သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ အလုပ်လုပ်ခွင့်လက်မှတ် ပြန်ထုတ်ပေးတော့မယ်


ထိုင်းနယ်စပ်ကို ပြန်လာနေကြတဲ့ နေရပ်ပြန်နေတဲ့မြန်မာအလုပ်သမားတချို့။ (ဓာတ်ပုံ - YCOWA)
ထိုင်းနယ်စပ်ကို ပြန်လာနေကြတဲ့ နေရပ်ပြန်နေတဲ့မြန်မာအလုပ်သမားတချို့။ (ဓာတ်ပုံ - YCOWA)

[Zawgyi/Unicode]

မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဇွန်လနဲ့ ဇူလိုင်လ၂ လအတွင်းမှာ ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ပြန်ထုတ်ပေးသွားမယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလမှာ မြန်မာနိုင်ငံသား အလုပ်လက်မဲ့ဖြစ်ရသူတွေ နေရပ်ပြန်နေချိန်မှာပဲ မြန်မာ၊ ကမ္ဘောဒီယားနဲ့ လာအို စတဲ့ နိုင်ငံခြားသားအလုပ်သမားတွေအတွက် နိုင်ငံတွင်း အလုပ်လုပ်ခွင့်လက်မှတ်တွေကို ဇွန်လနဲ့ ဇူလိုင်မှာ ပြန်ထုတ်ပေးသွားမယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ကြေညာလိုက်တာပါ။

ထိုင်းနိုင်ငံထဲကို ပြန်ဝင်ရမယ့် သတ်မှတ်ကာလကတော့ ဇွန်လ ၁ ရက်နေ ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဖြစ်ပြီး နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ ပြန်လာပြီး အလုပ်လုပ်ခွင့်ပေးမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ Ms. Narumon Pinyo Sinwat က ပြောခဲ့ပါတယ်။

အလုပ်လုပ်ဖို့အတွက် ထိုင်းကို နယ်စပ်ဝင်ဖို့ လက်ရှိ စောင့်နေတဲ့ မြန်မာ ၆၅,၀၀၀ လောက်ရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက VOA ကို ပြောပါတယ်။

"ကိုဗစ်အရေးပေါ်ကာလနဲ့ ကြုံကြိုက်တိုက်ဆိုင်ပြီး ထိုင်းနိုင်ငံကနေ အလုပ်လုပ်ပြီး စာရွက်စာတမ်း သက်တမ်း ကုန်ဆုံးလို့ နေရပ်ပြန်ကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ MOU စနစ်နဲ့ တကြော့ ပြန်အလုပ်လုပ်မဲ့ သူတွေပါ။ ဒီအလုပ်သမားက ၆၅,၀၀၀ လောက်ရှိပါတယ်။ ကိုဗစ်ကာလနဲ့ ထိုင်းအကန့်အသတ် အတားအဆီးတွေကြောင့် ဝင်ခွင့်မရဖြစ်နေပါတယ်။ အဲဒီ အလုပ်သမားတွေကို ဦးစားပေးဖို့အတွက် မြန်မာနိုင်ငံဘက်က ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်ကို တင်ပြထားပြီးဖြစ်ပါတယ်။"

ထိုင်းနိုင်ငံကို ပြန်ဝင်ဖို့ စောင့်နေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ စာရွက်စာတမ်းတွေနဲ့ စောင့်နေကြပေမဲ့ သူတို့ရဲ့ လုပ်ငန်းရှင်တွေရဲ့ အခြေအနေတွေက မရေမရာဖြစ်နေတဲ့ အခြေအနေတွေကိုလည်း ကြုံနေရပါတယ်။ ဒါကြောင့် ထိုင်းအာဏာပိုင်တွေဘက်က အခုလို တရားဝင်အလုပ်သမားလက်မှတ်တွေ ပြန်ထုတ်ပေးမယ်ဆိုပေမဲ့လည်း လုပ်ငန်းတွေဘက်က အလုပ်သမားတွေ ခေါ်ယူဖို့ ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလဲဆိုတာတော့ မကျိန်းသေလှပါဘူး။

အလုပ်သမားတွေအနေနဲ့ ဒီအခြေအနေကို သေချာနားလည်အေင် ပြင်ဆင်ထားသင့်တယ်လို့ ဦးမိုးကြိုးက သတိပေးပါတယ်။

"မေလ ၂၃ ရက်နေ့က ဇွန်လ ၃ ရက်နေ့အထိ လူပေါင်း ၁၅,၀၀၀ လောက်နေရပ်ပြန်ခဲ့ကြပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ရှိနေပြီးသားအလုပ်တွေ နိုင်ငံခြာသားတွေ အထူးသဖြင့် တရုတ် လုပ်ငန်းရှင်တွေက ဒေဝါလီခံပြီးတော့ အခုလိုအလုပ်လက်မဲ့ဖြစ်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားက ၁၅၀,၀၀၀ ဖြစ်သွားတယ်။"

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး နေရပ်ပြန်ဖို့ စာရင်းပေးထားသူ လူဦးရေသောင်းဂဏန်းရှိပါတယ်။ မြန်မာအလုပ်သမားအလုပ်လက်မဲ့ ဦးရေကတော့ သိန်းဂဏန်း ရှိနေပါတယ်။ COVID-19 ကပ်ရောဂါဖြစ်ပြီး ထိုင်းစီးပွားရေးက ဦးမော့လာနိုင်ဖို့ အတော့်ကို ကြိုးစားရအုန်းမယ့် အခြေအနေမှာ လုပ်သားလျှော့ချတာ စက်ရုံပိတ်ပစ်တာတွေကြောင့် အလုပ်လက်မဲ့ဦးရေတွေ တိုးလာနေတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG