သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတဝန္း ကိုဗစ္ေရာဂါ ကူးစက္ေသဆံုးသူ တရက္အတြင္း အမ်ားဆံုးစံခ်ိန္တင္


တကၠဆက္စ္က ေဆး႐ုံတခုမွာ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံ လူနာကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇြန္ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတဝန္း ကိုဗစ္ေရာဂါပိုး ကူးစက္သူ အေရအတြက္ဟာ ၂၄ နာရီအတြင္းမွာ ၂၈၄,၀၀၀ ေက်ာ္နဲ႔ အမ်ားဆံုး စံခ်ိန္တင္ခဲ့သလို တရက္တည္းမွာတင္ ေသဆံုးသူ အေရအတြက္ဟာလည္း ၉,၇၀၀ ေက်ာ္ ရွိခဲ့တာေၾကာင့္ ဧၿပီလ ၃၀ ရက္ေန႔ကတည္းကဆိုရင္ ေသဆံုးသူ အမ်ားဆံုးျဖစ္တယ္လုိ႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ေသာၾကာေန႔မွာ ေျပာပါတယ္။

ဒီအေတာအတြင္းမွာပဲ ဗီယက္နမ္ႏုိင္ငံက ေတာ႐ိုင္းတိရစၦာန္နဲ႔ ေတာ႐ိုင္းထြက္ကုန္ ပစၥည္းေတြကို ပိတ္ပင္တားျမစ္လိုက္ပါတယ္။ ဒီလိုထြက္ကုန္ေတြကို မေရာင္းဖို႔လည္း ေစ်းေတြကို ပိတ္ပင္ကန္႔သတ္ပါတယ္။ ေနာက္ထပ္ ကပ္ေရာဂါ က်ေရာက္တာမ်ဳိးကို တားဆီးဖို႔ အခုလို ပိတ္ပင္တားျမစ္တာပါ။

လက္ရွိ ကမာၻတဝန္း ပ်ံ႕ႏွံ႔ကူးစက္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ တ႐ုတ္ႏုိင္ငံ ေတာ႐ိုင္းထြက္ကုန္ေစ်း တခုကေန စၿပီး ကူးစက္ခဲ့တယ္လုိ႔ အမ်ားက ယူဆထားၾကပါတယ္။

အေမရိကန္မွာေတာ့ COVID-19 ကူးစက္မႈ ျပန္ျဖစ္လာေနတဲ့ ျပည္နယ္ေတြမွာ ေနာက္ထပ္ ပ်ံ႕ႏွံ႔ကူးစက္တာကို တားဆီးဖို႔အတြက္ လက္ရွိ ျပန္ဖြင့္မယ့္ အစီအစဥ္ေတြကို ဆိုင္းထားဖို႔ ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္းကၽြမ္းက်င္သူက ေတာင္းဆုိထားပါတယ္။

ျပည္နယ္ေတြအေနနဲ႔ လံုးဝပိတ္ပစ္တဲ့ အေျခအေနထိ ျပန္သြားဖို႔မလိုေပမယ့္ ေသခ်ာေပါက္ ဆိုင္းထားရမွာျဖစ္ၿပီး နည္းနည္းေတာ့ ျပန္႐ုပ္သင့္ပါတယ္လုိ႔ ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္းပညာရွင္ ေဒါက္တာ Anthony Fauci က ဝါရွင္တန္ပို႔စ္ သတင္းစာနဲ႔ ေသာၾကာေန႔ ေမးျမန္းခန္းတခုမွာ ေျပာထားပါတယ္။

ေဒါက္တာ Fauci က သူနဲ႔ သူ႔မိသားစုရဲ႕ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံေနရၿပီး လံုၿခံဳေရးအကာအကြယ္ ယူထားရတယ္လို႔ အဲဒီေမးျမန္းခန္းအတြင္းမွာပဲ ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ကူးစက်သေဆုံးသူ တရက်အတွင်း အများဆုံးစံချိန်တင်

ကမ္ဘာတဝန်း ကိုဗစ်ရောဂါပိုး ကူးစက်သူ အရေအတွက်ဟာ ၂၄ နာရီအတွင်းမှာ ၂၈၄,၀၀၀ ကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့သလို တရက်တည်းမှာတင် သေဆုံးသူ အရေအတွက်ဟာလည်း ၉,၇၀၀ ကျော် ရှိခဲ့တာကြောင့် ဧပြီလ ၃၀ ရက်နေ့ကတည်းကဆိုရင် သေဆုံးသူ အများဆုံးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့မှာ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဗီယက်နမ်နိုင်ငံက တောရိုင်းတိရစ္ဆာန်နဲ့ တောရိုင်းထွက်ကုန် ပစ္စည်းတွေကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။ ဒီလိုထွက်ကုန်တွေကို မရောင်းဖို့လည်း ဈေးတွေကို ပိတ်ပင်ကန့်သတ်ပါတယ်။ နောက်ထပ် ကပ်ရောဂါ ကျရောက်တာမျိုးကို တားဆီးဖို့ အခုလို ပိတ်ပင်တားမြစ်တာပါ။

လက်ရှိ ကမ္ဘာတဝန်း ပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ တောရိုင်းထွက်ကုန်ဈေး တခုကနေ စပြီး ကူးစက်ခဲ့တယ်လို့ အများက ယူဆထားကြပါတယ်။

အမေရိကန်မှာတော့ COVID-19 ကူးစက်မှု ပြန်ဖြစ်လာနေတဲ့ ပြည်နယ်တွေမှာ နောက်ထပ် ပျံ့နှံ့ကူးစက်တာကို တားဆီးဖို့အတွက် လက်ရှိ ပြန်ဖွင့်မယ့် အစီအစဉ်တွေကို ဆိုင်းထားဖို့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူက တောင်းဆိုထားပါတယ်။

ပြည်နယ်တွေအနေနဲ့ လုံးဝပိတ်ပစ်တဲ့ အခြေအနေထိ ပြန်သွားဖို့မလိုပေမယ့် သေချာပေါက် ဆိုင်းထားရမှာဖြစ်ပြီး နည်းနည်းတော့ ပြန်ရုပ်သင့်ပါတယ်လို့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci က ဝါရှင်တန်ပို့စ် သတင်းစာနဲ့ သောကြာနေ့ မေးမြန်းခန်းတခုမှာ ပြောထားပါတယ်။

ဒေါက်တာ Fauci က သူနဲ့ သူ့မိသားစုရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီး လုံခြုံရေးအကာအကွယ် ယူထားရတယ်လို့ အဲဒီမေးမြန်းခန်းအတွင်းမှာပဲ ပြောသွားပါတယ်။

XS
SM
MD
LG