သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပမွာ ပိတ္မိသူ ျမန္မာႏိုင္ငံသားေတြ တပတ္ ၇၀၀ ေခၚယူမည္


၂၀၂၀ ေမလ ၂၄ ရက္ေန႔တုန္းက အိႏၵိယကေန ျမန္မာျပည္သို႔ ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားတခ်ိဳ႕။ (ေမ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ ျပည္ဝင္ခြင့္ပိတ္ထားခ်ိန္ ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြကုိ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လည္ေခၚယူေနတာ အခုဇူလိုင္လ ပထမပတ္ကစၿပီး တပတ္ကုိ လူဦးေရ ၇၀၀ ဝန္းက်င္ ျပန္လည္ေခၚယူသြားဖို႔ စီစဥ္ေနတဲ့အေၾကာင္းကို ဗီြအုိေအျမန္မာပုိင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

ႏုိင္ငံတကာခရီးသည္တင္ ေလယာဥ္ပ်ံသန္းမႈ ယာယီရပ္ဆုိင္းထားလို႔ ျပည္ပမွာပိတ္မိေနတဲ့ ျမန္မာႏုိင္ငံသားေတြကို ျပန္လည္ေခၚေဆာင္ႏုိင္ေရး ကိုဗစ္ဗဟုိေကာ္မတီရဲ႕ လမ္းညႊန္ခ်က္နဲ႔အညီ ေဆာင္ရြက္ေနတယ္လို႔ ေကာင္စစ္ေရးရာနဲ႔ ဥပေဒေရးရာဦးစီးဌာနက ညႊန္ၾကားေရးမွဴး ဦးေအာင္ေက်ာ္ဇံက VOA ကိုေျပာပါတယ္။

“က်ေနာ္တုိ႔က ကိုဗစ္ဗဟုိေကာ္မတီရဲ႕ ကန္႔သတ္ခ်က္ ခြင့္ျပဳခ်က္ရွိေနေတာ့ အခက္အခဲၾကံဳေနတဲ့ ျမန္မာႏုိင္ငံသား ျပည္ပကေနေခၚတဲ့အခါမွာ တပတ္ေခၚတဲ့အေရအတြက္ ၇၀၀ ထက္မေက်ာ္ေအာင္ နည္းနည္းေလးစိစစ္ခုိင္းေနတာေတာ့ ရွိေနပါတယ္။ အဲေတာ့ က်ေနာ္တုိ႔က ဒီဇူလိုင္ ပထမပတ္ကေနစၿပီးေတာ့ တပတ္ေခၚတဲ့အေရအတြက္ကုိ ၇၀၀ ဝန္းက်င္ေလာက္နဲ႔ ျဖတ္ၿပီးေတာ့ ေခၚဖို႔စီစဥ္သြားဖိုု႔ ရွိေနပါတယ္ခင္ဗ်။”

COVID - 19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟုိေကာ္မတီရဲ႕ လမ္းညႊန္ခ်က္နဲ႔အညီ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက သက္ဆုိင္ရာျမန္မာသံရံုးေတြအပါအဝင္ ဝန္ႀကီးဌာနေတြနဲ႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံသား ၆,၄၇၆ ဦးကို ျပန္လည္ေခၚေဆာင္ေပးခဲ့ၿပီလို႔ ဦးေအာင္ေက်ာ္ဇံက ဆက္ေျပာပါတယ္။

“အဓိကကေတာ့ က်ေနာ္တို႔က ကုိယ့္ျမန္မာႏုိင္ငံသား ျပင္ပမွာ ဒုကၡေရာက္ေနတယ္၊ အခက္အခဲၾကံဳေတြ႕ေနတဲ့ ျမန္မာႏုိင္ငံသားမွန္သမွ်ကို ျမန္မာႏုိင္ငံကုိ ျပန္လာလိုတဲ့ ဆႏၵေပါ့။ ျဖစ္ႏုိင္တဲ့အေနအထားေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ္တို႔ ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ျပန္ေခၚေနတာပါ။ အခုလည္း အေရအတြက္ ကိန္းဂဏန္းေတြလည္း မနည္းပါဘူး။”

ျပည္ပႏုိင္ငံအသီးအသီးမွာ ရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ကယ္ဆယ္ေရးနဲ႔ အထူးေလယာဥ္စီစဥ္ၿပီး ျပန္လည္ေခၚေဆာင္ေနေပမယ့္လည္း အဲဒီအစီအစဥ္ေတြမွာ မပါလိုက္ရဘဲ က်န္ေနခဲ့သူေတြလည္း ရွိပါတယ္။

ကယ္ဆယ္ေရးေလယာဥ္နဲ႔ ဂ်ပန္ေရာက္ျမန္မာေတြကုိ ဒုတိယအသုတ္ျပန္လည္ေခၚေဆာင္ၿပီးေပမယ့္ က်န္ရွိေနေသးတဲ့ ျမန္မာေတြရဲ႕ေတာင္းဆိုမႈေၾကာင့္ တတိယအႀကိမ္ ကယ္ဆယ္ေရးေလယာဥ္ကုိလည္း စီစဥ္ေပးႏုိင္ဖို႕ ညွိႏိႈင္းေဆာင္ရြက္ေနတယ္လုိ႔ တုိက်ိဳ၊ ျမန္မာသံရံုးက ထုတ္ျပန္ထားပါတယ္။

ကုိဗစ္ေၾကာင့္ စက္ရံုအလုပ္နားထားရၿပီး အိမ္လခနဲ႔ စားစရိတ္ေတြေၾကာင့္ အခက္အခဲရွိေနၿပီး ျမန္မာျပည္ကုိျပန္ႏိုင္ဖုိ႔ ၾကိဳးစားေနတဲ့ ကုိေအာင္ထက္ဦးကလည္း သူ႕ရဲ႕အခက္အခဲေတြကို အခုလိုေျပာထားပါတယ္။

“ဒုတိယအသုတ္စာရင္းေပးၿပီးေတာ့ သံရံုးမွာ နာမည္စာရင္းပါၿပီးေတာ့ ေလယာဥ္လက္မွတ္ျဖတ္ေတာ့ အရင္က ၈၅,၀၀၀ ကေန ၁၈၅,၀၀၀ ျဖစ္သြားလို႔ ေငြက အဆင္မေျပေတာ့ မလိုက္လိုက္ရဘဲနဲ႔ က်န္ခဲ့ရတာဗ်။ တကယ္က နာမည္ပါၿပီး လက္မွတ္ရွိတဲ့သူေတြလည္း မလုိက္ရဘဲနဲ႔ က်န္ခဲ့တာေတြ ရွိတယ္ေလ။ သူတုိ႔က ဂ်ပန္ပညာရွင္ အေယာက္ ၂၀ ေရာ၊ သေဘၤာသားက်န္ခဲ့တဲ့သူေတြေရာ၊ အဲလိုဆုိေတာ့ ဂ်ပန္ႏိုင္ငံမွာေနတဲ့သူက နည္းနည္းပဲပါတာ။ အကုန္ပါမသြားဘူး။ အခုကေတာ့ တတိယေလယာဥ္ထြက္မယ္ မထြက္မယ္ မသိခင္ကတည္းက နာမည္စာရင္းေတြ အကုန္လုိက္ေပးထားၿပီး ႀကိဳးစားၾကည့္တာပါခင္ဗ်။”

ကယ္ဆယ္ေရးေလယာဥ္ ပထမနဲ႔ ဒုတိယအသုတ္မွာ မပါသြားလုိ႔ အလုပ္လက္မဲ့ျဖစ္ေနခ်ိန္ ေနထုိင္စားေသာက္စရိတ္ အခက္ေတြ႕ေနၿပီး အခုလအတြင္းမွာ ကယ္ဆယ္ေရးေလယာဥ္စီစဥ္ေပးႏုိင္ဖုိ႔ကို လိုလားေနၾကတာပါ။

ျမန္မာအစိုးရရဲ႕ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ဆက္စပ္တဲ့ ႀကိဳတင္ကာကြယ္ေရးဆိုင္ရာ ကန႔္သတ္ခ်က္ေတြကို ဇူလိုင္လကုန္ထိ တိုးျမႇင့္သတ္မွတ္တဲ့အထဲမွာ ျပည္ဝင္ခြင့္ယာယီကန႔္သတ္တဲ့ အစီအမံေတြအားလုံး ပါဝင္ေနပါတယ္။ ဒါေပမဲ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔ အထူးေလယာဥ္အစီအစဥ္ေတြ ရွိေနေသးလို႔ ျပည္တြင္းကို ဝင္ေရာက္မယ့္သူေတြဟာ ကိုဗစ္နဲ႔ ပတ္သက္တဲ့ၫႊန္ၾကားခ်က္ေတြကို လိုက္နာရမယ္လို႔ ေဖာ္ျပထားပါတယ္။ ျမန္မာႏုိင္ငံမွာ COVID - 19 ေၾကာင့္ ေသဆုံးသူ ၆ ဦးအပါအ၀င္ ကူးစက္သူ ၃၀၀ ေလာက္ ရွိေနၿပီး အမ်ားစုကေတာ့ ျပည္ပက ျပန္လာသူေတြ ျဖစ္တယ္လုိ႔လည္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပမှာ ပိတ်မိသူ မြန်မာနိုင်ငံသားတွေ တပတ် ၇၀၀ ခေါ်ယူမည်

ကိုဗစ်ကပ်ရောဂါကာလ ပြည်ဝင်ခွင့်ပိတ်ထားချိန် ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူနေတာ အခုဇူလိုင်လ ပထမပတ်ကစပြီး တပတ်ကို လူဦးရေ ၇၀၀ ဝန်းကျင် ပြန်လည်ခေါ်ယူသွားဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

နိုင်ငံတကာခရီးသည်တင် လေယာဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းထားလို့ ပြည်ပမှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နိုင်ရေး ကိုဗစ်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်နေတယ်လို့ ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက VOA ကိုပြောပါတယ်။

“ကျနော်တို့က ကိုဗစ်ဗဟိုကော်မတီရဲ့ ကန့်သတ်ချက် ခွင့်ပြုချက်ရှိနေတော့ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား ပြည်ပကနေခေါ်တဲ့အခါမှာ တပတ်ခေါ်တဲ့အရေအတွက် ၇၀၀ ထက်မကျော်အောင် နည်းနည်းလေးစိစစ်ခိုင်းနေတာတော့ ရှိနေပါတယ်။ အဲတော့ ကျနော်တို့က ဒီဇူလိုင် ပထမပတ်ကနေစပြီးတော့ တပတ်ခေါ်တဲ့အရေအတွက်ကို ၇၀၀ ဝန်းကျင်လောက်နဲ့ ဖြတ်ပြီးတော့ ခေါ်ဖို့စီစဉ်သွားဖို့ ရှိနေပါတယ်ခင်ဗျ။”

COVID - 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာမြန်မာသံရုံးတွေအပါအဝင် ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၆,၄၇၆ ဦးကို ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီလို့ ဦးအောင်ကျော်ဇံက ဆက်ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့က ကိုယ့်မြန်မာနိုင်ငံသား ပြင်ပမှာ ဒုက္ခရောက်နေတယ်၊ အခက်အခဲကြုံတွေ့နေတဲ့ မြန်မာနိုင်ငံသားမှန်သမျှကို မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ ဆန္ဒပေါ့။ ဖြစ်နိုင်တဲ့အနေအထားပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ပြန်ခေါ်နေတာပါ။ အခုလည်း အရေအတွက် ကိန်းဂဏန်းတွေလည်း မနည်းပါဘူး။”

ပြည်ပနိုင်ငံအသီးအသီးမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးနဲ့ အထူးလေယာဉ်စီစဉ်ပြီး ပြန်လည်ခေါ်ဆောင်နေပေမယ့်လည်း အဲဒီအစီအစဉ်တွေမှာ မပါလိုက်ရဘဲ ကျန်နေခဲ့သူတွေလည်း ရှိပါတယ်။

ကယ်ဆယ်ရေးလေယာဉ်နဲ့ ဂျပန်ရောက်မြန်မာတွေကို ဒုတိယအသုတ်ပြန်လည်ခေါ်ဆောင်ပြီးပေမယ့် ကျန်ရှိနေသေးတဲ့ မြန်မာတွေရဲ့တောင်းဆိုမှုကြောင့် တတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်ကိုလည်း စီစဉ်ပေးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ တိုကျို၊ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကြောင့် စက်ရုံအလုပ်နားထားရပြီး အိမ်လခနဲ့ စားစရိတ်တွေကြောင့် အခက်အခဲရှိနေပြီး မြန်မာပြည်ကိုပြန်နိုင်ဖို့ ကြိုးစားနေတဲ့ ကိုအောင်ထက်ဦးကလည်း သူ့ရဲ့အခက်အခဲတွေကို အခုလိုပြောထားပါတယ်။

“ဒုတိယအသုတ်စာရင်းပေးပြီးတော့ သံရုံးမှာ နာမည်စာရင်းပါပြီးတော့ လေယာဉ်လက်မှတ်ဖြတ်တော့ အရင်က ၈၅,၀၀၀ ကနေ ၁၈၅,၀၀၀ ဖြစ်သွားလို့ ငွေက အဆင်မပြေတော့ မလိုက်လိုက်ရဘဲနဲ့ ကျန်ခဲ့ရတာဗျ။ တကယ်က နာမည်ပါပြီး လက်မှတ်ရှိတဲ့သူတွေလည်း မလိုက်ရဘဲနဲ့ ကျန်ခဲ့တာတွေ ရှိတယ်လေ။ သူတို့က ဂျပန်ပညာရှင် အယောက် ၂၀ ရော၊ သင်္ဘောသားကျန်ခဲ့တဲ့သူတွေရော၊ အဲလိုဆိုတော့ ဂျပန်နိုင်ငံမှာနေတဲ့သူက နည်းနည်းပဲပါတာ။ အကုန်ပါမသွားဘူး။ အခုကတော့ တတိယလေယာဉ်ထွက်မယ် မထွက်မယ် မသိခင်ကတည်းက နာမည်စာရင်းတွေ အကုန်လိုက်ပေးထားပြီး ကြိုးစားကြည့်တာပါခင်ဗျ။”

ကယ်ဆယ်ရေးလေယာဉ် ပထမနဲ့ ဒုတိယအသုတ်မှာ မပါသွားလို့ အလုပ်လက်မဲ့ဖြစ်နေချိန် နေထိုင်စားသောက်စရိတ် အခက်တွေ့နေပြီး အခုလအတွင်းမှာ ကယ်ဆယ်ရေးလေယာဉ်စီစဉ်ပေးနိုင်ဖို့ကို လိုလားနေကြတာပါ။

မြန်မာအစိုးရရဲ့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ဆက်စပ်တဲ့ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဇူလိုင်လကုန်ထိ တိုးမြှင့်သတ်မှတ်တဲ့အထဲမှာ ပြည်ဝင်ခွင့်ယာယီကန့်သတ်တဲ့ အစီအမံတွေအားလုံး ပါဝင်နေပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ အထူးလေယာဉ်အစီအစဉ်တွေ ရှိနေသေးလို့ ပြည်တွင်းကို ဝင်ရောက်မယ့်သူတွေဟာ ကိုဗစ်နဲ့ ပတ်သက်တဲ့ညွှန်ကြားချက်တွေကို လိုက်နာရမယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ COVID - 19 ကြောင့် သေဆုံးသူ ၆ ဦးအပါအဝင် ကူးစက်သူ ၃၀၀ လောက် ရှိနေပြီး အများစုကတော့ ပြည်ပက ပြန်လာသူတွေ ဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG