သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတချို့ ပြန်လွှဲပြောင်းပေး


တရုတ်ပြည်မှ လွှဲပြောင်းပေးသူများ နားနေရာ ပဉ္စဝဂ္ဂီဘုရားကျောင်း Qurantine စခန်း (မူဆယ်) (ဓာတ်ပုံ - Thaung Tun)
တရုတ်ပြည်မှ လွှဲပြောင်းပေးသူများ နားနေရာ ပဉ္စဝဂ္ဂီဘုရားကျောင်း Qurantine စခန်း (မူဆယ်) (ဓာတ်ပုံ - Thaung Tun)

[Zawgyi/Unicode]

တရုတ်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၄၀ ဦးကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်အာဏာပိုင်တွေက မြန်မာနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ COVID-19 ရောဂါဆိုင်ရာ ထောက်ခံချက်ပါတဲ့လူတွေကို သာ မြန်မာနိုင်ငံဘက်က ပြန်လက်ခံခဲ့တာလို့ မူဆယ်ခရိုင် တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

တရုတ်ပြည်မှ လွှဲပြောင်းပေးသူများ နားနေရာ ပဉ္စဝဂ္ဂီဘုရားကျောင်း Qurantine စခန်း (မူဆယ်) (ဓာတ်ပုံ - Thaung Tun)
တရုတ်ပြည်မှ လွှဲပြောင်းပေးသူများ နားနေရာ ပဉ္စဝဂ္ဂီဘုရားကျောင်း Qurantine စခန်း (မူဆယ်) (ဓာတ်ပုံ - Thaung Tun)

တရုတ် မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်လွှဲပြောင်းပေးတဲ့သူ ၁၄၀ ကို မူဆယ်မြို့ COVID-19 ရောဂါ ကာကွယ်ထိန်ချုပ်ကုသရေး၊ ပို့ဆောင်ရေး ဆပ်ကော်မတီကနေ စီစစ်နေတယ်လို့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရဲ့လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့နဲ့ တရုတ်နဲ့ နားလည်မှု နှစ်ဖွဲ့ ညှိနှိုင်းထားတာ ရှိတယ်။ သူတို့ဘက်က ကျန်းမာရေးကောင်းမှ ကျနော်တို့ လက်ခံမယ်ဆိုပြီးတော့ ဒါ ရောဂါစဖြစ်ကတည်းကလေ။ ကျန်းမာရေးကောင်းတဲ့ ထောက်ခံချက် အာမခံချက်ပါမှ ကျနော်တို့က ပြန်လွှဲတာပေါ့။ ပြန်လွှဲတော့ စုစုပေါင်း ၁၄၀ ပေါ့ မနေ့က။ လွှဲပြီးတော့ ကျနော်တို့ ဒီမှာရှိတဲ့ Facility Quarantine နေရာပေါ့။ အဲဒီမှာထားပါတယ်။ နေရပ်လိပ်စာစာရင်းတွေ ဘာတွေကောက်ပြီးတော့မှ ဒီနေ့တော့ပြန်လွှတ်ဖို့ အခုမြို့နယ် COVID အဖွဲ့ကတော့ လုပ်နေတယ်ဗျ။”

တရုတ်အာဏာပိုင်တွေကနေ ပြန်လည်လွှဲပြောင်းသူအထဲမှာ အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၆၁ ဦး ပါဝင်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့ ရဲဌာန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွတ်ရေးဌာနက တာဝန်ရှိသူတွေကနေ မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေကိုလွှဲပြောင်းပေးခဲ့တာပါ။

မူဆယ်မြို့COVID-19 ရောဂါ ကာကွယ်ထိန်ချုပ်ကုသရေး၊ ပို့ဆောင်ရေး ဆပ်ကော်မတီကနေ ကျန်းမာရေးစိစစ်ပြီးတဲ့ သူတချို့ ဒီမနက်မှာ နေရပ်ပြန်လည်ပို့ဆောင်လိုက်ပြီးလို့ ကော်မီတီအဖွဲ့ဝင် ဦးသောင်းထွန်းကပြောပါတယ်။

“တရုတ်နိုင်ငံကလွှဲပြောင်းတဲ့ ၁၄၀ က ဒီနေ့မနက် ရှမ်းပြည်နယ်အတွင်းက အားလုံးတော့ အခု ၆၈ ယောက်ပြန်ကြပြီဗျ။ ကျန်တဲ့သူတွေက ပြည်နယ်အပတွေကို မနက်ဖြန်မှပြန်လို့ရမယ်ဗျ။ အားလုံးဆေးစစ်ပါတယ်ဗျ။ ကျန်းမာရေးဌာနက ဆေးလာစစ်ပါတယ်ဗျ။ စစ်ပြီးပြီးလို့ရှိရင်အားလုံးပြန်လွှတ်ပါတယ်ဗျ။ သူတို့ရဲ့ ရပ်ဌာနကိုရောက်တဲ့အခါမှသာ Quarantine ပြန်ထားတာပေါ့နော်။”

ပြန်လည်လွှဲပြောင်းလာသူ ၁၄၀ ဦးကတော့ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးကသူတွေဖြစ်ကြပါတယ်။

COVID-19 ရောဂါကူးစက်မှု ဖြစ်ပွါးနေဆဲအခြေအနေကြောင့် တရုတ်နိုင်ငံအာဏာပိုင်တွေကနေ နယ်စပ်အဝင်အထွက် ကြပ်မတ်နေပြီး၊ တရားမဝင် ဝင်ရောက်သူတွေကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ ရွှေလီမြို့လူမှုကူညီရေး အဖွဲ့တာဝန်ခံဦးစိန်တင့်ကပြောပါတယ်။

“သူတို့က စာအုပ်တွေရှိတယ်ဆို သူတို့အဝင်ရိုက်ထားတယ်ဆိုရင် သူတို့က မဖမ်းဘူး။ ခြံကျော်ဝင်တဲ့သူတွေ ဒီဘက်မှာ အထောက်ထားမဲ့သူတွေ တံဆိပ်တုံး ပိတ်ထားတယ်။အဝင်မရှိဘဲနဲ့ အထွက်ပြထားပြီးမှ ပြန်ဝင်ထားတဲ့သူတွေကို ဖမ်းတယ်။ အဲဒီလူတွေကိုဗမာပြည်ထဲပြန်ပို့တယ်။”

လက်ရှိမှာ တရုတ်နိုင်ငံအတွင်း နေထိုင်ခွင့်ရှိသူမှအပ နေထိုင်ခွင့်စာအုပ် ရက်ကျော်နေသူတွေကိုလည်း ပြန်လည်ထွက်ခွာ ခွင့်ပြုနေပြီး နေထိုင်ခွင့်မရှိသူတွေကို တွေ့ရှိရင်တော့ တရုတ်နိုင်ငံ လဝက ဥပဒေအရ ဖမ်းဆီးအရေးယူမှုတွေ ရှိနေပါတယ်။

တရုတ်နိုင်ငံ ယူနန်၊ ဟူဘေး စတဲ့ ပြည်နယ် ၇ ခုမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်လောက်ကို ပြီးခဲ့တဲ့ မေလ ၆ ရက် နဲ့ ၇ ရက်မှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ် နန်းတော်နယ်စပ်ဂိတ်ကနေတဆင့် တရုတ်အာဏာပိုင်တွေကနေ ပြန်လွှဲပေးခဲ့ပါတယ်။

နှစ်နိုင်ငံအစီအစဉ်နဲ့ တရုတ်နယ်စပ်ဂိတ်တွေကနေတဆင့် ပြန်ပို့သူအရေအတွက် မြန်မာနိုင်ငံသား ၂၀,၀၀၀ နီးပါးအထိ ရှိပြီး အခုချိန်အထိမြန်မာနိုင်ငံထဲကို ပြန်လည် ဝင်ရောက်လာတဲ့ သူတွေရှိနေဆဲပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]











မူဆယ်နန်းတော်နယ်စပ်ဂိတ် (ဓာတ်ပုံ- စိုင်းမိန်း)
မူဆယ်နန်းတော်နယ်စပ်ဂိတ် (ဓာတ်ပုံ- စိုင်းမိန်း)




XS
SM
MD
LG