သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတဝန္း ကိုဗစ္ကူးစက္သူ စံခ်ိန္တင္ျမင့္တက္


မြမ္ဘုိင္းၿမိဳ႕မွာ COVID-19 ကူးစက္ခံရမႈရွိမရွိ စစ္ေဆးေပးေနတဲ့ က်န္မာေရးဝန္ထမ္း။ (ဇူလုိင္ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတ၀န္းမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္သူအေရအတြက္ဟာ စေနေန႔ တရက္တည္းတင္ ၂၆၀,၀၀၀ ေလာက္ တိုးလာတာေၾကာင့္ ေန႔စဥ္ကူးစက္မႈႏႈန္း စံခ်ိန္တင္ခဲ့ၿပီး ဒါဟာ ၂ ရက္ဆက္တုိက္ ေန႔စဥ္ကူးစက္မႈႏႈန္း စံခ်ိန္တင္ ျမင့္တက္ခဲ့တာျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က ေျပာလိုက္ပါတယ္။

ေသာၾကာေန႔တုန္းကေတာ့ ကမာၻတ၀န္းမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၃၈,၀၀၀ ေလာက္ရွိခဲ့တာ ျဖစ္ပါတယ္။

ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ စေနေန႔ညေနကအထိ ၆၀၀,၀၀၀ နီးပါး ရွိလာခဲ့ၿပီျဖစ္တယ္လို႔ WHO က ေျပာပါတယ္။

အခုလို ေသဆုံးသူအေရအတြက္ တုိးလာရတာဟာ မေန႔က တရက္တည္းမွာတင္ ၇,၃၀၀ ေလာက္ ေသဆုံးခဲ့တာေၾကာင့္ျဖစ္ၿပီး ဒါဟာ ၿပီးခဲ့တဲ့ ေမလလယ္ကစၿပီး တရက္တည္းမွာ ဗုိင္းရပ္စ္ေၾကာင့္ အမ်ားဆုံးေသဆုံးတာ ျဖစ္ပါတယ္။

အခု ဇူလိုင္လထဲမွာ ဗုိင္းရပ္စ္ေၾကာင့္ ေန႔စဥ္ေသဆုံးမႈႏႈန္းဟာ ပ်မ္းမွ် ၄,၈၀၀ ေလာက္ရွိတယ္လို႔ WHO က ဆုိပါတယ္။

ေန႔စဥ္ ဗုိင္းရပ္စ္ကူးစက္မႈ အမ်ားဆုံးျဖစ္တဲ့ ႏုိင္ငံေတြကေတာ့ အေမရိကန္၊ ဘရာဇီး၊ အိႏၵိယနဲ႔ ေတာင္အာဖရိကႏုိင္ငံေတြ ျဖစ္ပါတယ္။

အေမရိကန္မွာ မေန႔က ဗုိင္းရပ္စ္ကူးစက္ခံရသူ ၇၂,၀၀၀ ေလာက္နဲ႔ အမ်ားဆုံးျဖစ္ခဲ့ၿပီး ဘရာဇီးႏုိင္ငံမွာ ၄၅,၀၀၀ ေလာက္ရွိၿပီး အိႏၵိယမွာေတာ့ ကူးစက္သူ အေရအတြက္ဟာ မေန႔က ၃၅,၀၀၀ ေလာက္ရွိတယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ ေတာင္အာဖရိကႏုိင္ငံမွာလည္း မေန႔က ေရာဂါကူးစက္ခံရသူ ၁၄,၀၀၀ ေလာက္ရွိတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ စံချိန်တင်မြင့်တက်

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ စနေနေ့ တရက်တည်းတင် ၂၆၀,၀၀၀ လောက် တိုးလာတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင်ခဲ့ပြီး ဒါဟာ ၂ ရက်ဆက်တိုက် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။

သောကြာနေ့တုန်းကတော့ ကမ္ဘာတဝန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၈,၀၀၀ လောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ စနေနေ့ညနေကအထိ ၆၀၀,၀၀၀ နီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ WHO က ပြောပါတယ်။

အခုလို သေဆုံးသူအရေအတွက် တိုးလာရတာဟာ မနေ့က တရက်တည်းမှာတင် ၇,၃၀၀ လောက် သေဆုံးခဲ့တာကြောင့်ဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး တရက်တည်းမှာ ဗိုင်းရပ်စ်ကြောင့် အများဆုံးသေဆုံးတာ ဖြစ်ပါတယ်။

အခု ဇူလိုင်လထဲမှာ ဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးမှုနှုန်းဟာ ပျမ်းမျှ ၄,၈၀၀ လောက်ရှိတယ်လို့ WHO က ဆိုပါတယ်။

နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကနိုင်ငံတွေ ဖြစ်ပါတယ်။

အမေရိကန်မှာ မနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၂,၀၀၀ လောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး ဘရာဇီးနိုင်ငံမှာ ၄၅,၀၀၀ လောက်ရှိပြီး အိန္ဒိယမှာတော့ ကူးစက်သူ အရေအတွက်ဟာ မနေ့က ၃၅,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်အာဖရိကနိုင်ငံမှာလည်း မနေ့က ရောဂါကူးစက်ခံရသူ ၁၄,၀၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။

XS
SM
MD
LG