သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္က ကမၻာ့ၿငိမ္းခ်မ္းေရးကုိ အႀကီးအက်ယ္ ထိခုိက္ (ကုလအတြင္းေရးမွဴးခ်ဳပ္)


ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါဟာ ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးကို အႀကီးအက်ယ္ ထိခိုက္ေစတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကၾကာသပေတးေန႔မွာ သတိေပးလိုက္ပါတယ္။

ကမာၻ႔ႏိုင္ငံအားလံုးရဲ့ လံုၿခံဳေရးနဲ႔ လူေနမႈဘဝေတြ အတြက္ ဘက္ေပါင္းစံုကေန ထိုးႏွက္တာ ခံေနရတာေၾကာင့္ ဆိုးဝါးတဲ့ ေရာဂါေတြျဖစ္လာႏိုင္ေစသလို ကမာၻႀကီးကိုလည္း ပိုၿပီးအားနဲလာေစႏိုင္တယ္လို႔ အတြင္းေရးမွဴးခ်ဳပ္က ကုလသမဂၢလံုၿခံဳေရးေကာင္စီ အဆင့္ျမင့္ အရာရွိမ်ားရဲ့ ရုပ္သံ အစည္းေဝးမွာ ေျပာၾကားခဲ့တာပါ။

လံုၿခံဳေရးေကာင္စီမွာ ဒီ ကပ္ေရာဂါရဲ့ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးအေပၚ သက္ေရာက္မႈနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၾကရာမွာ အတြင္းေရးမွဴးခ်ဳပ္က စိန္ေခၚမႈအေနနဲ႔ အနာဂတ္လံုၿခံဳေရး မ႑ိဳင္ေတြကို ခိုင္မာေအာင္ လုပ္ရင္း ဒီကေန႔ကမာၻမွာ အသက္ေတြကယ္ဖို႔ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အခု အခါ ကမာၻတလႊားမွာ လူေပါင္း ဆယ္သန္းခြဲေက်ာ္ဟာ ဒီကိုရိုနာဗုိင္းရပ္စ္ ေရာဂါအကူးစက္ခံ ေနရၿပီျဖစ္ပါတယ္။ တခ်ိဳ႕ေဒသေတြမွာေတာ့ ဒီကပ္ေရာဂါေၾကာင့္ မေရမရာ ျဖစ္ေနမႈကို မဟာဗ်ဴဟာက်တဲ့ အခြင့္ေကာင္းအျဖစ္ အၾကမ္းဖက္အဖြဲ႔ေတြနဲ႔ အစြန္းေရာက္အဖြဲ႔ေတြ အပါအဝင္ လက္နက္ကိုင္တိုက္ခိုက္ေနတဲ့ အဖြဲ႔ေတြက ရႈျမင္ေနၾကေၾကာင္းနဲ႔ တကယ္လို႔ ႏိုင္ငံတကာအသိုင္းဝိုင္းအေနနဲ႔ အပစ္အခတ္ ရပ္စဲေရးကို အျပည့္အဝ မလုပ္ေဆာင္ဘူး ဆိုရင္ လက္နက္ကိုင္ ပဋိပကၡ ၁၀၀ေလာက္ ျဖစ္ပြားေနတဲ့ကမာၻႀကီးအတြက္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြဟာ အႏၱရာယ္ရွိေနေၾကာင္းလည္း အတြင္းေရးမွဴးခ်ဳပ္က သတိေပးပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါတံု႔ျပန္ေဆာင္ရြက္ေရးမွာ အေထာက္အကူျဖစ္ေစဖုိ႔ ကမာၻတလႊား အပစ္အခတ္ ရပ္စဲေရးလုပ္ေဆာင္ဖို႔ ဗုဒၶဟူးေန႔မွာ ကုလသမဂၢလံုၿခံဳေရး ေကာင္စီက ဆံုးျဖတ္ခ်က္ခ် ႏိုင္ခဲ့တာအတြက္လည္း အတြင္းေရးမွဴးခ်ဳပ္က ႀကိဳဆိုလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်က ကမ္ဘာ့ငြိမ်းချမ်းရေးကို အကြီးအကျယ် ထိခိုက် (ကုလအတွင်းရေးမှူးချုပ်)

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံအားလုံးရဲ့ လုံခြုံရေးနဲ့ လူနေမှုဘဝတွေ အတွက် ဘက်ပေါင်းစုံကနေ ထိုးနှက်တာ ခံနေရတာကြောင့် ဆိုးဝါးတဲ့ ရောဂါတွေဖြစ်လာနိုင်စေသလို ကမ္ဘာကြီးကိုလည်း ပိုပြီးအားနဲလာစေနိုင်တယ်လို့ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့် အရာရှိများရဲ့ ရုပ်သံ အစည်းဝေးမှာ ပြောကြားခဲ့တာပါ။

လုံခြုံရေးကောင်စီမှာ ဒီ ကပ်ရောဂါရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရာမှာ အတွင်းရေးမှူးချုပ်က စိန်ခေါ်မှုအနေနဲ့ အနာဂတ်လုံခြုံရေး မဏ္ဍိုင်တွေကို ခိုင်မာအောင် လုပ်ရင်း ဒီကနေ့ကမ္ဘာမှာ အသက်တွေကယ်ဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခု အခါ ကမ္ဘာတလွှားမှာ လူပေါင်း ဆယ်သန်းခွဲကျော်ဟာ ဒီကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံ နေရပြီဖြစ်ပါတယ်။ တချို့ဒေသတွေမှာတော့ ဒီကပ်ရောဂါကြောင့် မရေမရာ ဖြစ်နေမှုကို မဟာဗျူဟာကျတဲ့ အခွင့်ကောင်းအဖြစ် အကြမ်းဖက်အဖွဲ့တွေနဲ့ အစွန်းရောက်အဖွဲ့တွေ အပါအဝင် လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေက ရှုမြင်နေကြကြောင်းနဲ့ တကယ်လို့ နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ အပစ်အခတ် ရပ်စဲရေးကို အပြည့်အဝ မလုပ်ဆောင်ဘူး ဆိုရင် လက်နက်ကိုင် ပဋိပက္ခ ၁၀၀လောက် ဖြစ်ပွားနေတဲ့ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အန္တရာယ်ရှိနေကြောင်းလည်း အတွင်းရေးမှူးချုပ်က သတိပေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးမှာ အထောက်အကူဖြစ်စေဖို့ ကမ္ဘာတလွှား အပစ်အခတ် ရပ်စဲရေးလုပ်ဆောင်ဖို့ ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်ချ နိုင်ခဲ့တာအတွက်လည်း အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။

XS
SM
MD
LG