သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဘက်ကို သရက် တင်ပို့မှု ကျဆင်းမယ်လို့ နယ်စပ်က ခန့်မှန်း


တရုတ်နိုင်ငံက သစ်သီးဈေး (ဓာတ်ပုံ - Reuters/Stringer)
တရုတ်နိုင်ငံက သစ်သီးဈေး (ဓာတ်ပုံ - Reuters/Stringer)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID -19 ရောဂါဖြစ်ပွားမှု အတည်ပြုပြီးနောက် တရုတ်ဘက်က နယ်စပ် အဝင်အထွက်ကို ကန့်သတ်တားမြစ်မှုကြောင့် မကြာခင်မှာ ရာသီချိန် စတော့မယ့် သရက်သီး တင်ပို့မှု အပေါ်မှာ ထိခိုက်လာမယ့် အခြေအနေ ရှိနေပါသလား။ သရက် စိုက်ပျိုးထုတ်လုပ်သူတွေ၊ တင်ပို့မယ့်သူတွေ အတွက် သတိထားရမယ့် အချက်တွေကို မူဆယ်နယ်စပ် ကုန်သည်ကြီး တဦးဖြစ်တဲ့ ခွာညိုသစ်သီးပွဲရုံ လုပ်ငန်းရှင် စိုင်းခင်မောင်နဲ့ ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

သိင်္ဂ ီထိုက် ။ ။ တရုတ်ဘက်ကို သရက် တင်ပို့တဲ့ ရာသီက စတော့မယ် ဆိုတော့ လောလောဆယ် ဈေးကွက် အနေအထားပေါ့နော် ပုံမှန် ဖြစ်မယ့် အနေအထား ရှိပါသလား။ ဆရာတို့ ဘယ်လို သုံးသပ်ပါလဲရှင့်။ ဒီ တရာသီမှာ။

စိုင်းခင်မောင် ။ ။ သင်္ကြန်အတွင်းမှာဘဲ သရက်သီး တင်ပို့မှု စတော့မှာ ဖြစ်တယ်။ တရုတ်ဘက်မှာ COVID 19 ရောဂါ အခြေအနေက တည်ငြိမ်လာတဲ့ အနေအထားမျိုးမှာတော့ ရှိတယ်။ ဒါကြောင့် ဒီ တရုတ်က ပုံမှန် ဝယ်လိုအားကတော့ ရှိမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ သရက်သီးတွေရဲ့ ထူးခြားတဲ့ အရည်အသွေး အရသာတွေ အရ တရုတ်ဘက်က စားသုံးသူတွေလည်း တနှစ်ထက် တနှစ် ပိုပြီးတော့ လက်ခံလာတဲ့ အနေအထားမျိုးမှာ ရှိတယ်။
ဒီတော့ ဝယ်လိုအားကတော့ အတိုင်းအတာ တခု အထိ ခိုင်မြဲနေဦးမှာ ဖြစ်တယ်။ ဒါပေမယ့် လက်ရှိ ကမ္ဘာ့အခြေအနေနဲ့ တခြား ကျနော်တို့ မြန်မာနိုင်ငံ ကနေ ကူးစက် ပျံ့နှံ့နေတဲ့ COVID 19 အနေအထား ကတော့ သရက်သီး ပို့ကုန် သရက်သီး ဈေးကွက် အခင်းအကျင်းကိုတော့ လွှမ်းမိုးနေဦးမှာ ဖြစ်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ မူဆယ်ဘက်ကလည်း ကုန်တင်ကားတွေ အဝင်အထွက်ကို နည်းနည်း ကန့်သတ်တာတွေ ရှိတယ်လို့ ကြားပါတယ်။ ဒီဟာတွေက အခုလာမယ့် သရက် ဈေးကွက် အပေါ်မှာ သက်ရောက်မှု ဈေးကွက် ပျက်သွားလောက်အောင်ထိ ဖရဲသီးနဲ့ သခွားသီးမှာ ဖြစ်ခဲ့သလိုမျိုးထိ စိုးရိမ်စရာ ရှိပါသလား။

စိုင်းခင်မောင် ။ ။ တရုတ်ဘက်ကလည်း ကျနော်တို့ ကုန်သွယ်ရေး တံခါး လူဝင်လူထွက်ကို တရစ်ပြီး တရစ် ကျနော်တို့ဘက်က ရောဂါ အခြေအနေ အရ သူတို့ ထိန်းချုပ်လာတာ ၊ ကန့်သတ်လာတာ၊ ပိတ်လာတာ တွေ့ရတယ်။ အဲသည်လိုပေါ့ ကျနော်တို့ ဖရဲသီးနဲ့ သခွားမွှေးက စိန်ခေါ်မှု မြောက်များစွာနဲ့ နှစ်စဉ် နှစ်တိုင်း တချို့ အချိန်မှာ စစ်ဘေး၊ လမ်းပိတ်ဆို့မှု အခက်အခဲ ၊ အခုလိုမျိုးကျတော့ ဒါက သဘာ၀ ဘေးအန္တရာယ်နဲ့ ဆိုင်တဲ့ ဒီ ရောဂါ အခြေအနေ အဲလိုမျိုး အမြဲတမ်း ကြုံတွေ့ရတယ်။ ဒီလိုမျိုး ကြုံတွေ့ရပေမယ့် ကျနော်တို့ သရက်သီး ပို့ကုန်ကျတော့ ဒီလိုမျိုးစိန်ခေါ်မှုတွေကို ပွတ်ခါ သီခါ နဲ့ သူက နည်းနည်း ရှောင်ပြီးတော့ သွားနိုင်တဲ့ အနေအထားတွေ နှစ်စဉ် နှစ်တိုင်းမှာ တွေ့ရတယ်။
ဒီနှစ်မှာတော့ မလွဲမသွေ ရှောင်နိုင်မယ် မထင်ဘူး။ ဒါပေမယ့် ဈေးကွက် အခင်းအကျင်းက သရက်သီးနဲ ဖရဲသီး၊ သခွားမွှေးနဲ့က မတူဘူး။ တရုတ်ပြည်က ဝယ်လက်လည်း မတူ သလို ပို့ဆောင်တဲ့ ပြည်နယ်တွေလည်း မတူဘူး။ နောက်ပြီး ပို့ဆောင်တဲ့ ပမာဏခြင်းလည်း မတူဘူး။
နောက် ဖရဲသီး၊ သခွားမွှေးလို ပမာဏ များများနဲ့ တင်ပို့ရတာ မဟုတ်တော့ သရက်သီးမှာ ဒီစိန်ခေါ်မှုတွေကို တော်တော် လွယ်လွယ်ကူကူနဲ့ ဘဲ ဖြစ်စေ ဆက်ပြီးတော့ ထိုးဖောက်သွားမယ်လို့ မျှော်လင့်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ အဲဒီတော့ သရက်သီး စိုက်ပျိုး ထုတ်လုပ်သူတွေ အတွက် ဆောင်ရန် ရှောင်ရန်ပေါ့ လာတော့မယ့် ဈေးကွက် အတွက် အကြံပေးနိုင်ပါသလဲ။

စိုင်းခင်မောင် ။ ။ သရက်သီး လုပ်ငန်းရှင်တွေ တောင်သူတွေ အနေနဲ့တော့ အခု အခက်အခဲ ကာလမှာ ကျနော်တို့ အရည်အသွေးကို ဦးစားပေးပြီးတော့ တင်ပို့သင့်တယ်။ နောက်ပြီးတော့ လမ်းခရီး ကြန့်ကြာမှု အတွက်ကိုလည်း ကြိုတင် ပြင်ဆင်ပြီးတော့ တင်ပို့သင့်တယ်။ တရုတ်ဘက်က ကျန်းမာရေး ပြသနာတွေ ရှိနေတော့လေ။
ကျနော်တို့ မရင့်မှည့်သေးတဲ့ အသီးတွေ ၊ အနုသီးတွေ နော် အဲဒါတွေ မတင်ပို့ပါနဲ့။ နောက်ပြီးတော့ အနုသီးတွေကို ဆေးသုတ်ပြီး တင်ပို့တာမျိုးတွေလည်း မလုပ်ကြပါနဲ့။ ဖရဲ သခွားနဲ့ လာမယ့် သရက်သီး လုပ်ငန်းရှင် တောင်သူတွေ အနေနဲ့ ဒီအချက်တွေကို ဆောင်ရန် ရှောင်ရန် အနေနဲ့တော့ ဒါ သတိထားသင့်တဲ့ အနေအထားတွေ ရှိတယ်။
အခုလက်ရှိ တွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ အရ ကျနော်တို့ တင်ပို့မှု အနေအထားကို ဘယ်လို ပြောင်းလဲ မြန်ဆန်အောင် တင်ပို့နိုင်မလဲ ဆိုတာကိုလည်း နည်းနည်း ကြိုတင်ပြီးတော့ စဉ်းစား ထားသင့်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ သရက်သီး တင်ပို့မှုကရော ပမာဏ ဘယ်လောက် ရှိပါလဲ။ တနှစ်ကို ဆရာတို့ ကုန်သွယ်ရေး အနေနဲ့။

စိုင်းခင်မောင် ။ ။ တင်ပို့မှု ပမာဏကတော့ နှစ်စဉ် အနေနဲ့ ပြောရရင်တော့ တန်ချိန် ၅၀,၀၀၀ - ၆၀,၀၀၀ ဒီကြားထဲမှာ ရှိပါတယ်။ ဒီနှစ် အနေအထား အရတော့ သရက်သီး ထွက်ရှိမှု အနေအထား ကြည့်ရတာကတော့ ပိုပြီး များလာမယ့် အနေအထားတော့ ရှိတယ်။ ကျနော် ခန့်မှန်းသလောက်တော့ တန်ချိန် ၆၀,၀၀၀ - ၇၀,၀၀၀ လောက်ထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် တရုတ်ဘက်က ဝယ်လိုအား သူတို့ရဲ့ အခြေအနေ နောက် လမ်းကြောင်း သွားလာမှု အခြေအနေကို ကြည့်ရမယ်ဆိုရင်တော့ ကျနော့် အထင်တော့ တင်ပို့မှုကတော့ နည်းနည်း လျော့ကျကောင်း လျော့ကျနိုင်ပါတယ်။
အားလုံး ရှောရှောရှုရှု ဖြစ်လာမယ် ဆိုရင်တော့ တင်ပို့နိုင်မှုက ခါတိုင်းထက်လည်း တိုးတက်နိုင်မယ့် အလားအလာတော့ ရှိပါတယ်။ ဒါပေမယ့် အခုလက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အခက်အခဲက သရက်သီး ကာလ အတွင်းမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ COVID 19 ဖြစ်သွားပြီးတဲ့ နောက်မှာ တရုတ်ဘက်က ဝယ်လိုအား တိုးလာပါသလား။ ဝယ်လိုအား အခြေအနေ ဘယ်လို ရှိပါလဲရှင့်။

စိုင်းခင်မောင် ။ ။ ဖရဲ သခွား ဝယ်လိုမှုကတော့ လုံး၀ ကျဆင်းသွားတယ်။ ဝယ်လိုအား ကျသွားလို့လည်း ကျနော်တို့ဘက်က ဖရဲ သခွား တောင်သူတွေ အခင်းထဲမှာတင် အများကြီး နစ်နာ ဆုံးရှုံး လေလွင့်ကုန်တယ်။ အဲဒီကာလမှာ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့ပြီးတော့ စီးပွား ပျက်သွားတဲ့ တောင်သူတွေ အများကြီး ရှိပါတယ်။ နစ်နာ ဆုံးရှုံးမှု ပမာဏတော့ တော်တော် များခဲ့ပါတယ်။ ကျနော်တို့ အကြမ်းဖျဉ်း ခန့်မှန်းရတာ ဆိုရင် အဲဒီ ကာလ ဝယ်လိုအား ရပ်ဆိုင်းသွားတဲ့ အနေအထား ဖြစ်သွားတော့ ဒီ တောင်သူတွေ အနေနဲ့ ဆုံးရှုံးမှု စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၅၀ လောက် ထိကိုရှိပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)











သိငျ်ဂ ီထိုကျ ။ ။ COVID 19 ဖွဈသှားပွီးတဲ့ နောကျမှာ တရုတျဘကျက ဝယျလိုအား တိုးလာပါသလား။ ဝယျလိုအား အခွအေနေ ဘယျလို ရှိပါလဲရှင့ျ။


XS
SM
MD
LG