သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ရုရှား စစ်သင်္ဘော ၂ စင်း တိုက်မိလုနီးပါးဖြစ်


(The U.S. Navy's USS Chancellorsville )
ပဲ့ထိန်း Missile တပ်အမေရိကန်စစ်သင်္ဘော USS Chancellorsville
(The U.S. Navy's USS Chancellorsville ) ပဲ့ထိန်း Missile တပ်အမေရိကန်စစ်သင်္ဘော USS Chancellorsville

ဖိလစ်ပိုင်ပင်လယ်ထဲမှာ အမေရိကန်နဲ့ ရုရှားစစ်သင်္ဘော ၂ စီးတိုက်မိမလိုဖြစ်ခဲ့ပြီးနောက် ဒီဖြစ်ရပ်ဟာ အန္တရာယ်များပြီးမဆင်မခြင်လုပ်ရပ် ဖြစ်တယ်လို့ ၂ ဖက်လုံးက အပြန်အလှန်စွပ်စွဲပြောကြားနေကြပါတယ်။ ပဲ့ထိန်း Missile တပ်အမေရိကန်စစ်သင်္ဘော USS Chancellorsville နဲ့ Russia ဖျက်သင်္ဘော Admiral Vinogradov တို့ သောကြာနေ့ မနက်က မီတာ ၅၀ လောက်အထိ နီးကပ်ပြီး တိုက်မိမလိုဖြစ်ခဲ့တာပါ။

စစ်သင်္ဘော ၂ စီး မတိုက်မိအောင် အရေးပေါ် ရှောင်ရှားခဲ့ရတယ်လို့ Russia ဖက်ကဆိုပါတယ်။ USS Chancellorsville ကသွားနေတဲ့လမ်းကြောင်းကနေ ရုတ်တရက် လမ်းကြောင်းပြောင်းပြီး Admiral Vinogradov သွားနေတဲ့ ရေလမ်းကြောင်းရဲ့ မီတာ ၅၀ အနီးအထိကို ဝင်လာခဲ့တာဖြစ်တယ်လို့ ရုရှား Pacific ရေတပ်မဟာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အမေရိကန်ဖက်ကတော့ ဒီဖြစ်ရပ်ဟာ ရုရှားသင်္ဘောဖက်မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

ရုရှားစစ်သင်္ဘောက U.S.S. Chancellorsville စစ်သင်္ဘောနားကို အန္တရာယ်ရှိလောက်တဲ့ အထိ ကပ်လာခဲ့တယ်လို့ အမေရိကန် အမှတ် ၇ ရေတပ်မဟာရဲ့ တပ်မှူးကြီး Clayton Doss ရဲ့ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။ U.S.S. Chancellorsville စစ်သင်္ဘောနားကို ရုရှားစစ်သင်္ဘောက ရုတ်တရက်ကပ်လာတာကို ပြသတဲ့ Video အတို ၂ ခုကိုလည်း အမေရိကန်ရေတပ်က YouTube ပေါ်မှာ တင်ခဲ့ပါတယ်။ ရုရှားဖက်က လုပ်ရပ်ဟာ အန္တရာယ်များပြီး မဆင်မခြင်လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်ရေတပ်က ဖော်ပြပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG