သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နီေပါမွာ ကုိဗစ္ေၾကာင့္ ပိတ္မိေနသူေတြကုိ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျမန္မာအစုိးရျပန္ေခၚ


နီေပါမွာ ကုိဗစ္ေၾကာင့္ ပိတ္မိေနသူေတြကုိ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျမန္မာအစုိးရျပန္ေခၚ (ဓါတ္ပံု-Ministry of Foreign Affairs Myanmar )

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါေၾကာင့္ နီေပါႏိုင္ငံမွာ ၂ လခဲြနီးပါးၾကာ ပိတ္မိေနခဲ့တဲ့ ျမန္မာႏိုင္ငံသားေတြ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေသာၾကာေန႔ညေနပိုင္းက ျမန္မာႏိုင္ငံကို ျပန္ေရာက္လာၾကၿပီဆိုတဲ့ အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က ေမးျမန္း တင္ျပထားပါတယ္။

နီေပါႏိုင္ငံမွာ ကုိဗစ္ကူးစက္မႈ ကာကယြ္ႏုိင္ေရးအတြက္ မတ္လ(၂၃)ရက္ေန႔ကစလို႔ လူေတြ ေနအိမ္အျပင္မထြက္ရ Lockdown အမိန္႔ကို ခ်မွတ္လိုက္တာေၾကာင့္ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ နီေပါႏိုင္ငံထဲ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြလည္း ပိတ္မိသြားခဲ့တာပါ။
ပိတ္မိေနသူေတြထဲက တခ်ဳိ႕ကို ေမလ(၂၂)ရက္ေန႔မွာ VOA ျမန္မာပိုင္းက ဆက္သယြ္ေမးျမန္း သတင္း တင္ျပခဲ့ၿပီးျဖစ္ပါတယ္။

အဲဒီလို ပိတ္မိရင္း ျမန္မာျပည္ျပန္လိုေပမဲ့ ကယ္သူမဲ့ ျဖစ္ေနရာကေန အခုေတာ့ နီေပါမွာရွိတဲ့ ျမန္မာသံ႐ုံး၊ ျမန္မာအစိုးရနဲ႔ ျမန္မာ့တပ္မေတာ္တို႔ ဝိုင္းဝန္းစီစဥ္မႈေၾကာင့္ ပိတ္မိေနတဲ့ ျမန္မာေတြကုိ Fokker 70 အမ်ဳိးအစား ျမန္မာ့တပ္မေတာ္ေလယာဥ္(MAF 003) နဲ႔ နီေပါၿမဳိ႕ေတာ္ ခပ္သ္မန္ဒူေလဆိပ္မွာ လာႀကဳိေပးတာေၾကာင့္ ဇြန္လ(၅)ရက္ ေသာၾကာေန႔ ညေနပိုင္းမွာ ျမန္မာႏုိင္ငံကို ျပန္ေရာက္လာၿပီ ျဖစ္တယ္လုိ႔ နီေပါႏိုင္ငံ Kathmandu School of Law တကၠသိုလ္မွာ စာတမ္းျပဳစုဖို႔သြားရင္း ပိတ္မိနေခဲ့တဲ့ ေက်ာင္းသူ မသီတာစိုးက VOA ကိုရွင္းျပပါတယ္။

" က်ေနာ္တို႔လည္း သတင္းထဲမွာေျပာလိုက္တယ္ေပါ့ ၊ နီေပါမွာဆိုေတာ့ အိမ္ကိုလည္း တအား ျပန္ခ်င္တယ္ေပါ့ေနာ္။ အစိုးရဘက္ကလည္း နဂိုထဲက စီစဥ္ေနတာလည္း ျဖစ္ႏိုင္တယ္ေပါ့ေနာ္။ အဲဒီေနာက္ပိုင္းက်ေတာ့ သံရုံးကလည္း က်ေနာ္တို႔ကို ဆက္သြယ္လာတယ္။ ျပန္မယ့္သူ ဘယ္ႏွစ္ေယာက္ ရွိသလဲေပါ့ ၊စာရင္း အတိအက်ပုိ႔ေပးပါဆိုေတာ့ က်ေနာ္က (၃၅) ေယာက္စာရင္း ပို႔လုိက္တယ္။ အဲဒီေနာက္ပိုင္းမွာ သူတုိ႔က ေလယာဥ္လာႀကဳိေပးဖို႔ အေျခအေနျဖစ္ႏိုင္တယ္လုိ႔ ေျပာပါတယ္။ ၿပီးေတာ့ ျမန္မာႏိုင္ငံ ျပန္ပို႔မယ္ဆိုရင္ က်ေနာ္တို႔ကို PCR test လုပ္ၿပီးမွ ပုိ႔မယ္ေပါ့။ PCR ဆုိတာက ကိုဗစ္ရွိမရွိ က်ေနာ္တုိ႔ရဲ႕ အာေခါင္တုိ႔ဖတ္ကုိ ယူၿပီးစစ္တာေပါ့။ အဲဒါနဲ႔ သံရုံးမွာ ဇြန္လ(၂)ရက္ေန႔က PCR test အခမဲ့ စစ္ေပးတယ္။ သံရုံးမွာပဲ နီေပါဆရာဝန္ေတြက လာစစ္ေပးတာပါ။ ေဆးစစ္တဲ့ အေျဖက (၃)ရက္ေန႔မွာ ရပါတယ္။ ေတာ္ေသးတယ္ အားလံုးက negative အေျဖထြက္ၾကတယ္။ ၿပီးေတာ့ (၅)ရက္ေန႔ ေလယာဥ္လာႀကဳိမယ္ဆုိၿပီး သံ႐ုံးက ဖုန္းဆက္ပါတယ္။ သံရုံးကလည္း အားတက္သေရာ တအားကို ကူညီတယ္ ေနာက္ဆုံး ၅ ရက္ေန႔မွာ တပ္မေတာ္ေလယာဥ္နဲ႔ လာႀကဳိပါတယ္ အခေၾကးေငြလည္း ေပးစရာမလိုပဲ ျပန္လာလိုက္ရတယ္။ "

နီေပါမွာ လာႀကဳိေပးတဲ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔ လိုက္ပါလာခဲ့ၿပီး အခုေတာ့ ရန္ကုန္ တကၠသိုလ္ဝင္းအတြင္း ကြာရမ္တင္းစင္တာမွာ ေရာက္ေနတဲ့ ေတာင္ငူၿမဳိ့က ကုိထြန္းေအာင္ကေတာ့ ျမန္မာသံ႐ုံးရဲ႕ကူညီေဆာင္ရြက္မႈေတြကို ေျပာျပပါတယ္။

" VOA နဲ႔ က်ေနာ္တုိ႔ အင္တာဗ်ဴးၿပီးေနာက္ပုိင္း ၂ ရက္ ၊ ၃ ရက္ေလာက္မွာ သံရုံးကလူႀကီးေတြက က်ေနာ္တို႔ကို ဆက္သြယ္ပါတယ္။ ျမန္မာႏိုင္ငံျခားေရးဌာနက လုပ္ေနၿပီဆိုတဲ့အေၾကာင္း၊ အစုိးရေလယာဥ္ လာႀကဳိမယ္လို႔ က်ေနာ္တို႔ကို သံရုံးက ဖုန္းဆက္ပါတယ္။ အဲဒီ သတင္းၾကားေတာ့ က်ေနာ္တို႔ အရမ္းေပ်ာ္သြားတယ္ သံ႐ုံးကလည္း က်ေနာ္္တို႔ကို ပတ္စ္ပို႔ကိစၥ ဗီဇာကိစၥ အကုန္လုပ္ေပးတယ္။ လုပ္ေပးၿပီးေတာ့ က်ေနာ္္တို႔ ဇြန္(၅)ရက္ေန႔မွာ ျပန္ႏိုင္ခဲ့တယ္ေပါ့။ က်ေနာ္တို႔ အခု ရန္ကုန္တကၠသိုလ္ အဓိပတိအေဆာင္မွာ ကြာရမ္တင္း ဝင္ေနပါတယ္။ အခင္းအက်င္းေရာ စားေရး ေသာက္ေရးေရာ အားလုံးအဆင္ေျပပါတယ္။ ကြာရမ္တင္းက ၂၁ ရက္ ဒီမွာေနရမယ္။ ဒါၿပီးရင္ အိမ္ျပန္ရမယ္ ထင္တယ္။ "

နီေပါက ျပန္လာသူေတြဟာ ကြာရမ္တင္းစင္တာမွာ (၂၁)ရက္နဲ႔ အဲဒီေနာက္ပိုင္း မိမိေနအိမ္မွာ (၇)ရက္ သီးျခားခဲြေနၾကရမွာျဖစ္ပါတယ္။

အခုလို အိမ္ျပန္ခြင့္ရေရး ဝုိင္းဝန္းကူညီခဲ့ၾကတဲ့ VOA အပါအဝင္ သက္ဆုိင္ရာ တာဝန္ရွိသူေတြ အားလုံးကို ေက်းဇူးတင္မိေၾကာင္း မသီတာစိုးက ေျပာပါတယ္။

" နီေပါမွာ ပိတ္မိေနသူေတြ ကုိယ္စားေျပာရရင္ တကယ္ကို ရင္ထဲကေန လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္တယ္။ တခ်ဳိ႕ဆို ေျပာၾကတယ္ ဝမ္းသာလြန္းလို႔ မ်က္ရည္ေတာင္ က်တယ္ေပါ့ေနာ္။ က်ေနာ္တို႔ကို အစိုးရက ဒီလိုႀကီး ဂရုစိုက္တယ္ေပါ့ေနာ္၊ ဘယ္လို ေက်းဇူးတင္ေၾကာင္း ေျပာရမယ္မွန္း မသိေတာ့ဘူး ဘာလို႔ဆို က်ေနာ္တို႔က တအားကို အိမ္ျပန္ခ်င္ေနၾကတာေလ။ တကယ္လည္း အိမ္ျပန္ခြင့္ရေရာ ေျပာစရာစကားေတာင္ ေပ်ာက္သြားတယ္ တကယ္ေပ်ာ္လြန္းလို႔။ မိသားစုေတြနဲ႔ ဖုန္းဆက္တယ္ က်ေနာ္တို႔ ရန္ကုန္မွာရွိတယ္ဆုိၿပီးေတာ့။ သမီးေလးကလည္း တအားကို ေပ်ာ္ေနတာ၊ မာမီ ျမန္မာျပည္ ျပန္ေရာက္ၿပီဆိုၿပီးေတာ့ေလ .."

ျမန္မာအစိုးရက ေစလႊတ္လိုက္တဲ့ တပ္မေတာ္ ကယ္ဆယ္ေရးေလယာဥ္ေပၚမွာ စုစုေပါင္း (၄၃)ဦးပါဝင္ၿပီး၊ ျမန္မာႏိုင္ငံသား (၄၂)ဦးနဲ႔ နီေပါႏိုင္ငံသူ တဦးပါဝင္တာပါ။ နီေပါသူကေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအဖြဲ႔မွာ အလုပ္လုပ္ေနတဲ့ သူ႔အမ်ဳိးသားနဲ႔ သားသမီးေတြဆီ လိုက္လာတာလို႔ သိရပါတယ္။ ျမန္မာႏိုင္ငံသားေတြကေတာ့ နီေပါကို ဘုရားဖူးသြားသူေတြ၊ သံဃာေတာ္ေတြနဲ႔ သီလရွင္ေတြ ၊ ေက်ာင္းကိစၥနဲ႔ သြားသူေတြ ၊ နီေပါက ေဆြမ်ဳိးေတြဆီ အလည္အပတ္သြားသူေတြ ပါဝင္ၾကပါတယ္။

နီေပါႏိုင္ငံမွာ ပိတ္မိခဲ့ၿပီးေနာက္ ျပည္ေတာ္ျပန္လိုစိတ္ ျပင္းျပခဲ့ၿပီး ၊ တကယ္ လက္ေတြ႔ ျမန္မာႏုိင္ငံကို ျပန္ေရာက္လာတာေၾကာင့္ ေျပာမျပတတ္ေအာင္ ဝမ္းေျမာက္မိေၾကာင္း ကုိထြန္းေအာင္က ေျပာပါတယ္။

" အရမ္းပဲ ေပ်ာ္ပါတယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ အိမ္ ျပန္မေရာက္ေသးေပမဲ့လည္း ကိုယ့္ႏိုင္ငံထဲကို ျပန္ေရာက္ၿပီ ဆုိကတည္းက အရမ္းဝမ္းသာသြားတာေပါ့ ေနာ္ ။ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ပိတ္မိေနတဲ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံသား အားလုံးကို အမိေျမကို ျပန္လာဖို႔အတြက္ ႀကဳိးစားေပးၾကတဲ့ သက္ဆုိင္ရာ လူႀကီးမင္းမ်ားအားလုံးကို က်ေနာ္ အထူးပဲ ေက်းဇူးတင္ပါတယ္။ "

နီေပါႏိုင္ငံမွာ ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသားေတြကို ကယ္ထုတ္ဖို႔ ခပ္သ္မန္ဒူ ေလဆိပ္ကို ေသာၾကာမနက္ (၁၁)နာရီေလာက္ ေရာက္လာခဲ့တဲ့ ျမန္မာ့တပ္မေတာ္ ေလယာဥ္ ေပၚမွာ ျမန္မာႏိုင္ငံတြင္း ပိတ္မိေနတဲ့ နီေပါႏိုင္ငံသား (၂၆)ဦးကို တင္ေဆာင္လာခဲ့တယ္လို႔လည္း နီေပါႏိုင္ငံထုတ္ သတင္းစာေတြမွာ ေဖၚျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

နီပေါမှာ ကိုဗစ်ကြောင့် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာအစိုးရပြန်ခေါ်

(Unicode)

ကိုဗစ်ကပ်ရောဂါကြောင့် နီပေါနိုင်ငံမှာ ၂ လခွဲနီးပါးကြာ ပိတ်မိနေခဲ့တဲ့ မြန်မာနိုင်ငံသားတွေ ကယ်ဆယ်ရေးလေယာဉ်နဲ့ သောကြာနေ့ညနေပိုင်းက မြန်မာနိုင်ငံကို ပြန်ရောက်လာကြပြီဆိုတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က မေးမြန်း တင်ပြထားပါတယ်။

နီပေါနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ကာကယွ်နိုင်ရေးအတွက် မတ်လ(၂၃)ရက်နေ့ကစလို့ လူတွေ နေအိမ်အပြင်မထွက်ရ Lockdown အမိန့်ကို ချမှတ်လိုက်တာကြောင့် အကြောင်းအမျိုးမျိုးနဲ့ နီပေါနိုင်ငံထဲ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပိတ်မိသွားခဲ့တာပါ။
ပိတ်မိနေသူတွေထဲက တချို့ကို မေလ(၂၂)ရက်နေ့မှာ VOA မြန်မာပိုင်းက ဆက်သယွ်မေးမြန်း သတင်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။

အဲဒီလို ပိတ်မိရင်း မြန်မာပြည်ပြန်လိုပေမဲ့ ကယ်သူမဲ့ ဖြစ်နေရာကနေ အခုတော့ နီပေါမှာရှိတဲ့ မြန်မာသံရုံး၊ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်တို့ ဝိုင်းဝန်းစီစဉ်မှုကြောင့် ပိတ်မိနေတဲ့ မြန်မာတွေကို Fokker 70 အမျိုးအစား မြန်မာ့တပ်မတော်လေယာဉ်(MAF 003) နဲ့ နီပေါမြို့တော် ခပ်သ်မန်ဒူလေဆိပ်မှာ လာကြိုပေးတာကြောင့် ဇွန်လ(၅)ရက် သောကြာနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီ ဖြစ်တယ်လို့ နီပေါနိုင်ငံ Kathmandu School of Law တက္ကသိုလ်မှာ စာတမ်းပြုစုဖို့သွားရင်း ပိတ်မိနခေဲ့တဲ့ ကျောင်းသူ မသီတာစိုးက VOA ကိုရှင်းပြပါတယ်။

" ကျနော်တို့လည်း သတင်းထဲမှာပြောလိုက်တယ်ပေါ့ ၊ နီပေါမှာဆိုတော့ အိမ်ကိုလည်း တအား ပြန်ချင်တယ်ပေါ့နော်။ အစိုးရဘက်ကလည်း နဂိုထဲက စီစဉ်နေတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲဒီနောက်ပိုင်းကျတော့ သံရုံးကလည်း ကျနော်တို့ကို ဆက်သွယ်လာတယ်။ ပြန်မယ့်သူ ဘယ်နှစ်ယောက် ရှိသလဲပေါ့ ၊စာရင်း အတိအကျပို့ပေးပါဆိုတော့ ကျနော်က (၃၅) ယောက်စာရင်း ပို့လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ သူတို့က လေယာဉ်လာကြိုပေးဖို့ အခြေအနေဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ပြန်ပို့မယ်ဆိုရင် ကျနော်တို့ကို PCR test လုပ်ပြီးမှ ပို့မယ်ပေါ့။ PCR ဆိုတာက ကိုဗစ်ရှိမရှိ ကျနော်တို့ရဲ့ အာခေါင်တို့ဖတ်ကို ယူပြီးစစ်တာပေါ့။ အဲဒါနဲ့ သံရုံးမှာ ဇွန်လ(၂)ရက်နေ့က PCR test အခမဲ့ စစ်ပေးတယ်။ သံရုံးမှာပဲ နီပေါဆရာဝန်တွေက လာစစ်ပေးတာပါ။ ဆေးစစ်တဲ့ အဖြေက (၃)ရက်နေ့မှာ ရပါတယ်။ တော်သေးတယ် အားလုံးက negative အဖြေထွက်ကြတယ်။ ပြီးတော့ (၅)ရက်နေ့ လေယာဉ်လာကြိုမယ်ဆိုပြီး သံရုံးက ဖုန်းဆက်ပါတယ်။ သံရုံးကလည်း အားတက်သရော တအားကို ကူညီတယ် နောက်ဆုံး ၅ ရက်နေ့မှာ တပ်မတော်လေယာဉ်နဲ့ လာကြိုပါတယ် အခကြေးငွေလည်း ပေးစရာမလိုပဲ ပြန်လာလိုက်ရတယ်။ "

နီပေါမှာ လာကြိုပေးတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါလာခဲ့ပြီး အခုတော့ ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း ကွာရမ်တင်းစင်တာမှာ ရောက်နေတဲ့ တောင်ငူမြို့က ကိုထွန်းအောင်ကတော့ မြန်မာသံရုံးရဲ့ကူညီဆောင်ရွက်မှုတွေကို ပြောပြပါတယ်။

" VOA နဲ့ ကျနော်တို့ အင်တာဗျူးပြီးနောက်ပိုင်း ၂ ရက် ၊ ၃ ရက်လောက်မှာ သံရုံးကလူကြီးတွေက ကျနော်တို့ကို ဆက်သွယ်ပါတယ်။ မြန်မာနိုင်ငံခြားရေးဌာနက လုပ်နေပြီဆိုတဲ့အကြောင်း၊ အစိုးရလေယာဉ် လာကြိုမယ်လို့ ကျနော်တို့ကို သံရုံးက ဖုန်းဆက်ပါတယ်။ အဲဒီ သတင်းကြားတော့ ကျနော်တို့ အရမ်းပျော်သွားတယ် သံရုံးကလည်း ကျနော်တို့ကို ပတ်စ်ပို့ကိစ္စ ဗီဇာကိစ္စ အကုန်လုပ်ပေးတယ်။ လုပ်ပေးပြီးတော့ ကျနော်တို့ ဇွန်(၅)ရက်နေ့မှာ ပြန်နိုင်ခဲ့တယ်ပေါ့။ ကျနော်တို့ အခု ရန်ကုန်တက္ကသိုလ် အဓိပတိအဆောင်မှာ ကွာရမ်တင်း ဝင်နေပါတယ်။ အခင်းအကျင်းရော စားရေး သောက်ရေးရော အားလုံးအဆင်ပြေပါတယ်။ ကွာရမ်တင်းက ၂၁ ရက် ဒီမှာနေရမယ်။ ဒါပြီးရင် အိမ်ပြန်ရမယ် ထင်တယ်။ "

နီပေါက ပြန်လာသူတွေဟာ ကွာရမ်တင်းစင်တာမှာ (၂၁)ရက်နဲ့ အဲဒီနောက်ပိုင်း မိမိနေအိမ်မှာ (၇)ရက် သီးခြားခွဲနေကြရမှာဖြစ်ပါတယ်။

အခုလို အိမ်ပြန်ခွင့်ရရေး ဝိုင်းဝန်းကူညီခဲ့ကြတဲ့ VOA အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်မိကြောင်း မသီတာစိုးက ပြောပါတယ်။

" နီပေါမှာ ပိတ်မိနေသူတွေ ကိုယ်စားပြောရရင် တကယ်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်။ တချို့ဆို ပြောကြတယ် ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်ပေါ့နော်။ ကျနော်တို့ကို အစိုးရက ဒီလိုကြီး ဂရုစိုက်တယ်ပေါ့နော်၊ ဘယ်လို ကျေးဇူးတင်ကြောင်း ပြောရမယ်မှန်း မသိတော့ဘူး ဘာလို့ဆို ကျနော်တို့က တအားကို အိမ်ပြန်ချင်နေကြတာလေ။ တကယ်လည်း အိမ်ပြန်ခွင့်ရရော ပြောစရာစကားတောင် ပျောက်သွားတယ် တကယ်ပျော်လွန်းလို့။ မိသားစုတွေနဲ့ ဖုန်းဆက်တယ် ကျနော်တို့ ရန်ကုန်မှာရှိတယ်ဆိုပြီးတော့။ သမီးလေးကလည်း တအားကို ပျော်နေတာ၊ မာမီ မြန်မာပြည် ပြန်ရောက်ပြီဆိုပြီးတော့လေ .."

မြန်မာအစိုးရက စေလွှတ်လိုက်တဲ့ တပ်မတော် ကယ်ဆယ်ရေးလေယာဉ်ပေါ်မှာ စုစုပေါင်း (၄၃)ဦးပါဝင်ပြီး၊ မြန်မာနိုင်ငံသား (၄၂)ဦးနဲ့ နီပေါနိုင်ငံသူ တဦးပါဝင်တာပါ။ နီပေါသူကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့မှာ အလုပ်လုပ်နေတဲ့ သူ့အမျိုးသားနဲ့ သားသမီးတွေဆီ လိုက်လာတာလို့ သိရပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ နီပေါကို ဘုရားဖူးသွားသူတွေ၊ သံဃာတော်တွေနဲ့ သီလရှင်တွေ ၊ ကျောင်းကိစ္စနဲ့ သွားသူတွေ ၊ နီပေါက ဆွေမျိုးတွေဆီ အလည်အပတ်သွားသူတွေ ပါဝင်ကြပါတယ်။

နီပေါနိုင်ငံမှာ ပိတ်မိခဲ့ပြီးနောက် ပြည်တော်ပြန်လိုစိတ် ပြင်းပြခဲ့ပြီး ၊ တကယ် လက်တွေ့ မြန်မာနိုင်ငံကို ပြန်ရောက်လာတာကြောင့် ပြောမပြတတ်အောင် ဝမ်းမြောက်မိကြောင်း ကိုထွန်းအောင်က ပြောပါတယ်။

" အရမ်းပဲ ပျော်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အိမ် ပြန်မရောက်သေးပေမဲ့လည်း ကိုယ့်နိုင်ငံထဲကို ပြန်ရောက်ပြီ ဆိုကတည်းက အရမ်းဝမ်းသာသွားတာပေါ့ နော် ။ အကြောင်းအမျိုးမျိုးနဲ့ ပိတ်မိနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသား အားလုံးကို အမိမြေကို ပြန်လာဖို့အတွက် ကြိုးစားပေးကြတဲ့ သက်ဆိုင်ရာ လူကြီးမင်းများအားလုံးကို ကျနော် အထူးပဲ ကျေးဇူးတင်ပါတယ်။ "

နီပေါနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ခပ်သ်မန်ဒူ လေဆိပ်ကို သောကြာမနက် (၁၁)နာရီလောက် ရောက်လာခဲ့တဲ့ မြန်မာ့တပ်မတော် လေယာဉ် ပေါ်မှာ မြန်မာနိုင်ငံတွင်း ပိတ်မိနေတဲ့ နီပေါနိုင်ငံသား (၂၆)ဦးကို တင်ဆောင်လာခဲ့တယ်လို့လည်း နီပေါနိုင်ငံထုတ် သတင်းစာတွေမှာ ဖေါ်ပြကြပါတယ်။

XS
SM
MD
LG