သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္-ျမန္မာ သံတမန္ဆက္ဆံမႈ ႏွစ္ ၇၀ ျပည့္အေပၚ အကဲခတ္ေတြရဲ႕အျမင္


၂၀၂၀ ဇန္န၀ါရီတုန္းက တရုတ္သမၼတ Xi ႏွင့္ ျမန္မာသမၼတ ဦး၀င္းျမင့္တို႔ ေတြ႔ဆံုစဥ္

(Zawgyi/Unicode)

သံတမန္ ဆက္ဆံမႈေတြ ႏွစ္ ၇၀ ျပည့္လာၿပီျဖစ္တဲ့ ျမန္မာႏုိင္ငံနဲ႔ တ႐ုတ္ႏုိင္ငံၾကား ဆက္ဆံေရးအေပၚ အကဲခတ္ေတြရဲ႕ အျမင္ေတြကုိ မဆုမြန္ တင္ျပေပးထားပါတယ္။

၂ ႏုိင္ငံ သံတမန္ဆက္သြယ္မႈထူေထာင္တဲ့ ႏွစ္ (၇၀) ျပည့္အျဖစ္ တ႐ုတ္နဲ႔ ျမန္မာေခါင္းေဆာင္ေတြ အျပန္အလွန္ ႏႈတ္ခြန္းဆက္ရာမွာ ဆက္ဆံေရးေတြ တုိးျမွင့္သြားဖုိ႔ အဓိကထား ေျပာခဲ့ၾကပါတယ္။ သံတမန္ဆက္သြယ္မႈ ထူေထာင္တဲ့ ႏွစ္ပတ္လည္ အထိမ္းအမွတ္အျဖစ္ တနလၤာေန႔က သမၼတဦး၀င္းျမင့္နဲ႔ တ႐ုတ္သမၼတ Xi Jinping၊ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တ႐ုတ္၀န္ႀကီးခ်ဳပ္ Li Keqiang တုိ႔ တယ္လီဖုန္းက ေျပာဆုိရာမွာေတာ့ လတ္တေလာ ရင္ဆုိင္ေနရတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရး လုပ္ငန္းေတြ အပါအ၀င္ ၂ ႏုိင္ငံၾကား ပူးေပါင္းေဆာင္ရြက္မႈေတြကေန အက်ဳိးရလဒ္ေတြ ရရွိခဲ့တာေတြကုိ အေလးထား ေျပာဆုိခဲ့တယ္လုိ႔ တ႐ုတ္ႏုိင္ငံက သတင္းထုတ္ျပန္ပါတယ္။

တ႐ုတ္ႏုိင္ငံအေျခစုိက္ ျမန္မာ့အေရးေလ့လာသူ ေဒါက္တာလွေက်ာ္ေဇာ ကေတာ့ အျပန္အလွန္ လုိအပ္ခ်က္ေတြ ရွိေနတဲ့ ၂ ႏုိင္ငံၾကား ဆက္ဆံေရးဟာ အက်ဳိးရွိတယ္လုိ႔ျမင္ပါတယ္။

“ တ႐ုတ္ေျပာေနက်စကားပဲWIN -WIN ပဲ တရုတ္ဘက္ကလည္း ႏုိင္ငံေရးအရ အက်ိဳးအျမတ္ေပါ့ ႏုိင္ငံေရးအရ သူ႔ၾသဇာသက္ေရာက္ေရးအတြက္ၾကိဳးစားတာအမွန္ပဲ။ အဲ့ဒီ့အတြက္လည္း သူကလည္းရတယ္။ ျမန္မာျပည္ဘက္ကလည္း ကိုယ့္တိုင္းျပည္ တည္ၿငိမ္ေရး ကိုယ့္တုိင္းျပည္ရဲ႕ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ကိုယ့္တုိင္းျပည္မွာ ကပ္ေရာဂါ ကိုယ္မႏိုင္မနင္းလုပ္ရမယ့္အစား တ႐ုတ္ဘက္က အကူအညီေတြရေတာ့ ျမန္မာျပည္ဘက္ကလည္း အဲ့ဒီ့တ႐ုတ္ဘက္က စီးပြားေရးအေထာက္အကူ လူမႈေရးအေထာက္အကူယူတယ္ တရုတ္ဘက္ကလည္း ႏုိင္ငံေရးၾသဇာအာဏာ Geopolitics ပထဝီႏုိင္ငံေရးအရ တုိးလာတဲ့အေျခအေန သူ႔အတြက္လည္း အက်ိဳးရတယ္ ႏွစ္ဘက္စလံုး အျပန္အလွန္အက်ိဴးရွိတာေပါ့။”

ရာစုႏွစ္တခုအတြင္း ကမာၻႀကီးမွာ အေျခခံက်တဲ့ အေျပာင္းအလဲေတြ ေပၚေပါက္ေနခ်ိန္ ၂ ႏုိင္ငံ ဆက္ဆံေရးဟာလည္း အေရးႀကီးတဲ့ အခုိက္အတံ့မွာ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သမၼတ ဦး၀င္းျမင့္နဲ႔ တယ္လီဖုန္းဆက္ စကားေျပာရာမွာ တ႐ုတ္သမၼတရွီက ေျပာဆုိခ့ဲေၾကာင္းလည္း တ႐ုတ္အစုိးရပုိင္ သတင္းေတြက ေဖာ္ျပပါတယ္။

တ႐ုတ္ႏုိင္ငံဆုိင္ရာ သံတမန္ေဟာင္းတဦးလည္းျဖစ္၊ ႏုိင္ငံျခားေရးဝန္ၾကီးဌာန ဒုတိယညႊန္ၾကားေရးမွဴးေဟာင္း ဦးျမထြန္းကလည္း ၂ ႏုိင္ငံဆက္ဆံေရးဟာ ေရွ႕ဆက္ အားေကာင္းမယ့္ အလားအလာေတြ ရွိေနတယ္လုိ႔ ျမင္ပါတယ္။

“တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံက သမၼတၾကီးနဲ႔ က်ေနာ္တို႔သမၼတၾကီးနဲ႔ ဖုန္းနဲ႔ စကားေျပာတယ္ ဆိုကတည္းက ပုဂၢိဳလ္ေရးအရ ပိုမိုရင္းႏွီးမႈကိုျပတဲ့အတြက္ ဆက္ဆံေရးက ပိုၿပီးေတာ့ ေကာင္းမြန္လာဖို႔ပဲရွိပါတယ္။ ေနာက္ၿပီးေတာ့ ေျပာတာေတြကလည္း တရုတ္အေနနဲ႔ တျခားတျခားေသာ ႏုိင္ငံ့ေခါင္းေဆာင္ေတြနဲ႔ေျပာသလို Conflicting မရွိတဲ့အတြက္ ႏွစ္ႏုိင္ငံဆက္ဆံေရးဟာ အလားအလာေကာင္းတဲ့ ဆက္ဆံေရးျဖစ္လိမ့္မယ္လို႔ က်ေနာ္သံုးသပ္ပါတယ္။ ဒါဟာ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြၾကား ပုဂၢိဳလ္ေရးအရ ထိေတြ႔ဆက္ဆံမႈေတြကိုၾကည့္ၿပီး အေျခခံအားျဖင့္ ေျပာႏုိင္ပါတယ္။

ေနာက္ၿပီးေတာ့ တ႐ုတ္-ျမန္မာႏွစ္ႏုိင္ငံ ဆက္ဆံေရးဆိုတဲ့ Concept က်ဥ္းက်ဥ္းေလးထက္ နည္းနည္း ပိုၿပီးေတာ့ ပို ၿပီးေတာ့မွ က်ယ္ျပန္႔တဲ့broader aspects ကိုၾကည့္ဖို႔ လိုမယ္ထင္ပါတယ္။ ဥပမာအားျဖင့္ ေျပာရမယ္ဆိုရင္ က်ေနာ္တို႔ပီကင္းမွာ တာဝန္ထမ္းတုန္းကဆိုရင္ ရဲေဘာ္ၾကီးတိမ့္ေရွာင္ဖိန္ကို ရဲေဘာ္ၾကီးလို႔ေခၚမွ ၾကိဳက္တယ္ အခု ၂၁ရာစုမွာ Comrade လို႔ေခၚရင္ သူတို႔မၾကိဳက္ေတာ့ဘူး။ အမ်ားၾကီးေျပာင္းလဲမႈေတြျဖစ္လာတယ္ ဆိုေတာ့သူတို႔မွာၾကိဳက္တာေလးေတြရွိသလို သူတို႔ မၾကိဳက္တာေလးေတြလည္း ရွိတတ္ပါတယ္ ဆိုေတာ့ က်ေနာ္တို႔က တရုတ္ျပည္သူ႔သမၼတႏိုင္ငံနဲ႔ဆက္ဆံတဲ့ေနရာမွာ ကမာၻ႔ဒုတိယအဆင့္ျဖစ္လာတဲ့ သူတို႔ရဲ႕ အေနအထား ကိုၾကည့္ၿပီး သံတမန္ေရးအရ ႏွစ္ဦးႏွစ္ဘက္ အက်ိဳးရွိမယ့္ဟာမ်ိဳးကို ဆက္ဆံတတ္မယ္ဆိုရင္ က်ေနာ္တို႔ဟာ ထိုက္သင့္တဲ့အက်ိဳးအျမတ္ေတြ ထုိက္သင့္တဲ့အဆက္ဆံေတြ ရရွိမယ္လို႔ ျမင္ပါတယ္။”

ျမန္မာႏုိင္ငံမွာ စစ္အစုိးရေတြ လက္ထက္ကစလုိ႔ နီးကပ္တဲ့ ဆက္ဆံေရးေတြ ရွိခဲ့တဲ့ တ႐ုတ္ႏုိင္ငံ အေနနဲ႔ ျမန္မာႏုိင္ငံကုိ စီးပြားေရး အက်ဳိးအျမတ္အတြက္ မ်က္ေစ့က်ေနသလုိ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြေၾကာင့္ ႏုိင္ငံတကာရဲ႕ ဖိအားေပးတာ ခံေနရတဲ့ ျမန္မာႏုိင္ငံ အေနနဲ႔လည္း သံတမန္ေရးအရ တ႐ုတ္ႏုိင္ငံကုိ အားထားေနရတာပါ။

ဒီလုိအျပန္အလွန္ လုိအပ္ခ်က္ေတြ ရွိေနတယ္ ဆုိေပမဲ့လည္း ၂ ႏုိင္ငံၾကား ဆက္ဆံေရးမွာ ႏုိင္ငံေရး၊ စီးပြားေရးအရ အင္အားႀကီးတဲ့ တ႐ုတ္ႏုိင္ငံကေတာ့ ပုိၿပီးအက်ဳိးရွိလိမ့္မယ္လုိ႔လည္း ႏုိင္ငံေရးအကဲခတ္ ေဒါက္တာရန္မ်ိဳးသိမ္းက သုံးသပ္ပါတယ္။

“ တ႐ုတ္သမၼတ ရွီက်င့္ပင္ရဲ ႕ႏွစ္သစ္ ျပည္ပ ထမဆံုးခရီးစဥ္ ဇန္နဝါရီလ ခရီးစဥ္အၿပီး တ႐ုတ္-ျမန္မာဆက္ဆံေရးက ပိုၿပီး နီးကပ္လာတဲ့သေဘာမ်ိဳးေတြ႔ရတယ္ အထူးသျဖင့္ေတာ့ လြန္ခဲ့တဲ့ရက္ပိုင္းမွာ သမၼတ ၂ဦးၾကား တယ္လီဖုန္းနဲ႔ဆက္သြယ္ၿပီး ေျပာဆိုတဲ့ သတင္းထုတ္ျပန္ခ်က္ကို ၾကည့္မယ္ဆိုရင္လည္းပဲ ယံုၾကည္မႈ နားလည္မႈရွိရွိနဲ႔ပူးေပါင္းေဆာင္ရြက္ေန တာေတြ႔ရတယ္။ ေနာက္ ျမန္မာႏုိင္ငံရဲ႕ လက္ရွိအေျခအေနအရ ၾကည့္မယ္ဆိုလို႔ရွိရင္ ျမန္မာႏုိင္ငံက တ႐ုတ္ႏုိင္ငံအေပၚမွာ ပိုၿပီးေတာ့ မွီခိုေနရတဲ့သေဘာမ်ိဳးေတြ႔ရတယ္လို႔ျမင္တယ္။ အထူးသျဖင့္ေတာ့ ႏုိင္ငံတကာဆက္ဆံေရးနဲ႔ဆက္စပ္ၿပီးေတာ့ ကုလသမဂၢလံုျခံဳေရးေကာင္စီ မွာ ဗီတိုအာဏာ အကာအကြယ္ရဖို႔ ကိစၥနဲ႔ဆက္စပ္ၿပီးေတာ့ပဲ ၾကည့္ၾကည့္ေပါ့ေလ ေနာက္ ကိုဗစ္၁၉ အလြန္မွာ ျမန္မာႏုိင္ငံရဲ႕စီးပြားေရး ျပန္ေခါင္းေထာင္လာဖို႔ ရင္းႏွီးျမဳပ္ႏွံမႈေတြ ျပန္လုပ္လာႏုိင္ဖို႔ ဘက္ကပဲ ၾကည့္ၾကည့္ ျမန္မာႏုိင္ငံက တ႐ုတ္အေပၚမွာ ပိုၿပီးေတာ့ မွီခိုေနရတဲ့သေဘာမ်ိဳး ေတြ႔ရပါတယ္။ အဲ့ဒီ့အတြက္အေၾကာင့္ ၂ ႏွစ္ႏိုင္ငံဆက္ဆံေရးကို အၾကမ္းဖ်င္းသတၱဳခ် ၾကည့္မယ္ဆိုရင္တရုတ္ဘက္က ပိုအက်ိဳးမ်ားတယ္လို႔ က်ေနာ္ကေတာ့ သံုးသပ္ပါတယ္။”

ဆက္ဆံေရးေတြ အားေကာင္းလာေနသလုိ၊ ေရွ႕ေလွ်ာက္ ပူးေပါင္းေဆာင္ရြက္မႈေတြ တုိးျမွင့္ေရး ၂ ႏုိင္ငံေခါင္းေဆာင္ေတြ ေျပာဆုိေနတဲ့ တခ်ိန္တည္းမွာပဲ တ႐ုတ္ႏုိင္ငံက ျမန္မာႏုိင္ငံတြင္းမွာ လုပ္ကုိင္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြအေပၚ မေက်နပ္မႈေတြလည္း ရွိေနဆဲ ျဖစ္ပါတယ္။ အထူးသျဖင့္ တ႐ုတ္ႏုိင္ငံက ကုမၸဏီေတြလုပ္ကုိင္ေနတဲ့ လုပ္ငန္းေတြေၾကာင့္ ေဒသခံေတြနဲ႔ သဘာဝပတ္၀န္းက်င္ ထိခုိက္နစ္နာမႈေတြ၊ ပ်က္စီးဆုံး႐ႈံးမႈေတြ ႀကံဳေနရတယ္ဆုိၿပီး မၾကာခဏဆုိသလုိ ဆန္႕က်င္ကန္႔ကြက္မႈေတြလည္း ေပၚေပါက္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

တရုတ်-မြန်မာ သံတမန်ဆက်ဆံမှု နှစ် ၇၀ ပြည့်အပေါ် အကဲခတ်တွေရဲ့အမြင်
(Unicode)

သံတမန် ဆက်ဆံမှုတွေ နှစ် ၇၀ ပြည့်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးအပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို မဆုမွန် တင်ပြပေးထားပါတယ်။

၂ နိုင်ငံ သံတမန်ဆက်သွယ်မှုထူထောင်တဲ့ နှစ် (၇၀) ပြည့်အဖြစ် တရုတ်နဲ့ မြန်မာခေါင်းဆောင်တွေ အပြန်အလှန် နှုတ်ခွန်းဆက်ရာမှာ ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ အဓိကထား ပြောခဲ့ကြပါတယ်။ သံတမန်ဆက်သွယ်မှု ထူထောင်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တနင်္လာနေ့က သမ္မတဦးဝင်းမြင့်နဲ့ တရုတ်သမ္မတ Xi Jinping၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့ တယ်လီဖုန်းက ပြောဆိုရာမှာတော့ လတ်တလော ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းတွေ အပါအဝင် ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကနေ အကျိုးရလဒ်တွေ ရရှိခဲ့တာတွေကို အလေးထား ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော ကတော့ အပြန်အလှန် လိုအပ်ချက်တွေ ရှိနေတဲ့ ၂ နိုင်ငံကြား ဆက်ဆံရေးဟာ အကျိုးရှိတယ်လို့မြင်ပါတယ်။

“ တရုတ်ပြောနေကျစကားပဲWIN -WIN ပဲ တရုတ်ဘက်ကလည်း နိုင်ငံရေးအရ အကျိုးအမြတ်ပေါ့ နိုင်ငံရေးအရ သူ့သြဇာသက်ရောက်ရေးအတွက်ကြိုးစားတာအမှန်ပဲ။ အဲ့ဒီ့အတွက်လည်း သူကလည်းရတယ်။ မြန်မာပြည်ဘက်ကလည်း ကိုယ့်တိုင်းပြည် တည်ငြိမ်ရေး ကိုယ့်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်တိုင်းပြည်မှာ ကပ်ရောဂါ ကိုယ်မနိုင်မနင်းလုပ်ရမယ့်အစား တရုတ်ဘက်က အကူအညီတွေရတော့ မြန်မာပြည်ဘက်ကလည်း အဲ့ဒီ့တရုတ်ဘက်က စီးပွားရေးအထောက်အကူ လူမှုရေးအထောက်အကူယူတယ် တရုတ်ဘက်ကလည်း နိုင်ငံရေးသြဇာအာဏာ Geopolitics ပထဝီနိုင်ငံရေးအရ တိုးလာတဲ့အခြေအနေ သူ့အတွက်လည်း အကျိုးရတယ် နှစ်ဘက်စလုံး အပြန်အလှန်အကျိူးရှိတာပေါ့။”

ရာစုနှစ်တခုအတွင်း ကမ္ဘာကြီးမှာ အခြေခံကျတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်နေချိန် ၂ နိုင်ငံ ဆက်ဆံရေးဟာလည်း အရေးကြီးတဲ့ အခိုက်အတံ့မှာ ရောက်ရှိနေပြီဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်နဲ့ တယ်လီဖုန်းဆက် စကားပြောရာမှာ တရုတ်သမ္မတရှီက ပြောဆိုခဲ့ကြောင်းလည်း တရုတ်အစိုးရပိုင် သတင်းတွေက ဖော်ပြပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ သံတမန်ဟောင်းတဦးလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးဟောင်း ဦးမြထွန်းကလည်း ၂ နိုင်ငံဆက်ဆံရေးဟာ ရှေ့ဆက် အားကောင်းမယ့် အလားအလာတွေ ရှိနေတယ်လို့ မြင်ပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံက သမ္မတကြီးနဲ့ ကျနော်တို့သမ္မတကြီးနဲ့ ဖုန်းနဲ့ စကားပြောတယ် ဆိုကတည်းက ပုဂ္ဂိုလ်ရေးအရ ပိုမိုရင်းနှီးမှုကိုပြတဲ့အတွက် ဆက်ဆံရေးက ပိုပြီးတော့ ကောင်းမွန်လာဖို့ပဲရှိပါတယ်။ နောက်ပြီးတော့ ပြောတာတွေကလည်း တရုတ်အနေနဲ့ တခြားတခြားသော နိုင်ငံ့ခေါင်းဆောင်တွေနဲ့ပြောသလို Conflicting မရှိတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးဟာ အလားအလာကောင်းတဲ့ ဆက်ဆံရေးဖြစ်လိမ့်မယ်လို့ ကျနော်သုံးသပ်ပါတယ်။ ဒါဟာ နှစ်နိုင်ငံခေါင်းဆောင်တွေကြား ပုဂ္ဂိုလ်ရေးအရ ထိတွေ့ဆက်ဆံမှုတွေကိုကြည့်ပြီး အခြေခံအားဖြင့် ပြောနိုင်ပါတယ်။

နောက်ပြီးတော့ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးဆိုတဲ့ Concept ကျဉ်းကျဉ်းလေးထက် နည်းနည်း ပိုပြီးတော့ ပို ပြီးတော့မှ ကျယ်ပြန့်တဲ့broader aspects ကိုကြည့်ဖို့ လိုမယ်ထင်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ကျနော်တို့ပီကင်းမှာ တာဝန်ထမ်းတုန်းကဆိုရင် ရဲဘော်ကြီးတိမ့်ရှောင်ဖိန်ကို ရဲဘော်ကြီးလို့ခေါ်မှ ကြိုက်တယ် အခု ၂၁ရာစုမှာ Comrade လို့ခေါ်ရင် သူတို့မကြိုက်တော့ဘူး။ အများကြီးပြောင်းလဲမှုတွေဖြစ်လာတယ် ဆိုတော့သူတို့မှာကြိုက်တာလေးတွေရှိသလို သူတို့ မကြိုက်တာလေးတွေလည်း ရှိတတ်ပါတယ် ဆိုတော့ ကျနော်တို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ဆက်ဆံတဲ့နေရာမှာ ကမ္ဘာ့ဒုတိယအဆင့်ဖြစ်လာတဲ့ သူတို့ရဲ့ အနေအထား ကိုကြည့်ပြီး သံတမန်ရေးအရ နှစ်ဦးနှစ်ဘက် အကျိုးရှိမယ့်ဟာမျိုးကို ဆက်ဆံတတ်မယ်ဆိုရင် ကျနော်တို့ဟာ ထိုက်သင့်တဲ့အကျိုးအမြတ်တွေ ထိုက်သင့်တဲ့အဆက်ဆံတွေ ရရှိမယ်လို့ မြင်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အစိုးရတွေ လက်ထက်ကစလို့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တဲ့ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေး အကျိုးအမြတ်အတွက် မျက်စေ့ကျနေသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် နိုင်ငံတကာရဲ့ ဖိအားပေးတာ ခံနေရတဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း သံတမန်ရေးအရ တရုတ်နိုင်ငံကို အားထားနေရတာပါ။

ဒီလိုအပြန်အလှန် လိုအပ်ချက်တွေ ရှိနေတယ် ဆိုပေမဲ့လည်း ၂ နိုင်ငံကြား ဆက်ဆံရေးမှာ နိုင်ငံရေး၊ စီးပွားရေးအရ အင်အားကြီးတဲ့ တရုတ်နိုင်ငံကတော့ ပိုပြီးအကျိုးရှိလိမ့်မယ်လို့လည်း နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“ တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့နှစ်သစ် ပြည်ပ ထမဆုံးခရီးစဉ် ဇန်နဝါရီလ ခရီးစဉ်အပြီး တရုတ်-မြန်မာဆက်ဆံရေးက ပိုပြီး နီးကပ်လာတဲ့သဘောမျိုးတွေ့ရတယ် အထူးသဖြင့်တော့ လွန်ခဲ့တဲ့ရက်ပိုင်းမှာ သမ္မတ ၂ဦးကြား တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး ပြောဆိုတဲ့ သတင်းထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင်လည်းပဲ ယုံကြည်မှု နားလည်မှုရှိရှိနဲ့ပူးပေါင်းဆောင်ရွက်နေ တာတွေ့ရတယ်။ နောက် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ်မှာ ပိုပြီးတော့ မှီခိုနေရတဲ့သဘောမျိုးတွေ့ရတယ်လို့မြင်တယ်။ အထူးသဖြင့်တော့ နိုင်ငံတကာဆက်ဆံရေးနဲ့ဆက်စပ်ပြီးတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ ဗီတိုအာဏာ အကာအကွယ်ရဖို့ ကိစ္စနဲ့ဆက်စပ်ပြီးတော့ပဲ ကြည့်ကြည့်ပေါ့လေ နောက် ကိုဗစ်၁၉ အလွန်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေး ပြန်ခေါင်းထောင်လာဖို့ ရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်လာနိုင်ဖို့ ဘက်ကပဲ ကြည့်ကြည့် မြန်မာနိုင်ငံက တရုတ်အပေါ်မှာ ပိုပြီးတော့ မှီခိုနေရတဲ့သဘောမျိုး တွေ့ရပါတယ်။ အဲ့ဒီ့အတွက်အကြောင့် ၂ နှစ်နိုင်ငံဆက်ဆံရေးကို အကြမ်းဖျင်းသတ္တုချ ကြည့်မယ်ဆိုရင်တရုတ်ဘက်က ပိုအကျိုးများတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”

ဆက်ဆံရေးတွေ အားကောင်းလာနေသလို၊ ရှေ့လျှောက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး ၂ နိုင်ငံခေါင်းဆောင်တွေ ပြောဆိုနေတဲ့ တချိန်တည်းမှာပဲ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် မကျေနပ်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက ကုမ္ပဏီတွေလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကြောင့် ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရတယ်ဆိုပြီး မကြာခဏဆိုသလို ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG