သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တန္းတူညီမွ်မႈ ရရွိေရး အေလးထားၾကဖို႔ ကုလသမဂၢ အႀကီးအကဲ တိုက္တြန္း


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres.

(Zawgyi / Unicode)

မညီမွ်မႈေတြ တိုးလာေနတဲ့ ကမာၻႀကီးမွာ လူမႈပဋိညာဥ္အသစ္တရပ္ ခ်မွတ္ၿပီး လူတိုင္းအတြက္ အခြင့္အလမ္းေတြ တန္းတူညီမွ်စြာ ဖန္တီးေပးႏုိင္ေအာင္ လုပ္ေဆာင္ၾကဖို႔ ကြယ္လြန္သူ ေတာင္အာဖရိကေခါင္းေဆာင္ နယ္လ္ဆင္မန္ဒဲလား ၁၀၂ ႏွစ္ေျမာက္ေမြးေန႔အတြက္ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တိုက္တြန္းလိုက္ပါတယ္။

“လူမႈအသိုင္းအဝိုင္းေတြ အတြင္းမွာ လူမႈပဋိညာဥ္ အသစ္တရပ္ ခ်မွတ္လုပ္ေဆာင္မယ္ဆိုရင္ လူငယ္ေတြ ဂုဏ္သိကၡာရွိရွိ ေနႏိုင္မွာျဖစ္သလို အမ်ိဳးသမီးေတြအတြက္လည္း အမ်ိဳးသားေတြလိုပဲ တန္းတူျဖစ္လာၿပီး အခြင့္အလမ္းေတြ ရမယ့္အျပင္ မက်န္းမာသူေတြ၊ အကာကြယ္မဲ့ေတြနဲ႔ လူနည္းစုဝင္ေတြ အားလံုးအတြက္လည္း အကာအကြယ္ရလာမွာျဖစ္ေၾကာင္း” ေျပာသြားတာပါ။

လူတိုင္းက သူတို႔အတြက္ အလုပ္ျဖစ္မယ့္ လူမႈေရးနဲ႔ စီးပြားေရးစနစ္ေတြကို လိုခ်င္ၾကေၾကာင္းနဲ႔ လူတိုင္း သူတုိ႔ရဲ႕ ရပိုင္ခြင့္ေတြ ရခ်င္ၾကၿပီး သူတုိ႔ရဲ႕ အေျခခံလြတ္လပ္ခြင့္ေတြကို ေလးစားမႈ ရွိေစခ်င္ၾကတယ္လို႔လည္း အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။

လူမႈပဋိညာဥ္အသစ္ကို အစိုးရေတြ၊ လူထုနဲ႔ လူမႈအသိုင္းဝိုင္း အားလံုးၾကား ခ်မွတ္ၿပီး လူတိုင္းအတြက္ တန္းတူညီမွ်တဲ့ ရပိုင္ခြင့္ေတြ၊ အခြင့္အလမ္းေတြေပၚ အေျခခံၿပီး လုပ္ငန္းအားလံုး လက္တြဲလုပ္ေဆာင္ၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ လူကိုယ္တိုင္မသြားႏိုင္တဲ့ အတြင္းေရးမွဴးခ်ဳပ္က ေတာင္အာဖရိကရဲ႕ နယ္လ္ဆင္မန္ဒဲလား ေဖာင္ေဒးရွင္းအတြက္ ဗီြဒီယိုမိန္႔ခြန္း ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

ေတာင္အာဖရိကမွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၂၀,၀၀၀ ေက်ာ္ ရွိေနတာပါ။

ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါဟာ လူသားေတြအတြက္ ဝမ္းနည္းေၾကကြဲဖယ္ရာ ျဖစ္ေပမယ့္ ဒီေရာဂါက ေနာင္မ်ိဳးဆက္အတြက္ တန္းတူညီမွ်မႈ ပိုရွိၿပီး ေရရွည္ခံမယ့္ ကမာၻကို ျပန္လည္တည္ေဆာက္ဖုိ႔ အခြင့္အလမ္း ဖန္တီးေပးေနတယ္လုိ႔လည္း အတြင္းေရးမွဴးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

တန်းတူညီမျှမှု ရရှိရေး အလေးထားကြဖို့ ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

မညီမျှမှုတွေ တိုးလာနေတဲ့ ကမ္ဘာကြီးမှာ လူမှုပဋိညာဉ်အသစ်တရပ် ချမှတ်ပြီး လူတိုင်းအတွက် အခွင့်အလမ်းတွေ တန်းတူညီမျှစွာ ဖန်တီးပေးနိုင်အောင် လုပ်ဆောင်ကြဖို့ ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား ၁၀၂ နှစ်မြောက်မွေးနေ့အတွက် ပြောကြားတဲ့ မိန့်ခွန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။

“လူမှုအသိုင်းအဝိုင်းတွေ အတွင်းမှာ လူမှုပဋိညာဉ် အသစ်တရပ် ချမှတ်လုပ်ဆောင်မယ်ဆိုရင် လူငယ်တွေ ဂုဏ်သိက္ခာရှိရှိ နေနိုင်မှာဖြစ်သလို အမျိုးသမီးတွေအတွက်လည်း အမျိုးသားတွေလိုပဲ တန်းတူဖြစ်လာပြီး အခွင့်အလမ်းတွေ ရမယ့်အပြင် မကျန်းမာသူတွေ၊ အကာကွယ်မဲ့တွေနဲ့ လူနည်းစုဝင်တွေ အားလုံးအတွက်လည်း အကာအကွယ်ရလာမှာဖြစ်ကြောင်း” ပြောသွားတာပါ။

လူတိုင်းက သူတို့အတွက် အလုပ်ဖြစ်မယ့် လူမှုရေးနဲ့ စီးပွားရေးစနစ်တွေကို လိုချင်ကြကြောင်းနဲ့ လူတိုင်း သူတို့ရဲ့ ရပိုင်ခွင့်တွေ ရချင်ကြပြီး သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားမှု ရှိစေချင်ကြတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

လူမှုပဋိညာဉ်အသစ်ကို အစိုးရတွေ၊ လူထုနဲ့ လူမှုအသိုင်းဝိုင်း အားလုံးကြား ချမှတ်ပြီး လူတိုင်းအတွက် တန်းတူညီမျှတဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေပေါ် အခြေခံပြီး လုပ်ငန်းအားလုံး လက်တွဲလုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူကိုယ်တိုင်မသွားနိုင်တဲ့ အတွင်းရေးမှူးချုပ်က တောင်အာဖရိကရဲ့ နယ်လ်ဆင်မန်ဒဲလား ဖောင်ဒေးရှင်းအတွက် ဗွီဒီယိုမိန့်ခွန်း ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

တောင်အာဖရိကမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၂၀,၀၀၀ ကျော် ရှိနေတာပါ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ လူသားတွေအတွက် ဝမ်းနည်းကြေကွဲဖယ်ရာ ဖြစ်ပေမယ့် ဒီရောဂါက နောင်မျိုးဆက်အတွက် တန်းတူညီမျှမှု ပိုရှိပြီး ရေရှည်ခံမယ့် ကမ္ဘာကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်း ဖန်တီးပေးနေတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG