သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင်ဥပုသ်လ Xinjiang နယ် တရုတ်ပိုမိုတင်းကျပ်


Xinjiang ပြည်နယ်က Id Kah ဗလီကျောင်းရှေ့ ဝတ်ပြုဆုတောင်းသူများ။
Xinjiang ပြည်နယ်က Id Kah ဗလီကျောင်းရှေ့ ဝတ်ပြုဆုတောင်းသူများ။

ဝှီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Xinjiang ဒေသတွင်း နေထိုင်သူတွေကို ဖိနှိပ်တဲ့အနေနဲ့ တရုတ်အစိုးရရဲ့ အစွန်းရောက် ဝါဒတိုက်ဖျက်ရေးအစီအစဉ် ဆက်လက်အကောင်အထည်ဖေါ်တဲ့အနေနဲ့ မွတ်ဆလင်ဥပုသ်လ ကာလအတွင်း လူနည်းစု အသိုင်းအဝိုင်းအပေါ် ပိုပြီး တင်းကျပ်ကန့်သတ်မှုတွေလုပ်နေတယ်လို့ ဝှီဂါ ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သတိပေးပြောကြားခဲ့ကြပါတယ်။

တရုတ်အစိုးရက သူတို့ရဲ့ အစွန်းရောက်ဝါဒတိုက်ဖျက်ရေးအစီအစဉ်ကို ၂၀၁၇ခုနှစ် ဧပြီလမှာ ဒေသခံ ဝှီဂါ မွတ်ဆလင်တွေကို ဖမ်းဆီးပြီး စတင်ခဲ့တာပါ။ သူတို့တွေကို အစွန်းရောက်သဘောထားတွေကို ကိုင်ဆွဲထား တယ်လို့ စွပ်စွဲပြီး ပညာပေးစခန်းတွေမှာ ထိမ်းသိန်းခဲ့ပါတယ်။ ဝှီဂါအရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းအရ ခန့်မှန်းခြေ ထိမ်းသိန်းခံရတဲ့ လူပေါင်း ၁၂၀,၀၀၀ ကနေ တသန်းအထိရှိတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မေလ ၁၆ ရက်ကနေ ဇွန်လလယ်အထိ ကြာမြင့်တဲ့ မွတ်ဆလင်ဥပုသ်ကာလအတွင်း တရုတ်အစိုးရ ကနေ ဝှီဂါတိုင်းရင်းသားအများအပြားကို မကြာသေးခင်ကပဲ စတင် ဖမ်းဆီးခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ ဝှီဂါ ကွန်ဂရက် ခေါင်းဆောင် Dolkun Isa က ဗွီအိုအေကိုပြောပါတယ်။ ဒါ့အပြင် ဥပုသ်လကာလမှာ ဗလီ ကျောင်းတွေ သွားတာ၊ အစာရှောင်တာ စတဲ့ အစိုးရဝန်ထမ်းတွေအပါအဝင် မွတ်ဆလင်တွေရဲ့ ဘာသာရေး လုပ်ရပ်အများအပြားကိုလည်း တရုတ်အစိုးရက မနှစ်ကတည်းက စတင်တားမြစ်ခဲ့တယ်လို့ Isa ကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG