သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆလင္ တသန္း တ႐ုတ္ႏိုင္ငံ ပညာေပးစခန္းေတြမွာ ပိတ္ေလွာင္ခံေနရ


တ႐ုတ္ႏိုင္ငံ ပညာေပးစခန္း

(Zawgyi / Unicode)

စင္က်န္း ျပည္နယ္နဲ႔ ပတ္သက္တဲ့ တရုတ္အစုိးရရဲ႕ လွ်ိဳ႕၀ွက္စာရြက္စာတမ္းတစ္ခ်ိဳ႕ ေပါက္ၾကားသြားရာမွာ တရုတ္အစိုးရက စင္က်န္း ျပည္နယ္အတြင္းက ခန္႔မွန္ေျခ လူ ၁ သန္းရွိတဲ့ မူဆလင္ လူနည္းစုအေပၚ ဘယ္လို ပစ္မွတ္ထားျပီး သတင္း အခ်က္အလက္ ေကာက္ယူ ေနသလဲ ဆိုတဲ့အေၾကာင္း ေဖာ္ျပပါရွိခဲ့ပါတယ္။

အခ်က္အလက္ စုံစမ္းစစ္ေဆးတဲ့ ႏုိင္ငံတကာ သတင္းေထာက္မ်ားအဖြဲ႕ (International Consortium of Investigative Journalists – ICIJ) က လက္ခံရရွိခဲ့ၿပီး မၾကာမီ ထုတ္ျပန္ခဲ့တဲ့ အဲဒီ စာရြက္စာတမ္းေတြ ထဲမွာ စင္က်န္း ျပည္နယ္အတြင္းက Uighur, Kazakhs နဲ႔ တစ္ျခား မူဆလင္ လူနည္းစုေတြအေပၚ ေထာက္လွမ္းေရး လုပ္တဲ့အခါနဲ႔ ႏုိင္ငံေရးနဲ႔ ယဥ္ေက်းမႈ ဆိုင္ရာ အေတြးအေခၚေတြ ရုိက္သြင္းေရးမွာ တရုတ္အစိုးရ အသုံးျပဳတဲ့ နည္းလမ္းေတြနဲ႔ ၾကိဳတင္ ျပင္ဆင္ထားတဲ့ အစီအစဥ္ေတြ ေဖာ္ျပပါ ခဲ့ပါတယ္။

တရုတ္အစိုးရဟာ Uighur တို႔အေပၚ စနစ္တက် ႏွိပ္ကြပ္မႈေတြ လုပ္ေဆာင္ေနသလို သူတို႔ရဲ႕ ယဥ္ေက်းမႈနဲ႔ ဘာသာေရးဆိုင္ရာ ယုံၾကည္မႈ ေတြကို ေဖ်ာက္ဖ်က္ပစ္ဖို႔ ႀကိဳးစားေနတယ္ဆိုျပီး လူ႕အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ေတြက ႏွစ္ အေတာ္ၾကာကတည္းက သတိေပးထား ခဲ့တာပါ။ အခု ရရွိတဲ့ စာရြက္စာတမ္းေတြထဲမွာေတာ့ ျပည္နယ္တြင္းက လူထု တစ္ရပ္လုံးအေပၚမွာ ဘယ္ပုံဘယ္နည္းနဲ႔ တရုတ္ အာဏာပိုင္ေတြက အေတြးအေခၚ ျပန္လည္ ပညာေပးေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတာကို အေသးစိတ္ ေဖာ္ျပထားပါတယ္။

အက်ဥ္းစခန္းေတြအတြင္း ထိန္းသိမ္းခံေနရတဲ့ Uighur နဲ႔ တစ္ျခား လူနည္းစု မူဆလင္ေတြဟာ မန္ဒါးရင္း တရုတ္စကား ကၽြမ္းက်င္စြာ ေျပာဆိုႏုိင္မႈနဲ႔ ကိုယ္လက္ ေဆးေၾကာသန္႔စင္မႈနဲ႔ ေရ အိမ္သာ အသုံးျပဳမႈလို တင္းက်င္တဲ့ စည္းမ်ဥ္းေတြကို ဘယ္ေလာက္ လိုက္နာႏုိ္င္သလဲ ဆိုတဲ့ အခ်က္ေတြအရ ရရွိတဲ့ အမွတ္ေတြအေပၚ မူတည္ျပီး စခန္းတြင္းက ထြက္ခြာခြင့္ကို အဆုံးအျဖတ္ ေပးတယ္လို႔ ဆိုပါတယ္။

စာမ်က္ႏွာ ၄၀၀ ရွိတဲ့ ဒီလို ေပါက္ၾကားခဲ့တဲ့ စာရြက္စာတမ္းေတြကို The New York Times သတင္းစာၾကီးက လက္ခံ ရရွိခဲ့ပါတယ္။ အေမရိကန္ အိမ္ျဖဴေတာ္က လုံျခံဳေရး အၾကံေပး ပုဂၢိဳလ္ Robert O’Brien က ကၽြန္ေတာ္တို႔ အခု သကၠရာဇ္ ၂၀၁၉ မွာ ေရာက္ေနပါျပီ။ စင္က်န္းမွာေတာ့ လူ ၁ သန္းေလာက္ အက်ဥ္းစခန္းထဲ ရွိေနေသးပါတယ္။ ဒီ စခန္းေတြ ပိတ္ပစ္သင့္ပါတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............................

မူဆလင် တသန်း တရုတ်နိုင်ငံ ပညာပေးစခန်းတွေမှာ ပိတ်လှောင်ခံနေရ

(Unicode)

စင်ကျန်း ပြည်နယ်နဲ့ ပတ်သက်တဲ့ တရုတ်အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတစ်ချို့ ပေါက်ကြားသွားရာမှာ တရုတ်အစိုးရက စင်ကျန်း ပြည်နယ်အတွင်းက ခန့်မှန်ခြေ လူ ၁ သန်းရှိတဲ့ မူဆလင် လူနည်းစုအပေါ် ဘယ်လို ပစ်မှတ်ထားပြီး သတင်း အချက်အလက် ကောက်ယူ နေသလဲ ဆိုတဲ့အကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။

အချက်အလက် စုံစမ်းစစ်ဆေးတဲ့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ (International Consortium of Investigative Journalists – ICIJ) က လက်ခံရရှိခဲ့ပြီး မကြာမီ ထုတ်ပြန်ခဲ့တဲ့ အဲဒီ စာရွက်စာတမ်းတွေ ထဲမှာ စင်ကျန်း ပြည်နယ်အတွင်းက Uighur, Kazakhs နဲ့ တစ်ခြား မူဆလင် လူနည်းစုတွေအပေါ် ထောက်လှမ်းရေး လုပ်တဲ့အခါနဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အတွေးအခေါ်တွေ ရိုက်သွင်းရေးမှာ တရုတ်အစိုးရ အသုံးပြုတဲ့ နည်းလမ်းတွေနဲ့ ကြိုတင် ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ ဖော်ပြပါ ခဲ့ပါတယ်။

တရုတ်အစိုးရဟာ Uighur တို့အပေါ် စနစ်တကျ နှိပ်ကွပ်မှုတွေ လုပ်ဆောင်နေသလို သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်မှု တွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတယ်ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက နှစ် အတော်ကြာကတည်းက သတိပေးထား ခဲ့တာပါ။ အခု ရရှိတဲ့ စာရွက်စာတမ်းတွေထဲမှာတော့ ပြည်နယ်တွင်းက လူထု တစ်ရပ်လုံးအပေါ်မှာ ဘယ်ပုံဘယ်နည်းနဲ့ တရုတ် အာဏာပိုင်တွေက အတွေးအခေါ် ပြန်လည် ပညာပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကို အသေးစိတ် ဖော်ပြထားပါတယ်။

အကျဉ်းစခန်းတွေအတွင်း ထိန်းသိမ်းခံနေရတဲ့ Uighur နဲ့ တစ်ခြား လူနည်းစု မူဆလင်တွေဟာ မန်ဒါးရင်း တရုတ်စကား ကျွမ်းကျင်စွာ ပြောဆိုနိုင်မှုနဲ့ ကိုယ်လက် ဆေးကြောသန့်စင်မှုနဲ့ ရေ အိမ်သာ အသုံးပြုမှုလို တင်းကျင်တဲ့ စည်းမျဉ်းတွေကို ဘယ်လောက် လိုက်နာနိုင်သလဲ ဆိုတဲ့ အချက်တွေအရ ရရှိတဲ့ အမှတ်တွေအပေါ် မူတည်ပြီး စခန်းတွင်းက ထွက်ခွာခွင့်ကို အဆုံးအဖြတ် ပေးတယ်လို့ ဆိုပါတယ်။

စာမျက်နှာ ၄၀၀ ရှိတဲ့ ဒီလို ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေကို The New York Times သတင်းစာကြီးက လက်ခံ ရရှိခဲ့ပါတယ်။ အမေရိကန် အိမ်ဖြူတော်က လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien က ကျွန်တော်တို့ အခု သက္ကရာဇ် ၂၀၁၉ မှာ ရောက်နေပါပြီ။ စင်ကျန်းမှာတော့ လူ ၁ သန်းလောက် အကျဉ်းစခန်းထဲ ရှိနေသေးပါတယ်။ ဒီ စခန်းတွေ ပိတ်ပစ်သင့်ပါတယ်လို့ ပြောပါတယ်။

XS
SM
MD
LG