(Zawgyi / Unicode)
ေရျပင္နယ္နိမိတ္ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္မွာ အေမရိကန္ ေလယာဥ္တင္စစ္သေဘၤာ ၂ စင္းျဖစ္တဲ့ USS Nimitz နဲ႔ USS Ronald Reagan တို႔ စစ္ေရးေလ့က်င့္ခဲ့တယ္လို႔ အေမရိကန္ေရတပ္က ေျပာပါတယ္။
လြတ္လပ္ၿပီး ပိတ္မထားတဲ့ အင္ဒို-ပစိဖိတ္ေဒသျဖစ္ဖို႔ ေထာက္ခံမႈျပတဲ့အေနနဲ႔ စစ္ေရးေလ့က်င့္မႈ လုပ္တာလို႔ ေျပာပါတယ္။
တ႐ုတ္ကလည္း အဲဒီမွာ စစ္ေရးေလ့က်င့္မႈေတြ လုပ္တာျဖစ္ၿပီး အေမရိကန္ စစ္ဌာနခ်ဳပ္ကေတာ့ ဒါဟာ ေဒသတြင္းတင္းမာမႈ ေလ်ာ့က်ေရး ေဆာင္ရြတ္ခ်က္ေတြကို ထိခိုက္ေစတယ္၊ အိမ္နီးခ်င္းႏိုင္ငံေတြကို ေၾကာက္ေအာင္ ေျခာက္တာျဖစ္တယ္လို႔ ေသာၾကာေန႔ကပဲ စြပ္စြဲသြားပါတယ္။
ဒါေပမယ့္ အခုလုပ္တဲ့ စစ္ေရးေလ့က်င့္မႈဟာ တ႐ုတ္ရဲ႕ စစ္ေရးေလ့က်င့္မႈေတြကို တံု႔ုျပန္တာ မဟုတ္ဘူးလို႔ အေမရိကန္ တိုက္ခိုက္ေရး ေလယာဥ္တင္သေဘၤာအုပ္စု အမွတ္ ၅ ရဲ႕ တပ္မွဴးႀကီး ဒုတိယ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး George M. Wikoff က ေျပာပါတယ္။
တ႐ုတ္ကေတာ့ ဒီစြပ္စြဲခ်က္ကို ျငင္းဆိုၿပီး အေနာက္ပစိဖိတ္ေဒသမွာ တင္းမာမႈ တိုးလာေအာင္ အေမရိကန္ကပဲ လုပ္ေနတာလို႔ စြပ္စြဲပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ စစ္ေရးေလ့က်င့္မႈကို ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္တို႔ကလည္း ေဝဖန္ခဲ့ပါတယ္။
----------------------
(Unicode)
တောင်တရုတ်ပင်လယ်တွင်း အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်
ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော ၂ စင်းဖြစ်တဲ့ USS Nimitz နဲ့ USS Ronald Reagan တို့ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။
လွတ်လပ်ပြီး ပိတ်မထားတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ဖို့ ထောက်ခံမှုပြတဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှု လုပ်တာလို့ ပြောပါတယ်။
တရုတ်ကလည်း အဲဒီမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်တာဖြစ်ပြီး အမေရိကန် စစ်ဌာနချုပ်ကတော့ ဒါဟာ ဒေသတွင်းတင်းမာမှု လျော့ကျရေး ဆောင်ရွတ်ချက်တွေကို ထိခိုက်စေတယ်၊ အိမ်နီးချင်းနိုင်ငံတွေကို ကြောက်အောင် ခြောက်တာဖြစ်တယ်လို့ သောကြာနေ့ကပဲ စွပ်စွဲသွားပါတယ်။
ဒါပေမယ့် အခုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တာ မဟုတ်ဘူးလို့ အမေရိကန် တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောအုပ်စု အမှတ် ၅ ရဲ့ တပ်မှူးကြီး ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး George M. Wikoff က ပြောပါတယ်။
တရုတ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး အနောက်ပစိဖိတ်ဒေသမှာ တင်းမာမှု တိုးလာအောင် အမေရိကန်ကပဲ လုပ်နေတာလို့ စွပ်စွဲပါတယ်။ တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုကို ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကလည်း ဝေဖန်ခဲ့ပါတယ်။