သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ကူးစက်သူ ၃ ယောက် ထပ်တိုး


ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ရှိ Quarantine နေရာတခုမှာ COVID 19 စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ရှိ Quarantine နေရာတခုမှာ COVID 19 စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ သုံး ယောက်ထပ်တိုးတဲ့အတွက် ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့အထိ စုစုပေါင်းအတည်ပြုလူနာ ၃၄၆ ယောက်ရှိပါတယ်။

အသစ်တွေ့ရှိသူ သုံး ယောက်မှာ နှစ် ယောက်က အိန္ဒိယနိုင်ငံက ပြန်လာသူ အမျိုးသား နှစ် ယောက်နဲ့ ထိုင်းနိုင်ငံက ပြန်လာသူ အမျိုးသမီး တစ် ယောက်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီနေ့အတွက် ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၈၇၄ ခု ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၅၅ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၁၉၇ ခုနဲ့ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၃ ခု စုစုပေါင်း ၁,၃၂၉ ခုကို ဒီနေ့ညနေမှာ စစ်ဆေးပြီးစီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ဒီနေ့သောကြာနေ့ ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃၄၆ ယောက် ရောဂါပိုးကင်းစင်သွားသူ ၂၈၆ ယောက်နဲ့ သေဆုံးသူ ခြောက် ယောက်ရှိပါတယ်။

[Unicode Version]






XS
SM
MD
LG