သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID အရေး နှာခေါင်းစည်းတပ်ဖို့ သမ္မတ Trump အားပေးတိုက်တွန်း


COVID-19 ကူးစက်မှု ကာကွယ်နိုင်ရေး နှာခေါင်းစည်းတပ်ထားတဲ့ သမ္မတ Donald Trump. (ဇူလိုင် ၁၁၊ ၂၀၂၀)
COVID-19 ကူးစက်မှု ကာကွယ်နိုင်ရေး နှာခေါင်းစည်းတပ်ထားတဲ့ သမ္မတ Donald Trump. (ဇူလိုင် ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါ ကူးစက်မှု မြင့်မားနေတာကို ဟန့်တားထိန်းချုပ်ရေး ပြည်သူတွေ နှာခေါင်းစည်းတပ်ကြဖို့ လိုလားပေမယ့် နိုင်ငံတွင်း မဖြစ်မနေ တပ်ဆင်ရမယ်ဆိုတဲ့ အမိန့်အာဏာ သူ့အနေနဲ့ ထုတ်ပြန်ဖို့ မရှိဘူးလို့ သမ္မတ Donal Trump က ပြောကြားခဲ့ပါတယ်။

နှာခေါင်းစည်းတပ်တဲ့အပေါ်မှာ သူ့အနေနဲ့ ယုံကြည်မှုရှိကြောင်း Fox News Sunday ရုပ်သံရဲ့ အိမ်ဖြူတော်မှာ သမ္မတကို တွေ့ဆုံမေးမြန်းထုတ်လွှင့်တဲ့ အစီအစဉ်မှာ Trump က ပြောခဲ့တာပါ။ ဒါ့အပြင် နှာခေါင်းစည်းတပ်တာဟာ ကောင်းတယ်လို့လည်း သမ္မတက ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့တပတ်ကမှ အများပြည်သူရှေ့ သမ္မတ Trump တယောက် နှာခေါင်းစည်း တပ်ထားတာကို ပထမဆုံးအကြိမ် တွေ့ခဲ့ကြရတာပါ။ ဒါပေမယ့် သောကြာနေ့က အိမ်ဖြူတော်မှာ Fox သတင်းဌာနက Chris Wallace နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ လူတိုင်း နှာခေါင်းစည်း တပ်ဆင်မယ်ဆိုရင် အရာအားလုံး ပျောက်ကွယ်သွားမယ်ဆိုတဲ့ အချက်ကိုတော့ သူ့အနေနဲ့ သဘောမတူကြောင်း သမ္မတ Trump က ဆိုပါတယ်။

အမေရိကန်မှာ အလျှင်အမြန် မြင့်တက်ပြန့်ပွားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပြည်နယ် ၅၀ က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့ကြီးတွေက မြို့တော်ဝန် အများအပြားကတော့ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဖို့ အမိန့်တွေ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် သမ္မတ Trump ကတော့ နှာခေါင်းစည်းတပ်ဆင်တာဟာ မိမိဆန္ဒအလျောက်သာ ဖြစ်ရမယ်လို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ မကြာသေးခင်ရက်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် တနေ့ကို ၇၀,၀၀၀ ကျော်ရှိကြောင်း မှတ်တမ်းတင်ခဲ့တာပါ။

ကပ်ရောဂါကြောင့် အမေရိကန်မှာ သေဆုံးသူ စုစုပေါင်း ၁၄၀,၀၀၀ ကျော်ရှိပြီး ကူးစက်သူပေါင်း ၃.၇ သန်းကျော် ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့် သေဆုံးသူပေါင်းနဲ့ ကူးစက်သူပေါင်း အရေအတွက်ဟာ အခြားဘယ်နိုင်ငံနဲ့မဆို နှိုင်းယှဉ်မယ်ဆိုရင် အများကြီး မြင့်မားနေပါတယ်။

COVID အရေး နှာခေါင်းစည်းတပ်ဖို့ သမ္မတ Trump အားပေးတိုက်တွန်း
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)








XS
SM
MD
LG