သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္အေရး ႏုိင္ငံတကာ ဖိအား ဘယ္လို ရင္ဆိုင္ ေက်ာ္လႊားၾကမလဲ


နယ္စပ္ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးလာၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား (ႏို၀င္ဘာလ ၂၊ ၂၀၁၇)

Zawgyi/ Unicode

ျမန္မာ အစိုးရအေနနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ ထြက္ေျပးသြားၾကတဲ့ မူဆလင္ ဒုကၡသည္ေတြ ျပသနာကို တတ္ႏိုင္သမွ် ၾကိဳးစားေျဖရွင္းေနေပမယ့္လည္း ႏိုင္ငံတကာ ဖိအားေတြကေတာ့ ေလ်ာ့က် မသြားတဲ့အျပင္ ထပ္ထပ္ျပီး တိုးလာေနတာ ေတြ႕ျမင္ၾကရပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၉ ႏို၀င္ဘာ ၁၃ ရက္ေန႔မွာ ရိုဟင္ဂ်ာ အေရးလွဳပ္ရွားသူေတြက ျမန္မာႏုိင္ငံ သမၼတေတြ ျဖစ္ခဲ့ၾကတဲ့ သမၼတေဟာင္း ဦးသိန္းစိန္၊ ဦးထင္ေက်ာ္ န႔ဲ လက္ရွိသမၼတ ဦး၀င္းျမင့္၊ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္နဲ႔ စစ္ဘက္ေခါင္းေဆာင္ေတြကို ရိုဟင္ဂ်ာေတြ အေပၚ ရာဇ၀တ္မွဳ က်ဴးလြန္ခဲ့တယ္ ဆုိျပီး အာဂ်င္တီးနားႏုိင္ငံမွာ တုိင္ခ်က္ဖြင့္ တရားစြဲပါတယ္။ ႏို၀င္ဘာ ၁၄ ရက္ေန႔မွာေတာ့ ေနာက္ထပ္ ျဖစ္ရပ္ ၃ ခု ထပ္ျပီး ေပၚေပါက္လာျပန္ပါတယ္။ တစ္ခုကေတာ့ ကုလသမဂၢလက္ေအာက္ခံ ICJ တရားရံုးမွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏုိင္ငံကို တရားစြဲလိုက္ျပီး ေနာက္တစ္ခုကေတာ့ သည္ဟိတ္ခ္ မွာ အေျခစိုက္တဲ့ ႏိုင္ငံတကာရာဇ၀တ္ ခံုရံုး ICC ကလည္း ျမန္မာႏုိင္ငံထဲက ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မွဳေတြကို စံုစမ္းဖို႔ ခြင့္ျပဳလိုက္တာပါ။ ဒါ့အျပင္ အဲဒီ တစ္ရက္ထဲမွာပဲ ကုလသမဂၢ အေထြေထြညီလာခံ လူ႔အခြင့္အေရးနဲ႔ လူမွဳေရးဆုိင္ရာ ေကာ္မတီက “ ျမန္မာႏိုင္ငံက ရိုဟင္ဂ်ာနဲ႔ အျခား လူနည္းစုေတြရဲ႕ အခြင့္အေရးဆုိင္ရာ အေျခအေန” လို႔ ေခါင္းစဥ္တပ္ထားတဲ့ ဆံုးျဖတ္ခ်က္တစ္ရပ္ကို အတည္ျပဳခဲ့ပါေသးတယ္။ လတ္တေလာ ဒီလို ဖိအားေတြ မ်ားလာတာ အျပင္ ေနာက္ပိုင္းမွာလည္း ေျပေလ်ာ့သြားဖို႔ သိပ္ မျမင္ႏုိင္ေသးတာမို႔ ဒီ ျပသနာ အစိုးရနဲ႔ တပ္မေတာ္ဘက္က အခုထက္ပိုျပီး ေလးေလးနက္နက္ ကိုင္တြယ္ ေျဖရွင္းဖို႔ လိုအပ္ေနျပီဆုိတာ ျငင္းလို႔မရေတာ့တဲ့ အေျခအေနေရာက္လာပါတယ္။ ႏိုင္ငံတကာက ေျပာေနတဲ့ ရိုဟင္ဂ်ာအေရး ဘယ္ပံုခ်ဥ္းကပ္ ေျဖရွင္းႏိုင္မလဲ ဆိုတာ ေလ့လာၾကည့္ၾကရေအာင္ပါ။

လက္ရွိ ႏိုင္ငံတကာက ေခၚေ၀ၚသံုးစြဲေနတဲ့ ရိုဟင္ဂ်ာ ျပသနာ၊ တနည္း ဘဂၤလားေဒ့ရွ္ ႏုိင္ငံထဲ ထြက္္ေျပးသြားတဲ့ မူဆလင္ ဒုကၡသည္ေတြ ျပသနာဆိုတာဟာ ႏိုင္ငံေရးအရ ေတာင္းဆို တိုက္ပြဲ၀င္တဲ့ ပံုသ႑ာန္ ပိုပိုျပီး ပီျပင္လာတာေၾကာင့္ ဒုကၡသည္ေတြ သိပ္မၾကာခင္ ျပန္လာၾကလိမ့္မယ္ ဆိုျပီး သိပ္ ေမွ်ာ္လင့္လို႔ မရႏုိင္ေတာ့ပါဘူး။ အျခား တစ္ဖက္မွာေတာ့ ဒုကၡသည္ေတြ သူတုိ႔ဆႏၵနဲ႔ သူတို႔ ျမန္မာႏုိင္ငံထဲ ျပန္မလာမခ်င္း အခုလို ႏိုင္ငံတကာက နည္းလမ္းမ်ိဳးစံုနဲ႔ ဖိအားေပးတဲ့ ျပသနာ ေလ်ာ့က် မသြားႏုိင္ပါဘူး။ ဒါေၾကာင့္ ျပသနာကို ကိုင္တြယ္ရာမွာ အဲဒီ အခ်က္ေတြကို အေျခခံျပီး စနစ္တက် ေျဖရွင္းႏိုင္ဖို႔ လိုအပ္ပါတယ္။

ပထမ တစ္ခ်က္က ဒုကၡသည္ေတြ ျပန္လာေအာင္ ဘာလုပ္ၾကမလဲ ဆိုတာပါ။ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္ ေရာက္သြားတဲ့ ျမန္မာႏုိင္ငံက ဒုကၡသည္ေတြဟာ အဲဒီ စခန္းေတြမွာ အဆင္ေျပေနၾကတာေတာ့ မဟုတ္ပါဘူး။ တစ္ခ်ိဳ႕ သူတုိ႔ သေဘာဆႏၵအရ ျမန္မာႏုိင္ငံဘက္ ျပန္ခ်င္ၾကတာမ်ိဳး ရွိႏိုင္ေပမယ့္ အသိုင္းအ၀ိုင္းကို ဆန္႔က်င္ျပီး၊ ဖိအားေပးသူေတြကို ဆန္႔က်င္ျပီး ျပန္ဖို႔ေတာ့ ခက္ခဲေနပါလိမ့္မယ္။ ျမန္မာအစိုးရနဲ႔ တပ္မေတာ္ဘက္က လုပ္ရမွာက သူတုိ႔ တကယ္ပဲ ျပန္လာခ်င္ေအာင္ ဆြဲေဆာင္ႏုိင္ဖို႔ပါပဲ။ ဒီအတြက္ လုပ္ရမွာက လက္ရွိ ျမန္မာႏုိင္ငံဘက္ အျခမ္းမွာ က်န္ေန၊ ဆက္ျပီး ေနထုိင္ေနတဲ့ သန္းတစ္၀က္နီးပါးရွိမယ့္ မူဆလင္ေတြရဲ႕ လူ႔အခြင့္အေရး၊ လံုျခံဳေရး နဲ႔ လူေနမွဳဘ၀ေတြကို လက္ေတြ႕က်က် ျမွင့္တင္ေပးဖုိ႔ပါ။

အဲလို အေကာင္အထည္ ေဖာ္ဖို႔ ဆုိရင္ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြရဲ႕ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းက မူဆလင္ေတြနဲ႔ ပတ္သက္ျပီး အရိုးစြဲေနတဲ့ သေဘာထားေတြကို ျပန္သံုးသပ္၊ ေျပာင္းလဲသင့္ ေျပာင္းလဲဖို႔ လိုပါလိမ့္မယ္။ “ ဒီ ဘဂၤလီေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက တရားမ၀င္ ခိုး၀င္လာၾကတာ၊ ဒါေၾကာင့္ သူတုိ႔ကို ႏိုင္ငံသား ဥပေဒနဲ႔ စိစစ္၊ ဥပေဒအရ ႏိုင္ငံသား မျဖစ္ဘူး ဆိုရင္ ဒုကၡသည္ စခန္းေတြထဲ ထည့္ထား၊ ခိုလွံဳစရာ ႏိုင္ငံရွိရင္ ေပးသြားလိုက္” ဆိုတဲ့ သေဘာထားမ်ိဳးကို အၾကီးအက်ယ္ ေျပာင္းလဲရပါလိမ့္မယ္။

အဲဒီ မူဆလင္ေတြနဲ႔ ပတ္သက္ရင္ ႏိုင္ငံသား ျဖစ္တာ မျဖစ္တာ အသာထား၊ ျမန္မာႏုိင္ငံထဲ ေနထိုင္သူေတြအျဖစ္ အေသအျခာ အသိအမွတ္ျပဳျပီး ႏိုင္ငံတြင္းကေန ေမာင္းမထုတ္ပါဘူး ဆုိတဲ့ အာမခံခ်က္မ်ိဳး အတိအလင္း ေပးထားဖုိ႔ လိုပါလိမ့္မယ္။ ျမန္မာႏုိင္ငံထဲ ေနထိုင္သူေတြ အျဖစ္ အေသအျခာ အသိအမွတ္ျပဳျပီးတဲ့ေနာက္ သူတုိ႔ရဲ႕ လူ႔အခြင့္အေရးနဲ႔ လံုျခံဳေရး အာမခံခ်က္ရွိေအာင္ ဖန္တီးေပးရပါမယ္။ အဲလို လူ႔အခြင့္အေရးနဲ႔ လံုျခံဳေရး အာမခံခ်က္ ရွိေနတယ္ ဆိုတာကို အာစီယံ အပါအ၀င္ ႏုိင္ငံတကာက အသိအမွတ္ျပဳလာေအာင္ သံတမန္ေရးနည္းလမ္းေတြနဲ႔ လက္ေတြ႕ျပသ ၾကိဳးစားရပါလိမ့္မယ္။

ေနာက္တစ္ခ်က္ကေတာ့ မူဆလင္ေတြ ကိုယ္တုိင္ေရာ၊ ႏုိင္ငံတကာကပါ အျမဲတေစ ေထာက္ျပေနတဲ့ သူတုိ႔ကို ျမိဳ႕နယ္ တစ္ခုေလာက္အတြင္း ပိတ္ေလွာင္ထားတဲ့ အေျခအေနမ်ိဳးကို ေျဖေလ်ာ့ေပးဖို႔ လိုပါတယ္။ ရခုိင္ျပည္နယ္ထဲက မူဆလင္ အမ်ားစုၾကီးဟာ လ၀က ဥပေဒအရ ဒီေန႔ထက္ထိ အဲလို ပိတ္ေလွာင္ခံထားရတဲ့ အေျခအေနမွာ ရွိေနပါတယ္။ ဒါေၾကာင့္ ေငြကုန္ေၾကးက်ခံျပီး ရခုိင္ျပည္နယ္ အျပင္ဘက္ ခိုးထြက္ဖို႔ ၾကိဳးစားတာ၊ ျပန္ဖမ္းမိတာ၊ ေထာင္ထဲ ေရာက္ရင္ေရာက္၊ မေရာက္ရင္ မူရင္းေနရပ္ ျပန္ပို႔ခံေနရတာေတြ မၾကာခဏ ေတြ႕ျမင္ေနရလို႔ပါပဲ။

ေနာက္ထပ္ အေရးၾကီးတာ တစ္ခုကေတာ့ ရခုိင္ျပည္နယ္ေျမာက္ပိုင္းက မူဆလင္ေတြရဲ႕ သက္ေမြး၀မ္းေက်ာင္း လုပ္ငန္းေတြ ျပန္ျပီးရွင္သန္လာေအာင္ လုပ္ေပးဖို႔ပါ။ ၂၀၁၆ ေအာက္တုိဘာ ARSA အၾကမ္းဖက္ အဖြဲ႕က နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ ဌာနခ်ဳပ္နဲ႔ စခန္းၾကီးေတြကို တိုက္ခုိက္ခဲ့ျပီးေနာက္ တပ္မေတာ္က တန္ျပန္ႏွိမ္နင္းတာေတြ လုပ္ခဲ့ပါတယ္။ တဆက္တည္း ည မထြက္ရ အမိန္႔ထုတ္တာ၊ တစ္ေနရာကေန တစ္ေနရာ သြားလာတာကို တင္းတင္းၾကပ္ၾကပ္ စိစစ္တာ၊ NVC ကဒ္ မလုပ္သူေတြကို ေရလုပ္ငန္း လုပ္ခြင့္မျပဳတာ စတဲ့ ကန္႔သတ္မွဳ အမ်ိဳးမ်ိဳးေၾကာင့္ ေနာက္ထပ္ ၂၀၁၇ ၾသဂုတ္လ အၾကမ္းဖက္ တိုက္ခိုက္မွဳ မျဖစ္ခင္ကတည္းက အဲဒီ ေဒသက ေရလုပ္ငန္း၊ တစ္ခ်ိဳ႕ေသာ လယ္ယာလုပ္ငန္းနဲ႔ ေမြးျမဴေရး လုပ္ငန္းေတြ ပ်က္စီးခဲ့ျပီး ျဖစ္ပါတယ္။ ဒီကေန႔ အခ်ိန္ထိ အဲဒီအေျခအေနကို ေျပာင္းလဲႏိုင္ျခင္း မရွိေသးပါဘူး။ ေမာင္ေတာခရိုင္ဘက္က အဲဒီ မူဆလင္ေတြရဲ႕ လူ႔အခြင့္အေရးနဲ႔ လံုျခံဳေရး အာမခံခ်က္ မရွိေသးရင္၊ လူေနမွဳဘ၀ေတြ ျမွင့္တင္ မေပးႏိုင္ရင္ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြ ျပန္လာေရး ဆြဲေဆာင္မွဳရွိလာမွာ မဟုတ္ပါဘူး။ ဒါတင္မက ရခုိင္ျပည္နယ္က မူဆလင္ေတြအေရး လက္ေတြ႕က်က် ေျဖရွင္းေပးဖုိ႔ ဆုိရင္ ကိုဖီအာနန္ ေကာ္မရွင္ အၾကံျပဳခ်က္မွာ ပါတဲ့အတုိင္း ၁၉၈၂ ႏုိင္ငံသားျဖစ္မွဳ ဥပေဒကို သတၱိရွိရွိ ျပန္ဆန္းစစ္ဖို႔၊ လိုအပ္ရင္ ျပန္ျပဳျပင္ဖို႔ လိုပါတယ္။ ေခတ္သစ္ကမၻာၾကီးနဲ႔ မဆီေလ်ာ္တဲ့ အဲဒီ ဥပေဒဟာ ျမန္မာႏိုင္ငံကို ေကာင္းက်ိဳးျပဳရမယ့္အစား အခုလို ႏုိင္ငံတကာ ဖိအားမ်ိဳးစံု၊ တိုက္ခိုက္မွဳ မ်ိဳးစံုေအာက္ က်ေရာက္သြားေစတဲ့၊ ျမန္မာ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးနဲ႔ ဖြံ႕ျဖိဳးတိုးတက္မွဳကို အဟန္႔အတား ျဖစ္ေစတဲ့၊ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြကို အစြန္းေရာက္ေတြးေခၚသူေတြအျဖစ္ က်ေရာက္သြားေစတဲ့ ခ်ိဳ႕ယြင္းခ်က္ရွိတဲ့ ဥပေဒအျဖစ္ ရွဳျမင္ဖို႔ လိုပါတယ္။ အဲဒီလို ျမန္မာအစိုးရနဲ႔ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြဘက္က လက္ေတြ႕က်က် အေကာင္အထည္ ေဖာ္ႏိုင္ရင္ ျမန္မာႏိုင္ငံထဲ က်န္ရစ္ေနတဲ့ မူဆလင္ေတြရဲ႕ ဘ၀အေျခအေန အာမခံခ်က္ရွိ၊ တုိးတက္လာမွာ ျဖစ္သလို၊ ဒုကၡသည္စခန္းေတြမွာ ေရာက္ေနသူေတြကိုလည္း ဘယ္သူတားတား ကိုယ့္ဆႏၵနဲ႔ကိုယ္ ျပန္လာမယ္ ဆိုတဲ့ တြန္းအား ျဖစ္ေပၚလာေစမွာ ေသျခာပါတယ္။

ဒါတင္မက ဒီလုပ္ငန္းစဥ္ၾကီးကို အေကာင္အထည္ ေဖာ္ရာမွာ ႏိုင္ငံတကာက သိျမင္နားလည္လာေအာင္၊ ျမန္မာအစိုးရဘက္က ရပ္တည္လာေအာင္ သံတမန္ေရးနည္းလမ္းေတြနဲ႔ ဟန္ခ်က္ညီညီ ၾကိဳးစားအေကာင္အထည္ ေဖာ္ဖို႔လည္း လိုပါတယ္။ ဒီ နည္းလမ္းကသာလ်င္ ျမန္မာႏုိင္ငံ အေနနဲ႔ လက္ရွိ ရင္ဆုိင္ေနရတဲ့၊ ေနာင္လည္း ရင္ဆိုင္ရဦးမယ့္ ႏုိင္ငံတကာ ဖိအားနဲ႔ ထုိးႏွက္ခ်က္ေတြကို ခုခံ၊ ကာကြယ္၊ ေက်ာ္လႊားႏုိင္မယ္ ျဖစ္ေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္


-------------------------

“ ဒုက္ခသည်အရေး နိုင်ငံတကာ ဖိအား ဘယ်လို ရင်ဆိုင် ကျော်လွှားကြမလဲ”
စည်သူအောင်မြင့်
မြန်မာ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ မူဆလင် ဒုက္ခသည်တွေ ပြသနာကို တတ်နိုင်သမျှ ကြိုးစားဖြေရှင်းနေပေမယ့်လည်း နိုင်ငံတကာ ဖိအားတွေကတော့ လျော့ကျ မသွားတဲ့အပြင် ထပ်ထပ်ပြီး တိုးလာနေတာ တွေ့မြင်ကြရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေက မြန်မာနိုင်ငံ သမ္မတတွေ ဖြစ်ခဲ့ကြတဲ့ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးထင်ကျော် နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်ခေါင်းဆောင်တွေကို ရိုဟင်ဂျာတွေ အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ် ဆိုပြီး အာဂျင်တီးနားနိုင်ငံမှာ တိုင်ချက်ဖွင့် တရားစွဲပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ နောက်ထပ် ဖြစ်ရပ် ၃ ခု ထပ်ပြီး ပေါ်ပေါက်လာပြန်ပါတယ်။ တစ်ခုကတော့ ကုလသမဂ္ဂလက်အောက်ခံ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲလိုက်ပြီး နောက်တစ်ခုကတော့ သည်ဟိတ်ခ် မှာ အခြေစိုက်တဲ့ နိုင်ငံတကာရာဇဝတ် ခုံရုံး ICC ကလည်း မြန်မာနိုင်ငံထဲက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့ ခွင့်ပြုလိုက်တာပါ။ ဒါ့အပြင် အဲဒီ တစ်ရက်ထဲမှာပဲ ကုလသမဂ္ဂ အထွေထွေညီလာခံ လူ့အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ ကော်မတီက “ မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့ အခြား လူနည်းစုတွေရဲ့ အခွင့်အရေးဆိုင်ရာ အခြေအနေ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပါသေးတယ်။ လတ်တလော ဒီလို ဖိအားတွေ များလာတာ အပြင် နောက်ပိုင်းမှာလည်း ပြေလျော့သွားဖို့ သိပ် မမြင်နိုင်သေးတာမို့ ဒီ ပြသနာ အစိုးရနဲ့ တပ်မတော်ဘက်က အခုထက်ပိုပြီး လေးလေးနက်နက် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေပြီဆိုတာ ငြင်းလို့မရတော့တဲ့ အခြေအနေရောက်လာပါတယ်။ နိုင်ငံတကာက ပြောနေတဲ့ ရိုဟင်ဂျာအရေး ဘယ်ပုံချဉ်းကပ် ဖြေရှင်းနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
လက်ရှိ နိုင်ငံတကာက ခေါ်ဝေါ်သုံးစွဲနေတဲ့ ရိုဟင်ဂျာ ပြသနာ၊ တနည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးသွားတဲ့ မူဆလင် ဒုက္ခသည်တွေ ပြသနာဆိုတာဟာ နိုင်ငံရေးအရ တောင်းဆို တိုက်ပွဲဝင်တဲ့ ပုံသဏ္ဍာန် ပိုပိုပြီး ပီပြင်လာတာကြောင့် ဒုက္ခသည်တွေ သိပ်မကြာခင် ပြန်လာကြလိမ့်မယ် ဆိုပြီး သိပ် မျှော်လင့်လို့ မရနိုင်တော့ပါဘူး။ အခြား တစ်ဖက်မှာတော့ ဒုက္ခသည်တွေ သူတို့ဆန္ဒနဲ့ သူတို့ မြန်မာနိုင်ငံထဲ ပြန်မလာမချင်း အခုလို နိုင်ငံတကာက နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးတဲ့ ပြသနာ လျော့ကျ မသွားနိုင်ပါဘူး။ ဒါကြောင့် ပြသနာကို ကိုင်တွယ်ရာမှာ အဲဒီ အချက်တွေကို အခြေခံပြီး စနစ်တကျ ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။
ပထမ တစ်ချက်က ဒုက္ခသည်တွေ ပြန်လာအောင် ဘာလုပ်ကြမလဲ ဆိုတာပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရောက်သွားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ အဲဒီ စခန်းတွေမှာ အဆင်ပြေနေကြတာတော့ မဟုတ်ပါဘူး။ တစ်ချို့ သူတို့ သဘောဆန္ဒအရ မြန်မာနိုင်ငံဘက် ပြန်ချင်ကြတာမျိုး ရှိနိုင်ပေမယ့် အသိုင်းအဝိုင်းကို ဆန့်ကျင်ပြီး၊ ဖိအားပေးသူတွေကို ဆန့်ကျင်ပြီး ပြန်ဖို့တော့ ခက်ခဲနေပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က လုပ်ရမှာက သူတို့ တကယ်ပဲ ပြန်လာချင်အောင် ဆွဲဆောင်နိုင်ဖို့ပါပဲ။ ဒီအတွက် လုပ်ရမှာက လက်ရှိ မြန်မာနိုင်ငံဘက် အခြမ်းမှာ ကျန်နေ၊ ဆက်ပြီး နေထိုင်နေတဲ့ သန်းတစ်ဝက်နီးပါးရှိမယ့် မူဆလင်တွေရဲ့ လူ့အခွင့်အရေး၊ လုံခြုံရေး နဲ့ လူနေမှုဘဝတွေကို လက်တွေ့ကျကျ မြှင့်တင်ပေးဖို့ပါ။
အဲလို အကောင်အထည် ဖော်ဖို့ ဆိုရင် တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေနဲ့ ပတ်သက်ပြီး အရိုးစွဲနေတဲ့ သဘောထားတွေကို ပြန်သုံးသပ်၊ ပြောင်းလဲသင့် ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ “ ဒီ ဘင်္ဂလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာကြတာ၊ ဒါကြောင့် သူတို့ကို နိုင်ငံသား ဥပဒေနဲ့ စိစစ်၊ ဥပဒေအရ နိုင်ငံသား မဖြစ်ဘူး ဆိုရင် ဒုက္ခသည် စခန်းတွေထဲ ထည့်ထား၊ ခိုလှုံစရာ နိုင်ငံရှိရင် ပေးသွားလိုက်” ဆိုတဲ့ သဘောထားမျိုးကို အကြီးအကျယ် ပြောင်းလဲရပါလိမ့်မယ်။
အဲဒီ မူဆလင်တွေနဲ့ ပတ်သက်ရင် နိုင်ငံသား ဖြစ်တာ မဖြစ်တာ အသာထား၊ မြန်မာနိုင်ငံထဲ နေထိုင်သူတွေအဖြစ် အသေအခြာ အသိအမှတ်ပြုပြီး နိုင်ငံတွင်းကနေ မောင်းမထုတ်ပါဘူး ဆိုတဲ့ အာမခံချက်မျိုး အတိအလင်း ပေးထားဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံထဲ နေထိုင်သူတွေ အဖြစ် အသေအခြာ အသိအမှတ်ပြုပြီးတဲ့နောက် သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံရေး အာမခံချက်ရှိအောင် ဖန်တီးပေးရပါမယ်။ အဲလို လူ့အခွင့်အရေးနဲ့ လုံခြုံရေး အာမခံချက် ရှိနေတယ် ဆိုတာကို အာစီယံ အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုလာအောင် သံတမန်ရေးနည်းလမ်းတွေနဲ့ လက်တွေ့ပြသ ကြိုးစားရပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ မူဆလင်တွေ ကိုယ်တိုင်ရော၊ နိုင်ငံတကာကပါ အမြဲတစေ ထောက်ပြနေတဲ့ သူတို့ကို မြို့နယ် တစ်ခုလောက်အတွင်း ပိတ်လှောင်ထားတဲ့ အခြေအနေမျိုးကို ဖြေလျော့ပေးဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်ထဲက မူဆလင် အများစုကြီးဟာ လဝက ဥပဒေအရ ဒီနေ့ထက်ထိ အဲလို ပိတ်လှောင်ခံထားရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျခံပြီး ရခိုင်ပြည်နယ် အပြင်ဘက် ခိုးထွက်ဖို့ ကြိုးစားတာ၊ ပြန်ဖမ်းမိတာ၊ ထောင်ထဲ ရောက်ရင်ရောက်၊ မရောက်ရင် မူရင်းနေရပ် ပြန်ပို့ခံနေရတာတွေ မကြာခဏ တွေ့မြင်နေရလို့ပါပဲ။
နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်တွေရဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်ပြီးရှင်သန်လာအောင် လုပ်ပေးဖို့ပါ။ ၂၀၁၆ အောက်တိုဘာ ARSA အကြမ်းဖက် အဖွဲ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ စခန်းကြီးတွေကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က တန်ပြန်နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။ တဆက်တည်း ည မထွက်ရ အမိန့်ထုတ်တာ၊ တစ်နေရာကနေ တစ်နေရာ သွားလာတာကို တင်းတင်းကြပ်ကြပ် စိစစ်တာ၊ NVC ကဒ် မလုပ်သူတွေကို ရေလုပ်ငန်း လုပ်ခွင့်မပြုတာ စတဲ့ ကန့်သတ်မှု အမျိုးမျိုးကြောင့် နောက်ထပ် ၂၀၁၇ သြဂုတ်လ အကြမ်းဖက် တိုက်ခိုက်မှု မဖြစ်ခင်ကတည်းက အဲဒီ ဒေသက ရေလုပ်ငန်း၊ တစ်ချို့သော လယ်ယာလုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ ပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့ အချိန်ထိ အဲဒီအခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး။ မောင်တောခရိုင်ဘက်က အဲဒီ မူဆလင်တွေရဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံရေး အာမခံချက် မရှိသေးရင်၊ လူနေမှုဘဝတွေ မြှင့်တင် မပေးနိုင်ရင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လာရေး ဆွဲဆောင်မှုရှိလာမှာ မဟုတ်ပါဘူး။ ဒါတင်မက ရခိုင်ပြည်နယ်က မူဆလင်တွေအရေး လက်တွေ့ကျကျ ဖြေရှင်းပေးဖို့ ဆိုရင် ကိုဖီအာနန် ကော်မရှင် အကြံပြုချက်မှာ ပါတဲ့အတိုင်း ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို သတ္တိရှိရှိ ပြန်ဆန်းစစ်ဖို့၊ လိုအပ်ရင် ပြန်ပြုပြင်ဖို့ လိုပါတယ်။ ခေတ်သစ်ကမ္ဘာကြီးနဲ့ မဆီလျော်တဲ့ အဲဒီ ဥပဒေဟာ မြန်မာနိုင်ငံကို ကောင်းကျိုးပြုရမယ့်အစား အခုလို နိုင်ငံတကာ ဖိအားမျိုးစုံ၊ တိုက်ခိုက်မှု မျိုးစုံအောက် ကျရောက်သွားစေတဲ့၊ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့၊ တပ်မတော် စစ်ခေါင်းဆောင်တွေကို အစွန်းရောက်တွေးခေါ်သူတွေအဖြစ် ကျရောက်သွားစေတဲ့ ချို့ယွင်းချက်ရှိတဲ့ ဥပဒေအဖြစ် ရှုမြင်ဖို့ လိုပါတယ်။ အဲဒီလို မြန်မာအစိုးရနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေဘက်က လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ရင် မြန်မာနိုင်ငံထဲ ကျန်ရစ်နေတဲ့ မူဆလင်တွေရဲ့ ဘဝအခြေအနေ အာမခံချက်ရှိ၊ တိုးတက်လာမှာ ဖြစ်သလို၊ ဒုက္ခသည်စခန်းတွေမှာ ရောက်နေသူတွေကိုလည်း ဘယ်သူတားတား ကိုယ့်ဆန္ဒနဲ့ကိုယ် ပြန်လာမယ် ဆိုတဲ့ တွန်းအား ဖြစ်ပေါ်လာစေမှာ သေခြာပါတယ်။
ဒါတင်မက ဒီလုပ်ငန်းစဉ်ကြီးကို အကောင်အထည် ဖော်ရာမှာ နိုင်ငံတကာက သိမြင်နားလည်လာအောင်၊ မြန်မာအစိုးရဘက်က ရပ်တည်လာအောင် သံတမန်ရေးနည်းလမ်းတွေနဲ့ ဟန်ချက်ညီညီ ကြိုးစားအကောင်အထည် ဖော်ဖို့လည်း လိုပါတယ်။ ဒီ နည်းလမ်းကသာလျင် မြန်မာနိုင်ငံ အနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့၊ နောင်လည်း ရင်ဆိုင်ရဦးမယ့် နိုင်ငံတကာ ဖိအားနဲ့ ထိုးနှက်ချက်တွေကို ခုခံ၊ ကာကွယ်၊ ကျော်လွှားနိုင်မယ် ဖြစ်ကြောင်းပါ။

XS
SM
MD
LG