သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွင္က်န္းမူဆလင္ေတြ တ႐ုတ္ထိန္းသိမ္းထားမႈ ရပ္ဆိုင္းဖို႔ ျပင္သစ္ေတာင္းဆို


တ႐ုတ္ႏိုင္ငံ၊ ရွင္က်န္းေဒသမွာ လူအေျမာက္အျမား ကို ဥပေဒမဲ့ ထိန္းသိမ္းထားတာ အဆုံးသတ္ဖို႔ ျပင္သစ္က တ႐ုတ္ကို ဗုဒၶဟူး ေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။ ရွင္က်န္းေဒသမွာ တ႐ုတ္အစိုးရရဲ႕ အဆိုအားျဖင့္ အသက္ေမြး ပညာသင္ေက်ာင္းေတြလို႔ ဆိုတဲ့ စခန္းေတြမွာ Uighur နဲ႔ တျခား မြတ္ဆလင္လူနည္းစု တသန္းပတ္ဝန္းက်င္ကို ထိန္းသိမ္းထားတာပါ။

ျပင္သစ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရတဦးက “လူအေျမာက္အျမားကို ဥပေဒမဲ့ ထိန္းသိမ္းထားတာ အဆုံးသတ္ဖို႔ မိမိတို႔ တ႐ုတ္ကို ေတာင္းဆိုပါတယ္” လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။
စခန္းေတြကို ပိတ္ပစ္ဖို႔နဲ႔ အေျခအေနကို အစီရင္ခံဖို႔ အတြက္ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးကို ျဖစ္ႏိုင္သမွ် အေစာဆုံး ရွင္က်န္းေဒသကို သြားခြင့္ျပဳဖို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian က တ႐ုတ္ကို ေတာင္းဆိုထားပါ တယ္။
စခန္းေတြရဲ႕ ပမာဏနဲ႔ သေဘာသဘာဝေတြကို ေဖာ္ျပထားတဲ့ လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းေတြကို တ႐ုတ္ အႀကီးတန္းႏိုင္ငံေရး သမားတဦးက ႏိုဝင္ဘာလလယ္မွာ အျပင္ကိုထုတ္ေပးလိုက္တာေၾကာင့္ ဒီစခန္းေတြအေၾကာင္း ကမာၻက သိလာတာပါ။

အေစာပိုင္းမွာေတာ့ ဒီလိုစခန္းေတြ ရွိတယ္ဆိုတာကို တ႐ုတ္က ျငင္းခဲ့ပါတယ္။ ဒါေပမယ့္ မၾကာေသးခင္ကေတာ့ ရပ္တည္ခ်က္ ေျပာင္းၿပီး ဒါေတြဟာ ပညာေရးနဲ႔ ေလ့က်င့္ေရးတို႔ကေနတဆင့္ အစၥလာမ္ အစြန္းေရာက္ဝါဒကို တိုက္ဖ်က္တဲ့ အသက္ေမြး ပညာ သင္ေက်ာင္းေတြျဖစ္တယ္လို႔ ေျပာလာပါတယ္။

သတင္းမီဒီယာေတြမွာ ေဖာ္ျပတဲ့ ေျပာဆိုခ်က္ေတြနဲ႔ အေထာက္အထားေတြ အားလုံးကို ျပင္သစ္အစိုးရအေနနဲ႔ အေသအခ်ာ အေလးထား ၾကည့္ရႈေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Le Drian ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

( Unicode)

ရှင်ကျန်းမူဆလင်တွေ တရုတ်ထိန်းသိမ်းထားမှု ရပ်ဆိုင်းဖို့ ပြင်သစ်တောင်းဆို

တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသမှာ လူအမြောက်အမြား ကို ဥပဒေမဲ့ ထိန်းသိမ်းထားတာ အဆုံးသတ်ဖို့ ပြင်သစ်က တရုတ်ကို ဗုဒ္ဓဟူး နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ရှင်ကျန်းဒေသမှာ တရုတ်အစိုးရရဲ့ အဆိုအားဖြင့် အသက်မွေး ပညာသင်ကျောင်းတွေလို့ ဆိုတဲ့ စခန်းတွေမှာ Uighur နဲ့ တခြား မွတ်ဆလင်လူနည်းစု တသန်းပတ်ဝန်းကျင်ကို ထိန်းသိမ်းထားတာပါ။

ပြင်သစ်နိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးက “လူအမြောက်အမြားကို ဥပဒေမဲ့ ထိန်းသိမ်းထားတာ အဆုံးသတ်ဖို့ မိမိတို့ တရုတ်ကို တောင်းဆိုပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

စခန်းတွေကို ပိတ်ပစ်ဖို့နဲ့ အခြေအနေကို အစီရင်ခံဖို့ အတွက် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကို ဖြစ်နိုင်သမျှ အစောဆုံး ရှင်ကျန်းဒေသကို သွားခွင့်ပြုဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က တရုတ်ကို တောင်းဆိုထားပါ တယ်။

စခန်းတွေရဲ့ ပမာဏနဲ့ သဘောသဘာဝတွေကို ဖော်ပြထားတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို တရုတ် အကြီးတန်းနိုင်ငံရေး သမားတဦးက နိုဝင်ဘာလလယ်မှာ အပြင်ကိုထုတ်ပေးလိုက်တာကြောင့် ဒီစခန်းတွေအကြောင်း ကမ္ဘာက သိလာတာပါ။

အစောပိုင်းမှာတော့ ဒီလိုစခန်းတွေ ရှိတယ်ဆိုတာကို တရုတ်က ငြင်းခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ ရပ်တည်ချက် ပြောင်းပြီး ဒါတွေဟာ ပညာရေးနဲ့ လေ့ကျင့်ရေးတို့ကနေတဆင့် အစ္စလာမ် အစွန်းရောက်ဝါဒကို တိုက်ဖျက်တဲ့ အသက်မွေး ပညာ သင်ကျောင်းတွေဖြစ်တယ်လို့ ပြောလာပါတယ်။

သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ ပြောဆိုချက်တွေနဲ့ အထောက်အထားတွေ အားလုံးကို ပြင်သစ်အစိုးရအနေနဲ့ အသေအချာ အလေးထား ကြည့်ရှုနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Le Drian ကပြောပါတယ်။

XS
SM
MD
LG