သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အရာရှိတွေ ရာဇဝတ်မှုကျူးလွန်တယ်လို့ ပြောဖို့စောသေးကြောင်း ICC ရှေ့နေပြော


ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda
ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda

(Zawgyi/Unicode)

မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေ အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC တရားသူကြီးတွေက မကြာခင်က စုံစမ်းခွင့် ပြုထားပြီး ဖြစ်ပေမယ်လို့လည်း ဒီအရေးမှာ မြန်မာ စစ်တပ် အကြီးအကဲတွေ ပါဝင် ပတ်သက်သလားဆိုတာကတော့ ပြောဖို့ စောလွန်းနေသေးတယ်လို့ ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda က France 24 နဲ့ သီးသန့် တွေ့ဆုံ မေးမြန်းမှု အတွင်း ပြောဆိုသွားပါတယ်။

စုံစမ်းခွင့် ရခဲ့တာ မကြာသေးတဲ့အကြောင်း၊ အခြေအနေကို စုံစမ်းမှု စတင်နေပြီ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း စုံစမ်းမှုရဲ့ ကနဦး အစပိုင်း အခြေအနေမှာဘဲ ရှိနေသေးပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို ဖမ်းဝရမ်း ထုတ်မလဲ ဆိုတာ ဆုံးဖြတ်ဖို့က သိပ်ပြီး စောလွန်းနေသေးတယ် လို့ ICC ရှေ့နေချုပ် Fatou Bensouda က ဖြေကြားသွားပါတယ်။

ICC မှာ ရိုဟင်ဂျာ အရေးကိစ္စ စုံစမ်းမှုတွေနဲ့ ပတ်သက်လို့တော့ မြန်မာဟာ ICC အဖွဲ့ဝင် မဟုတ်တာကြောင့် စုံစမ်းခွင့် မရှိဘူးလို့ မြန်မာ အစိုးရဘက်က ပယ်ချထားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကိုလည်း မြန်မာဘက်က အခုအချိန်ထိ လက်မခံပါဘူး။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကနေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ပြန်လည် စိစစ် လက်ခံမယ်လို့ ပြောဆိုထားပေမယ့်လည်း အခုအချိန်ထိတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးက အကောင်အထည် မပေါ်သေးပါဘူး။

တိုက်ရိုက် လင့်ခ်


................


(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG