တရုတ္သမၼတရီွက်င့္ဖိန္ရဲ ႔ ၂၀၂၀ ျပည့္ႏွစ္ ပထမဦးဆံုး ႏုိင္ငံျခားခရီးစဥ္ဟာ ျမန္မာႏိုင္ငံ ျဖစ္ပါတယ္။ ဇန္နဝါရီလ (၁၇) နဲ႔ (၁၈) ရက္ ျမန္မာျပည္ (၂) ရက္ ခရီးစဥ္ဟာ ရိွၿပီးသား ႏွစ္ႏုိင္ငံ ဆက္ဆံေရးအေျခအေနကို ထပ္မံဂုဏ္ျပဳတဲ့ အခမ္းအနားသေဘာမ်ဳိး ျဖစ္ပါတယ္။ တရုတ္နဲ႔ ျမန္မာဟာ ကံၾကမၼာအက်ဳိးတူ ေဆြးမ်ဳိးေပါက္ေဖာ္ ျဖစ္ရံုသာမကဘဲ၊ တစ္အူထံု႔ဆင္း ညီရင္းအကိုေတြျဖစ္ေၾကာင္း တရုတ္အစိုးရရဲ ႔ ျမန္မာဘာသာ ဆင္ဟြာသတင္းမွာ ေဖာ္ျပပါတယ္။ ျမန္မာဘာသာထုတ္ Online စာေစာင္ေတြျဖစ္တဲ့ ကြန္ရက္ေပါက္ေဖာ္နဲ႔ Yunnan-Gateway စာေစာင္ေတြမွာလည္း ကံၾကမၼာအက်ဳိးတူေတြျဖစ္ေၾကာင္း ေဖာ္ျပၾကပါတယ္။
ေနျပည္ေတာ္မွာ တစ္အူထံု႔ဆင္း ညီရင္းအကိုဆက္ဆံေရး ျမွင့္တင္ၿပီးတဲ့အခါမွာ သမၼတရီွက်င့္ဖိန္ဟာ ဇန္နဝါရီလ (၁၉) ရက္ေန႔မွာ တကယ့္ညီရင္းတဦးျဖစ္တဲ့ ယူနန္ျပည္နယ္၊ ထန္ခ်ဳံးၿမိဳ ႔နယ္က စီမိုလာ ‘ဝ’ ေက်းရြာကို သြားေရာက္လည္ပတ္ခဲ့ပါတယ္။ ဆင္းရဲႏြမ္းပါးတဲ့ ဘဝက လြတ္ေျမာက္လာတဲ့ ‘ဝ’ ေက်းရြာအတြက္ ဝမ္းေျမာက္ဂုဏ္ယူတာကို သြားေရာက္ေျပာၾကားတာျဖစ္ေၾကာင္း ဇန္နဝါရီလ (၂၀) ရက္ေန႔ထုတ္ ဆင္ဟြာသတင္းမွာ ေဖာ္ျပပါတယ္။ တရုတ္ျပည္မွာ တုိင္းရင္းသားလူနည္းစု (၅၅) မ်ဳိးရိွၿပီး အမ်ားစုဟာ ယူနန္ျပည္နယ္မွာ ေနထိုင္ၾကပါတယ္။ ယူနန္ျပည္နယ္မွာ ‘ဝ’ တိုင္းရင္းသား (၄) သိန္းေက်ာ္ ရိွပါတယ္။
တရုတ္ျပည္ကြန္ျမဴနစ္အစိုးရရဲ ႔ ခ်စ္ၾကည္ေရးလမ္းစဥ္မွာ အဓိကအခ်က္ (၃) ခ်က္ ရိွတယ္လို႔ သံုးသပ္ၾကပါတယ္။ တရုတ္ျပည္နဲ႔ တရုတ္ကြန္ျမဴနစ္အာဏာရွစ္စနစ္ကို အေကာင္းျမင္ေရးဟာ ပထမအခ်က္ ျဖစ္ပါတယ္။ တရုတ္ျပည္မွာ ႏိုင္ငံျခားရင္းႏီွးျမဳပ္ႏံွမႈ မ်ားျပားလာေရးနဲ႔ ႏိုင္ငံျခားမွာ တရုတ္ရင္းႏီွးမႈ တိုးပြားလာေရးဟာ ဒုတိယအခ်က္ ျဖစ္ပါတယ္။ တရုတ္အစိုးရနဲ႔ တရုတ္ေခါင္းေဆာင္ပိုင္းကို မေကာင္းမျမင္ေအာင္လုပ္ဖို႔နဲ႔ တရုတ္ကြန္ျမဴနစ္ ဆန္႔က်င္မႈအားလံုးကို ဖိႏိွပ္ေခ်မႈန္းေရးဟာ တတိယ ဦးတည္ခ်က္ ျဖစ္ပါတယ္။ ဒါဟာတရုတ္ရဲ ႔ အမ်ဳိးသားအက်ဳိးစီးပြား ျဖစ္ပါတယ္။ ဒါေပမဲ့ မိမိလြတ္လပ္ေရးကို ထိန္းသိမ္းရင္း အလွ်င္အျမန္ တိုးတက္ဖြံ႔ၿဖိဳးခ်င္တဲ့ ဖြ႔ံၿဖိဳးစႏုိင္ငံေတြကို ထြက္ေပါက္ေပးႏိုင္ေအာင္လည္း တရုတ္က တီထြင္ႀကံဆေပးရမယ္လို႔ ရီွက်င့္ဖိန္က ျမင္ပါတယ္။
၂၀၁၇ ေအာက္တိုဘာလမွာ က်င္းပခဲ့တဲ့ (၁၉) ႀကိမ္ေျမာက္ တရုတ္ကြန္ျမဴနစ္ပါတီကြန္ဂရက္မွာ ရီွက်င့္ဖိန္ ရာသက္ပန္သမၼတ ျဖစ္လာခ်ိန္ကစၿပီး ႏိုင္ငံျခားမီဒီယာေတြကို လႊမ္းမုိးဖို႔ ႀကိဳးပမ္းပံုကို အေမရိကန္အေျခစိုက္ Freedom House က ဇန္နဝါရီလထုတ္ Beijing’s Global Megaphone စာတမ္းမွာ ေဖာ္ျပထားပါတယ္။ လုပ္ရိုးလုပ္စဥ္အတိုင္း တရုတ္အစိုးရပိုင္ စာနယ္ဇင္းေတြကို ဝါဒျဖန္႔လက္နက္အျဖစ္ အသံုးျပဳရံုတင္မကေသးဘဲ၊ ထိပ္တန္းသံတမန္ေတြက ဦးေဆာင္ၿပီး ႏိုင္ငံျခားမီဒီယာကို စည္းရံုးသိမ္းသြင္းတာမ်ဳိးလည္း လုပ္လာပါတယ္။ တရုတ္ဝါဒျဖန္႔လုပ္ငန္း အမ်ားအျပားရိွတဲ့ ႏုိင္ငံေတြထဲမွာ ျမန္မာလည္းပါဝင္ပါတယ္။ ရန္ကုန္ၿမိဳ ႔ Wyndham Green Hotel မွာ တရုတ္သမၼတရီွက်င့္ဖိန္ရဲ ႔ တိုင္းျပည္အုပ္ခ်ဳပ္ေရး နည္းဗ်ဴဟာမွတ္တမ္းရုပ္ရွင္ ထုတ္လႊင့္ျပသမည့္အခမ္းအနား ဇန္နဝါရီလ (၁၆) ရက္ေန႔က က်င္းပသြားပါတယ္။
တရုတ္သမၼတရဲ ႔ တုိင္းျပည္အုပ္ခ်ဳပ္ေရးနည္းဗ်ဴဟာ မွတ္တမ္းရုပ္ရွင္ကို ျပသဖို႔ စီစဥ္ေပးသူေတြထဲမွာ တရုတ္အဖြဲ႔အစည္းေတြအျပင္ ျမန္မာျပန္ၾကားေရးဝန္ႀကီးဌာန၊ ျမန္မာ့အသံနဲ႔ ရုပ္ျမင္သံၾကား၊ SkyNet စတဲ့ ျမန္မာအဖြဲ႔အစည္းေတြ ပါဝင္ၾကပါတယ္။ ႏုိင္ငံေပါင္း (၃၇) ႏုိင္ငံမွာ ျပသခဲ့ၿပီး အခုမွ ျမန္မာျပည္မွာ ျပႏုိင္တဲ့အတြက္ ျမန္မာေတြအတြက္ အတုယူစရာေတြ ရိွမယ္လို႔ SkyNet ပိုင္ရွင္ တရုတ္-ျမန္မာ စီးပြားေရးလုပ္ငန္းရွင္ ဦးေက်ာ္ဝင္းက ဆိုပါတယ္။ အတုယူသင့္တာကို အတုယူၿပီး လိုက္နာက်င့္သံုးဖို႔လိုေၾကာင္း ကြယ္လြန္သူဝန္ႀကီးခ်ဳပ္ဦးႏုရဲ ႔ သမီး ေဒၚသန္းသန္းႏု ေျပာဆိုသြားတာကို Yunnan Gateway သတင္းမွာ ေဖာ္ျပပါတယ္။ တရုတ္သမၼတရီွက်င့္ဖိန္ရဲ ႔ တိုင္းျပည္အုပ္ခ်ဳပ္ေရးနည္းဗ်ဴဟာ ျမန္မာဘာသာျပန္ကို အပိုင္း (၃) ပိုင္းခြဲၿပီး SkyNet နဲ႔ MRTV မွာ ျပသသြားပါတယ္။
တရုတ္ကြန္ျမဴနစ္ေတာ္လွန္ေရးကို ႏုိင္ငံျခားတင္ပို႔တဲ့ေနရာမွာ ေမာ္စီတုန္းက နာမည္ႀကီးပါတယ္။ ေမာ္စီတုန္းအေမြကို ဆက္ခံတဲ့ ရီွက်င့္ဖိန္ကေတာ့ တရုတ္ရဲ ႔ ဖြံ႔ၿဖိဳးေရးပံုစံကို ႏိုင္ငံျခားတင္ပို႔ဖို႔ ႀကိဳးပမ္းေနပါတယ္။ တရုတ္ျပည္မွာ အျပည္ျပည္ဆိုင္ရာညီလာခံ က်င္းပၿပီး တရုတ္ပညာရွင္ေတြ ျပည္တြင္းျပည္ပမွာ ေဆြးေႏြးက်င္းပတဲ့နည္းကို အသံုးမ်ားလာတာ ေတြ႔ရပါတယ္။ တရုတ္ရဲ ႔ လူမႈအုပ္ခ်ဳပ္ေရးပညာ ကမာၻမွာ အေရးပါလာပံုကို ႏိုင္ငံေပါင္း (၂၀) က ပညာရွင္ (၂၀၀) တရုတ္ျပည္မွာ လြန္ခဲ့တဲ့ ႏိုဝင္ဘာလမွာ ေဆြးေႏြးၾကပါတယ္။ အာဆီယံေဒသက အရာထမ္းေတြအတြက္ ေခါင္းေဆာင္မႈသင္တန္းကို ဂြမ္ရီွျပည္နယ္မွာ ၂၀၁၇ ခုႏွစ္ကတည္းက ဖြင့္လွစ္ထားပါတယ္။
ျပည္သူ႔ဆႏၵကို သိမ္းသြင္းနည္း၊ ကြဲလြဲတဲ့သေဘာထားကို ကိုင္တြယ္နည္း၊ အရပ္သားအသင္းအဖြဲ႔ေတြကို ႀကိဳးကိုင္နည္း၊ ဆင္းရဲမႈေလ်ာ့နည္းေအာင္ ျပဳလုပ္နည္း၊ သတင္းမီဒီယာကို ႀကိဳးကိုင္နည္း စတာေတြကို အဓိကထားၿပီး တရုတ္က သင္ၾကားပို႔ခ်ပါတယ္။ ရီွက်င့္ဖိန္ရဲ ႔ ပိုးခါးပတ္လမ္းသစ္ စီမံကိန္းဟာ တရုတ္ရဲ ႔ အာဏာရွင္ အရင္းရွင္စီးပြားေရးစနစ္ တိုးတက္မႈပံုစံနဲ႔ တိုင္းျပည္အုပ္ခ်ဳပ္ေရးနည္းဗ်ဴဟာကို ဖြံ႔ၿဖိဳးစႏိုင္ငံေတြ လက္ခံလာေအာင္ ဦးတည္တဲ့ ႀကိဳးပမ္းခ်က္ျဖစ္တယ္လို႔လည္း သံုးသပ္ၾကပါတယ္။ အထူးသျဖင့္ ဖြံ႔ၿဖိဳးစ အာရွ-အာဖရိကမွာ လိုက္နာက်င့္သံုးလိမ့္မယ္လို႔ တရုတ္က ေမွ်ာ္လင့္ေနပံု ရပါတယ္။
===Unicode===
တရုတ်သမ္မတရှီကျင့်ဖိန်ရဲ့ ၂၀၂၀ ပြည့်နှစ် ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဟာ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ ဇန်နဝါရီလ (၁၇) နဲ့ (၁၈) ရက် မြန်မာပြည် (၂) ရက် ခရီးစဉ်ဟာ ရှိပြီးသား နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေကို ထပ်မံဂုဏ်ပြုတဲ့ အခမ်းအနားသဘောမျိုး ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာဟာ ကံကြမ္မာအကျိုးတူ ဆွေးမျိုးပေါက်ဖော် ဖြစ်ရုံသာမကဘဲ၊ တစ်အူထုံ့ဆင်း ညီရင်းအကိုတွေဖြစ်ကြောင်း တရုတ်အစိုးရရဲ့ မြန်မာဘာသာ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ မြန်မာဘာသာထုတ် Online စာစောင်တွေဖြစ်တဲ့ ကွန်ရက်ပေါက်ဖော်နဲ့ Yunnan-Gateway စာစောင်တွေမှာလည်း ကံကြမ္မာအကျိုးတူတွေဖြစ်ကြောင်း ဖော်ပြကြပါတယ်။
နေပြည်တော်မှာ တစ်အူထုံ့ဆင်း ညီရင်းအကိုဆက်ဆံရေး မြှင့်တင်ပြီးတဲ့အခါမှာ သမ္မတရှီကျင့်ဖိန်ဟာ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ တကယ့်ညီရင်းတဦးဖြစ်တဲ့ ယူနန်ပြည်နယ်၊ ထန်ချုံးမြို့နယ်က စီမိုလာ ‘ဝ’ ကျေးရွာကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ဘဝက လွတ်မြောက်လာတဲ့ ‘ဝ’ ကျေးရွာအတွက် ဝမ်းမြောက်ဂုဏ်ယူတာကို သွားရောက်ပြောကြားတာဖြစ်ကြောင်း ဇန်နဝါရီလ (၂၀) ရက်နေ့ထုတ် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ တရုတ်ပြည်မှာ တိုင်းရင်းသားလူနည်းစု (၅၅) မျိုးရှိပြီး အများစုဟာ ယူနန်ပြည်နယ်မှာ နေထိုင်ကြပါတယ်။ ယူနန်ပြည်နယ်မှာ ‘ဝ’ တိုင်းရင်းသား (၄) သိန်းကျော် ရှိပါတယ်။
တရုတ်ပြည်ကွန်မြူနစ်အစိုးရရဲ့ ချစ်ကြည်ရေးလမ်းစဉ်မှာ အဓိကအချက် (၃) ချက် ရှိတယ်လို့ သုံးသပ်ကြပါတယ်။ တရုတ်ပြည်နဲ့ တရုတ်ကွန်မြူနစ်အာဏာရှစ်စနစ်ကို အကောင်းမြင်ရေးဟာ ပထမအချက် ဖြစ်ပါတယ်။ တရုတ်ပြည်မှာ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု များပြားလာရေးနဲ့ နိုင်ငံခြားမှာ တရုတ်ရင်းနှီးမှု တိုးပွားလာရေးဟာ ဒုတိယအချက် ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ တရုတ်ခေါင်းဆောင်ပိုင်းကို မကောင်းမမြင်အောင်လုပ်ဖို့နဲ့ တရုတ်ကွန်မြူနစ် ဆန့်ကျင်မှုအားလုံးကို ဖိနှိပ်ချေမှုန်းရေးဟာ တတိယ ဦးတည်ချက် ဖြစ်ပါတယ်။ ဒါဟာတရုတ်ရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိလွတ်လပ်ရေးကို ထိန်းသိမ်းရင်း အလျှင်အမြန် တိုးတက်ဖွံ့ဖြိုးချင်တဲ့ ဖွံ့ဖြိုးစနိုင်ငံတွေကို ထွက်ပေါက်ပေးနိုင်အောင်လည်း တရုတ်က တီထွင်ကြံဆပေးရမယ်လို့ ရှီကျင့်ဖိန်က မြင်ပါတယ်။
၂၀၁၇ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်မှာ ရှီကျင့်ဖိန် ရာသက်ပန်သမ္မတ ဖြစ်လာချိန်ကစပြီး နိုင်ငံခြားမီဒီယာတွေကို လွှမ်းမိုးဖို့ ကြိုးပမ်းပုံကို အမေရိကန်အခြေစိုက် Freedom House က ဇန်နဝါရီလထုတ် Beijing’s Global Megaphone စာတမ်းမှာ ဖော်ပြထားပါတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း တရုတ်အစိုးရပိုင် စာနယ်ဇင်းတွေကို ဝါဒဖြန့်လက်နက်အဖြစ် အသုံးပြုရုံတင်မကသေးဘဲ၊ ထိပ်တန်းသံတမန်တွေက ဦးဆောင်ပြီး နိုင်ငံခြားမီဒီယာကို စည်းရုံးသိမ်းသွင်းတာမျိုးလည်း လုပ်လာပါတယ်။ တရုတ်ဝါဒဖြန့်လုပ်ငန်း အများအပြားရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်းပါဝင်ပါတယ်။ ရန်ကုန်မြို့ Wyndham Green Hotel မှာ တရုတ်သမ္မတရှီကျင့်ဖိန်ရဲ့ တိုင်းပြည်အုပ်ချုပ်ရေး နည်းဗျူဟာမှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ပြသမည့်အခမ်းအနား ဇန်နဝါရီလ (၁၆) ရက်နေ့က ကျင်းပသွားပါတယ်။
တရုတ်သမ္မတရဲ့ တိုင်းပြည်အုပ်ချုပ်ရေးနည်းဗျူဟာ မှတ်တမ်းရုပ်ရှင်ကို ပြသဖို့ စီစဉ်ပေးသူတွေထဲမှာ တရုတ်အဖွဲ့အစည်းတွေအပြင် မြန်မာပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ SkyNet စတဲ့ မြန်မာအဖွဲ့အစည်းတွေ ပါဝင်ကြပါတယ်။ နိုင်ငံပေါင်း (၃၇) နိုင်ငံမှာ ပြသခဲ့ပြီး အခုမှ မြန်မာပြည်မှာ ပြနိုင်တဲ့အတွက် မြန်မာတွေအတွက် အတုယူစရာတွေ ရှိမယ်လို့ SkyNet ပိုင်ရှင် တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်ဝင်းက ဆိုပါတယ်။ အတုယူသင့်တာကို အတုယူပြီး လိုက်နာကျင့်သုံးဖို့လိုကြောင်း ကွယ်လွန်သူဝန်ကြီးချုပ်ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု ပြောဆိုသွားတာကို Yunnan Gateway သတင်းမှာ ဖော်ပြပါတယ်။ တရုတ်သမ္မတရှီကျင့်ဖိန်ရဲ့ တိုင်းပြည်အုပ်ချုပ်ရေးနည်းဗျူဟာ မြန်မာဘာသာပြန်ကို အပိုင်း (၃) ပိုင်းခွဲပြီး SkyNet နဲ့ MRTV မှာ ပြသသွားပါတယ်။
တရုတ်ကွန်မြူနစ်တော်လှန်ရေးကို နိုင်ငံခြားတင်ပို့တဲ့နေရာမှာ မော်စီတုန်းက နာမည်ကြီးပါတယ်။ မော်စီတုန်းအမွေကို ဆက်ခံတဲ့ ရှီကျင့်ဖိန်ကတော့ တရုတ်ရဲ့ ဖွံ့ဖြိုးရေးပုံစံကို နိုင်ငံခြားတင်ပို့ဖို့ ကြိုးပမ်းနေပါတယ်။ တရုတ်ပြည်မှာ အပြည်ပြည်ဆိုင်ရာညီလာခံ ကျင်းပပြီး တရုတ်ပညာရှင်တွေ ပြည်တွင်းပြည်ပမှာ ဆွေးနွေးကျင်းပတဲ့နည်းကို အသုံးများလာတာ တွေ့ရပါတယ်။ တရုတ်ရဲ့ လူမှုအုပ်ချုပ်ရေးပညာ ကမ္ဘာမှာ အရေးပါလာပုံကို နိုင်ငံပေါင်း (၂၀) က ပညာရှင် (၂၀၀) တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နိုဝင်ဘာလမှာ ဆွေးနွေးကြပါတယ်။ အာဆီယံဒေသက အရာထမ်းတွေအတွက် ခေါင်းဆောင်မှုသင်တန်းကို ဂွမ်ရှီပြည်နယ်မှာ ၂၀၁၇ ခုနှစ်ကတည်းက ဖွင့်လှစ်ထားပါတယ်။
ပြည်သူ့ဆန္ဒကို သိမ်းသွင်းနည်း၊ ကွဲလွဲတဲ့သဘောထားကို ကိုင်တွယ်နည်း၊ အရပ်သားအသင်းအဖွဲ့တွေကို ကြိုးကိုင်နည်း၊ ဆင်းရဲမှုလျော့နည်းအောင် ပြုလုပ်နည်း၊ သတင်းမီဒီယာကို ကြိုးကိုင်နည်း စတာတွေကို အဓိကထားပြီး တရုတ်က သင်ကြားပို့ချပါတယ်။ ရှီကျင့်ဖိန်ရဲ့ ပိုးခါးပတ်လမ်းသစ် စီမံကိန်းဟာ တရုတ်ရဲ့ အာဏာရှင် အရင်းရှင်စီးပွားရေးစနစ် တိုးတက်မှုပုံစံနဲ့ တိုင်းပြည်အုပ်ချုပ်ရေးနည်းဗျူဟာကို ဖွံ့ဖြိုးစနိုင်ငံတွေ လက်ခံလာအောင် ဦးတည်တဲ့ ကြိုးပမ်းချက်ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးစ အာရှ-အာဖရိကမှာ လိုက်နာကျင့်သုံးလိမ့်မယ်လို့ တရုတ်က မျှော်လင့်နေပုံ ရပါတယ်။