(Zawgyi / Unicode)
ေဂ်ာ္ဒန္ေရာက္ ျမန္မာအလုပ္သမားေတြကို ျမန္မာအစိုးရက ကယ္ဆယ္ေရးေလယာဥ္နဲ႔ လာေခၚလို႔ ပထမဆံုးအသုတ္ အေနနဲ႔ ျမန္မာျပည္ျပန္ခြင့္ ရသြားၾကၿပီျဖစ္ပါတယ္။ အျပည့္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပေပးထားပါတယ္။
COVID-19 ကမာၻ႔ကပ္ေရာဂါျဖစ္ေနခ်ိန္ ေဂ်ာ္ဒန္မွာ အလုပ္လက္မဲ့ျဖစ္ ဒုကၡမ်ိဳးစံုနဲ႔ ႀကံဳေတြ႔ေနရၿပီး ျမန္မာႏုိင္ငံကို အျမန္ဆံုး ေနရပ္ျပန္လိုတဲ့ ေဂ်ာ္ဒန္ေရာက္ ျမန္မာအလုပ္သမားေတြဟာ အစၥေရးလ္ဆိုင္ရာ ျမန္မာသံ႐ံုးရဲ႕ စီစဥ္ေပးမႈေၾကာင့္ ျမန္မာျပည္က လာေခၚတဲ့ ကယ္ဆယ္ေရးေလယာဥ္ Relief Flight နဲ႔ ဇူလိုင္လ ၁၈ ရက္ေန႔ စေနေန႔မွာ ပထမဆံုးအသုတ္ အိမ္ျပန္သြားႏိုင္ၾကၿပီ ျဖစ္ပါတယ္။
ေဂ်ာ္ဒန္ႏုိင္ငံ အာမန္ ႏုိင္ငံတကာေလဆိပ္ကေန အျပည္ျပည္ဆိုင္ရာ ျမန္မာ့ေလေၾကာင္းလိုင္း Myanmar Airways International (MAI) ရဲ႕ Relief Flight ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေဂ်ာ္ဒန္ႏုိင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ဒုကၡႀကံဳေတြ႔ေနရတဲ့ ျမန္မာႏုိင္ငံသားေတြကို ပထမဆံုး ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီး ေဒသစံေတာ္ခ်ိန္ စေနေန႔ ေန႔လယ္ ၁း၅၀ နာရီကေန ပထမဆံုးအသုတ္ကို လာေရာက္ေခၚေဆာင္သြားၿပီ ျဖစ္တယ္လို႔ တဲလ္အဗီးၿမိဳ႕က အစၥေရးလ္ဆိုင္ရာ ျမန္မာသံ႐ံုးက စေနေန႔က သတင္းထုတ္ျပန္ထားပါတယ္။
ဇူလိုင္ ၁၈ ပထမဆံုး ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ခြင့္ရၾကတဲ့ ျပည္ေတာ္ျပန္ခရီးစဥ္မွာေတာ့ Rich Pine ကုမၸဏီက ျမန္မာႏုိင္ငံသား ၁၃ ဦး၊ Century Miracle စက္႐ံုက ျမန္မာႏုိင္ငံသား ၂၆ ဦးနဲ႔ Camel and Vega ကုမၸဏီက ၁၀၁ ဦး စုစုေပါင္း ၁၄၀ ဦး ျဖစ္ပါတယ္။ တဦးကေတာ့ က်န္းမာေရးအေျခအေနေၾကာင့္ ေနခဲ့ရၿပီး အစားထိုးတဦး လိုက္ပါသြားႏုိင္ခဲ့ပါတယ္လို႔ သံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။
ဒုတိယအႀကိမ္ လာမယ့္ဇူလိုင္လ ၂၅ ရက္ေန႔ ျပန္မယ့္ ခရီးစဥ္မွာ ပါဝင္တဲ့ Camel and Vega အထည္ခ်ဳပ္စက္႐ံုက မပုိုပိုက ေမွ်ာ္လင့္ခ်က္မဲ့ အေတာ္ေလး ဒုကၡႀကံဳေနၾကရခ်ိန္ကေန အခုလို ကိုယ့္ႏုိင္ငံ ကိုယ္ျပန္ခြင့္ရၾကတဲ့အေပၚ ဝမ္းသာေနၾကပါတယ္လို႔ ေျပာပါတယ္။
“အရမ္းကို ဝမ္းသာေနတာ၊ ေတာ္ေတာ္ေလးကို ေပ်ာ္ေနတာ။ အကုန္အဆင္ေျပတယ္ ေျပာၾကတယ္။ သူတို႔လည္း ဝမ္းသာစကားေတြ တင္ထားၾကတယ္။ သိတယ္ဟုတ္လား။ ၿပီးေတာ့ ကိုယ့္ႏုိင္ငံက ေလယာဥ္ႀကီးနဲ႔ လာေခၚတယ္ဆိုေတာ့ေလ။ အကုန္လံုး ျပန္ၾကရတာျမင္ရေတာ့ ေပ်ာ္စရာႀကီး။ သူတို႔ကိုၾကည့္ၿပီးေတာ့ ကိုယ္ေတာင္ ဝမ္းနည္းသလိုလို ငိုခ်င္သလိုလိုျဖစ္ၿပီးေတာ့ ရင္ထဲမွာဆို႔ၿပီးေတာ့။ ဒါေပမယ့္ ကိုယ္လည္း သိတယ္မဟုတ္လား ကိုယ္လည္း မၾကာခင္ျပန္ရေတာ့မယ္ဆိုေတာ့ အားေမြးထားရတယ္။
“ျပန္မယ့္သူေတြက တရက္ႀကိဳၿပီး အိတ္ေတြ အရင္ဆံုးအပ္ၾက၊ စစ္ေဆးၾကတာ။ စက္႐ုံကေန အျပင္ေဆာင္ကေန လာေခၚသြားတယ္ အားျခင္းပဲ။ အျပင္ေဆာင္က ၁၈ ေယာက္၊ အတြင္းေဆာင္ကလည္း မ်ားတာကိုး။ သံ႐ုံးဘက္က ညႊန္ၾကားခ်က္အတိုင္း ကယ္ဆယ္ေရးေလယာဥ္ေပၚတင္ဖို႔၊ ေလယာဥ္ေပၚမွာလည္း သံ႐ုံး ညႊန္ၾကားခ်က္အတုိင္း သံုးေယာက္တတြဲ သံုးေယာက္တတြဲလိုက္ေတြ ထိုင္လိုက္သြားၾကရတယ္၊ ကိုယ့္ျမန္မာလူမ်ိဳးေတြခ်ည္းပဲ ဆိုေတာ့ေလ။ အဆင္ေျပၾကလား ေရာက္ၿပီလို႔ ကိုယ္ကေမးေတာ့ သူတို႔ကလည္း အသံမက္ေဆ့ခ်္ေလးေတြ ျပန္ပို႔တယ္။ ေလယာဥ္ကြင္းေရာက္ၿပီ၊ အထုပ္ေလးေတြ တင္ေနတယ္ေပါ့။ အခုေန႔လယ္ေတာ့ သူတို႔ ထြက္သြားၾကပါၿပီ။ ညီမတို႔လည္း အထုပ္အပိုးေတြျပင္ၿပီး ေစာင့္ေနၾကပါတယ္။”
COVID-19 ကမာၻ႔ကပ္ေရာဂါ ႐ိုက္ခတ္မႈေၾကာင့္ ေဂ်ာ္ဒန္ႏိုင္ငံတြင္း စီးပြားေရးလုပ္ငန္းခြင္တခ်ိဳ႕ ရပ္နားလိုက္ရခ်ိန္မွာေတာ့ ျပည္ပေရာက္ ျမန္မာႏိုင္ငံသား အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ ဒုကၡေရာက္ေနၾကၿပီး ျမန္မာျပည္ကို အျမန္ဆံုး ျပန္ေခၚေပးဖို႔ ျမန္မာအစိုးရကို ေတာင္းဆိုခ်ိန္ တရားဝင္ သံတမန္ဆက္ဆံေရး မရွိေပမယ့္ ေဂ်ာ္ဒန္အစိုးရနဲ႔ ျမန္မာအစိုးရၾကား အစၥေရးလ္ႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးရဲ႕ ညိႇႏိႈင္းမႈေတြနဲ႔ အခုလို ပထမဆံုးအႀကိမ္ ျမန္မာႏုိင္ငံသားေတြကို ျပန္ေခၚႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။
ဇူလိုင္လ ၂၅ ရက္ေန႔ ဒုတိယအႀကိမ္ ကယ္ဆယ္ေရး ခရီးစဥ္မွာေတာ့ ရင္ခြင္ပိုက္ကေလးငယ္တဦး အပါအဝင္ ၁၄၁ ဦးကို လာေရာက္ေခၚေဆာင္မွာျဖစ္ၿပီး ေနာက္ထပ္ အရန္ ျမန္မာႏုိင္ငံသား ၃၀ ေယာက္ လုိက္ခြင့္ရရင္ တပါတည္း ေခၚေဆာင္သြားေရး ျပင္ဆင္ထားဖို႔ အစၥေရးလ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ံုးက အသိေပး အေၾကာင္းၾကားထားပါတယ္။
ေဂ်ာ္ဒန္ႏုိင္ငံကေန ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ၾကရမယ့္ ျမန္မာႏိုင္ငံသားမ်ား အေနနဲ႔ အနည္းဆံုး ပတ္စ္ပို႔ ႏုိင္ငံကူးလက္မွတ္သက္တမ္း ၆ လ က်န္ရွိရမွာ ျဖစ္ပါတယ္။ Relief Flight ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ၾကရမယ့္ ျမန္မာေတြဟာ ေလယာဥ္ပ်ံသန္းခ်ိန္ တေလွ်ာက္လံုး အစားအေသာက္ တည္ခင္းခ်ိန္မွအပ Face Mask ႏွာေခါင္းစည္း တပ္ဆင္ထားရမွာျဖစ္ၿပီး ေလယာဥ္လက္မွတ္ျပ ပစၥည္းအပ္ခ်ိန္နဲ႔ ေလယာဥ္ေပၚ တက္ခ်ိန္ေတြမွာ အပူခ်ိန္တိုင္း၊ အဖ်ားရွိမရွိ စစ္ေဆးၿပီး အဖ်ားမရွိမွ တင္ေဆာင္မွာ ျဖစ္ပါတယ္။
ျမန္မာႏုိင္ငံ ျပန္ေရာက္တယ္ဆိုရင္ COVID-19 ေရာဂါကူးစက္မႈ ကာကြယ္ထိန္းခ်ဳပ္တဲ့အေနနဲ႔ သီးျခားခြဲ ေစာင့္ၾကည့္ေနထိုင္ဖို႔ ကန္႔သတ္ေနရာေတြမွာ Community based Facility Quarantine ၂၁ ရက္နဲ႔ Home Quarantine ၇ ရက္ ေနထိုင္ရမယ့္ စည္းကမ္းခ်က္ေတြကို ျပည္ေတာ္ျပန္ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔ တိတိက်က် လိုက္နာေဆာင္ရြက္ေပးဖို႔ကိုလည္း အစၥေရးလ္ဆုိင္ရာ ျမန္မာသံ႐ံုးဘက္က တုိက္တြန္းထားပါတယ္။
--------------------------------
(Unicode)
ဂျော်ဒန်မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး စတင်
ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေကို မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ လာခေါ်လို့ ပထမဆုံးအသုတ် အနေနဲ့ မြန်မာပြည်ပြန်ခွင့် ရသွားကြပြီဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန် ဂျော်ဒန်မှာ အလုပ်လက်မဲ့ဖြစ် ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံကို အမြန်ဆုံး နေရပ်ပြန်လိုတဲ့ ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေဟာ အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးရဲ့ စီစဉ်ပေးမှုကြောင့် မြန်မာပြည်က လာခေါ်တဲ့ ကယ်ဆယ်ရေးလေယာဉ် Relief Flight နဲ့ ဇူလိုင်လ ၁၈ ရက်နေ့ စနေနေ့မှာ ပထမဆုံးအသုတ် အိမ်ပြန်သွားနိုင်ကြပြီ ဖြစ်ပါတယ်။
ဂျော်ဒန်နိုင်ငံ အာမန် နိုင်ငံတကာလေဆိပ်ကနေ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း Myanmar Airways International (MAI) ရဲ့ Relief Flight ကယ်ဆယ်ရေးလေယာဉ်နဲ့ ဂျော်ဒန်နိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပထမဆုံး ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒေသစံတော်ချိန် စနေနေ့ နေ့လယ် ၁း၅၀ နာရီကနေ ပထမဆုံးအသုတ်ကို လာရောက်ခေါ်ဆောင်သွားပြီ ဖြစ်တယ်လို့ တဲလ်အဗီးမြို့က အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးက စနေနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၈ ပထမဆုံး ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခွင့်ရကြတဲ့ ပြည်တော်ပြန်ခရီးစဉ်မှာတော့ Rich Pine ကုမ္ပဏီက မြန်မာနိုင်ငံသား ၁၃ ဦး၊ Century Miracle စက်ရုံက မြန်မာနိုင်ငံသား ၂၆ ဦးနဲ့ Camel and Vega ကုမ္ပဏီက ၁၀၁ ဦး စုစုပေါင်း ၁၄၀ ဦး ဖြစ်ပါတယ်။ တဦးကတော့ ကျန်းမာရေးအခြေအနေကြောင့် နေခဲ့ရပြီး အစားထိုးတဦး လိုက်ပါသွားနိုင်ခဲ့ပါတယ်လို့ သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဒုတိယအကြိမ် လာမယ့်ဇူလိုင်လ ၂၅ ရက်နေ့ ပြန်မယ့် ခရီးစဉ်မှာ ပါဝင်တဲ့ Camel and Vega အထည်ချုပ်စက်ရုံက မပိုပိုက မျှော်လင့်ချက်မဲ့ အတော်လေး ဒုက္ခကြုံနေကြရချိန်ကနေ အခုလို ကိုယ့်နိုင်ငံ ကိုယ်ပြန်ခွင့်ရကြတဲ့အပေါ် ဝမ်းသာနေကြပါတယ်လို့ ပြောပါတယ်။
“အရမ်းကို ဝမ်းသာနေတာ၊ တော်တော်လေးကို ပျော်နေတာ။ အကုန်အဆင်ပြေတယ် ပြောကြတယ်။ သူတို့လည်း ဝမ်းသာစကားတွေ တင်ထားကြတယ်။ သိတယ်ဟုတ်လား။ ပြီးတော့ ကိုယ့်နိုင်ငံက လေယာဉ်ကြီးနဲ့ လာခေါ်တယ်ဆိုတော့လေ။ အကုန်လုံး ပြန်ကြရတာမြင်ရတော့ ပျော်စရာကြီး။ သူတို့ကိုကြည့်ပြီးတော့ ကိုယ်တောင် ဝမ်းနည်းသလိုလို ငိုချင်သလိုလိုဖြစ်ပြီးတော့ ရင်ထဲမှာဆို့ပြီးတော့။ ဒါပေမယ့် ကိုယ်လည်း သိတယ်မဟုတ်လား ကိုယ်လည်း မကြာခင်ပြန်ရတော့မယ်ဆိုတော့ အားမွေးထားရတယ်။
“ပြန်မယ့်သူတွေက တရက်ကြိုပြီး အိတ်တွေ အရင်ဆုံးအပ်ကြ၊ စစ်ဆေးကြတာ။ စက်ရုံကနေ အပြင်ဆောင်ကနေ လာခေါ်သွားတယ် အားခြင်းပဲ။ အပြင်ဆောင်က ၁၈ ယောက်၊ အတွင်းဆောင်ကလည်း များတာကိုး။ သံရုံးဘက်က ညွှန်ကြားချက်အတိုင်း ကယ်ဆယ်ရေးလေယာဉ်ပေါ်တင်ဖို့၊ လေယာဉ်ပေါ်မှာလည်း သံရုံး ညွှန်ကြားချက်အတိုင်း သုံးယောက်တတွဲ သုံးယောက်တတွဲလိုက်တွေ ထိုင်လိုက်သွားကြရတယ်၊ ကိုယ့်မြန်မာလူမျိုးတွေချည်းပဲ ဆိုတော့လေ။ အဆင်ပြေကြလား ရောက်ပြီလို့ ကိုယ်ကမေးတော့ သူတို့ကလည်း အသံမက်ဆေ့ချ်လေးတွေ ပြန်ပို့တယ်။ လေယာဉ်ကွင်းရောက်ပြီ၊ အထုပ်လေးတွေ တင်နေတယ်ပေါ့။ အခုနေ့လယ်တော့ သူတို့ ထွက်သွားကြပါပြီ။ ညီမတို့လည်း အထုပ်အပိုးတွေပြင်ပြီး စောင့်နေကြပါတယ်။”
COVID-19 ကမ္ဘာ့ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ဂျော်ဒန်နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းခွင်တချို့ ရပ်နားလိုက်ရချိန်မှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံး ပြန်ခေါ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုချိန် တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမယ့် ဂျော်ဒန်အစိုးရနဲ့ မြန်မာအစိုးရကြား အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ညှိနှိုင်းမှုတွေနဲ့ အခုလို ပထမဆုံးအကြိမ် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့ ဒုတိယအကြိမ် ကယ်ဆယ်ရေး ခရီးစဉ်မှာတော့ရင်ခွင်ပိုက်ကလေးငယ်တဦး အပါအဝင် ၁၄၁ ဦးကို လာရောက်ခေါ်ဆောင်မှာဖြစ်ပြီး နောက်ထပ် အရန် မြန်မာနိုင်ငံသား ၃၀ ယောက် လိုက်ခွင့်ရရင် တပါတည်း ခေါ်ဆောင်သွားရေး ပြင်ဆင်ထားဖို့ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး အကြောင်းကြားထားပါတယ်။
ဂျော်ဒန်နိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ကြရမယ့် မြန်မာနိုင်ငံသားများ အနေနဲ့ အနည်းဆုံး ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်သက်တမ်း ၆ လ ကျန်ရှိရမှာ ဖြစ်ပါတယ်။ Relief Flight ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ကြရမယ့် မြန်မာတွေဟာ လေယာဉ်ပျံသန်းချိန် တလျှောက်လုံးအစားအသောက် တည်ခင်းချိန်မှအပ Face Mask နှာခေါင်းစည်း တပ်ဆင်ထားရမှာဖြစ်ပြီး လေယာဉ်လက်မှတ်ပြ ပစ္စည်းအပ်ချိန်နဲ့ လေယာဉ်ပေါ် တက်ချိန်တွေမှာ အပူချိန်တိုင်း၊ အဖျားရှိမရှိ စစ်ဆေးပြီး အဖျားမရှိမှ တင်ဆောင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြန်ရောက်တယ်ဆိုရင် COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ သီးခြားခွဲ စောင့်ကြည့်နေထိုင်ဖို့ ကန့်သတ်နေရာတွေမှာ Community based Facility Quarantine ၂၁ ရက်နဲ့Home Quarantine ၇ ရက် နေထိုင်ရမယ့် စည်းကမ်းချက်တွေကို ပြည်တော်ပြန် မြန်မာနိုင်ငံသားတွေ အနေနဲ့ တိတိကျကျ လိုက်နာဆောင်ရွက်ပေးဖို့ကိုလည်း အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်က တိုက်တွန်းထားပါတယ်။