သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္နဲ႔ အိမ္နီးနားခ်င္း ႏုိင္ငံမ်ား


China Map 中国地图
တရုတ္နဲ႔ အိမ္နီးနားခ်င္း ႏုိင္ငံမ်ား
please wait

No media source currently available

0:00 0:05:09 0:00
တိုက္႐ိုက္ လင့္ခ္

တိုင္းျပည္တျပည္ရဲ ႔ ႏိုင္ငံျခားေရးလမ္းစဥ္ဟာ အဲဒီတိုင္းျပည္ရဲ ႔ အမ်ဳိးသားအက်ဳိးစီးပြားကို ေရာင္ျပန္ဟပ္ေနတယ္ဆိုတဲ့စကား ရိွပါတယ္။ နည္းဗ်ဴဟာ၊ မဟာဗ်ဴဟာအမ်ဳိိးမ်ဳိးနဲ႔ တရုတ္အမ်ဳိးသား အက်ဳိးစီးပြားကို ျမွင့္တင္ရာမွာ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ဆက္ဆံေရးေကာင္းမြန္ေရးဟာ အေရးႀကီးတဲ့ အခန္းက႑က ပါဝင္ေနပါတယ္။ ခ်စ္ခင္တဲ့အိမ္နီခ်င္း (မုလင္)၊ ၿငိမ္းခ်မ္းတဲ့အိမ္နီးခ်င္း (အန္းလင္)၊ ၾကြယ္ဝတဲ့အိမ္နီးခ်င္း (ဝူးလင္) ရရိွေရးဟာ တရုတ္အတြက္ အေရးႀကီးတယ္လို႔ သမၼတရီွက်င့္ဖိန္က ဆိုပါတယ္။ ဒီအယူအဆကို တရုတ္-ျမန္မာ ဆက္ဆံေရးမွာ အထင္အရွားျပသဖို႔ ႀကိဳးစားေနပံု ရပါတယ္။

ေမာ္စီတုန္းလက္ထက္က ခ်မွတ္ခဲ့တဲ့ ၿငိမ္းခ်မ္းစြာယွဥ္တြဲေနထိုင္ေရး မူ (၅) ခ်က္ကို ဆက္လက္က်င့္သံုးတယ္လို႔လည္း ဆိုပါတယ္။ တိုင္းျပည္နယ္နမိတ္နဲ႔ အာဏာပိုင္ကို အျပန္အလွန္ရိုေသေလးစားေရး၊ မက်ဴးေက်ာ္ေရး၊ ျပည္တြင္းမွာ မစြက္ဖက္ေရး၊ တန္တူရည္တူဆက္ဆံေရးနဲ႔ ၿငိမ္းခ်မ္းစြာယွဥ္တြဲေနထိုင္ေရးစတဲ့ မူ (၅) ခ်က္ကို ေၾကြးေၾကာ္လာတာ ၾကာပါၿပီ။ ဒါေပမဲ့ ေမာ္စီတုန္းက ဗကပရဲ ႔ လက္နက္ကိုင္ေတာ္လွန္ေရးကို ေထာက္ခံအားေပးခဲ့ပါတယ္။ ဗကပ မရိွေတာ့ပဲမယ့္ ဗကပအေမြကို ဆက္ခံတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြကေတာ့ အခုအထိ ရိွေနတုန္းပါ။

သမၼတရိွခ်င္ဖိန္ရဲ ႔ ႏိုင္ငံျခားေရးမူဝါဒေတြထဲမွာ အိမ္နီးခ်င္းေကာင္း ရရိွေရးဟာ အလြန္အေရးႀကီးတဲ့ အခန္းက႑က ပါဝင္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ဇူလိုင္လက တရုတ္အစိုးရကထုတ္တဲ့ ေခတ္သစ္အမ်ဳိးသားကာကြယ္ေရးစာတမ္းမွာ တရုတ္-အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ားေဆြးေႏြးပြဲ အေရးပါပံုကို ေဖာ္ျပထားပါတယ္။ ကြဲလြဲမႈေတြကို ႀကီးၾကပ္ကြပ္ကဲႏုိင္တဲ့အတြက္ ေတာင္တရုတ္ပင္လယ္ အေျခအေန ေကာင္းမြန္လာတယ္လို႔ ဆိုပါတယ္။ အားနည္းသူကို အႏိုင္က်င့္တာမ်ဳိး မလုပ္ဘဲ၊ ပူးေပါင္းေဆာင္ရြက္မႈကို လိုလားတယ္လို႔ ေဖာ္ျပပါတယ္။ အိမ္နီးခ်င္းႏိုင္ငံ (၁၇) ႏို္ငငံက စစ္ေခါင္းေဆာင္ပိုင္းနဲ႔ အနီးကပ္ဆက္သြယ္ႏိုင္ေအာင္ ကာကြယ္ေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ေဆြးေႏြးပြဲက်င္းပတဲ့စနစ္ကို တည္ေဆာက္ထားတယ္လို႔ ဆိုပါတယ္။

တရုတ္ျပည္ရဲ ႔ ကုန္တြင္းပိုင္းနယ္နမိတ္ဟာ မိုင္ (၁၃၆၇၀) ရိွၿပီး၊ ကမ္းရိုုးတန္က မိုင္ (၁၁၁၈၄) ရိွပါတယ္။ ဒါေၾကာင့္ နယ္စပ္ေဒသတည္ၿငိမ္ေရးဟာ တရုတ္အတြက္ အလြန္အေရးႀကီးပါတယ္။ အိမ္နီးခ်င္းႏိုင္ငံ (၉) ႏိုင္ငံနဲ႔ နယ္စပ္ေရးရာ ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူညီခ်က္ ရယူထားပါတယ္။ တရုတ္-ျမန္မာနယ္စပ္ တည္ၿငိမ္ေရးနဲ႔ နယ္စပ္ေဒသခံေတြ လံုၿခံဳေရးအတြက္ ပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ေနတာကိုလည္း တရုတ္အစိုးရရဲ ႔ ကာကြယ္ေရးစာတမ္းမွာ ေဖာ္ျပထားပါတယ္။ တရုတ္-ျမန္မာနယ္စပ္မွာ ေျမျမဳပ္မိုင္းရွင္းလင္းေရး လုပ္တယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ (၇) ႏွစ္အတြင္းမွာ အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ နယ္စပ္ေဆြးေႏြးပြဲ (၈၁၀၀) က်င္းပခဲ့ၿပီး၊ ပူးတြဲကင္းလွည့္မႈ အႀကိမ္ (၃၃၀၀) လုပ္ႏုိင္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ပင္လယ္ျပင္မွာေတာ့ အႀကိမ္ေပါင္း (၇၂၀၀၀) ကင္းလွည့္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ႏုိင္ငံျခားက တရုတ္အက်ဳိးစီးပြားဟာ တရုတ္အမ်ဳိးသားအက်ဳိးစီးပြားရဲ ႔ အစိတ္အပိုင္းတခု ျဖစ္တာေၾကာင့္ တရုတ္စစ္တပ္က ကာကြယ္ေစာင့္ေရွာက္ရမယ္လို႔ ဆိုပါတယ္။ ျပည္ပေရာက္ တရုတ္ႏိုင္ငံသားနဲ႔ တရုတ္အဖြဲ႔အစည္းေတြရဲ ႔ တရားဝင္အက်ဳိးစီးပြားကို တရုတ္စစ္တပ္က ထိေရာက္စြာ ကာကြယ္ရမယ္လို႔လည္း ေဖာ္ျပထားပါတယ္။ လံုၿခံဳေရးနဲ႔ ကာကြယ္ပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ေနရတဲ့ ရည္ရြယ္ခ်က္ဟာ ႏိုင္ငံျခားက တရုတ္အက်ဳိးစီးပြားကို ကာကြယ္ဖို႔ ျဖစ္ပါတယ္။ တရုတ္စစ္သေဘၤာေတြ အနားယူစခန္းခ်ႏုိင္ဖို႔အတြက္ အာဖရိကအေရွ ႔ပိုင္း၊ ပင္လယ္နီကမ္းေျခက ဂ်ီဘုိတီ (Djibouti) ႏိုင္ငံေလးမွာ တရုတ္စစ္တပ္က အေျခစိုက္စခန္းတခု တည္ေဆာက္ၿပီး တရုတ္စစ္သေဘၤာေတြကို ကူညီေထာက္ပံ့ေနပါတယ္။ ေရမန္ႏိုင္ငံမွာ လံုၿခံဳေရးဆုိးဝါးခ်ိန္မွာ တရုတ္ႏုိင္ငံသား (၆၂၁) ဦးကို ကယ္တင္ႏုိင္ခဲ့ပါတယ္။

တရုတ္ရဲ ႔ ႏိုင္ငံျခားေရးရာမဟာဗ်ဴဟာကို ပံုစံတမ်ဳိးတည္းအျဖစ္ သတ္မွတ္လို႔ မရပါဘူး။ ေနရာေဒသကိုလိုက္ၿပီး အသြင္ေျပာင္းသြားတာေတြ ရိွပါတယ္။ သေဘာတူတာေတြမွာ ပူးေပါင္းေဆာင္ရြက္ၾကၿပီး၊ မတူတာေတြမွာ အျငင္းမပြားဘဲ၊ ျပႆနာမႀကီးထြားလာေအာင္ ထိန္းသိမ္းထားဖို႔ ျဖစ္ပါတယ္။ ျမန္မာ့ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ က်င္းပႏိုင္ေအာင္ တရုတ္က ၾကားဝင္ေဆာင္ရြက္ေပးတာကို တိုင္းရင္းသားလက္နက္ကို္င္ေတြဘက္ကေရာ ျမန္မာအစိုးရဘက္ကေရာ အေကာင္းျမင္ၾကပါတယ္။ ျပည္တြင္းက ဖိတ္ေခၚလို႔ ပါဝင္ရတာ ျဖစ္တဲ့အတြက္ ၿငိမ္းခ်မ္းစြာ ယွဥ္တြဲေနထိုင္ေရးမူကို မထိခိုက္ဘူးလို႔ ယူဆပံုရပါတယ္။

စစ္ပြဲႀကီးေတြ မျဖစ္ပြားေပမယ့္ ၿငိမ္းခ်မ္းေရးမရႏိုင္တဲ့ လိပ္ခဲတည္းလည္း အေျခအေနကို တရုတ္က လက္ခံထားပံု ရပါတယ္။ ဒီလိုအေျခအေနမွာ တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္နဲ႔ ပိုးခါးပတ္လမ္းေၾကာင္းသစ္ အစီအစဥ္ကို အေကာင္အထည္ေဖာ္ဖို႔ ရည္ရြယ္ထားပံု ရပါတယ္။ စီးပြားေရးအင္အားႀကီး ႏိုင္ငံတခုတည္းကို မီွခိုတာဟာ ႏိုင္ငံျခားဆက္ဆံေရး ျပႆနာ ျဖစ္ႏိုင္ေပမယ့္ ျမန္မာ့အဖို႔ေတာ့ ေလာေလာဆယ္မွာ ဒီအေျခအေနကို လက္ခံရံုသာ ရိွပါတယ္။ တရုတ္ပါဝင္မႈ ႀကီးထြားလာၿပီး ေခါင္းေဆာင္ပိုင္းက တရုတ္ကို အားကိုးလြန္တဲ့အတြက္ ေအာက္ေျခမွာ တရုတ္ဆန္႔က်င္ေရး ေပၚထြက္လာပံုကို ကေမာၻဒီးယားႏုိင္ငံက ဥပမာျပေနတာကိုလည္း သတိထားသင့္ပါတယ္။

-===Unicode===-

တိုင်းပြည်တပြည်ရဲ့ နိုင်ငံခြားရေးလမ်းစဉ်ဟာ အဲဒီတိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကို ရောင်ပြန်ဟပ်နေတယ်ဆိုတဲ့စကား ရှိပါတယ်။ နည်းဗျူဟာ၊ မဟာဗျူဟာအမျိုးမျိုးနဲ့ တရုတ်အမျိုးသား အကျိုးစီးပွားကို မြှင့်တင်ရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ချစ်ခင်တဲ့အိမ်နီချင်း (မုလင်)၊ ငြိမ်းချမ်းတဲ့အိမ်နီးချင်း (အန်းလင်)၊ ကြွယ်ဝတဲ့အိမ်နီးချင်း (ဝူးလင်) ရရှိရေးဟာ တရုတ်အတွက် အရေးကြီးတယ်လို့ သမ္မတရှီကျင့်ဖိန်က ဆိုပါတယ်။ ဒီအယူအဆကို တရုတ်-မြန်မာ ဆက်ဆံရေးမှာ အထင်အရှားပြသဖို့ ကြိုးစားနေပုံ ရပါတယ်။

မော်စီတုန်းလက်ထက်က ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး မူ (၅) ချက်ကို ဆက်လက်ကျင့်သုံးတယ်လို့လည်း ဆိုပါတယ်။ တိုင်းပြည်နယ်နမိတ်နဲ့ အာဏာပိုင်ကို အပြန်အလှန်ရိုသေလေးစားရေး၊ မကျူးကျော်ရေး၊ ပြည်တွင်းမှာ မစွက်ဖက်ရေး၊ တန်တူရည်တူဆက်ဆံရေးနဲ့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးစတဲ့ မူ (၅) ချက်ကို ကြွေးကြော်လာတာ ကြာပါပြီ။ ဒါပေမဲ့ မော်စီတုန်းက ဗကပရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံအားပေးခဲ့ပါတယ်။ ဗကပ မရှိတော့ပဲမယ့် ဗကပအမွေကို ဆက်ခံတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ အခုအထိ ရှိနေတုန်းပါ။

သမ္မတရှိချင်ဖိန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေထဲမှာ အိမ်နီးချင်းကောင်း ရရှိရေးဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဇူလိုင်လက တရုတ်အစိုးရကထုတ်တဲ့ ခေတ်သစ်အမျိုးသားကာကွယ်ရေးစာတမ်းမှာ တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲ အရေးပါပုံကို ဖော်ပြထားပါတယ်။ ကွဲလွဲမှုတွေကို ကြီးကြပ်ကွပ်ကဲနိုင်တဲ့အတွက် တောင်တရုတ်ပင်လယ် အခြေအနေ ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ အားနည်းသူကို အနိုင်ကျင့်တာမျိုး မလုပ်ဘဲ၊ ပူးပေါင်းဆောင်ရွက်မှုကို လိုလားတယ်လို့ ဖော်ပြပါတယ်။ အိမ်နီးချင်းနိုင်ငံ (၁၇) နိုငငံက စစ်ခေါင်းဆောင်ပိုင်းနဲ့ အနီးကပ်ဆက်သွယ်နိုင်အောင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပတဲ့စနစ်ကို တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်ရဲ့ ကုန်တွင်းပိုင်းနယ်နမိတ်ဟာ မိုင် (၁၃၆၇၀) ရှိပြီး၊ ကမ်းရိုးတန်က မိုင် (၁၁၁၈၄) ရှိပါတယ်။ ဒါကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးဟာ တရုတ်အတွက် အလွန်အရေးကြီးပါတယ်။ အိမ်နီးချင်းနိုင်ငံ (၉) နိုင်ငံနဲ့ နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ရယူထားပါတယ်။ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနဲ့ နယ်စပ်ဒေသခံတွေ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာကိုလည်း တရုတ်အစိုးရရဲ့ ကာကွယ်ရေးစာတမ်းမှာ ဖော်ပြထားပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ မြေမြုပ်မိုင်းရှင်းလင်းရေး လုပ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၇) နှစ်အတွင်းမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဆွေးနွေးပွဲ (၈၁၀၀) ကျင်းပခဲ့ပြီး၊ ပူးတွဲကင်းလှည့်မှု အကြိမ် (၃၃၀၀) လုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပင်လယ်ပြင်မှာတော့ အကြိမ်ပေါင်း (၇၂၀၀၀) ကင်းလှည့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားက တရုတ်အကျိုးစီးပွားဟာ တရုတ်အမျိုးသားအကျိုးစီးပွားရဲ့ အစိတ်အပိုင်းတခု ဖြစ်တာကြောင့် တရုတ်စစ်တပ်က ကာကွယ်စောင့်ရှောက်ရမယ်လို့ ဆိုပါတယ်။ ပြည်ပရောက် တရုတ်နိုင်ငံသားနဲ့ တရုတ်အဖွဲ့အစည်းတွေရဲ့ တရားဝင်အကျိုးစီးပွားကို တရုတ်စစ်တပ်က ထိရောက်စွာ ကာကွယ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။ လုံခြုံရေးနဲ့ ကာကွယ်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေရတဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံခြားက တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ တရုတ်စစ်သင်္ဘောတွေ အနားယူစခန်းချနိုင်ဖို့အတွက် အာဖရိကအရှေ့ပိုင်း၊ ပင်လယ်နီကမ်းခြေက ဂျီဘိုတီ (Djibouti) နိုင်ငံလေးမှာ တရုတ်စစ်တပ်က အခြေစိုက်စခန်းတခု တည်ဆောက်ပြီး တရုတ်စစ်သင်္ဘောတွေကို ကူညီထောက်ပံ့နေပါတယ်။ ရေမန်နိုင်ငံမှာ လုံခြုံရေးဆိုးဝါးချိန်မှာ တရုတ်နိုင်ငံသား (၆၂၁) ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

တရုတ်ရဲ့ နိုင်ငံခြားရေးရာမဟာဗျူဟာကို ပုံစံတမျိုးတည်းအဖြစ် သတ်မှတ်လို့ မရပါဘူး။ နေရာဒေသကိုလိုက်ပြီး အသွင်ပြောင်းသွားတာတွေ ရှိပါတယ်။ သဘောတူတာတွေမှာ ပူးပေါင်းဆောင်ရွက်ကြပြီး၊ မတူတာတွေမှာ အငြင်းမပွားဘဲ၊ ပြဿနာမကြီးထွားလာအောင် ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်အောင် တရုတ်က ကြားဝင်ဆောင်ရွက်ပေးတာကို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကရော မြန်မာအစိုးရဘက်ကရော အကောင်းမြင်ကြပါတယ်။ ပြည်တွင်းက ဖိတ်ခေါ်လို့ ပါဝင်ရတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကို မထိခိုက်ဘူးလို့ ယူဆပုံရပါတယ်။

စစ်ပွဲကြီးတွေ မဖြစ်ပွားပေမယ့် ငြိမ်းချမ်းရေးမရနိုင်တဲ့ လိပ်ခဲတည်းလည်း အခြေအနေကို တရုတ်က လက်ခံထားပုံ ရပါတယ်။ ဒီလိုအခြေအနေမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်နဲ့ ပိုးခါးပတ်လမ်းကြောင်းသစ် အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပုံ ရပါတယ်။ စီးပွားရေးအင်အားကြီး နိုင်ငံတခုတည်းကို မှီခိုတာဟာ နိုင်ငံခြားဆက်ဆံရေး ပြဿနာ ဖြစ်နိုင်ပေမယ့် မြန်မာ့အဖို့တော့ လောလောဆယ်မှာ ဒီအခြေအနေကို လက်ခံရုံသာ ရှိပါတယ်။ တရုတ်ပါဝင်မှု ကြီးထွားလာပြီး ခေါင်းဆောင်ပိုင်းက တရုတ်ကို အားကိုးလွန်တဲ့အတွက် အောက်ခြေမှာ တရုတ်ဆန့်ကျင်ရေး ပေါ်ထွက်လာပုံကို ကမ္ဘောဒီးယားနိုင်ငံက ဥပမာပြနေတာကိုလည်း သတိထားသင့်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG