သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဂ်ာ္ဒန္က ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ေရး အခက္ေတြ႔ေနဆဲ


ေဂ်ာ္ဒန္ႏိုင္ငံ Amman ၿမိဳ႕။ (ဧၿပီ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ေနရပ္ျပန္လိုတဲ့ ေဂ်ာ္ဒန္ေရာက္ ျမန္မာအလုပ္သမားေတြ အိမ္ျပန္ႏိုင္ေရး အစၥေရးလ္ဆိုင္ရာျမန္မာသံ႐ံုးက စီစဥ္ေပးေနေပမဲ့ ျပန္ဖို႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရဆဲျဖစ္တဲ့ ျမန္မာအလုပ္သမားေတြအေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က တင္ျပေပးပါမယ္။

COVID-19 ကမာၻ႔ကပ္ေရာဂါ႐ိုက္ခတ္မႈေၾကာင့္ ႏုိင္ငံတကာမွာ စီးပြားေရးေတြ ထိခိုက္ၿပီး လုပ္ငန္းခြင္တခ်ိဳ႕ ရပ္နားလိုက္ရခ်ိန္ ျပည္ပေရာက္ ျမန္မာႏိုင္ငံသား အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ ဒုကၡေရာက္ေနၾကၿပီး ျမန္မာျပည္ကို အျမန္ဆံုးျပန္ေခၚေပးဖို႔ ေတာင္းဆိုၾကခ်ိန္မွာ ေဂ်ာ္ဒန္၊ အစၥေရးလ္နဲ႔ ဆိုက္ပရပ္စ္မွာရွိတဲ့ ျမန္မာႏုိင္ငံသားေတြ မိခင္ႏိုင္ငံျပန္ႏုိင္ေရး အစၥေရးလ္ ဆိုင္ရာျမန္မာသံ႐ံုးဘက္က စီစဥ္ေဆာင္ရြက္ေပးေနပါတယ္လို႔ ဇူလိုင္လ ၁ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

အထူးသျဖင့္ ေဂ်ာ္ဒန္ေရာက္ ျမန္မာအလုပ္သမားေတြအတြက္ေတာ့့ ေဂ်ာ္ဒန္ႏိုင္ငံနဲ႔ ျမန္မာအစိုးရၾကား တရားဝင္သံတမန္ဆက္ဆံေရး မရွိတဲ့အတြက္ အစၥေရးလ္ဆိုင္ရာျမန္မာသံ႐ံုးဘက္က ဝင္ေရာက္စီစဥ္ေဆာင္ရြက္ေပးေနၿပီး စက္႐ံုတာဝန္ရွိသူေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ပါ လို႔ သံ႐ံုးက အလုပ္သမားေတြကို ႏိႈးေဆာ္ထားပါတယ္။ လတ္တေလာမွာေတာ့ ေဂ်ာ္ဒန္ေရာက္ ျမန္မာ အလုပ္သမားေတြထဲက Camel and Vega စက္႐ံုက ၃၅၃ ဦး၊ Rich Pine က ၁၄ ဦးနဲ႔ Century Miracle က ၂၆ ဦး ျပန္ေစလႊတ္မယ္လို႔ သက္ဆိုင္ရာ စက္႐ံုေတြဘက္က စာရင္းေပးပို႔လာလို႔ စုစုေပါင္း ၃၉၃ ဦးကို ျပန္ႏုိင္ဖို႔ စတင္စီစဥ္ေနၿပီလို႔ အစၥေရးလ္ဆိုင္ရာျမန္မာသံ႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့လည္း Camel and Vega စက္႐ံုက ျပန္လိုတဲ့ ျမန္မာအလုပ္သမားအမ်ားစုဆီကို အခုအခ်ိန္အထိ ေနရပ္ျပန္ဖို႔ စက္႐ံုကလည္း မဆက္သြယ္သလို သူတို႔ကိုယ္တုိင္ သြားေရာက္ဆက္သြယ္ခ်ိန္မွာလည္း တိက်ေသခ်ာတဲ့ သတင္းအခ်က္အလက္ေတြ မသိရတဲ့အျပင္ အလုပ္လက္မဲ့ျဖစ္ေနၾကတာမို႔ ဝင္ေငြလည္းမရွိ စားစရာေနစရာ အခက္အခဲျဖစ္ေနၾကရတဲ့အေၾကာင္း အဲဒီစက္႐ံုမွာ လုပ္သက္ ၃ ႏွစ္ရွိၿပီျဖစ္တဲ့ မခိုင္ခိုင္က ဗီြအိုေအကိုေျပာပါတယ္။

(ဓာတ္ပံု - Myanmar Embassy in Israel)
(ဓာတ္ပံု - Myanmar Embassy in Israel)

"ေနထိုင္ခြင့္ကဒ္ေတြလည္း ညီမတို႔မွာ မရွိဘူး ၿပီးေတာ့ ပတ္စ္စပို႔ေတြကလည္း သူတို႔က သိမ္းထားတယ္။ ျပန္ဖို႔က်ေတာ့လည္း သူတို႔က ဟိုလိုလိုဒီလိုလိုနဲ႔ စကားျပန္မကို ေမးေတာ့လည္း သူက ဘာမွသိတယ္လို႔ကိုမရွိဘူး။ ငါမသိဘူး ငါမသိဘူးလို႔ေျပာတယ္။ အခု ညီမတို႔ျပန္ခ်င္ၾကတဲ့ လူဦးေရက ၈၀၀ ေက်ာ္ရွိတယ္။ သူတို႔က ၃၀၀ ေက်ာ္ပဲ တင္ထားတယ္ဆိုရင္ အဲ့ေတာ့ ညီမတို႔က ဒီလူဦးေရစာရင္းကိုသိခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ညီမတို႔ ဒီမွာ မိသားစုေတြရွိတယ္ မိသားစုေတြဆိုတာ ရြာကသူေတြရွိတယ္။ ကိုယ္ေတြပါၿပီး ညီမေတြ က်န္ခဲ့မလား ညီမေတြပါၿပီး ကိုယ္ေတြက်န္ခဲ့မလား အဲ့တာကို သိခ်င္တယ္။ အခုသူတို႔တင္ထားတဲ့ ၃၀၀ ေက်ာ္ဆိုတာ မကဘူး ညီမတို႔မွာ ၈၀၀ ေက်ာ္လံုး ျပန္ခ်င္ၾကတယ္ဆိုတာ သိေစခ်င္တယ္။ က်န္ခဲ့မယ္ဆိုရင္ အားလံုးက ဒုကၡေရာက္ေနၾကတာ အစားအေသာက္အေနအထိုင္ကစ အကုန္လံုး ဆင္းရဲ ဒုကၡေရာက္ေနၾကတယ္။ ေျပာရရင္ အမ်ိဳးသမီး အသံုးအေဆာင္ပစၥည္းေတြကအစ ဝယ္ဖို႔ကို ညီမတို႔မွာ ဝယ္စရာစားရိတ္မရွိဘူး။ သူတို႔က အလုပ္လည္းေပးမထားဘူး။ လစာလည္း မေပးတဲ့အတြက္ ညီမတို႔မွာ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ေနၾကရတယ္။ ဘာမွ မေသခ်ာမလုပ္ေပးသလို စားဖို႔ေသာက္ဖို႔ကိစၥေတာင္ သူတို႔ေတြ ေသခ်ာ မစီစဥ္ေပးထားဘူး။ အျမန္ဆံုးကေတာ့ ျပန္ခ်င္တာပါပဲ။"

အလုပ္သမားေတြက စက္႐ံုက အလုပ္သမားေရးရာ တာဝန္ခံဆီ သြားေရာက္ေတြ႔ဆံုေမးျမန္းၾကေပမဲ့လည္း တိက်ေသခ်ာတဲ့ သတင္းအခ်က္အလက္ မရသလို စက္႐ံုဘက္က စနစ္တက် ဘာမွစီစဥ္ေပးထားတာ မရွိဘူးလို႔ အဲဒီစက္႐ံုကပဲ ေနာက္ အလုပ္သမားတဦးျဖစ္တဲ့ မမို႔မို႔ခိုင္ကေျပာပါတယ္။

"စက္႐ံုကိုေမးပါတယ္ ညီမတို႔ေတြ ဘယ္လိုလဲ ဘယ္ေတာ့ျပန္ရမွာလဲဆိုေတာ့ သံ႐ံုးဘက္ကေတာ့ ဒီလိုမ်ဳိး က်လာၿပီ ညီမတို႔ေတြ ဘယ္လိုေဖာင္ေတြျဖည့္ရမွာလဲဆိုေတာ့-သူတို႔ကဘာေျပာလဲဆိုေတာ့ ဘယ္ေန႔ျပန္ရမယ္၊ ဘယ္သူေတြျပန္ရမယ္ ဆိုတာ ငါလည္းမသိဘူး ငါလည္းသိခ်င္တယ္ဆိုၿပီး အဲ့လိုမ်ိဳး စကားမ်ိဳးနဲ႔ပဲ အကုန္ျငင္းတာ။ ညီမတို႔ဘက္က ဘာမွကို စီစဥ္လို႔မရဘူး။ မေန႔ကဆိုရင္ ညီမတို႔ ဒီမွာရွိတဲ့ HR ေပါ့ေနာ္ ညီမတို႔ ျမန္မာစကားျပန္ကို သြားေမးၾကတယ္ သူက မသိဘူးပဲေျပာတယ္။ ၿပီးေတာ့ ဒီနာမည္စာရင္းကို ညီမတို႔သိခ်င္တယ္လို႔ေျပာတယ္ ေျပာတယ္ဆိုတာက ဒီမွာ လူ ဘယ္ႏွစ္ေယာက္ရွိတယ္ ရွိတဲ့သူဦးေရနဲ႔ သူတို႔ေျပာတယ္ ၃၅၃ ေယာက္ဆိုတာ ၾကားထဲမွာ ၅၀၀ ေလာက္ကို ကြာဟခ်က္မ်ားေနတာ။ တကယ္တမ္း ျပန္မယ္ဆိုၿပီး ထြက္စာတင္ထားတာက ၈၀၀ ေက်ာ္ရွိတာ။"

ဒါေၾကာင့္ အစၥေရးလ္ႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးတာဝန္ရွိသူေတြအေနနဲ႔ အလုပ္သမားေတြနဲ႔ တိုက္႐ိုက္ဆက္သြယ္ ေမးျမန္းေစလိုသလို ႏုိင္ငံျခားေရးဝန္ၾကီးေဒၚေအာင္ဆန္းစုၾကည္ဘက္ကလည္း ဒီလိုဒုကၡေရာက္ေနတဲ့ ျပည္ပေရာက္အလုပ္သမားေတြကို ျပန္ေခၚေပးဖို႔ စီစဥ္ေပးေစလိုပါတယ္လို႔ မမို႔မို႔ခိုင္ကေျပာပါတယ္။

"ညီမတို႔ကို အဲ့ဒီ့နာမည္စာရင္းေလး ခ်ေပးလို႔ရရင္ ခ်ေပးပါေပါ့ေနာ္။ ၿပီးေတာ့ ေနာက္တခုက တကယ္လို႔ အဲ့ဒီ့နာမည္စာရင္းထဲမွာ မပါတဲ့သူေတြရွိလို႔ရွိရင္ သံ႐ံုးကို ဘယ္လိုဆက္သြယ္ၿပီး ျပန္ရမလဲေပါ့ေနာ္။ ျပန္လို႔ရေအာင္ ဘယ္လိုလုပ္ရမလဲေပါ့ေနာ္။ ေနာက္ Relief Flight ကေရာ ဒီတသုတ္ၿပီးရင္ ေနာက္ထပ္တသုတ္လာဖို႔ရွိလား။ အဲ့တာမ်ိဳးေလးေတြ သိခ်င္ပါတယ္။ ဒီလူစာရင္းထဲမွာ မပါတဲ့သူေတြ ျပန္ခ်င္လို႔ရွိရင္ ဘယ္လိုမ်ားဆက္သြယ္ၿပီး ဘယ္လိုမ်ားျပန္ရမလဲေပါ့ေနာ္။ အဲ့တာေလး ညီမတို႔ကို ကူညီေပးပါလို႔ သံ႐ံုးကိုေတာင္းဆိုခ်င္ပါတယ္။ အေမစုကိုလည္း ေျပာခ်င္ပါတယ္ ညီမတို႔ကို ျပန္ေခၚေပးပါလို႔ ဒီမွာ အရမ္းကို ဒုကၡေရာက္ေနပါတယ္လို႔။ ေနာက္ ဒီမွာ ဒီလိုဒုကၡေရာက္ေနတာေတြ ဒီမွာျဖစ္ပ်က္ေနတဲ့အျဖစ္အပ်က္ေတြ စက္႐ံုက ဒီလိုလုပ္ေနတာေတြကိုလည္း အေမ့ကို သိေစခ်င္ပါတယ္လို႔။ အျမန္ဆံုးကူညီၿပီး ျပန္ေခၚေပးပါလို႔ေျပာခ်င္ပါတယ္။"

ဒီအေျခအေနေတြနဲ႔ ပတ္သက္ၿပီး သံ႐ုံးဘက္က တံု႔ျပန္ခ်က္ကိုသိရဖို႔ ဗီြအိုေအက ဆက္သြယ္ေမးျမန္းထားေပမဲ့ အခုအခ်ိန္အထိေတာ့ အေၾကာင္းျပန္ၾကားျခင္းမရွိေသးဘူး။ အစၥေရးလ္ဆိုင္ရာျမန္မာသံ႐ံုးက ထုတ္ထားတဲ့ အလုပ္သမားေတြျဖည့္စြက္ရမယ့္ပံုစံထဲမွာေတာ့ ေဂ်ာ္ဒန္ႏုိင္ငံကေန ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လိုတဲ့ ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ ေဂ်ာ္ဒန္ႏုိင္ငံကိုေရာက္ရွိတဲ့ေန႔စြဲ ေနာက္ သက္ဆိုင္ရာ အလုပ္ကုမၸဏီနဲ႔ သေဘာတူစာခ်ဳပ္ပါ အခ်က္အလက္အတိုင္း ႏွစ္ဦးႏွစ္ဘက္ၾကား ညိႇႏိႈင္းေဆာင္ရြက္ၿပီးျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံျပန္ေရာက္တယ္ဆိုရင္ Community based Facility Quarantine ၂၁ ရက္နဲ႔Home Quarantine ၇ ရက္ေနထိုင္ရမယ့္ စည္းကမ္းေတြကို လိုက္နာေဆာင္ရြက္ပါ့မယ္ဆိုတဲ့ အခ်က္ေတြပါပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၉ ဦးအထိ ရွိၿပီး ကူးစက္ခံရသူေပါင္း ၁,၁၃၃ ဦး၀န္းက်င္အထိရွိတဲ့ ေဂ်ာ္ဒန္ႏုိင္ငံတြင္းမွာ ကပ္ေရာဂါကူးစက္ျပန္႔ပြားမႈကို ကာကြယ္တဲ့အေနနဲ႔ အထည္ခ်ဳပ္စက္ရံုအပါအဝင္ လုပ္ငန္းခြင္ေတာ္ေတာ္မ်ားမ်ား ရပ္နားလိုက္တဲ့ အတြက္ ေဂ်ာ္ဒန္နုိင္ငံသားေတြအပါအဝင္ ျပည္ပအလုပ္သမားေတြပါ အလုပ္လက္မဲ့ျဖစ္ေနၾကတာပါ။ ဒီထဲမွာ ျမန္မာႏုိင္ငံသားေတာ္ေတာ္မ်ားမ်ားလည္း ပါဝင္ၿပီး ဝင္ေငြမရွိ အခက္အခဲ ဒုကၡေတြနဲ႔ ႀကံဳေနၾကရတာေၾကာင့္ မိခင္နုိင္ငံကိုျပန္လိုေနၾကတာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နေရပ်ပြန်လိုတဲ့ ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေ အိမ်ပြန်နိုင်ရေး အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးက စီစဉ်ပေးနေပေမဲ့ ပြန်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်တဲ့ မြန်မာအလုပ်သမားတွေအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုကြောင့် နိုင်ငံတကာမှာ စီးပွားရေးတွေ ထိခိုက်ပြီး လုပ်ငန်းခွင်တချို့ ရပ်နားလိုက်ရချိန် ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ တောင်းဆိုကြချိန်မှာ ဂျော်ဒန်၊ အစ္စရေးလ်နဲ့ ဆိုက်ပရပ်စ်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေ မိခင်နိုင်ငံပြန်နိုင်ရေး အစ္စရေးလ် ဆိုင်ရာမြန်မာသံရုံးဘက်က စီစဉ်ဆောင်ရွက်ပေးနေပါတယ်လို့ ဇူလိုင်လ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေအတွက်တော့ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြား တရားဝင်သံတမန်ဆက်ဆံရေး မရှိတဲ့အတွက် အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးဘက်က ဝင်ရောက်စီစဉ်ဆောင်ရွက်ပေးနေပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ လို့ သံရုံးက အလုပ်သမားတွေကို နှိုးဆော်ထားပါတယ်။ လတ်တလောမှာတော့ ဂျော်ဒန်ရောက် မြန်မာ အလုပ်သမားတွေထဲက Camel and Vega စက်ရုံက ၃၅၃ ဦး၊ Rich Pine က ၁၄ ဦးနဲ့ Century Miracle က ၂၆ ဦး ပြန်စေလွှတ်မယ်လို့ သက်ဆိုင်ရာ စက်ရုံတွေဘက်က စာရင်းပေးပို့လာလို့ စုစုပေါင်း ၃၉၃ ဦးကို ပြန်နိုင်ဖို့ စတင်စီစဉ်နေပြီလို့ အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း Camel and Vega စက်ရုံက ပြန်လိုတဲ့ မြန်မာအလုပ်သမားအများစုဆီကို အခုအချိန်အထိ နေရပ်ပြန်ဖို့ စက်ရုံကလည်း မဆက်သွယ်သလို သူတို့ကိုယ်တိုင် သွားရောက်ဆက်သွယ်ချိန်မှာလည်း တိကျသေချာတဲ့ သတင်းအချက်အလက်တွေ မသိရတဲ့အပြင် အလုပ်လက်မဲ့ဖြစ်နေကြတာမို့ ဝင်ငွေလည်းမရှိ စားစရာနေစရာ အခက်အခဲဖြစ်နေကြရတဲ့အကြောင်း အဲဒီစက်ရုံမှာ လုပ်သက် ၃ နှစ်ရှိပြီဖြစ်တဲ့ မခိုင်ခိုင်က ဗွီအိုအေကိုပြောပါတယ်။

"နေထိုင်ခွင့်ကဒ်တွေလည်း ညီမတို့မှာ မရှိဘူး ပြီးတော့ ပတ်စ်စပို့တွေကလည်း သူတို့က သိမ်းထားတယ်။ ပြန်ဖို့ကျတော့လည်း သူတို့က ဟိုလိုလိုဒီလိုလိုနဲ့ စကားပြန်မကို မေးတော့လည်း သူက ဘာမှသိတယ်လို့ကိုမရှိဘူး။ ငါမသိဘူး ငါမသိဘူးလို့ပြောတယ်။ အခု ညီမတို့ပြန်ချင်ကြတဲ့ လူဦးရေက ၈၀၀ ကျော်ရှိတယ်။ သူတို့က ၃၀၀ ကျော်ပဲ တင်ထားတယ်ဆိုရင် အဲ့တော့ ညီမတို့က ဒီလူဦးရေစာရင်းကိုသိချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့ ဒီမှာ မိသားစုတွေရှိတယ် မိသားစုတွေဆိုတာ ရွာကသူတွေရှိတယ်။ ကိုယ်တွေပါပြီး ညီမတွေ ကျန်ခဲ့မလား ညီမတွေပါပြီး ကိုယ်တွေကျန်ခဲ့မလား အဲ့တာကို သိချင်တယ်။ အခုသူတို့တင်ထားတဲ့ ၃၀၀ ကျော်ဆိုတာ မကဘူး ညီမတို့မှာ ၈၀၀ ကျော်လုံး ပြန်ချင်ကြတယ်ဆိုတာ သိစေချင်တယ်။ ကျန်ခဲ့မယ်ဆိုရင် အားလုံးက ဒုက္ခရောက်နေကြတာ အစားအသောက်အနေအထိုင်ကစ အကုန်လုံး ဆင်းရဲ ဒုက္ခရောက်နေကြတယ်။ ပြောရရင် အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေကအစ ဝယ်ဖို့ကို ညီမတို့မှာ ဝယ်စရာစားရိတ်မရှိဘူး။ သူတို့က အလုပ်လည်းပေးမထားဘူး။ လစာလည်း မပေးတဲ့အတွက် ညီမတို့မှာ တော်တော်လေးကို ဒုက္ခရောက်နေကြရတယ်။ ဘာမှ မသေချာမလုပ်ပေးသလို စားဖို့သောက်ဖို့ကိစ္စတောင် သူတို့တွေ သေချာ မစီစဉ်ပေးထားဘူး။ အမြန်ဆုံးကတော့ ပြန်ချင်တာပါပဲ။"

အလုပ်သမားတွေက စက်ရုံက အလုပ်သမားရေးရာ တာဝန်ခံဆီ သွားရောက်တွေ့ဆုံမေးမြန်းကြပေမဲ့လည်း တိကျသေချာတဲ့ သတင်းအချက်အလက် မရသလို စက်ရုံဘက်က စနစ်တကျ ဘာမှစီစဉ်ပေးထားတာ မရှိဘူးလို့ အဲဒီစက်ရုံကပဲ နောက် အလုပ်သမားတဦးဖြစ်တဲ့ မမို့မို့ခိုင်ကပြောပါတယ်။

"စက်ရုံကိုမေးပါတယ် ညီမတို့တွေ ဘယ်လိုလဲ ဘယ်တော့ပြန်ရမှာလဲဆိုတော့ သံရုံးဘက်ကတော့ ဒီလိုမျိုး ကျလာပြီ ညီမတို့တွေ ဘယ်လိုဖောင်တွေဖြည့်ရမှာလဲဆိုတော့-သူတို့ကဘာပြောလဲဆိုတော့ ဘယ်နေ့ပြန်ရမယ်၊ ဘယ်သူတွေပြန်ရမယ် ဆိုတာ ငါလည်းမသိဘူး ငါလည်းသိချင်တယ်ဆိုပြီး အဲ့လိုမျိုး စကားမျိုးနဲ့ပဲ အကုန်ငြင်းတာ။ ညီမတို့ဘက်က ဘာမှကို စီစဉ်လို့မရဘူး။ မနေ့ကဆိုရင် ညီမတို့ ဒီမှာရှိတဲ့ HR ပေါ့နော် ညီမတို့ မြန်မာစကားပြန်ကို သွားမေးကြတယ် သူက မသိဘူးပဲပြောတယ်။ ပြီးတော့ ဒီနာမည်စာရင်းကို ညီမတို့သိချင်တယ်လို့ပြောတယ် ပြောတယ်ဆိုတာက ဒီမှာ လူ ဘယ်နှစ်ယောက်ရှိတယ် ရှိတဲ့သူဦးရေနဲ့ သူတို့ပြောတယ် ၃၅၃ ယောက်ဆိုတာ ကြားထဲမှာ ၅၀၀ လောက်ကို ကွာဟချက်များနေတာ။ တကယ်တမ်း ပြန်မယ်ဆိုပြီး ထွက်စာတင်ထားတာက ၈၀၀ ကျော်ရှိတာ။"

ဒါကြောင့် အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေအနေနဲ့ အလုပ်သမားတွေနဲ့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစေလိုသလို နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဒီလိုဒုက္ခရောက်နေတဲ့ ပြည်ပရောက်အလုပ်သမားတွေကို ပြန်ခေါ်ပေးဖို့ စီစဉ်ပေးစေလိုပါတယ်လို့ မမို့မို့ခိုင်ကပြောပါတယ်။

"ညီမတို့ကို အဲ့ဒီ့နာမည်စာရင်းလေး ချပေးလို့ရရင် ချပေးပါပေါ့နော်။ ပြီးတော့ နောက်တခုက တကယ်လို့ အဲ့ဒီ့နာမည်စာရင်းထဲမှာ မပါတဲ့သူတွေရှိလို့ရှိရင် သံရုံးကို ဘယ်လိုဆက်သွယ်ပြီး ပြန်ရမလဲပေါ့နော်။ ပြန်လို့ရအောင် ဘယ်လိုလုပ်ရမလဲပေါ့နော်။ နောက် Relief Flight ကရော ဒီတသုတ်ပြီးရင် နောက်ထပ်တသုတ်လာဖို့ရှိလား။ အဲ့တာမျိုးလေးတွေ သိချင်ပါတယ်။ ဒီလူစာရင်းထဲမှာ မပါတဲ့သူတွေ ပြန်ချင်လို့ရှိရင် ဘယ်လိုများဆက်သွယ်ပြီး ဘယ်လိုများပြန်ရမလဲပေါ့နော်။ အဲ့တာလေး ညီမတို့ကို ကူညီပေးပါလို့ သံရုံးကိုတောင်းဆိုချင်ပါတယ်။ အမေစုကိုလည်း ပြောချင်ပါတယ် ညီမတို့ကို ပြန်ခေါ်ပေးပါလို့ ဒီမှာ အရမ်းကို ဒုက္ခရောက်နေပါတယ်လို့။ နောက် ဒီမှာ ဒီလိုဒုက္ခရောက်နေတာတွေ ဒီမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေ စက်ရုံက ဒီလိုလုပ်နေတာတွေကိုလည်း အမေ့ကို သိစေချင်ပါတယ်လို့။ အမြန်ဆုံးကူညီပြီး ပြန်ခေါ်ပေးပါလို့ပြောချင်ပါတယ်။"

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သံရုံးဘက်က တုံ့ပြန်ချက်ကိုသိရဖို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပေမဲ့ အခုအချိန်အထိတော့ အကြောင်းပြန်ကြားခြင်းမရှိသေးဘူး။ အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးက ထုတ်ထားတဲ့ အလုပ်သမားတွေဖြည့်စွက်ရမယ့်ပုံစံထဲမှာတော့ ဂျော်ဒန်နိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ဂျော်ဒန်နိုင်ငံကိုရောက်ရှိတဲ့နေ့စွဲ နောက် သက်ဆိုင်ရာ အလုပ်ကုမ္ပဏီနဲ့ သဘောတူစာချုပ်ပါ အချက်အလက်အတိုင်း နှစ်ဦးနှစ်ဘက်ကြား ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြန်ရောက်တယ်ဆိုရင် Community based Facility Quarantine ၂၁ ရက်နဲ့Home Quarantine ၇ ရက်နေထိုင်ရမယ့် စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ပါ့မယ်ဆိုတဲ့ အချက်တွေပါပါတယ်။

COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၉ ဦးအထိ ရှိပြီး ကူးစက်ခံရသူပေါင်း ၁,၁၃၃ ဦးဝန်းကျင်အထိရှိတဲ့ ဂျော်ဒန်နိုင်ငံတွင်းမှာ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တဲ့အနေနဲ့ အထည်ချုပ်စက်ရုံအပါအဝင် လုပ်ငန်းခွင်တော်တော်များများ ရပ်နားလိုက်တဲ့ အတွက် ဂျော်ဒန်နိုင်ငံသားတွေအပါအဝင် ပြည်ပအလုပ်သမားတွေပါ အလုပ်လက်မဲ့ဖြစ်နေကြတာပါ။ ဒီထဲမှာ မြန်မာနိုင်ငံသားတော်တော်များများလည်း ပါဝင်ပြီး ဝင်ငွေမရှိ အခက်အခဲ ဒုက္ခတွေနဲ့ ကြုံနေကြရတာကြောင့် မိခင်နိုင်ငံကိုပြန်လိုနေကြတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG