သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဂ်ာ္ဒန္က ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ဖို႔ အကူအညီေတာင္းခံ


Jordan ႏိုင္ငံ Amman ၿမိဳ႕ ျမင္ကြင္း။ (မတ္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကမာၻ႔ကပ္ေရာဂါ႐ိုက္ခတ္မႈေၾကာင့္ ေဂ်ာ္ဒန္ႏုိင္ငံမွာ လုပ္ငန္းခြင္တခ်ိဳ႕ရပ္နားလိုက္ရခ်ိန္ ျမန္မာႏိုင္ငံသား အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ ဒုကၡေရာက္ေနၾကၿပီး ျမန္မာျပည္ကို အျမန္ဆံုးျပန္ေခၚေပးဖို႔ သက္ဆိုင္တဲ့ တာဝန္ရွိသူေတြကို ေတာင္းဆိုေနၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးပါမယ္။

Jordan ႏိုင္ငံ Amman ၿမိဳ႕ ျမင္ကြင္း။ (မတ္ ၂၁၊ ၂၀၂၀)
Jordan ႏိုင္ငံ Amman ၿမိဳ႕ ျမင္ကြင္း။ (မတ္ ၂၁၊ ၂၀၂၀)

COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၉ ဦးအထိရွိၿပီး ကူးစက္ခံရသူေပါင္း ၁,၀၀၀ ၀န္းက်င္အထိရွိတဲ့ ေဂ်ာ္ဒန္ႏုိင္ငံတြင္းမွာ ကပ္ေရာဂါကူးစက္ျပန္႔ပြားမႈကို ကာကြယ္တဲ့အေနနဲ႔ အထည္ခ်ဳပ္စက္ရံုအပါအဝင္ လုပ္ငန္းခြင္ေတာ္ေတာ္မ်ားမ်ား ရပ္နားလိုက္တဲ့ အတြက္ ေဂ်ာ္ဒန္နုိင္ငံသားေတြအပါအဝင္ ျပည္ပႏုိင္ငံေတြက အလုပ္လာလုပ္တဲ့ ႏိုင္ငံျခားသားအလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ၾကရတဲ့အထဲ ျမန္မာႏုိင္ငံသားေတာ္ေတာ္မ်ားမ်ားလည္း ပါဝင္ပါတယ္။

ေဂ်ာ္ဒန္ႏုိင္ငံ Amman ၿမိဳ႕ေတာ္ Al Karak ခ႐ိုင္က Camel & Vega ေဂ်ာ္ဒန္အထည္ခ်ဳပ္စက္႐ံုမွာ လြန္ခဲ့တဲ့ ၃ လကစလို႔ COVID-19 ေၾကာင့္ စက္႐ံုပိတ္လိုက္ၿပီးတဲ့ေနာက္ အဲ့ဒီ့မွာအလုပ္လုပ္ကိုင္တဲ့ ျမန္မာအလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ကုန္ၾကၿပီး ဒုကၡေရာက္ေနၾကတယ္လုိ႔ ျမန္မာအလုပ္သမားေတြက ဗီြအိုေအျမန္မာပိုင္းကိုေျပာပါတယ္။ အထည္ခ်ဳပ္အလုပ္သမ တဦးျဖစ္တဲ့ မမို႔မို႔ခိုင္က သူတို႔ ရင္ဆိုင္ၾကံဳေတြ႔ေနရတဲ့ အခက္အခဲေတြကို အခုလိုေျပာျပပါတယ္။

"အဓိကျပႆနာက ညီမတို႔ အခုပိုက္ဆံမရဘဲနဲ႔ ဒီမွာထိုင္ေနၾကရတာ သံုးလေက်ာ္သြားၿပီ။ အဲ့ဒီ့အတြက္ကို ညီမတို႔ အေတာ္ေလး အခက္ခဲျဖစ္ေနပါတယ္အမ။ သူတို႔က စက္႐ံုစပိတ္တုန္းကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေရာဂါကူးမွာစိုးလို႔ ခဏနားမယ္ စက္႐ံုခဏပိတ္မယ္ဆိုၿပီး သူတို႔ ပိတ္ပစ္လိုက္တာ။ ျမန္မာအလုပ္သမား အားလံုးေပါင္း - ၁,၇၀၂ ေယာက္ရွိပါတယ္ အတိအက်ဆိုရင္။ ညီမတို႔ဟာ အလုပ္သမား႐ံုးမွာ မွတ္တမ္းဝင္ၿပီး လက္မွတ္ထိုးၿပီးေတာ့မွ တရားဝင္ ထြက္လာၾကတဲ့သူေတြပါ။ အခု အဓိကကေတာ့ ဝင္ေငြလည္း မရွိဘူး၊ အလုပ္လည္း မရွိဘူးဆိုေတာ့ေငြေရးေၾကးေရး အေတာ္ေလး အခက္ခဲျဖစ္လာၾကပါတယ္။ အေသးသံုးကအစ ညီမတို႔မွာ ဘာမွကို မရွိဘူး ေနာက္ဆံုးေျပာရရင္ တယ္လီဖုန္းေဘလ္ေတာင္ မရွိေတာ့ဘူး။ ဖုန္းေဘလ္မရွိေတာ့ အိမ္နဲ႔လည္း အဆက္အသြယ္ျပတ္ၿပီး မိသားစုကလည္း စိုးရိမ္လာၾကတယ္။"

သူတို႔လုပ္ခဲ့တဲ့ စက္႐ံုဘက္က အေတြ႔မခံသလို သြားေတြ႔ဖို႔ကလည္း အခက္အခဲရွိတယ္လို႔ သူကေျပာပါတယ္။ ေဂ်ာ္ဒန္ႏုိင္ငံမွာ ျမန္မာသံ႐ံုး မရွိတာေၾကာင့္ အစၥေရးလ္ႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးကုိ အကူအညီ ေတာင္းခဲ့တယ္လုိ႔လည္း မမို႔မို႔ခုိင္ကေျပာပါတယ္။

(ဓာတ္ပံု - Myanmar Embassy in Israel)
(ဓာတ္ပံု - Myanmar Embassy in Israel)

"စက္႐ံုဘက္ကလည္း လံုးဝ အေတြ႔မခံပါဘူး။ ညီမတို႔က အဲ့တာေၾကာင့္ အစၥေရးလ္သံရံုးရဲ႕ ပို႔စ္ေတြ ေကာ္မန္႔ေတြမွာ အကူအညီေတြသြားေတာင္းၾကတယ္။ ဝင္ေရးၾကတယ္၊ မက္ေဆ့ေတြပို႔ၾကတယ္။ reply ျပန္တာရွိတယ္၊ မျပန္တာလည္းရွိတယ္။ သူတုိ႔ျပန္တဲ့ဟာဆိုလည္း သူတို႔ျပန္ဆက္သြယ္ေပးပါ့မယ္၊ ဒီဘက္နဲ႔ ညိႇႏိႈင္းေပးပါ့မယ္ ဆိုတဲ့စာတန္းေလးေတြပဲ စာျပန္ပို႔ခဲ့တယ္။ ညီမတို႔ေစာင့္ေနၾကရတာ ၃ လပိုင္း ၁၇ ရက္ကေနစၿပီး စက္႐ံုပိတ္တာ အခုပဲ ၆ လပိုင္း ၂၀ ေက်ာ္ၿပီဆိုေတာ့ သံုးလေက်ာ္ေနပါၿပီ။ ညီမတို႔ အကုန္လံုးရဲ႕ အဓိက ဆႏၵကေတာ့ ျပန္ခ်င္တာပဲ ရွိတယ္။ ဝင္ေငြက လံုးဝ မရွိေတာ့ ရပ္တည္ဖို႔တာလည္း မလြယ္ေတာ့ဘူး။ ညီမတို႔က မိသားစုကို ေထာက္ပံ့ဖို႔ ဒီကိုထြက္လာတာ အခုဝင္ေငြ မရွိေတာ့ မိသားစုကိုလည္း ေထာက္ပံ့လို႔ မရေတာ့ဘူး။ အိမ္ျပန္ရင္ေတာ့ မိသားစုကို တနည္းနည္းနဲ႔ဆက္ ေထာက္ပံ့ႏုိင္မယ္ သူတို႔လည္း စိတ္ပူသက္သာမွာပါ။ အဲ့ဒါေၾကာင့္ျပန္ခ်င္ၾကတယ္။"

ျမန္မာအစိုးရဘက္က ျပည္ပေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြကို အျမန္ဆံုးျပန္ေခၚေနသလို ေဂ်ာ္ဒန္မွာ ဒုကၡေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြကိုလည္း လူသားခ်င္းစာနာေသာအားျဖင့္ အျမန္ဆံုးျပန္ေခၚေစခ်င္ပါတယ္လို႔ အထည္ခ်ဳပ္စက္႐ံု လုပ္သား တဦးျဖစ္တဲ့ ကိုျပည့္ၿဖိဳးေဇာ္က ေတာင္းဆိုပါတယ္။

"က်ေနာ္တို႔ျဖစ္ေစခ်င္တာက ျမန္မာႏုိင္ငံျခားေရး ဝန္ၾကီးဌာနအေနနဲ႔ ေဂ်ာ္ဒန္အစိုးရနဲ႔ ဆက္သြယ္ခ်ိတ္ဆက္ေပးၿပီး က်ေနာ္တို႔ကို ျမန္မာႏုိင္ငံကို အျမန္ဆံုးျပန္လို႔ရေအာင္ ကူညီေပးပါလို႔က်ေနာ္တို႔က အႏူးအညႊတ္ ေတာင္းဆိုခ်င္ပါတယ္။ သက္ဆုိင္သူအားလံုးကို ေတာင္းပန္ခ်င္တာကေတာ့ က်ေနာ္တို႔ေတြ ျမန္မာႏုိင္ငံကို အျမန္ဆံုးျပန္ခ်င္ပါတယ္။ က်ေနာ္တို႔ ျပည္ပမွာေရာက္ေနတဲ့ ကိုယ့္ျမန္မာႏုိင္ငံသားေတြကို ျပန္ၿပီး တခ်က္ေလးေလာက္ ၾကည့္ေပးၾကပါလို႔။ ျပည္ပမွာေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ ေတာ္ေတာ္ကို ဒုကၡေရာက္ေနၾကပါတယ္။ က်ေနာ္တို႔ ျမန္မာႏုိင္ငံကို ျမန္ျမန္ျပန္လာခ်င္ပါတယ္။ က်ေနာ္တို႔ မဲေပးခြင့္လည္း ရခ်င္ပါတယ္လို႔။

က်ေနာ္တို႔ လွမ္းအေၾကာင္းၾကားတာကို ဒီေန႔ေတာ့ သံ႐ံုးဘက္က ေဂ်ာ္ဒန္မွာ ေလဆိပ္ပိတ္ေနတဲ့အတြက္ သူတို႔ျပန္ေခၚလို႔မရေသးဘူး။ ဖြင့္တဲ့အခါက်ရင္ သူတို႔ျပန္ေခၚမယ္လို႔ေျပာတယ္ဗ်။ ဒါေပမဲ့ က်ေနာ္တို႔ကလည္း ဒီမွာလုပ္ေနရတာလည္း ဘယ္လိုမွ အဆင္မေျပဘူး။ သံရံုးက ဆက္သြယ္တယ္၊ ေမးျမန္းစံုစမ္းတယ္ဆိုတာလည္း HR ျမန္မာတာဝန္ခံကိုပဲေမးတာ။ တကယ္တမ္း ေအာက္ေျခက ဝန္ထမ္းအလုပ္သမားေတြရဲ႕ အခက္အခဲကို မသိဘူး။ ဒါေၾကာင့္ တကယ့္တကယ္ ျမန္မာသံ႐ံုးဘက္ကေနၿပီးေတာ့ ဆက္သြယ္မယ္ဆိုရင္ က်ေနာ္တို႔ အလုပ္သမားေတြဆီကိုပဲ တုိက္႐ိုက္ ဆက္သြယ္ေပးေစခ်င္ပါတယ္ခင္ဗ်ာ။"

အစၥေရးလ္ႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးရဲ႕ ဇြန္လ ၂၆ ရက္ေန႔က ထုတ္ျပန္ခ်က္ထဲမွာေတာ့ ေဂ်ာ္ဒန္ႏိုင္ငံမွာ ေလဆိပ္နဲ႔ ေလေၾကာင္းေတြ ျပန္လည္ဖြင့္လွစ္တဲ့အခ်ိန္မွာ သက္ဆိုင္ရာ အလုပ္သမားရွာေဖြေရးကုမၸဏီက စီစဥ္ေပးမယ့္ ေလေၾကာင္းလိုင္းနဲ႔ ျမန္မာႏိုင္ငံေတာ္ အစိုးရဘက္က စီစဥ္တဲ့ ကယ္ဆယ္ေရးေလယာဥ္တို႔ ခ်ိတ္ဆက္ ထြက္ခြာႏိုင္ေအာင္ ညႇိႏႈိင္းေဆာင္႐ြက္ေပးသြားမယ္လုိ႔ ေျပာထားပါတယ္။ ေဂ်ာ္ဒန္န္ိုင္ငံနဲ႔ ျမန္မာအစိုးရၾကား တရားဝင္သံတမန္အဆက္အသြယ္မရွိေပမဲ့ အစၥေရးလ္ႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုးဘက္က ျမန္မာႏုိင္ငံသားေတြအတြက္ မူေဘာင္အတြင္းကေန ေဆာင္ရြက္ေပးေနတယ္လုိ႔လည္း ေျပာပါတယ္။

အစၥေရးလ္ႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးက တာဝန္ရွိသူေတြနဲ႔ ေဂ်ာ္ဒန္မွာရွိတဲ့ စက္႐ုံေတြက ဝန္ထမ္းေရးရာ တာဝန္ခံေတြ ဧၿပီလနဲ႔ ဇြန္လတြင္း (၂) ႀကိမ္ အြန္လိုင္းကေန ေဆြးေႏြးၿပီး အလုပ္သမားေတြကို အစားအေသာက္ ေလာက္ငွေအာင္ေကြၽးေမြးဖို႔နဲ႔ အမ်ိဳးသမီး ကိုယ္ဝန္ေဆာင္ေတြရဲ႕ ကေလးမီးဖြားစရိတ္ကိစၥေတြအထိ အေသးစိတ္ ေဆြးေႏြးမွာၾကားခဲ့တယ္လို႔လည္း သံ႐ံုးထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ေနာက္ထပ္ အေသးစိတ္သိရွိႏိုင္ဖို႔အတြက္ Tel Aviv အေျခစိုက္ အစၥေရးလ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ံုးကို ဗီြအိုေအက တယ္လီဖုန္းဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံေျဖဆိုသူ မရွိခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျော်ဒန်က မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဖို့ အကူအညီတောင်းခံ

COVID-19 ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုကြောင့် ဂျော်ဒန်နိုင်ငံမှာ လုပ်ငန်းခွင်တချို့ရပ်နားလိုက်ရချိန် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို တောင်းဆိုနေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၉ ဦးအထိရှိပြီး ကူးစက်ခံရသူပေါင်း ၁,၀၀၀ ဝန်းကျင်အထိရှိတဲ့ ဂျော်ဒန်နိုင်ငံတွင်းမှာ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တဲ့အနေနဲ့ အထည်ချုပ်စက်ရုံအပါအဝင် လုပ်ငန်းခွင်တော်တော်များများ ရပ်နားလိုက်တဲ့ အတွက် ဂျော်ဒန်နိုင်ငံသားတွေအပါအဝင် ပြည်ပနိုင်ငံတွေက အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကြရတဲ့အထဲ မြန်မာနိုင်ငံသားတော်တော်များများလည်း ပါဝင်ပါတယ်။

ဂျော်ဒန်နိုင်ငံ Amman မြို့တော် Al Karak ခရိုင်က Camel & Vega ဂျော်ဒန်အထည်ချုပ်စက်ရုံမှာ လွန်ခဲ့တဲ့ ၃ လကစလို့ COVID-19 ကြောင့် စက်ရုံပိတ်လိုက်ပြီးတဲ့နောက် အဲ့ဒီ့မှာအလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီး ဒုက္ခရောက်နေကြတယ်လို့ မြန်မာအလုပ်သမားတွေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။ အထည်ချုပ်အလုပ်သမ တဦးဖြစ်တဲ့ မမို့မို့ခိုင်က သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အခုလိုပြောပြပါတယ်။

"အဓိကပြဿနာက ညီမတို့ အခုပိုက်ဆံမရဘဲနဲ့ ဒီမှာထိုင်နေကြရတာ သုံးလကျော်သွားပြီ။ အဲ့ဒီ့အတွက်ကို ညီမတို့ အတော်လေး အခက်ခဲဖြစ်နေပါတယ်အမ။ သူတို့က စက်ရုံစပိတ်တုန်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါကူးမှာစိုးလို့ ခဏနားမယ် စက်ရုံခဏပိတ်မယ်ဆိုပြီး သူတို့ ပိတ်ပစ်လိုက်တာ။ မြန်မာအလုပ်သမား အားလုံးပေါင်း - ၁,၇၀၂ ယောက်ရှိပါတယ် အတိအကျဆိုရင်။ ညီမတို့ဟာ အလုပ်သမားရုံးမှာ မှတ်တမ်းဝင်ပြီး လက်မှတ်ထိုးပြီးတော့မှ တရားဝင် ထွက်လာကြတဲ့သူတွေပါ။ အခု အဓိကကတော့ ဝင်ငွေလည်း မရှိဘူး၊ အလုပ်လည်း မရှိဘူးဆိုတော့ငွေရေးကြေးရေး အတော်လေး အခက်ခဲဖြစ်လာကြပါတယ်။ အသေးသုံးကအစ ညီမတို့မှာ ဘာမှကို မရှိဘူး နောက်ဆုံးပြောရရင် တယ်လီဖုန်းဘေလ်တောင် မရှိတော့ဘူး။ ဖုန်းဘေလ်မရှိတော့ အိမ်နဲ့လည်း အဆက်အသွယ်ပြတ်ပြီး မိသားစုကလည်း စိုးရိမ်လာကြတယ်။"

သူတို့လုပ်ခဲ့တဲ့ စက်ရုံဘက်က အတွေ့မခံသလို သွားတွေ့ဖို့ကလည်း အခက်အခဲရှိတယ်လို့ သူကပြောပါတယ်။ ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံး မရှိတာကြောင့် အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အကူအညီ တောင်းခဲ့တယ်လို့လည်း မမို့မို့ခိုင်ကပြောပါတယ်။

"စက်ရုံဘက်ကလည်း လုံးဝ အတွေ့မခံပါဘူး။ ညီမတို့က အဲ့တာကြောင့် အစ္စရေးလ်သံရုံးရဲ့ ပို့စ်တွေ ကော်မန့်တွေမှာ အကူအညီတွေသွားတောင်းကြတယ်။ ဝင်ရေးကြတယ်၊ မက်ဆေ့တွေပို့ကြတယ်။ reply ပြန်တာရှိတယ်၊ မပြန်တာလည်းရှိတယ်။ သူတို့ပြန်တဲ့ဟာဆိုလည်း သူတို့ပြန်ဆက်သွယ်ပေးပါ့မယ်၊ ဒီဘက်နဲ့ ညှိနှိုင်းပေးပါ့မယ် ဆိုတဲ့စာတန်းလေးတွေပဲ စာပြန်ပို့ခဲ့တယ်။ ညီမတို့စောင့်နေကြရတာ ၃ လပိုင်း ၁၇ ရက်ကနေစပြီး စက်ရုံပိတ်တာ အခုပဲ ၆ လပိုင်း ၂၀ ကျော်ပြီဆိုတော့ သုံးလကျော်နေပါပြီ။ ညီမတို့ အကုန်လုံးရဲ့ အဓိက ဆန္ဒကတော့ ပြန်ချင်တာပဲ ရှိတယ်။ ဝင်ငွေက လုံးဝ မရှိတော့ ရပ်တည်ဖို့တာလည်း မလွယ်တော့ဘူး။ ညီမတို့က မိသားစုကို ထောက်ပံ့ဖို့ ဒီကိုထွက်လာတာ အခုဝင်ငွေ မရှိတော့ မိသားစုကိုလည်း ထောက်ပံ့လို့ မရတော့ဘူး။ အိမ်ပြန်ရင်တော့ မိသားစုကို တနည်းနည်းနဲ့ဆက် ထောက်ပံ့နိုင်မယ် သူတို့လည်း စိတ်ပူသက်သာမှာပါ။ အဲ့ဒါကြောင့်ပြန်ချင်ကြတယ်။"

မြန်မာအစိုးရဘက်က ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးပြန်ခေါ်နေသလို ဂျော်ဒန်မှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လူသားချင်းစာနာသောအားဖြင့် အမြန်ဆုံးပြန်ခေါ်စေချင်ပါတယ်လို့ အထည်ချုပ်စက်ရုံ လုပ်သား တဦးဖြစ်တဲ့ ကိုပြည့်ဖြိုးဇော်က တောင်းဆိုပါတယ်။

"ကျနော်တို့ဖြစ်စေချင်တာက မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ ဂျော်ဒန်အစိုးရနဲ့ ဆက်သွယ်ချိတ်ဆက်ပေးပြီး ကျနော်တို့ကို မြန်မာနိုင်ငံကို အမြန်ဆုံးပြန်လို့ရအောင် ကူညီပေးပါလို့ကျနော်တို့က အနူးအညွှတ် တောင်းဆိုချင်ပါတယ်။ သက်ဆိုင်သူအားလုံးကို တောင်းပန်ချင်တာကတော့ ကျနော်တို့တွေ မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ချင်ပါတယ်။ ကျနော်တို့ ပြည်ပမှာရောက်နေတဲ့ ကိုယ့်မြန်မာနိုင်ငံသားတွေကို ပြန်ပြီး တချက်လေးလောက် ကြည့်ပေးကြပါလို့။ ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ တော်တော်ကို ဒုက္ခရောက်နေကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကို မြန်မြန်ပြန်လာချင်ပါတယ်။ ကျနော်တို့ မဲပေးခွင့်လည်း ရချင်ပါတယ်လို့။

ကျနော်တို့ လှမ်းအကြောင်းကြားတာကို ဒီနေ့တော့ သံရုံးဘက်က ဂျော်ဒန်မှာ လေဆိပ်ပိတ်နေတဲ့အတွက် သူတို့ပြန်ခေါ်လို့မရသေးဘူး။ ဖွင့်တဲ့အခါကျရင် သူတို့ပြန်ခေါ်မယ်လို့ပြောတယ်ဗျ။ ဒါပေမဲ့ ကျနော်တို့ကလည်း ဒီမှာလုပ်နေရတာလည်း ဘယ်လိုမှ အဆင်မပြေဘူး။ သံရုံးက ဆက်သွယ်တယ်၊ မေးမြန်းစုံစမ်းတယ်ဆိုတာလည်း HR မြန်မာတာဝန်ခံကိုပဲမေးတာ။ တကယ်တမ်း အောက်ခြေက ဝန်ထမ်းအလုပ်သမားတွေရဲ့ အခက်အခဲကို မသိဘူး။ ဒါကြောင့် တကယ့်တကယ် မြန်မာသံရုံးဘက်ကနေပြီးတော့ ဆက်သွယ်မယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေဆီကိုပဲ တိုက်ရိုက် ဆက်သွယ်ပေးစေချင်ပါတယ်ခင်ဗျာ။"

အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာတော့ ဂျော်ဒန်နိုင်ငံမှာ လေဆိပ်နဲ့ လေကြောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာ သက်ဆိုင်ရာ အလုပ်သမားရှာဖွေရေးကုမ္ပဏီက စီစဉ်ပေးမယ့် လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံတော် အစိုးရဘက်က စီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ်တို့ ချိတ်ဆက် ထွက်ခွာနိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောထားပါတယ်။ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြား တရားဝင်သံတမန်အဆက်အသွယ်မရှိပေမဲ့ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က မြန်မာနိုင်ငံသားတွေအတွက် မူဘောင်အတွင်းကနေ ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ ဂျော်ဒန်မှာရှိတဲ့ စက်ရုံတွေက ဝန်ထမ်းရေးရာ တာဝန်ခံတွေ ဧပြီလနဲ့ ဇွန်လတွင်း (၂) ကြိမ် အွန်လိုင်းကနေ ဆွေးနွေးပြီး အလုပ်သမားတွေကို အစားအသောက် လောက်ငှအောင်ကျွေးမွေးဖို့နဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်တွေရဲ့ ကလေးမီးဖွားစရိတ်ကိစ္စတွေအထိ အသေးစိတ် ဆွေးနွေးမှာကြားခဲ့တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ နောက်ထပ် အသေးစိတ်သိရှိနိုင်ဖို့အတွက် Tel Aviv အခြေစိုက် အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗွီအိုအေက တယ်လီဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုသူ မရှိခဲ့ပါဘူး။

XS
SM
MD
LG