သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပိုးခါးပတ္လမ္းသစ္နဲ႔ နယ္စပ္စီးပြားေရး


BRI ရပ္၀န္းနဲ႕ ပိုးလမ္းမ ဒုတိယအႀကိမ္ညီလာခံကို တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို လက္ဆဲြႏႈတ္ဆက္ေနတဲ့ တရုတ္သမၼတ ရွီက်င္ဖ်င္

ေခတ္သစ္ပိုးခါးပတ္လမ္းအေၾကာင္း တရုတ္သမၼတရီွက်င့္ဖိန္က ၂၀၁၃ ခုႏွစ္မွာ ပထမဆံုး ေၾကညာတာမို႔ (၇) ႏွစ္ေလာက္ ရိွသြားပါၿပီ။ လြန္ခဲ့တဲ့ အႏွစ္ (၂၀၀၀) ေက်ာ္က ရိွခဲ့တဲ့ တရုတ္နဲ႔ အေနာက္တိုင္း ဆက္သြယ္ေရးလမ္းေၾကာင္းကို ျပန္လည္တည္ေဆာက္မယ့္ ရည္ရြယ္ခ်က္ ျဖစ္ပါတယ္။ ေရွးတုန္းကလို ကုန္းလမ္းတင္မကေတာ့ဘဲ ေရေၾကာင္းလမ္းကပါ ဆက္သြယ္္မွာ ျဖစ္ပါတယ္။ တရုတ္လို “အီဒိုင္း၊ အီလူး” လို႔ေခၚၿပီး ခါးပတ္တခု၊ လမ္းတခုလို႔ အဓိပၸါယ္ရပါတယ္။ ႏိုင္ငံေပါင္း တရာေက်ာ္နဲ႔ လူဦးေရသန္း (၄၀၀၀) ေက်ာ္ကို ဆက္သြယ္ၿပီး တရုတ္စီးပြားေရးကို ဘက္စံုျမွင့္တင္ဖို႔ ရည္ရြယ္တဲ့ စီမံကိန္းႀကီး ျဖစ္ပါတယ္။

ပိုခါးပတ္လမ္းေၾကာင္းသစ္မွာ စီးပြားေရးစႀကၤ ံ (၆) ခု ရိွတယ္လို႔ ၂၀၁၉ ကမာၻ႔ဘဏ္ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီအထဲမွာ တရုတ္-ျမန္မာ-ဘဂၤလားေဒ့ရွ္ စီးပြားေရးစႀကၤ ံဟာ အဓိကလမ္းေၾကာင္းတခု ျဖစ္ပါတယ္။ ဖြံ႔ၿဖိဳးမႈအနည္းဆံုး တရုတ္ျပည္နယ္ေတြထဲမွာ ယူနန္လည္း ပါဝင္တာမုိ႔ ယူနန္ဖြံ႔ၿဖိဳးေရးနဲ႔ တရုတ္-ျမန္မာ စီးပြားေရးစႀကၤဟာ ဆက္စပ္ေနပါတယ္။ ဒါေပမဲ့ ဖြံ႔ၿဖိဳးမႈအနည္းဆံုးလို႔ သတ္မွတ္ခံရတဲ့ ယူနန္ျပည္နယ္ရဲ ႔ စိီးပြားေရးပမာဏဟာ ျမန္မာ့စီးပြားေရးထက္ ေလးဆ ႀကီးမားပါတယ္။ ျမန္မာကို ျဖတ္သန္းတဲ့ ပိုးခါးပတ္လမ္းေၾကာင္းဟာ တရုတ္-ျမန္မာ စီးပြားေရးစႀကၤ ံ ျဖစ္လာပါတယ္။

ကုန္သြယ္မႈနဲ႔ ရင္းႏီွးျမဳပ္ႏံွမႈ တိုးခ်ဲ ႔ဖို႔အတြက္ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္း တည္ေဆာက္တာ ျဖစ္ပါတယ္။ ကုန္လမ္းဆက္သြယ္ေရးကို ဦးစားေပးတဲ့ အစီအစဥ္ျဖစ္တာမို႔ နယ္စပ္ကုန္သြယ္ေရး အခ်က္အခ်ာေနရာေတြဟာ က်န္ေဒသေတြထက္ ပိုၿပီးႀကီးပြားလာမယ့္ သေဘာရိွပါတယ္။ တရုတ္-ျမန္မာ စီးပြားေရးစႀကၤ ံမွာ ရွမ္းျပည္နယ္ေျမာက္ပိုင္းက မူဆယ္နဲ႔ ခ်င္းေရႊေဟာ္၊ ကခ်င္ျပည္နယ္က ကန္ပိုက္တီစတဲ့ နယ္စပ္စခန္း (၃) ခုကို စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ ဇုန္အျဖစ္ သတ္မွတ္ထားပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ လႈပ္ရွားတဲ့နယ္ေျမျဖစ္လို႔ သူတုိ႔နားလည္မႈနဲ႔ လုပ္ထားတဲ့ တရုတ္စီးပြားေရးလုပ္ငန္းေတြလည္း ရိွပါတယ္။ စႀကၤ ံမွာပါဝင္တဲ့ ကန္ပိုက္တီနဲ႔ ပန္ဝါဟာ အစိုးရတပ္လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ျဖစ္တဲ့ National Democrtic Army- Kachin (NDA-K) ထိန္းခ်ဳပ္တဲ့နယ္ေျမ ျဖစ္ပါတယ္။

တရုတ္-ျမန္မာ စီးပြားေရးစႀကၤ ံကို ျမန္မာအစိုးရနဲ႔ တရုတ္ႏိုင္ငံပိုင္ကုမၸဏီႀကီးေတြ အေကာင္အထည္ေဖာ္ဖုိ႔ စီစဥ္တုန္းျဖစ္ေပမယ့္ ပုဂၢလိကတရုတ္လုပ္ငန္းရွင္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြ ပူးေပါင္းၿပီး သယံဇာတ ထုတ္ယူလာတာ ၾကာပါၿပီ။ အခုမွ စိုက္ပ်ဳိးေရးဘက္ ေရာက္လာတာပါ။ တစ္သွ်ဳးငွက္ေပ်ာစိုက္ပ်ဳိးရင္ တနွစ္အတြင္း အသီးပြင့္တာမို႔ အျမတ္အစြန္း ျမန္ျမန္ရပါတယ္။ ဒါေၾကာင့္ ေတာရွင္းၿပီး စိုက္ခင္းလုပ္လို႔ ေတာျပဳန္းတာေတြလည္း ရိွပါတယ္။ ဝိုင္းေမာ္ၿမိဳ ႔နယ္မွာ (၂၀၀၇) ခုႏွစ္က တရုတ္ရဲ ႔ တစ္သွ်ဴးငွက္ေပ်ာစိုက္ခင္း ဧက (၆) ေထာင္ေက်ာ္ရိွရက ဆယ္ႏွစ္ၾကာတဲ့အခါ ၂၀၁၈ မွာ ဧက (၁) သိန္းေက်ာ္အထိ တိုးပြားလာပါတယ္။ Tissue Culture ငွက္ေပ်ာအမ်ဳိးအစား ထုတ္လုပ္ရာမွာ ဓါတ္ေျမၾသဇာနဲ႔ ပိုးသတ္ေဆးကို အဆက္မျပတ္ သံုးေနရတာေၾကာင့္ ေဒသဆိုင္ရာ ေရအရင္းအျမစ္ကို ထိခိုက္ႏိုင္ပါတယ္။

ကခ်င္ျပည္နယ္ တရုတ္နယ္စပ္ေဒသမွာ တရုတ္စီးပြားေရးလုပ္ငန္းရွင္ေတြ ရင္းႏီွးျမဳပ္ႏံွေနတာၾကာၿပီ ျဖစ္ပါတယ္။ ၾသဇာအာဏာရိွသူနဲ႔ ေငြရင္းရိွသူေတြရဲ ႔ အက်ိးစီးပြားကို ျမွင့္တင္ေနတာ ထင္ရွားပါတယ္။ စိုက္ပ်ဳိးေရးလုပ္ငန္း ဖြံ႔ၿဖိဳးတိုးတက္ဖို႔အတြက္ ကခ်င္ျပည္နယ္အစိုးရနဲ႔ ယူနန္ကုမၸဏီအခ်ဳိ ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ ‘ျမစ္ႀကီးနား စီးပြားေရးတုိးတက္ေရးဇုန္’ ဆိုတဲ့ စီမံကိန္းကိုလည္း တရုတ္-ျမန္မာ စီးပြားေရးစႀကၤ ံမွာ အေရးႀကီးေၾကာင္း တရုတ္ဘက္က ေဖာ္ျပပါတယ္။ ယူနန္ျပည္နယ္ ‘ထန္ခ်ဳံး’ က တရုတ္ဝန္ထမ္းေတြက အေသးစိတ္ေလ့လာပါတယ္။ ျမစ္ႀကီးနားအေနာက္ဘက္ (၈) မုိင္အကြာ လီဒိုလမ္းမအနီးက ေျမဧက (၄၇၅၁) မွာ ေဒၚလာသန္း (၃၀၀) ရင္းႏီွးျမဳပ္ႏံွမယ့္ စိုက္ပ်ဳိးေရးစီမံကိန္း ျဖစ္ပါတယ္။ ျမစ္ႀကီးနားမွာေတာ့ နန္က်င္စီးပြားေရးဇုန္အျဖစ္နဲ႔လည္း လူသိမ်ားေနပံု ရပါတယ္။

ျမစ္ႀကီးနားစီးပြားေရးဖြံ႔ၿဖိဳးေရးဇုန္ကို ယူနန္ကုမၸဏီေတြျဖစ္တဲ့ ထန္ခ်ဳံးအုပ္စု၊ ေဘာင္ရွမ္းဟုန္ရင္အုပ္စုနဲ႔ ကခ်င္ျပည္နယ္အစိုးရတို႔ နာလည္မႈစာခၽြန္လႊာ ေရးထိုးၿပီး ၂၀၁၇ ကတည္းက စတင္အေကာင္အထည္ေဖာ္လာတာ ျဖစ္ပါတယ္။ ျမစ္ႀကီးနား ထန္ခ်ဳံးကားလမ္းကိုလည္း ေဆာက္လုပ္ေနပါတယ္။ တကယ္ေတာ့ တရုတ္ေတြ ကခ်င္ျပည္နယ္မွာ စီးပြားရွာေနၾကတာ စစ္အစိုးရေခတ္ကတည္းက ျဖစ္ပါတယ္။ တစ္သွ်ဳးငွက္ေပ်ာစိုက္ပ်ဳိးမႈေၾကာင့္ ဝိုင္းေမာ္ၿမိဳ ႔နယ္မွာ တရုတ္ႏိုင္ငံသားဦးေရ မ်ားျပားလာတယ္လို႔ လြန္ခဲ့တဲ့ ႏုိဝင္ဘာလထုတ္ ျမစ္ႀကီးနားသတင္းဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

ဝိုင္းေမာ္ၿမိဳ ႔နယ္မွာ စိုက္ပ်ဳိးတဲ့ တစ္သွ်ဴးငွက္ေပ်ာေတြကို (၂၄) ဘီး ကားႀကီးေတြနဲ႔ သယ္ေဆာင္ၿပီး ကန္ပိုက္တီကို ပို႔ေပးေနပါတယ္။ စည္းကမ္းမရိွ ကားေမာင္းတာေတြ ရိွလာေပမယ့္ ဝိုင္းေမာ္ၿမိဳ ႔ဟာ စည္းကားလာၿပီး၊ စီးပြားေရးအေျခအေန ေကာင္းလာတယ္လို႔ ဆိုပါတယ္။ လြယ္ဂ်ယ္နဲ႔ ကန္ပိုက္တီ နယ္စပ္ဂိတ္ေတြဟာ တရုတ္အဝင္မ်ားတဲ့ေနရာေတြ ျဖစ္ပါတယ္။ ထန္ခ်ဳံးကို ယူနန္ရဲ ႔ ထြက္ေပါက္တခုအေနနဲ႔ တရုတ္ဘက္က သတ္မွတ္ထားပံု ရပါတယ္။ ပဋိပကၡေဒသမွာ ရင္းႏီွးျမဳပ္ႏံွလာတာ ၾကာၿပီျဖစ္တဲ့ တရုတ္ဟာ မိမိလုပ္ငန္းကို ဘယ္လိုအေကာင္အထည္ေဖာ္ရမယ္ဆိုတာကို သိေနပံုရပါတယ္။

==Unicode==

ခေတ်သစ်ပိုးခါးပတ်လမ်းအကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်က ၂၀၁၃ ခုနှစ်မှာ ပထမဆုံး ကြေညာတာမို့ (၇) နှစ်လောက် ရှိသွားပါပြီ။ လွန်ခဲ့တဲ့ အနှစ် (၂၀၀၀) ကျော်က ရှိခဲ့တဲ့ တရုတ်နဲ့ အနောက်တိုင်း ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်တည်ဆောက်မယ့် ရည်ရွယ်ချက် ဖြစ်ပါတယ်။ ရှေးတုန်းကလို ကုန်းလမ်းတင်မကတော့ဘဲ ရေကြောင်းလမ်းကပါ ဆက်သွယ်မှာ ဖြစ်ပါတယ်။ တရုတ်လို “အီဒိုင်း၊ အီလူး” လို့ခေါ်ပြီး ခါးပတ်တခု၊ လမ်းတခုလို့ အဓိပ္ပါယ်ရပါတယ်။ နိုင်ငံပေါင်း တရာကျော်နဲ့ လူဦးရေသန်း (၄၀၀၀) ကျော်ကို ဆက်သွယ်ပြီး တရုတ်စီးပွားရေးကို ဘက်စုံမြှင့်တင်ဖို့ ရည်ရွယ်တဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်။

ပိုခါးပတ်လမ်းကြောင်းသစ်မှာ စီးပွားရေးစင်္ကြ ံ (၆) ခု ရှိတယ်လို့ ၂၀၁၉ ကမ္ဘာ့ဘဏ် လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြ ံဟာ အဓိကလမ်းကြောင်းတခု ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုအနည်းဆုံး တရုတ်ပြည်နယ်တွေထဲမှာ ယူနန်လည်း ပါဝင်တာမို့ ယူနန်ဖွံ့ဖြိုးရေးနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကဟြာ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးလို့ သတ်မှတ်ခံရတဲ့ ယူနန်ပြည်နယ်ရဲ့ စီးပွားရေးပမာဏဟာ မြန်မာ့စီးပွားရေးထက် လေးဆ ကြီးမားပါတယ်။ မြန်မာကို ဖြတ်သန်းတဲ့ ပိုးခါးပတ်လမ်းကြောင်းဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံ ဖြစ်လာပါတယ်။

ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နံှမှု တိုးချဲ့ဖို့အတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တည်ဆောက်တာ ဖြစ်ပါတယ်။ ကုန်လမ်းဆက်သွယ်ရေးကို ဦးစားပေးတဲ့ အစီအစဉ်ဖြစ်တာမို့ နယ်စပ်ကုန်သွယ်ရေး အချက်အချာနေရာတွေဟာ ကျန်ဒေသတွေထက် ပိုပြီးကြီးပွားလာမယ့် သဘောရှိပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်နဲ့ ချင်းရွှေဟော်၊ ကချင်ပြည်နယ်က ကန်ပိုက်တီစတဲ့ နယ်စပ်စခန်း (၃) ခုကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားတဲ့နယ်မြေဖြစ်လို့ သူတို့နားလည်မှုနဲ့ လုပ်ထားတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေလည်း ရှိပါတယ်။ စင်္ကြ ံမှာပါဝင်တဲ့ ကန်ပိုက်တီနဲ့ ပန်ဝါဟာ အစိုးရတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖြစ်တဲ့ National Democrtic Army- Kachin (NDA-K) ထိန်းချုပ်တဲ့နယ်မြေ ဖြစ်ပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံကို မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီကြီးတွေ အကောင်အထည်ဖော်ဖို့ စီစဉ်တုန်းဖြစ်ပေမယ့် ပုဂ္ဂလိကတရုတ်လုပ်ငန်းရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပြီး သယံဇာတ ထုတ်ယူလာတာ ကြာပါပြီ။ အခုမှ စိုက်ပျိုးရေးဘက် ရောက်လာတာပါ။ တစ်သျှုးငှက်ပျောစိုက်ပျိုးရင် တနှစ်အတွင်း အသီးပွင့်တာမို့ အမြတ်အစွန်း မြန်မြန်ရပါတယ်။ ဒါကြောင့် တောရှင်းပြီး စိုက်ခင်းလုပ်လို့ တောပြုန်းတာတွေလည်း ရှိပါတယ်။ ဝိုင်းမော်မြို့နယ်မှာ (၂၀၀၇) ခုနှစ်က တရုတ်ရဲ့ တစ်သျှူးငှက်ပျောစိုက်ခင်း ဧက (၆) ထောင်ကျော်ရှိရက ဆယ်နှစ်ကြာတဲ့အခါ ၂၀၁၈ မှာ ဧက (၁) သိန်းကျော်အထိ တိုးပွားလာပါတယ်။ Tissue Culture ငှက်ပျောအမျိုးအစား ထုတ်လုပ်ရာမှာ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးကို အဆက်မပြတ် သုံးနေရတာကြောင့် ဒေသဆိုင်ရာ ရေအရင်းအမြစ်ကို ထိခိုက်နိုင်ပါတယ်။

ကချင်ပြည်နယ် တရုတ်နယ်စပ်ဒေသမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နံှနေတာကြာပြီ ဖြစ်ပါတယ်။ သြဇာအာဏာရှိသူနဲ့ ငွေရင်းရှိသူတွေရဲ့ အကျိးစီးပွားကို မြှင့်တင်နေတာ ထင်ရှားပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကချင်ပြည်နယ်အစိုးရနဲ့ ယူနန်ကုမ္ပဏီအချို့ ဖက်စပ်လုပ်ကိုင်နေတဲ့ ‘မြစ်ကြီးနား စီးပွားရေးတိုးတက်ရေးဇုန်’ ဆိုတဲ့ စီမံကိန်းကိုလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံမှာ အရေးကြီးကြောင်း တရုတ်ဘက်က ဖော်ပြပါတယ်။ ယူနန်ပြည်နယ် ‘ထန်ချုံး’ က တရုတ်ဝန်ထမ်းတွေက အသေးစိတ်လေ့လာပါတယ်။ မြစ်ကြီးနားအနောက်ဘက် (၈) မိုင်အကွာ လီဒိုလမ်းမအနီးက မြေဧက (၄၇၅၁) မှာ ဒေါ်လာသန်း (၃၀၀) ရင်းနှီးမြုပ်နံှမယ့် စိုက်ပျိုးရေးစီမံကိန်း ဖြစ်ပါတယ်။ မြစ်ကြီးနားမှာတော့ နန်ကျင်စီးပွားရေးဇုန်အဖြစ်နဲ့လည်း လူသိများနေပုံ ရပါတယ်။

မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန်ကို ယူနန်ကုမ္ပဏီတွေဖြစ်တဲ့ ထန်ချုံးအုပ်စု၊ ဘောင်ရှမ်းဟုန်ရင်အုပ်စုနဲ့ ကချင်ပြည်နယ်အစိုးရတို့ နာလည်မှုစာချွန်လွှာ ရေးထိုးပြီး ၂၀၁၇ ကတည်းက စတင်အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။ မြစ်ကြီးနား ထန်ချုံးကားလမ်းကိုလည်း ဆောက်လုပ်နေပါတယ်။ တကယ်တော့ တရုတ်တွေ ကချင်ပြည်နယ်မှာ စီးပွားရှာနေကြတာ စစ်အစိုးရခေတ်ကတည်းက ဖြစ်ပါတယ်။ တစ်သျှုးငှက်ပျောစိုက်ပျိုးမှုကြောင့် ဝိုင်းမော်မြို့နယ်မှာ တရုတ်နိုင်ငံသားဦးရေ များပြားလာတယ်လို့ လွန်ခဲ့တဲ့ နိုဝင်ဘာလထုတ် မြစ်ကြီးနားသတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဝိုင်းမော်မြို့နယ်မှာ စိုက်ပျိုးတဲ့ တစ်သျှူးငှက်ပျောတွေကို (၂၄) ဘီး ကားကြီးတွေနဲ့ သယ်ဆောင်ပြီး ကန်ပိုက်တီကို ပို့ပေးနေပါတယ်။ စည်းကမ်းမရှိ ကားမောင်းတာတွေ ရှိလာပေမယ့် ဝိုင်းမော်မြို့ဟာ စည်းကားလာပြီး၊ စီးပွားရေးအခြေအနေ ကောင်းလာတယ်လို့ ဆိုပါတယ်။ လွယ်ဂျယ်နဲ့ ကန်ပိုက်တီ နယ်စပ်ဂိတ်တွေဟာ တရုတ်အဝင်များတဲ့နေရာတွေ ဖြစ်ပါတယ်။ ထန်ချုံးကို ယူနန်ရဲ့ ထွက်ပေါက်တခုအနေနဲ့ တရုတ်ဘက်က သတ်မှတ်ထားပုံ ရပါတယ်။ ပဋိပက္ခဒေသမှာ ရင်းနှီးမြုပ်နံှလာတာ ကြာပြီဖြစ်တဲ့ တရုတ်ဟာ မိမိလုပ်ငန်းကို ဘယ်လိုအကောင်အထည်ဖော်ရမယ်ဆိုတာကို သိနေပုံရပါတယ်။

XS
SM
MD
LG