သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ ကိုဗစ်ကပ်ရောဂါအရှိန်ကြောင့် မြန်မာတွေ အလုပ်ပြုတ်နေကြဆဲ


(Zawgyi/Unicode)

ထိုင်းနိုင်ငံ တာခ့ရိုင်အတွင်းမှာ COVID-19 အရေးပေါ်ကာလအတွင်း
လုပ်ငန်းတွေ လျှော့တာကြောင့် မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာတွေကို
ပြောပြပါမယ်။ VOA မြန်မာပိုင်း သတင်းထောက် မအေးအေးမာ က ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာခ်ခရိုင် မဲဆောက်မြဝတီမြို့ဆိုတာဟာ မြန်မာအလုပ်သမားတွေ
အများစု ဝင်ပေါက်ထွက်ပေါက်ကြီးဖြစ်ပြီး တရားဝင်ရော၊ တရားမဝင်အလုပ်သမားတွေရော မြန်မာလုပ်သားသိန်းဂဏန်းလောက် အလုပ်လုပ်နေကြတာပါ ။ တချို့ကတော့ ရာသီချိန်မှာ ခေါ်တဲ့ အလုပ်တွေကို လုပ်ရတဲ့အလုပ်သမားတွေလည်းရှိနေပါတယ်။

နှစ်ရှည်အထည်ချုပ်စက်ရုံတွေ နဲ့ ပလပ်စတစ်ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေ ဆောက်လုပ်ရေးဆိုဒ်တွေ စိုက်ခင်းက အလုပ်သမားတွေ အားလုံးဟာ အလုပ်လက်မဲ့အခြေအနေတွေ ကို အများဆုံးရင်ဆိုင်နေရကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲရဲ့ တာဝန်ခံဦးမိုးကျော်က အခုလိုပြောပြပါတယ်။

“ လုပ်ငန်းခွင်တွေ ရပ်ဆိုင်းတာ၊ လူလျော့ လိုက်တာ အလုပ်သမားတွေကို အလုပ်ပိတ်သိမ်းတာတွေ ရှိတဲ့အတွက် နေရပ်ပြန်တဲ့ အလုပ်သမားတွေ များလာတယ်။ ကျနော်တို့ ပြောမယ်ဆိုရင် ဘန့်စံကွင်းစက်ရုံက ကော်ပစ္စည်းစက်ရုံဆိုရင် အလုပ်သမားအားလုံးကို အလုပ်ပိတ်သိမ်းခံရလို့ တလလောက် သောင်တင်နေပြီးမှ နေရပ်ပြရတာလည်းရှိတယ်။ ထုံထောင်ရပ်ကွက်မှာဆိုရင်လည်း ရန်မကင်းစက်ရုံက အလုပ်သမားတွေ ဆိုရင်လည်း ကိုဗစ် အရေးပေါ်ကာလမှာပဲ အလုပ်ပိတ်သိမ်းလိုက်လို့ အလုပ်သမားတွေ အခက်အခဲဖြစ်ပြီး ဆာဝါဒီကန်ရုံး (အလုပ်ရှင်၊အလုပ်သမားပြဿနာတွေကို ဖြေရှင်းပေးရတဲ့ရုံး)တွေမှာ နစ်နာကြေးရဖို့ တိုင်ကြားထားတာတွေလည်းရှိတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့သူတွေကလည်း လုပ်အားခမရတာ ၊ ဆောက်လုပ်ရေးဆိုက်တွေ ပြောင်းသွားတာ အဲဒီလို အခြေအနေမျိုးတွေကြောင့် ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေလည်းရှိပါတယ်။”

အလုပ်အကိုင်တွေ အဆင်မပြေတာကြောင့် တခြားလုပ်ငန်းခွင်တွေမှာ ရရာလုပ်ကိုင်ရင်း တန်းလျားတွေ စုပေါင်းဌားနေတာကြောင့် ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ ကျန်းမာရေး နဲ့ မညီညွတ်တဲ့အခြေအနေတွေလည်း ဖြစ်နေရတယ်လို့ ဦးမိုးကျော်က ဆိုပါတယ်။
“ဒီအရေးပေါ် ကာလမှာ လုပ်ငန်းခွင်တွေ ရပ်ဆိုင်းခံရတယ် အလုပ်လက်မဲ့တွေ ဖြစ်သွားတဲ့ အလုပ်သမားတွေက သူူတို့မှာ အလုပ်လက်မဲ့ဖြစ်တယ် ဝင်ငွေမရှိတော့ဘူး။ ရက်ကြာလာတဲ့အချိန်ကျတော့ အိမ်ခန်းခတွေက လစဉ်ပေးနေရတယ် ။ ရေခ ၊ မီးခတွေ ပေးနေရတဲ့အခါကျတော့ အဲဒါမျိုးတွေ မတတ်နိုင်တော့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ပုံစံမျိုးနဲ့ နေထိုင် စားသောက်ရတဲ့ အခြေအနေမျိုးတွေ ရှိတယ်။”

အလုပ်သမားရေးလုပ်ငန်းတွေကို အကူညီပေးနေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ၊လူထုအခြေပြုအဖွဲ့အစည်းတွေက စားသောက်စရာလေးတွေသွားရောက် လှူဒါန်းရတာတွေလည်းရှိနေတာပါ။

သူတို့တွေရဲ့ စာရင်းပြုစုထားချက်အရ မဲဆောက်ထဲမှာတင် အိမ်ထောင်စုအတော်များများ စားသောက်ရေးဒုက္ခကို ကြုံနေရသလို စက်ရုံတွေကလည်း မပိတ်ရုံတမယ် အလုပ်လုပ်ရက် နည်းနည်းပဲလုပ်ရတာကြောင့် စက်ရုံမပိတ်ပေမယ့် ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေလည်းရှိနေတယ် လို့ ဦးမိုးကျော်က ဆိုပါတယ်။

“ အိမ်ထောင်စု ၅၀၀ကနေ ၇၀၀နီးပါးလောက်ဟာ အလုပ်လက်မဲ့ဖြစ်နေတာရှိတယ်။ စက်ရံလုပ်ငန်းတွေမှာ ဆိုရင်လည်း အလုပ်သမားတွေ ၇၅ရာခိုင်နှုန်းလောက်က ပုံမှန်အလုပ် ချိန်တွေ မဆင်းရတော့ဘူး၊ ပုံမှန် OT တွေ မရှိတော့ဘူး။ တပတ်မှာ ၂ ရက် ၃ ရက်လောက်ပဲ အလုပ်အကိုင်တွေ လျော့ချခံရတာတွေရှိပါတယ်။”

မဲဆောက်မြို့နယ် စီးပွားရေးဇုံအတွင်းမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ စက်ရုံပေါင်း ၄၄၅ ရုံရှိပြီး ၄၀ရာခိုင်နှုန်းက အထည်ချုပ် စက်ရုံတွေဖြစ်ပါတယ် ။ တရားဝင် စာရင်းအရ ဆိုရင် အထည်ချုပ် အလုပ်သမားပေါင်း ၄သောင်းခွဲ လောက်ရှိနေပါတယ်။ တာ့ခရိုင်တခုလုံးမှာတော့ မြန်မာအလုပ်သမား ၅သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေတာပါ ။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့အခု ကိုဗစ်၁၉ ကပ်ရောဂါဖြစ်နေတဲ့အချိန်ထိ စက်ရုံပေါင်း တထောင်ကျော် ပိတ်ပစ်ခဲ့ရသလို၊ ဒေဝါလီခံလိုက်တဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)












XS
SM
MD
LG