(Zawgyi / Unicode)
မေန႔ စေနေန႔က အင္ဒိုနီးရွားႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္သူဦးေရ ၈၄,၀၀၀ ေက်ာ္သြားတဲ့အတြက္ အေရွ႕အာရွေဒသမွာ ေရာဂါကူးစက္ခံရမႈ အမ်ားဆုံးႏုိင္ငံ ျဖစ္လာပါတယ္။
ဒါဟာ တ႐ုတ္ႏုိင္ငံအတြင္း ကူးစက္ခံရသူ စုစုေပါင္း အေရအတြက္ကို ေက်ာ္သြားတာျဖစ္ပါတယ္။ ေရာဂါရွာေဖြေဖာ္ မထုတ္ႏုိင္ေသးတဲ့ သူေတြလည္း ရွိတာေၾကာင့္ ဒီထက္လည္း ပိုမ်ားႏုိင္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။
စေနေန႔တရက္တည္း ကူးစက္သူ လူနာသစ္ ၁,၇၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၅၉ ေယာက္ရွိၿပီး အခုထိ ေသဆုံးသူ ၄,၀၀၀ ေက်ာ္ရွိပါတယ္။
မႏွစ္ေႏွာင္းပိုင္းက COVID-19 စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔အထိ ကူးစက္သူ ၈၃,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၄,၆၀၀ ေက်ာ္ရွိပါတယ္။
ေရာဂါလကၡဏာ မျပေသးတဲ့ ပိုးကူးစက္ထားသူေတြလည္း ရွိႏုိင္ေၾကာင္းနဲ႔ ေရာဂါပိုးရွိသူေတြနဲ႔ ထိေတြ႔ထားသူေတြကို ေျခရာခံလိုက္ဖို႔ ဦးစားေပး ေဆာင္ရြက္ေနတယ္လို႔ အင္ဒိုနီးရွား COVID-19 တိုက္ဖ်က္ေရးအဖြဲ႔ ေျပာခြင့္ရ Achmad Yurianto က ေျပာပါတယ္။
အင္ဒိုနီးရွားႏုိင္ငံက တျခား အိမ္နီးခ်င္းႏုိင္ငံေတြေလာက္ ေရာဂါတားဆီးေရး တင္းတင္းက်ပ္က်ပ္ မေဆာင္ရြက္သလို ေရာဂါစမ္းသပ္စစ္ေဆးမႈ နည္းပါးတဲ့အေပၚ ကူးစက္ေရာဂါ ကာကြယ္ေရးဆိုင္ရာ ပညာရွင္ေတြက ေဝဖန္မႈေတြ ရွိေနပါတယ္။
အင္ဒိုနီးရွားမွာ ေရာဂါကူးစက္မႈေတြ ဆက္ၿပီးျဖစ္ေနတဲ့ၾကားက စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္ႏုိင္ဖို႔ အသြားအလာ ကန္႔သတ္မႈေတြကို ဇြန္လအေစာပိုင္းေလာက္က ေျဖေလၽွာ့ေပးလိုက္တာ ျဖစ္ပါတယ္။
လူဦးေရထူထပ္တဲ့ အေနာက္ဂ်ာဗားျပည္နယ္မွာေတာ့ အမ်ားျပည္သူ သြားလာတဲ့ ေနရာေတြမွာ ႏွာေခါင္းစည္း မတပ္သူေတြကို ဇူလိုင္လ ၂၇ ရက္ေန႔ကစၿပီး ဒဏ္႐ုိက္မယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Ridwan Kamil က တြစ္တာကတဆင့္ ေျပာပါတယ္။
-----------------------------
(Unicode)
အင်ဒိုနီးရှားမှာ COVID ကူးစက်ခံရမှုနှုန်း တရုတ်ကို ကျော်လွန်
မနေ့ စနေနေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ ၈၄,၀၀၀ ကျော်သွားတဲ့အတွက် အရှေ့အာရှဒေသမှာ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
ဒါဟာ တရုတ်နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း အရေအတွက်ကို ကျော်သွားတာဖြစ်ပါတယ်။ ရောဂါရှာဖွေဖော် မထုတ်နိုင်သေးတဲ့ သူတွေလည်း ရှိတာကြောင့် ဒီထက်လည်း ပိုများနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စနေနေ့တရက်တည်း ကူးစက်သူ လူနာသစ် ၁,၇၀၀ ကျော်နဲ့ သေဆုံးသူ ၅၉ ယောက်ရှိပြီး အခုထိ သေဆုံးသူ ၄,၀၀၀ ကျော်ရှိပါတယ်။
မနှစ်နှောင်းပိုင်းက COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့အထိ ကူးစက်သူ ၈၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၆၀၀ ကျော်ရှိပါတယ်။
ရောဂါလက္ခဏာ မပြသေးတဲ့ ပိုးကူးစက်ထားသူတွေလည်း ရှိနိုင်ကြောင်းနဲ့ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ထားသူတွေကို ခြေရာခံလိုက်ဖို့ ဦးစားပေး ဆောင်ရွက်နေတယ်လို့ အင်ဒိုနီးရှား COVID-19 တိုက်ဖျက်ရေးအဖွဲ့ ပြောခွင့်ရ Achmad Yurianto က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံက တခြား အိမ်နီးချင်းနိုင်ငံတွေလောက် ရောဂါတားဆီးရေး တင်းတင်းကျပ်ကျပ် မဆောင်ရွက်သလို ရောဂါစမ်းသပ်စစ်ဆေးမှု နည်းပါးတဲ့အပေါ် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ပညာရှင်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။
အင်ဒိုနီးရှားမှာ ရောဂါကူးစက်မှုတွေ ဆက်ပြီးဖြစ်နေတဲ့ကြားက စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ အသွားအလာ ကန့်သတ်မှုတွေကို ဇွန်လအစောပိုင်းလောက်က ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။
လူဦးရေထူထပ်တဲ့ အနောက်ဂျာဗားပြည်နယ်မှာတော့ အများပြည်သူ သွားလာတဲ့ နေရာတွေမှာ နှာခေါင်းစည်း မတပ်သူတွေကို ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး ဒဏ်ရိုက်မယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Ridwan Kamil က တွစ်တာကတဆင့် ပြောပါတယ်။