သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္ျပန္ႏွစ္ဦးမွာ ေရာဂါပိုးေတြ႕ရွိ


ေ၀ဘာဂီေဆးရံု။

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ေနာက္ထပ္ ႏွစ္ဦး ထပ္ေတြ႔တာေၾကာင့္ အခုဆိုရင္ စုစုေပါင္း ကူးစက္သူ ၃၄၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီကေန႔ညေနပိုင္းက ဓာတ္ခြဲနမူနာစုစုေပါင္း ၇၅၅ ခုကုိ စစ္ေဆးခဲ့တာမွာ အသက္ ၂၅ ႏွစ္အရြယ္၊ အမ်ဳိးသားတဦးနဲ႔ အသက္ ၂၂ အရြယ္ အမ်ဳိးသားတဦးတို႔မွာ ေရာဂါပိုးကူးစက္ထားတာကို ေတြ႔ရတာပါ။

ဒီအမ်ဳိးသားႏွစ္ဦးလံုးဟာ မၾကာေသးခင္က ဖိလစ္ပိုင္ႏုိင္ငံကေန ျပန္လာၾကသူေတြျဖစ္ၿပီး အင္းစိန္ၿမိဳ႕နယ္မွာ အသြားအလာ ကန္႔သတ္ထားသူေတြျဖစ္ပါတယ္။

သူတို႔ကို ရန္ကုန္၊ ေဝဘာဂီအထူးကုေဆး႐ံုႀကီးမွာ တင္ၿပီးေတာ့ ေဆးကုသမႈေပးမယ္လုိ႔ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲ အတည္ျပဳလူနာေဟာင္းေတြထဲက ၂ ႀကိမ္ဆက္တိုက္ ဓာတ္ခြဲစစ္ေဆးၿပီးတဲ့ေနာက္ ပိုးမေတြ႔ေတာ့တဲ့သူ စုစုေပါင္း ၂၈၀ ရွိပါၿပီ။ သူတို႔ထဲက ၂၆၉ ဦးကို ေဆး႐ံုေတြက ဆင္းခြင့္ေပးခဲ့ၿပီး သတ္မွတ္ေနရာေတြမွာ အသြားအလာဆက္ကန္႔သတ္ၿပီးေတာ့ ေစာင့္ၾကည့္ေနပါတယ္။

ဓာတ္ခြဲအတည္ျပဳလူနာေတြထဲမွာ ေသဆံုးသြားသူက ေျခာက္ ဦးရွိတာေၾကာင့္ လက္ရွိမွာ ေရာဂါပိုးကူးစက္ ခံထားရသူ ၅၇ ေယာက္ပဲ က်န္ေတာ့တဲ့သေဘာျဖစ္ပါတယ္။

ဒီကေန႔ ေန႔လယ္ပိုင္းအထိ ေစာင့္ၾကည့္လူနာအသစ္ ၂၉ ဦးရွိတယ္လုိ႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

ဖိလစ္ပိုင္ျပန္ႏွစ္ဦးမွာ ေရာဂါပိုးေတြ႕ရွိ
please wait

No media source currently available

0:00 0:01:02 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖိလစ်ပိုင်ပြန်နှစ်ဦးမှာ ရောဂါပိုးတွေ့ရှိ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ နောက်ထပ် နှစ်ဦး ထပ်တွေ့တာကြောင့် အခုဆိုရင် စုစုပေါင်း ကူးစက်သူ ၃၄၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ညနေပိုင်းက ဓာတ်ခွဲနမူနာစုစုပေါင်း ၇၅၅ ခုကို စစ်ဆေးခဲ့တာမှာ အသက် ၂၅ နှစ်အရွယ်၊ အမျိုးသားတဦးနဲ့ အသက် ၂၂ အရွယ် အမျိုးသားတဦးတို့မှာ ရောဂါပိုးကူးစက်ထားတာကို တွေ့ရတာပါ။

ဒီအမျိုးသားနှစ်ဦးလုံးဟာ မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံကနေ ပြန်လာကြသူတွေဖြစ်ပြီး အင်းစိန်မြို့နယ်မှာ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပါတယ်။

သူတို့ကို ရန်ကုန်၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တင်ပြီးတော့ ဆေးကုသမှုပေးမယ်လို့ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲ အတည်ပြုလူနာဟောင်းတွေထဲက ၂ ကြိမ်ဆက်တိုက် ဓာတ်ခွဲစစ်ဆေးပြီးတဲ့နောက် ပိုးမတွေ့တော့တဲ့သူ စုစုပေါင်း ၂၈၀ ရှိပါပြီ။ သူတို့ထဲက ၂၆၉ ဦးကို ဆေးရုံတွေက ဆင်းခွင့်ပေးခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာဆက်ကန့်သတ်ပြီးတော့ စောင့်ကြည့်နေပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေထဲမှာ သေဆုံးသွားသူက ခြောက် ဦးရှိတာကြောင့် လက်ရှိမှာ ရောဂါပိုးကူးစက် ခံထားရသူ ၅၇ ယောက်ပဲ ကျန်တော့တဲ့သဘောဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာအသစ် ၂၉ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG