သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယသမုဒၵရာမွာ ကန္ နဲ႔ အိႏၵိယေရတပ္ ပူးတြဲစစ္ေရးေလ့က်င့္


USS Ronald Reagan ႏွင့္ USS Nimitz ေလယာဥ္တင္သေဘၤာႀကီး တို႔ စစ္ေရေလ့က်င့္ေနစဥ္ (မွတ္တမ္းဓါတ္ပံု-၂၀၂၀ ဇူလိုင္လ ၇ ရက္ေန႔)

(Zawgyi/ Unicode)

အိႏၵိယ သမုဒၵရာအတြင္း တနလၤာေန႔က ဒုတိယအႀကိမ္ေျမာက္ အေမရိကန္နဲ႔ အိႏၵိယ ေရတပ္ သေဘၤာေတြ ပူးတဲြ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့တယ္လို႔ ႏွစ္ႏိုင္ငံသတင္း ထုတ္ျပန္ထားပါတယ္။

တ႐ုတ္နဲ႔ တင္းမာမႈ ျမင့္တက္လာခ်ိန္ အခုလို ေရေၾကာင္းစစ္ေရးေလ့က်င့္မႈဟာ အေမရိကန္နဲ႔ အိႏၵိယ အစိုးၾကား မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္မႈ ႀကီးထြားလာတာကို ျပသေနတာပါ။

ဇူလိုင္ ၂၀ရက္ေန႔က စတင္ခဲ့တဲ့ႏွစ္ႏိုင္ငံ ေရတပ္ပူးတဲြစစ္ေရးေလ့က်င့္မႈကို အိႏၵိယႏိုင္ငံပိုင္ ကပၸလီနဲ႔ နီကိုဘာကြ်န္းေတြအနီးမွာ ျပဳလုပ္ခဲ့တာပါ။ အဲဒီေနရာဟာ ႏိုင္ငံတကာေရေၾကာင္းသြားလာမႈ အမ်ားဆံုးေနရာတခုျဖစ္ၿပီး မလကၠာေရလက္ၾကား အနီးတ၀ိုက္မွာျဖစ္ပါတယ္။

အိႏၵိယေရတပ္ကေတာ့ ဒီစစ္ေရးေလ့က်င့္မႈကို “passage”ဆက္ဆံေရးေပါင္းကူး ေလ့က်င့္မႈလို႔ အမည္ေပးထားပါတယ္။

USS Nimitz ေလယာဥ္တင္သေဘၤာႀကီး နဲ႔အတူ အခုလို အိႏၵိယေရတပ္နဲ႔စစ္ေရးပူးတဲြေလ့က်င့္မႈ ဟာ ႏွစ္ႏိုင္ငံ ေရတပ္ၾကား ပိုမိုခိုင္မာတဲ့ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ လြတ္လပ္ၿပီး ပြင့္လင္းတဲ့ အင္ဒို ပစိဖိတ္ ေဒသ အေထာက္အပံ့ေတြကို ပူးတဲြလုပ္ေဆာင္မယ္ဆိုတဲ့ သႏၷိ႒ာန္ကို ျပသခဲ့တာျဖစ္တယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Mark Esper က အဂၤါေန႔ကေျပာၾကားခဲ့ပါတယ္။

အခုလို အေမရိကန္နဲ႔ အိႏၵိယ ႏွစ္ႏိုင္ငံေရတပ္ ပူးတဲြေလ့က်င့္မႈကို ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလက ပထမဆံုးအႀကိမ္ စတင္ခဲ့တာျဖစ္တယ္လို႔ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Mark Esper က ဆိုပါတယ္။ ဒါအျပင္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈ တိုးျမွင့္ေရး ၀န္ႀကီးအဆင့္ ေဆြးေႏြးပဲြေတြကို ဒီႏွစ္အကုန္မွာ ျပဳလုပ္ဖို႔ စီစဥ္ထားတယ္လို႔လည္း Esper ကေျပာပါတယ္။

ဒီအေတာအတြင္း အိႏၵိယနဲ႕ တ႐ုတ္ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ ဟိမ၀ႏၱာ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ေနရာမွာ အိႏၵိယ စစ္သား အေယာက္ ၂၀ သတ္ျဖတ္ခံရမႈနဲ႔ပတ္သက္လို႔ ဆယ္စုႏွစ္မ်ားစြာအတြင္း အဆိုးဆံုးအေျခအေနျဖစ္ေနတာပါ။ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Esper က အဂၤါေန႔က ေျပာၾကားခ်က္ထဲမွာ အိႏၵိယနဲ႔ တရုတ္ ဆက္ဆံေရးကို အေမရိကန္က အနီးကပ္ေစာင့္ၾကည့္ေနၿပီး ႏွစ္ဖက္လံုးက အေျခအေနေတြ ေကာင္းမြန္လာဖို႔ အရွိန္ျမွင့္ ႀကိဳးစားေနတာကို သိရတဲ့အတြက္ ၀မ္းသာေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

အိန္ဒိယသမုဒ္ဒရာမှာ ကန် နဲ့ အိန္ဒိယရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်

(Unicode)

အိန္ဒိယ သမုဒ္ဒရာအတွင်း တနင်္လာနေ့က ဒုတိယအကြိမ်မြောက် အမေရိကန်နဲ့ အိန္ဒိယ ရေတပ် သင်္ဘောတွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ နှစ်နိုင်ငံသတင်း ထုတ်ပြန်ထားပါတယ်။

တရုတ်နဲ့ တင်းမာမှု မြင့်တက်လာချိန် အခုလို ရေကြောင်းစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ အိန္ဒိယ အစိုးကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာတာကို ပြသနေတာပါ။

ဇူလိုင် ၂၀ရက်နေ့က စတင်ခဲ့တဲ့နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံပိုင် ကပ္ပလီနဲ့ နီကိုဘာကျွန်းတွေအနီးမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီနေရာဟာ နိုင်ငံတကာရေကြောင်းသွားလာမှု အများဆုံးနေရာတခုဖြစ်ပြီး မလက္ကာရေလက်ကြား အနီးတဝိုက်မှာဖြစ်ပါတယ်။

အိန္ဒိယရေတပ်ကတော့ ဒီစစ်ရေးလေ့ကျင့်မှုကို “passage”ဆက်ဆံရေးပေါင်းကူး လေ့ကျင့်မှုလို့ အမည်ပေးထားပါတယ်။

USS Nimitz လေယာဉ်တင်သင်္ဘောကြီး နဲ့အတူ အခုလို အိန္ဒိယရေတပ်နဲ့စစ်ရေးပူးတွဲလေ့ကျင့်မှု ဟာ နှစ်နိုင်ငံ ရေတပ်ကြား ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို ပစိဖိတ် ဒေသ အထောက်အပံ့တွေကို ပူးတွဲလုပ်ဆောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ပြသခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။

အခုလို အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံရေတပ် ပူးတွဲလေ့ကျင့်မှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပထမဆုံးအကြိမ် စတင်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ဆိုပါတယ်။ ဒါအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေကို ဒီနှစ်အကုန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း Esper ကပြောပါတယ်။

ဒီအတောအတွင်း အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံဆက်ဆံရေးဟာ ဟိမဝန္တာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာမှာ အိန္ဒိယ စစ်သား အယောက် ၂၀ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးအခြေအနေဖြစ်နေတာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Esper က အင်္ဂါနေ့က ပြောကြားချက်ထဲမှာ အိန္ဒိယနဲ့ တရုတ် ဆက်ဆံရေးကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး နှစ်ဖက်လုံးက အခြေအနေတွေ ကောင်းမွန်လာဖို့ အရှိန်မြှင့် ကြိုးစားနေတာကို သိရတဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG