Zawgyi/Unicode
နိုင္ငံတကာ ရာဇဝတ္ျပစ္မႈဆိုင္ရာ ခုံ႐ုံး ICC အေပၚ အေမရိကန္ အစိုးရက ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေပမဲ့ အေလၽွာ့မေပးဘဲ ICC ရဲ့ ရပ္တည္ခ်က္ကို ခိုင္ခိုင္မာမာ ကိုင္စြဲထားမယ္လို႔ ICC ေရွ႕ေန Fatou Bensouda က ေျပာပါတယ္။ ICC က အာဖဂန္ နစၥတန္မွာ အေမရိကန္ တို႔ က်ဴးလြန္ခဲ့တဲ့ သံသယရွိဖြယ္ စစ္ရာဇဝတ္မႈေတြကို ေဖာ္ထုတ္ဖို႔ ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။
Gambia နိုင္ငံဖြား Fatou Bensouda က အေမရိကန္ရဲ့ အေရးယူမႈေၾကာင့္ နိုင္ငံတကာ စစ္ ရာဇဝတ္မႈက်ဴးလြန္သူေတြကို ရွာေဖြ စစ္ေဆးဖို႔ သူ႔ရဲ့ လုပ္ငန္း ေဆာင္တာေတြကို ယိမ္းယိုင္သြားေစမွာ မဟုတ္ေၾကာင္းနဲ႔ ICC ကို တိုက္ခိုက္တာဟာ ICC က ကိုယ္စားျပဳ ေပးေနတဲ့ စစ္ရာဇဝတ္မႈ က်ဴးလြန္ခံရသူေတြကို တိုက္ခိုက္တာလည္း ျဖစ္တယ္လို႔ VOA ကို ေျပာပါတယ္။
အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo ကေတာ့ အေမရိကန္နိုင္ငံဟာ ICC အဖြဲ႕ဝင္ မဟုတ္ေၾကာင္း ေျပာၿပီး မဟာမိတ္နိုင္ငံေတြကိုလည္း သတိေပးခဲ့ပါတယ္။
“တရားမဝင္တဲ့ ဒီလို တရားခုံ႐ုံးက အေမရိကန္နိုင္ငံသားေတြကို ၿခိမ္းေျခာက္တာကို လက္ခံမွာ မဟုတ္ေၾကာင္းနဲ႔ ကမၻာေပၚက အေမရိကန္ရဲ့ မဟာ မိတ္နိုင္ငံေတြ အထူးသျဖင့္ အာဖဂန္ နစၥတန္မွာ အေမရိကန္နဲ႔ လက္တြဲ တိုက္ခိုက္ခဲ့တဲ့ ေနတိုး မဟာမိတ္ ေတြအေနနဲ႔ သူတို႔ရဲ့ နိုင္ငံသားေတြက အခုလို ၿခိမ္းေျခာက္ခံရဖို႔ ရွိလာလိမ့္မယ္” လို႔ ဝန္ႀကီး Pompeo က သတိေပးခဲ့ပါတယ္။
အေမရိကန္ရဲ့ အေရးယူ ပိတ္ဆို႔မႈအရ ICC အမႈထမ္းေတြနဲ႔ သူတို႔ရဲ့ မိသားစုဝင္ေတြ အေမရိကန္နိုင္ငံကို ဝင္ေရာက္ခြင့္ ကို ပိတ္ပင္ထားပါတယ္။
ICC ေရွ႕ေန Fatou Bensouda ကေတာ့ မႏွစ္က သူ႔ရဲ့ ဗီဇာကို ပယ္ဖ်က္ခဲ့ေပမဲ့ New York ၿမိဳ႕ကို အလုပ္ကိစၥနဲ႔ အႀကိမ္ႀကိမ္ သြားေရာက္ခဲ့တယ္လို႔ ေျပာပါတယ္။
[Unicode]
နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC အပေါ် အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုတွေ လုပ်ပေမဲ့ အလျှော့မပေးဘဲ ICC ရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲထားမယ်လို့ ICC ရှေ့နေ Fatou Bensouda က ပြောပါတယ်။ ICC က အာဖဂန် နစ္စတန်မှာ အမေရိကန် တို့ ကျူးလွန်ခဲ့တဲ့ သံသယရှိဖွယ် စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
Gambia နိုင်ငံဖွား Fatou Bensouda က အမေရိကန်ရဲ့ အရေးယူမှုကြောင့် နိုင်ငံတကာ စစ် ရာဇဝတ်မှုကျူးလွန်သူတွေကို ရှာဖွေ စစ်ဆေးဖို့ သူ့ရဲ့ လုပ်ငန်း ဆောင်တာတွေကို ယိမ်းယိုင်သွားစေမှာ မဟုတ်ကြောင်းနဲ့ ICC ကို တိုက်ခိုက်တာဟာ ICC က ကိုယ်စားပြု ပေးနေတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခံရသူတွေကို တိုက်ခိုက်တာလည်း ဖြစ်တယ်လို့ VOA ကို ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကတော့ အမေရိကန်နိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်ကြောင်း ပြောပြီး မဟာမိတ်နိုင်ငံတွေကိုလည်း သတိပေးခဲ့ပါတယ်။
“တရားမဝင်တဲ့ ဒီလို တရားခုံရုံးက အမေရိကန်နိုင်ငံသားတွေကို ခြိမ်းခြောက်တာကို လက်ခံမှာ မဟုတ်ကြောင်းနဲ့ ကမ္ဘာပေါ်က အမေရိကန်ရဲ့ မဟာ မိတ်နိုင်ငံတွေ အထူးသဖြင့် အာဖဂန် နစ္စတန်မှာ အမေရိကန်နဲ့ လက်တွဲ တိုက်ခိုက်ခဲ့တဲ့ နေတိုး မဟာမိတ် တွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေက အခုလို ခြိမ်းခြောက်ခံရဖို့ ရှိလာလိမ့်မယ်” လို့ ဝန်ကြီး Pompeo က သတိပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုအရ ICC အမှုထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အမေရိကန်နိုင်ငံကို ဝင်ရောက်ခွင့် ကို ပိတ်ပင်ထားပါတယ်။
ICC ရှေ့နေ Fatou Bensouda ကတော့ မနှစ်က သူ့ရဲ့ ဗီဇာကို ပယ်ဖျက်ခဲ့ပေမဲ့ New York မြို့ကို အလုပ်ကိစ္စနဲ့ အကြိမ်ကြိမ် သွားရောက်ခဲ့တယ်လို့ ပြောပါတယ်။