သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေနာင္း- ေကာ့ေသာင္း ေရလမ္းကျပန္လာတဲ့ ျမန္မာေတြၾကား ကုိဗစ္ကူးစက္သူမရွိ


(ဓါတ္ပံု- FED)

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ ရေနာင္းေကာ့ေသာင္း ေရလမ္းကေန ေနရပ္ျပန္လာသူ ျမန္မာႏိုင္ငံသားေတြ ၇၀၀ နီးပါး ရိွေနျပီး အဲဒီထဲမွာ COVID -19 ဓါတ္ခဲြနမူနာယူရလဒ္ေတြ စစ္ေဆးျပီးသမ်ွ အားလံုးေရာဂါပိုး မေတြ႔ဘူးဆိုတဲ့ သတင္းကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထိုင္းႏိုင္ငံအတြင္း COVID-19 အေရးေပၚကာလမွာ အလုပ္လက္မဲ့ျဖစ္လို ေနရပ္ျပန္သူေတြထဲက ထိုင္းျမန္မာနယ္စပ္ ရေနာင္းေကာ့ေသာင္း ေရလမ္းကေန ေနရပ္ျပန္သူ ၇၀၀ နီးပါး ရွိတာပါ။ ဒီလူေတြဆီက ဓါတ္ခဲြနမူနာယူၿပီး ကိုဗစ္ေရာဂါပုိးရွိ၊ မရွိ ျမန္မာႏုိင္္ငံ ရန္ကုန္ၿမိဳ႕ကုိ ပို႔ၿပီး စစ္ေဆးခဲ့ပါတယ္။

အဲဒီထဲမွာ COVID -19 ဓါတ္ခဲြနမူနာယူ ရလဒ္ေတြ စစ္ေဆးျပီးသမ်ွ အားလံုး ေရာဂါပိုး မေတြ႔ဘူးလို႔ ေကာ့ေသာင္းျမိဳ႕ ပညာေရးနဲ႔ ဖြံျဖိဳးေရးေဖာင္ေဒးရွင္းရဲ႕ ပညာေပးေရးစင္တာ တာ၀န္ခံဦးမိုးေ၀က ေျပာပါတယ္။

"နယ္ေျမျဖတ္ေက်ာ္ခြင့္ကေတာ့ မရေသးဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေကာ့ေသာင္းျဖတ္သန္းတာနဲ႔ နယ္စပ္ျဖတ္တာနဲ႔ အပူခ်ိန္တိုင္းတယ္။ က်န္းမာေရးစစ္ေဆးတယ္။ ကိုယ္၀န္ေဆာင္မိခင္ဆုိက်န္းမာေရးအဖဲြ႔ေတြက က်န္းမာေရး စစ္ေဆးေပးတယ္။ ေကာ့ေသာင္းမွာ ယာယီေစာင့္ႀကည့္ေနရာမွာ ထားေပးတယ္။ တကယ္လု့ိအခ်ိန္မွီရင္ တနသၤာရီတုိင္းဆိုရင္ တနသၤာရီတုိင္းေဒသႀကီးကို စာရင္းနဲ႔တကြ ပို႔ေပးတယ္။ ေကာ့ေသာင္း ေဒသခံဆုိရင္ ဒီေနရာမွာဆုိရင္ေတာ့ ဒီမွာပဲ ထားျပီး က်န္းမာေရးစစ္ေဆးမႈ ယူတယ္ျပီးေတာ့ စစ္ေဆးခ်က္ကုိ ရန္ကုန္ကုိ ပုိ႔တယ္။ က်ေနာ္တုိ႔ေကာ့ေသာင္းနဲ႔ တနသၤာရီတုိင္းခရိုင္ တခုလံုးကေတာ့ အခုထိ ပုိးစစ္ေဆးခ်က္ေတြမွာ အခုထိ အားလံုးပုိးမေတြ႔ေသးဘူး။ ၿပီးခဲ့တဲ့အေခါက္ ၁၀၀ေက်ာ္ထဲ မွာလည္း ပုိးမေတြ႔ဘူး။ လာတာက ၁၇၈ ေယာက္ ဒုတိယအႀကိမ္မွာ ၄၀ ေက်ာ္ ေနာက္အႀကိမ္ေတြမွာ လူ ၁၀၀ ေက်ာ္ေတြခ်ည္းပဲ အားလံုးေပါင္းလူ အခုဆိုရင္ ၇၀၀ ေလာက္ေတာ့ရွိျပီ။"

ထုိင္းေတာင္ပိုင္းက အလုပ္လက္မဲ့ျဖစ္သူေတြကေတာ့ ျမန္မာသံရံုးက စီစဥ္ေပးတဲ့ ကားေတြနဲ႔ ဘန္ေကာက္အေ၀းေျပးကားဂိတ္ကေန မဲေဆာက္ျမ၀တီလမ္းကေန ျပန္ဖို႔ ေ၀းတာေႀကာင့္ တနသၤာရီတုိင္းဘက္ကေန ျပန္ၾကတာေတြ ရွိတယ္လို႔လည္း ဆုိပါတယ္။

"အလုပ္လက္မဲ့ အလုပ္ျပဳတ္တဲ့သူေတြလာတယ္။ အမ်ားဆံုးက ဖူးခက္က လာတယ္။ ကပိ ၊ဖန္းင ၊စူရာတ္အမ်ားဆံုးပါတယ္။ ရေနာင္းမွာ ပိတ္မိတာေနတာ ကုန္သေလာက္ရွိတယ္။ တနသၤာရီတိုင္းကဆို ျမ၀တီဘက္ကို မျပန္ေတာ့ဘူး။ နကြန္ပထံု႔ ဘန္ေကာက္နားက လူေတြက ေကာ့ေသာင္းလမ္းကေန လာၾကတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံေျပာထားသလို ေနရပ္ျပန္လာသူေတြကို ေႏြးေထြးစြာႀကိဳဆုိဖို ့အဲဒါ ေအာက္ေျခက လူေတြလည္း ေျပာစကားလိုက္နာျပီး ကူညီေပးဖို႔ အဲဒါမ်ိဳးေတြလုပ္ေပးဖို႔ အဲဒါကိုေတာ့ေျပာခ်င္ပါတယ္။"

ထိုင္းနိုင္ငံမွာ COVID-19 ကူးစက္ေရာဂါတိုက္ဖ်က္ကာကြယ္ေရး စီမံခန႔္ခြဲမႈဗဟိုဌာန (CCSA) က အေရးေပၚအေျခအေနျပဌာန္းၿပီး ညမထြက္ရအမိန႔္ႏွင့္ ခရိုင္ျဖတ္ေက်ာ္ခရီးသြားလာမႈ ကန္႔သတ္ထားခ်ိန္မွာ ဘန္ေကာက္ျမိဳ႕ ျမန္မာသံရံုးနဲ႔ ထုိင္းအစိုးရတုိ႔ ညိွႏိႈင္းျပီး ေနရပ္ျပန္မဲ့ ျမန္မာအလုပ္သမားေတြကို ေမလ ၂၂ ရက္စတင္ျပီး ဘန္ေကာက္အေ၀းေျပးကားဂိတ္ကေန လံုျခံဳေရးစံမံခ်က္ေတြ လုပ္ျပီးအထူးကားေတြနဲ႔ ေျပးဆဲြခဲ့ပါတယ္။

အဲဒီေနာက္ပုိင္းမွာေတာ့ ထုိင္းေတာင္ပုိင္းက လူေတြေနရပ္ျပန္ႏိုင္ဖို႔အတြက္ကို ရေနာင္းျမိဳ႕ပိုင္ ခြင့္ျပဳခ်က္နဲ႔ ရေနာင္းေကာ့ေသာင္းေရလမ္းကေန ျပန္ပုိ႔ေပးေနတာျဖစ္ပါတယ္။ မဲေဆာက္ျမ၀တီလမ္းကေတာ့ လူဦးေရေသာင္းဂဏန္းေလာက္ေနရပ္ျပန္ၾကျပီး မဲဆိုင္တာ ခ်ီလိပ္လမ္းနဲ႔ ရေနာင္းေကာ့ေသာင္းလမ္းကေတာ့ ရာဂဏန္းေလာက္ပဲ ေနရပ္ျပန္ႏိုင္ၾကပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရနောင်း- ကော့သောင်း ရေလမ်းကပြန်လာတဲ့ မြန်မာတွေကြား ကိုဗစ်ကူးစက်သူမရှိ
(Unicode)

ထိုင်းမြန်မာနယ်စပ် ရနောင်းကော့သောင်း ရေလမ်းကနေ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသားတွေ ၇၀၀ နီးပါး ရှိနေပြီး အဲဒီထဲမှာ COVID -19 ဓါတ်ခွဲနမူနာယူရလဒ်တွေ စစ်ဆေးပြီးသမျှ အားလုံးရောဂါပိုး မတွေ့ဘူးဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံအတွင်း COVID-19 အရေးပေါ်ကာလမှာ အလုပ်လက်မဲ့ဖြစ်လို နေရပ်ပြန်သူတွေထဲက ထိုင်းမြန်မာနယ်စပ် ရနောင်းကော့သောင်း ရေလမ်းကနေ နေရပ်ပြန်သူ ၇၀၀ နီးပါး ရှိတာပါ။ ဒီလူတွေဆီက ဓါတ်ခွဲနမူနာယူပြီး ကိုဗစ်ရောဂါပိုးရှိ၊ မရှိ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပို့ပြီး စစ်ဆေးခဲ့ပါတယ်။

အဲဒီထဲမှာ COVID -19 ဓါတ်ခွဲနမူနာယူ ရလဒ်တွေ စစ်ဆေးပြီးသမျှ အားလုံး ရောဂါပိုး မတွေ့ဘူးလို့ ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ ပညာပေးရေးစင်တာ တာဝန်ခံဦးမိုးဝေက ပြောပါတယ်။

"နယ်မြေဖြတ်ကျော်ခွင့်ကတော့ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကော့သောင်းဖြတ်သန်းတာနဲ့ နယ်စပ်ဖြတ်တာနဲ့ အပူချိန်တိုင်းတယ်။ ကျန်းမာရေးစစ်ဆေးတယ်။ ကိုယ်ဝန်ဆောင်မိခင်ဆိုကျန်းမာရေးအဖွဲ့တွေက ကျန်းမာရေး စစ်ဆေးပေးတယ်။ ကော့သောင်းမှာ ယာယီစောင့်ကြည့်နေရာမှာ ထားပေးတယ်။ တကယ်လု့ိအချိန်မှီရင် တနင်္သာရီတိုင်းဆိုရင် တနင်္သာရီတိုင်းဒေသကြီးကို စာရင်းနဲ့တကွ ပို့ပေးတယ်။ ကော့သောင်း ဒေသခံဆိုရင် ဒီနေရာမှာဆိုရင်တော့ ဒီမှာပဲ ထားပြီး ကျန်းမာရေးစစ်ဆေးမှု ယူတယ်ပြီးတော့ စစ်ဆေးချက်ကို ရန်ကုန်ကို ပို့တယ်။ ကျနော်တို့ကော့သောင်းနဲ့ တနင်္သာရီတိုင်းခရိုင် တခုလုံးကတော့ အခုထိ ပိုးစစ်ဆေးချက်တွေမှာ အခုထိ အားလုံးပိုးမတွေ့သေးဘူး။ ပြီးခဲ့တဲ့အခေါက် ၁၀၀ကျော်ထဲ မှာလည်း ပိုးမတွေ့ဘူး။ လာတာက ၁၇၈ ယောက် ဒုတိယအကြိမ်မှာ ၄၀ ကျော် နောက်အကြိမ်တွေမှာ လူ ၁၀၀ ကျော်တွေချည်းပဲ အားလုံးပေါင်းလူ အခုဆိုရင် ၇၀၀ လောက်တော့ရှိပြီ။"

ထိုင်းတောင်ပိုင်းက အလုပ်လက်မဲ့ဖြစ်သူတွေကတော့ မြန်မာသံရုံးက စီစဉ်ပေးတဲ့ ကားတွေနဲ့ ဘန်ကောက်အဝေးပြေးကားဂိတ်ကနေ မဲဆောက်မြဝတီလမ်းကနေ ပြန်ဖို့ ဝေးတာကြောင့် တနင်္သာရီတိုင်းဘက်ကနေ ပြန်ကြတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

"အလုပ်လက်မဲ့ အလုပ်ပြုတ်တဲ့သူတွေလာတယ်။ အများဆုံးက ဖူးခက်က လာတယ်။ ကပိ ၊ဖန်းင ၊စူရာတ်အများဆုံးပါတယ်။ ရနောင်းမှာ ပိတ်မိတာနေတာ ကုန်သလောက်ရှိတယ်။ တနင်္သာရီတိုင်းကဆို မြဝတီဘက်ကို မပြန်တော့ဘူး။ နကွန်ပထုံ့ ဘန်ကောက်နားက လူတွေက ကော့သောင်းလမ်းကနေ လာကြတယ်။ နိုင်ငံတော်အတိုင်ပင်ခံပြောထားသလို နေရပ်ပြန်လာသူတွေကို နွေးထွေးစွာကြိုဆိုဖို့အဲဒါ အောက်ခြေက လူတွေလည်း ပြောစကားလိုက်နာပြီး ကူညီပေးဖို့ အဲဒါမျိုးတွေလုပ်ပေးဖို့ အဲဒါကိုတော့ပြောချင်ပါတယ်။"

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာန (CCSA) က အရေးပေါ်အခြေအနေပြဌာန်းပြီး ညမထွက်ရအမိန့်နှင့် ခရိုင်ဖြတ်ကျော်ခရီးသွားလာမှု ကန့်သတ်ထားချိန်မှာ ဘန်ကောက်မြို့ မြန်မာသံရုံးနဲ့ ထိုင်းအစိုးရတို့ ညှိနှိုင်းပြီး နေရပ်ပြန်မဲ့ မြန်မာအလုပ်သမားတွေကို မေလ ၂၂ ရက်စတင်ပြီး ဘန်ကောက်အဝေးပြေးကားဂိတ်ကနေ လုံခြုံရေးစံမံချက်တွေ လုပ်ပြီးအထူးကားတွေနဲ့ ပြေးဆွဲခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ထိုင်းတောင်ပိုင်းက လူတွေနေရပ်ပြန်နိုင်ဖို့အတွက်ကို ရနောင်းမြို့ပိုင် ခွင့်ပြုချက်နဲ့ ရနောင်းကော့သောင်းရေလမ်းကနေ ပြန်ပို့ပေးနေတာဖြစ်ပါတယ်။ မဲဆောက်မြဝတီလမ်းကတော့ လူဦးရေသောင်းဂဏန်းလောက်နေရပ်ပြန်ကြပြီး မဲဆိုင်တာ ချီလိပ်လမ်းနဲ့ ရနောင်းကော့သောင်းလမ်းကတော့ ရာဂဏန်းလောက်ပဲ နေရပ်ပြန်နိုင်ကြပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG