေးမှူး Huo Liujun တို့ လည်း ဒဏ်ခတ်ခံရတဲ့အထဲ ပါဝင်ပါတယ်။

အဲဒီ တရုတ် တာဝန်ရှိသူ ၄ ဦးနဲ့အတူ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန် ပြည်ဝင်ဗီဇာ ကန့်သတ်ပိတ်ပင်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

Xinjiang ပြည်နယ်မှာ မူဆလင် ၁ သန်းကျော်ဟာ ထိန်းသိမ်းရေးစခန်းတွေမှာ နေနေကြရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထား ပါတယ်။

တရုတ်နိုင်ငံကတော့ အခုလို ဒဏ်ခတ်မှုတွေ လုပ်ရင် လက်တုံ့ပြန်မယ်လို့ ပြောထားပါတယ်။ ဝါရှင်တန် ဒီစီက တရုတ် သံရုံးက တော့ လောလောဆယ် တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG