သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယေရာက္ ျမန္မာႏုိင္ငံသားတခ်ဳိ႕ ျပည္ေတာ္ျပန္ဖုိ႔ အခက္ႀကံဳေန


၂၀၂၀ ေမလ ၂၄ ရက္ေန႔တုန္းက အိႏၵိယမွ ျမန္မာျပည္သို႔ ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားတခ်ိဳ႕

(Zawgyi/Unicode)

ကမၻာ့ေနရာအႏွံ႔မွာ ကပ္ေရာဂါေၾကာင့္ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသားေတြကို အစိုးရက ေနရပ္ျပန္ႏိုင္ဖို႔ စီစဥ္ေဆာင္ရြက္ေပးေနေပမယ့္၊ အသြားအလာအကန္႕အသတ္ေတြနဲ႔အျခားအေျခအေနေတြေၾကာင့္ ႏိုင္ငံသားတခ်ိဳ႕ ေနရပ္ျပန္ဖိ္ု႔ ခက္ခဲေနဆဲပါ။ အိႏၵိယႏိုင္ငံမွာ ေနရပ္ျပန္ႏုိင္ေရး အခက္ေတြ႕ေနတဲ့ ျမန္မာႏုိင္ငံသားတခ်ိဳ႕ သံရံုးကုိစာရင္းေပးသြင္းၿပီး ျပန္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ ေနာက္ဆံုးအေျခအေနကို ဗီြအိုေအျမန္မာပုိင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ႏုိင္ငံတကာမွာ ျပည္ပေလေၾကာင္းလိုင္းေတြ ပိတ္ထားခ်ိန္ ေနရပ္ျပန္ဖို႔အခက္အခဲရွိေနသူေတြကုိ သက္ဆုိင္ရာအစုိးရက ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လည္ေခၚေဆာင္ေနတာပါ။ အိႏၵိယႏုိင္ငံကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသား ၂၉၈ဦးကုိလည္း ေမလအတြင္းမွာ ကယ္ဆယ္ေရးေလယာဥ္စီစဥ္ၿပီး အသုတ္လုိက္ခြဲ တတိယအႀကိမ္ထိ ပုိ႔ေဆာင္ခဲ့ပါတယ္။

ဒါေပမယ့္ ျမန္မာတခ်ိဳ႕က်န္ေနဆဲျဖစ္လို႔ အစုိးရကစီစဥ္ေပးတဲ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔ အျမန္ျပန္ႏိုင္ဖုိ႔ ေမွ်ာ္လင့္ေနၾကတာပါ။

“အခ်ိန္ကာလကလည္း မွန္းလာတာထက္ ပုိသြားတယ္။ ေငြေရးေၾကးေရးကလည္း မွန္းလာတာထက္ ပိုကုန္သြားတယ္။ အခုမိသားစုတုိင္ပင္ထားတာေတာ့ တကယ္လုိ႔ကယ္ဆယ္ေရးေလယာဥ္လာရင္ ျပန္ပဲျပန္လိုက္ေတာ့မယ္။ ေနာက္ထပ္ ၆လအတြင္းကို ေငြေရးေၾကးေရးကအစ ျပန္ႀကိဳးစားၿပီးေတာ့ ကုိဗစ္လည္း ကမာၻကေနၿပီးေတာ့ ေတာ္ေတာ္ေလးကင္းစင္သြားၿပီ အဓိကေတာ့ ေဒလီေပါ့။ အခုက ေဒလီမွာတအားအျဖစ္မ်ားေနေတာ့ ေဒလီမွာ ေရာဂါထိန္းႏုိင္သြားတာမ်ိဳး ပေပ်ာက္သြားတာမ်ိဳး အဲဒီအခါမွပဲ ျပန္လာေတာ့မယ္လို႔ ဆံုးျဖတ္ထားတယ္။”

ဒါကေတာ့ အိႏၵိယႏုိင္ငံ၊ နယူးေဒလီၿမိဳ႕မွာ ေဆးကုသခံယူဖို႔ ေဖေဖာ္ဝါရီလကတည္းကေရာက္ေနတဲ့ ကုိေကာင္းထက္ေက်ာ္ ေျပာသြားတာပါ။ ျပန္ခ်င္သူအခ်င္းခ်င္း ခ်ိတ္ဆက္ၿပီး သံရံုးကိုစာရင္းပုိ႔ဖုိ႔အတြက္ စီစဥ္ေနတာ ဒီကေန႔အထိဆို အေယာက္ ၃၀ေလာက္ရွိသြားၿပီလို႔ သူကဆုိပါတယ္။

ကယ္ဆယ္ေရးေလယာဥ္ ဆုိက္ကပ္တဲ့ နယူးေဒလီ၊ ခ်န္ႏိုင္းနဲ႔ ဂယာအထိသြားဖို႔အခက္အခဲရွိတာေၾကာင့္ သံရံုးကိုျပန္လုိသူစာရင္းပုိ႔ထားေပမယ့္လည္း အခုခ်ိန္ထိ မြမ္ဘိုင္းမွာသာရွိေနေသးတဲ့ ကိုေအာင္မ်ိဳးထက္ကလည္း သူ႔ရဲ႕အခက္အခဲကို အခုလိုေျပာလာပါတယ္။

“မြမ္ဘုိင္းကေနလည္း Relief Flight ကမရွိဘူး။ တျခားၿမိဳ႕ကုိသြားစီးရမယ္ဆုိေတာ့ Agent က မစီစဥ္ေပးႏုိင္ဘူး။ အဲဒါနဲ႔ က်ေနာ္က မြမ္ဘုိင္းမွာ ေသာင္တင္ေနတာ။ သံရံုးကအစ္မေတြကေတာ့ ေတာ္ေတာ္ကူညီပါတယ္။ အခုေနာက္ပုိင္းေတာ့ ဒီ Relief Flight ကိုပဲ ျပန္အားကိုးဖုိ႔ လူလိုက္စုေနတဲ့သေဘာပါပဲ။”

ကယ္ဆယ္ေရးေလယာဥ္နဲ႔ အျမန္ျပန္ႏုိင္ဖုိ႔ ေစာင့္ေမွ်ာ္သူေတြရွိေနေပမယ့္လည္း အိႏၵိယေရာက္ျမန္မာတခ်ဳိ႕ကုိ စတုတၳအႀကိမ္ေျမာက္ ျပန္လည္ေခၚေဆာင္ႏုိင္ေရးကေတာ့ မေသခ်ာေသးပါဘူး။ အခုဇြန္လကုန္ပုိင္းအထိ စီစဥ္ထားတာမရွိေသးတဲ့အေၾကာင္းကို ေကာင္စစ္ေရးရာနဲ႔ ဥပေဒေရးရာဦးစီးဌာနက VOA ကိုေျပာပါတယ္။

“Relief Flight စီစဥ္ဖို႔ဆိုၿပီး အေရအတြက္ကန္႔သတ္ထားတာေတာ့ မရွိပါဘူး။ ဒါေပမယ့္ သံရံုးမွာအကူအညီေတာင္းခံလာတဲ့ စာရင္းကိုၾကည့္ၿပီးေတာ့ ဒီဘက္မွာလည္း လက္ခံဖုိ႔ရာအတြက္ Quarantine လက္ခံႏုိင္တဲ့အေနအထားေပါ့ေနာ္။ ၿပီးရင္ Airline ပ်ံသန္းႏိုင္တဲ့အေျခအေန၊ Airline သည္၄င္း ပုိ႔ဆက္သည္၄င္း စီစဥ္ေဆာင္ရြက္ေပးႏုိင္မယ့္ အေျခအေနေပၚမူတည္ၿပီး လုပ္ထားတာရွင့္။ ဆုိေတာ့ က်မတုိ႔အခုလက္ရွိေတာ့ ေခၚထားခဲ့ၿပီးတာရွိတယ္။ အိႏၵိယကေနၿပီးမွ ဆက္ၿပီးေတာ့ ဒီလကုန္အထိကေတာ့ လ်ာထားတဲ့ခရီးစဥ္မရွိေသးဘူးေပါ့။ ဒါေပမယ့္ လိုအပ္ခ်က္အရ ေဆာင္ရြက္ဖုိ႔ဆုိတာမ်ိဳးကေတာ့ သံရံုးေတြ သက္ဆုိင္ရာဝန္ႀကီးဌာနေတြနဲ႔ ညွိႏႈိင္းၿပီးေဆာင္ရြက္သြားဖို႔ကေတာ့ ရွိတာေပါ့ေနာ္။ လံုးဝမေခၚဘူးဆုိၿပီး သတ္မွတ္ထားတာမ်ိဳး မဟုတ္ပါဘူးရွင္။”

ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူအမ်ားဆံုးနဲ႔ ထိပ္ဆံုးမွာရွိေနတဲ့ ကမာၻ႕ႏုိင္ငံေတြကေတာ့ အေမရိကန္၊ ဘရာဇီး၊ ရုရွားနဲ႔ အိႏၵိယႏုိင္ငံ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာ ဓါတ္ခဲြစမ္းသပ္မႈအရ ပိုးေတြ႔လူနာ သံုးသိန္းေက်ာ္ရိွသြားၿပီး၊ ေသဆံုးသူကေတာ့ တေသာင္းေက်ာ္ ရိွထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

ကမ္ဘာ့နေရာအနှံ့မှာ ကပ်ရောဂါကြောင့်ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက နေရပ်ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေပေမယ့်၊ အသွားအလာအကန့်အသတ်တွေနဲ့အခြားအခြေအနေတွေကြောင့် နိုင်ငံသားတချို့ နေရပ်ပြန်ဖို့ ခက်ခဲနေဆဲပါ။ အိန္ဒိယနိုင်ငံမှာ နေရပ်ပြန်နိုင်ရေး အခက်တွေ့နေတဲ့ မြန်မာနိုင်ငံသားတချို့ သံရုံးကိုစာရင်းပေးသွင်းပြီး ပြန်နိုင်ဖို့ ကြိုးစားနေတဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတကာမှာ ပြည်ပလေကြောင်းလိုင်းတွေ ပိတ်ထားချိန် နေရပ်ပြန်ဖို့အခက်အခဲရှိနေသူတွေကို သက်ဆိုင်ရာအစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်နေတာပါ။ အိန္ဒိယနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂၉၈ဦးကိုလည်း မေလအတွင်းမှာ ကယ်ဆယ်ရေးလေယာဉ်စီစဉ်ပြီး အသုတ်လိုက်ခွဲ တတိယအကြိမ်ထိ ပို့ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာတချို့ကျန်နေဆဲဖြစ်လို့ အစိုးရကစီစဉ်ပေးတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ အမြန်ပြန်နိုင်ဖို့ မျှော်လင့်နေကြတာပါ။

“အချိန်ကာလကလည်း မှန်းလာတာထက် ပိုသွားတယ်။ ငွေရေးကြေးရေးကလည်း မှန်းလာတာထက် ပိုကုန်သွားတယ်။ အခုမိသားစုတိုင်ပင်ထားတာတော့ တကယ်လို့ကယ်ဆယ်ရေးလေယာဉ်လာရင် ပြန်ပဲပြန်လိုက်တော့မယ်။ နောက်ထပ် ၆လအတွင်းကို ငွေရေးကြေးရေးကအစ ပြန်ကြိုးစားပြီးတော့ ကိုဗစ်လည်း ကမ္ဘာကနေပြီးတော့ တော်တော်လေးကင်းစင်သွားပြီ အဓိကတော့ ဒေလီပေါ့။ အခုက ဒေလီမှာတအားအဖြစ်များနေတော့ ဒေလီမှာ ရောဂါထိန်းနိုင်သွားတာမျိုး ပပျောက်သွားတာမျိုး အဲဒီအခါမှပဲ ပြန်လာတော့မယ်လို့ ဆုံးဖြတ်ထားတယ်။”

ဒါကတော့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဆေးကုသခံယူဖို့ ဖေဖော်ဝါရီလကတည်းကရောက်နေတဲ့ ကိုကောင်းထက်ကျော် ပြောသွားတာပါ။ ပြန်ချင်သူအချင်းချင်း ချိတ်ဆက်ပြီး သံရုံးကိုစာရင်းပို့ဖို့အတွက် စီစဉ်နေတာ ဒီကနေ့အထိဆို အယောက် ၃၀လောက်ရှိသွားပြီလို့ သူကဆိုပါတယ်။

ကယ်ဆယ်ရေးလေယာဉ် ဆိုက်ကပ်တဲ့ နယူးဒေလီ၊ ချန်နိုင်းနဲ့ ဂယာအထိသွားဖို့အခက်အခဲရှိတာကြောင့် သံရုံးကိုပြန်လိုသူစာရင်းပို့ထားပေမယ့်လည်း အခုချိန်ထိ မွမ်ဘိုင်းမှာသာရှိနေသေးတဲ့ ကိုအောင်မျိုးထက်ကလည်း သူ့ရဲ့အခက်အခဲကို အခုလိုပြောလာပါတယ်။

“မွမ်ဘိုင်းကနေလည်း Relief Flight ကမရှိဘူး။ တခြားမြို့ကိုသွားစီးရမယ်ဆိုတော့ Agent က မစီစဉ်ပေးနိုင်ဘူး။ အဲဒါနဲ့ ကျနော်က မွမ်ဘိုင်းမှာ သောင်တင်နေတာ။ သံရုံးကအစ်မတွေကတော့ တော်တော်ကူညီပါတယ်။ အခုနောက်ပိုင်းတော့ ဒီ Relief Flight ကိုပဲ ပြန်အားကိုးဖို့ လူလိုက်စုနေတဲ့သဘောပါပဲ။”

ကယ်ဆယ်ရေးလေယာဉ်နဲ့ အမြန်ပြန်နိုင်ဖို့ စောင့်မျှော်သူတွေရှိနေပေမယ့်လည်း အိန္ဒိယရောက်မြန်မာတချို့ကို စတုတ္ထအကြိမ်မြောက် ပြန်လည်ခေါ်ဆောင်နိုင်ရေးကတော့ မသေချာသေးပါဘူး။ အခုဇွန်လကုန်ပိုင်းအထိ စီစဉ်ထားတာမရှိသေးတဲ့အကြောင်းကို ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာနက VOA ကိုပြောပါတယ်။

“Relief Flight စီစဉ်ဖို့ဆိုပြီး အရေအတွက်ကန့်သတ်ထားတာတော့ မရှိပါဘူး။ ဒါပေမယ့် သံရုံးမှာအကူအညီတောင်းခံလာတဲ့ စာရင်းကိုကြည့်ပြီးတော့ ဒီဘက်မှာလည်း လက်ခံဖို့ရာအတွက် Quarantine လက်ခံနိုင်တဲ့အနေအထားပေါ့နော်။ ပြီးရင် Airline ပျံသန်းနိုင်တဲ့အခြေအနေ၊ Airline သည်၎င်း ပို့ဆက်သည်၎င်း စီစဉ်ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေပေါ်မူတည်ပြီး လုပ်ထားတာရှင့်။ ဆိုတော့ ကျမတို့အခုလက်ရှိတော့ ခေါ်ထားခဲ့ပြီးတာရှိတယ်။ အိန္ဒိယကနေပြီးမှ ဆက်ပြီးတော့ ဒီလကုန်အထိကတော့ လျာထားတဲ့ခရီးစဉ်မရှိသေးဘူးပေါ့။ ဒါပေမယ့် လိုအပ်ချက်အရ ဆောင်ရွက်ဖို့ဆိုတာမျိုးကတော့ သံရုံးတွေ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်သွားဖို့ကတော့ ရှိတာပေါ့နော်။ လုံးဝမခေါ်ဘူးဆိုပြီး သတ်မှတ်ထားတာမျိုး မဟုတ်ပါဘူးရှင်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံးနဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ကမ္ဘာ့နိုင်ငံတွေကတော့ အမေရိကန်၊ ဘရာဇီး၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဓါတ်ခွဲစမ်းသပ်မှုအရ ပိုးတွေ့လူနာ သုံးသိန်းကျော်ရှိသွားပြီး၊ သေဆုံးသူကတော့ တသောင်းကျော် ရှိထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG