(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ အႀကီးအက်ယ္ အထိနာရတဲ့ ျမန္မာ့သစ္သီးတင္ပို႔မႈက အခု ေဖေဖာ္၀ါရီ ေႏွာင္းပိုင္းေလာက္မွာ အနည္းငယ္ ျပန္တက္လာႏုိင္ေျခ ရွိတယ္လို႔ မူဆယ္ နယ္စပ္ကုန္သြယ္ေရး အသိုင္းအ၀ိုင္းက ေမွ်ာ္လင့္ေနၾကပါတယ္။ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ တ႐ုတ္ႏုိင္ငံတြင္းမွာေရာ တ႐ုတ္ႏုိင္ငံျပင္ပ ခရီးသြားလာခြင့္ေတြကိုပါ တ႐ုတ္ဘက္က ကန္႔သတ္ထိန္းခ်ဳပ္လိုက္တာေၾကာင့္ ျမန္မာ့သစ္သီး တင္ပို႔ေရာင္းခ်မႈ ပမာဏက ၉၀ ရာခိုင္ႏႈန္း က်ဆင္းေနၿပီး ေစ်းႏႈန္းပိုင္းမွာလည္း ထက္၀က္နီးပါး က်သြားပါတယ္။ ဖရဲသီး ေရာင္းခ်ရမႈကေတာ့ လံုး၀နီးပါး ရပ္သြားတာပါ။ တ႐ုတ္ကို သစ္သီးတင္ပို႔မႈ ပံုမွန္ျပန္ျဖစ္လာမယ့္ အလားအလာေတြကို မသိဂႌထုိက္ စုစည္းတင္ျပထားပါတယ္။
တ႐ုတ္ႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ လတ္တေလာ သိသိသာသာ အထိနာေနရတာကေတာ့ တ႐ုတ္ေစ်းကြက္ကို ရည္ရြယ္စိုက္ပ်ိဳး ထုတ္လုပ္ေနတဲ့ ဖရဲသီးနဲ႔ သခြားေမႊး စိုက္ပ်ိဳးထုတ္လုပ္မႈ ျဖစ္ပါတယ္။ ဒါေပမယ့္ တ႐ုတ္ဘက္က အခု ေဖေဖာ္၀ါရီလ ေႏွာင္းပိုင္းမွာ ခရီးသြားလာခြင့္ အပါအ၀င္ အစိုးရလုပ္ငန္းေတြ ျပန္လည္ လည္ပတ္ဖို႔ ရွိေနတာေၾကာင့္ ျမန္မာဘက္က သစ္သီးအ၀ယ္ အနည္းငယ္ ျပန္တက္လာႏုိင္မလားဆိုၿပီး နယ္စပ္ ကုန္သည္ႀကီးေတြ ေမွ်ာ္လင့္ေနၾကပါတယ္။ တ႐ုတ္ဘက္က ေစ်းကြက္အေျခအေနကို မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္က ခြာညိဳသစ္သီးပြဲ႐ုံ လုပ္ငန္းရွင္ စိုင္းခင္ေမာင္က အခုလိုေျပာပါတယ္။
“ေရွ႕အလားအလာကုိ ေျပာရမယ္ဆုိရင္ေတာ့ တ႐ုတ္ဘက္က သူ႔ေရာဂါ ထိန္းခ်ဳပ္ႏုိင္မႈ အေျခအေနေပၚမွာ အမ်ားႀကီးမူတည္တယ္။ ေဖေဖာ္ဝါရီ ၁၈ ကေန ၂၃ ရက္အတြင္းမွာ ထိန္းခ်ဳပ္ႏုိင္ဖို႔ သူ႔ဘက္ကလည္း ေမွ်ာ္လင့္တယ္။ ထိန္းခ်ဳပ္ႏိုင္သည္ျဖစ္ေစ၊ မထိန္းခ်ဳပ္ႏုိင္သည္ျဖစ္ေစ အစိုးရ ယႏၱရားေတြ ေတာ္ေတာ္မ်ားမ်ားလည္း အဲဒီရက္ပုိင္းမွာ ျပန္ၿပီး လည္ပတ္လိမ့္မယ္။ အဓိက သယ္ယူပုိ႔ေဆာင္ေရးက႑၊ ပညာေရးက႑၊ က်န္းမာေရးက႑၊ ၿပီးေတာ့ အုပ္ခ်ဳပ္ေရး အပိုင္းေတြ၊ ေနာက္ အေကာက္ခြန္ စစ္ေဆးမႈ အပုိင္းေတြကုိ စတင္လည္ပတ္ေနၿပီ၊ တခ်ဳိ႕က လည္ပတ္ဖို႔ တာဆူေနၿပီ။ ဒါေပမယ့္ အေရးႀကီးဆုံးက ခရီးသြားလာေရးက႑နဲ႔ သက္ဆုိင္တဲ့ ဟိုတယ္တို႔၊ Restaurant တုိ႔ အဲဒီအပိုင္းေတြမွာ ပုံမွန္အေျခအေနျဖစ္မွ သစ္သီးစားသုံးမႈကလည္း တျဖည္းျဖည္း တက္လာမယ္။”
စိုင္းခင္ေမာင္ကို တနဂၤေႏြေန႔ မနက္ခင္းမွာ ဗီြအိုေအက Skype ကေန ဆက္သြယ္ ေမးျမန္းခဲ့တာမွာေတာ့ လက္ရွိ နယ္စပ္ေစ်းကြက္မွာ ဖရဲသီး တင္ပို႔ေရာင္းခ်ႏုိင္မႈ ကေတာ့ လံုး၀နီးပါး ရပ္ဆိုင္းေနၿပီလို႔ ေျပာပါတယ္။
“အခုအခ်ိန္မွာ ကုန္သြယ္မႈ ဖရဲသီးပုိ႔ကုန္၊ သခြားေမႊးပို႔ကုန္ ဒီအခ်ိန္က လႈိင္လႈိင္ေပၚတဲ့အခ်ိန္။ Amount အမ်ားဆုံး တင္ပို႔ေနတဲ့ အခ်ိန္ေပ့ါေလ။ တေန႔ကုိ အနည္းဆုံး အစီး ၃၀၀၊ ၄၀၀ ေလာက္ ပုိ႔ေနရတဲ့ အေျခအေနမွာ အခု အစီးေရ ဆယ္ဂဏန္းပဲပုိ႔တယ္။”
ျမန္မာႏုိင္ငံတြင္း စိုက္ပ်ိဳးထုတ္လုပ္တဲ့ သီးႏွံေတြထဲက ၈ မ်ိဳးေလာက္ကိုပဲ တ႐ုတ္က တရား၀င္ တင္သြင္းခြင့္ျပဳထားၿပီး အဓိကေတာ့ ဖရဲသီးနဲ႔ သခြားေမႊးကို တင္ပို႔ေနတာပါ။ တ႐ုတ္ေစ်းကြက္ကို အဓိကအားထားၿပီး ျပည္တြင္းမွာ စိုက္ပ်ိဳး ထုတ္လုပ္ေနတဲ့ ဖရဲသီးအခင္းေတြက လက္ရွိမွာ ရင့္မွည့္ေနၿပီး အခင္းေတြကေတာ့ အသီးအႏွံေတြ ပ်က္စီးကုန္ပါတယ္။ အခုအခ်ိန္မွာ စၿပီး ရင့္မွည့္စျပဳေနတဲ့ အခင္းေတြကေတာ့ တ႐ုတ္ေစ်းကြက္ ျပန္ပြင့္လာမလားဆိုတဲ့ အေပၚမွာ ေမွ်ာ္လင့္ေနၾကရပါတယ္။ ဖရဲသီးနဲ႔ သခြားေမႊး စိုက္ပ်ိဳးထုတ္လုပ္မႈက ျပည္တြင္းေစ်းကြက္ ၀ယ္လုိအားထက္ အဆေပါင္းမ်ားစြာ ပိုလွ်ံေနတာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ ျမန္မာ့ဖရဲ၊ သခြားေမႊးပြဲေတာ္ ၂၀၂၀ အျဖစ္ ရန္ကုန္ၿမိဳ႕က ေျမပေဒသာကြ်န္းမွာ ေဖာ္ေဖာ္၀ါရီလ ၂၉ ရက္ေန႔ကေန မတ္လ ၄ ရက္ေန႔အထိ က်င္းပဖို႔လည္း ျပင္ဆင္ေနၾကပါတယ္။
----------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ကို မြန်မာ့သစ်သီးတင်ပို့မှု အထိနာ
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အကြီးအကျယ် အထိနာရတဲ့ မြန်မာ့သစ်သီးတင်ပို့မှုက အခု ဖေဖော်ဝါရီ နှောင်းပိုင်းလောက်မှာ အနည်းငယ် ပြန်တက်လာနိုင်ခြေ ရှိတယ်လို့ မူဆယ် နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းက မျှော်လင့်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံတွင်းမှာရော တရုတ်နိုင်ငံပြင်ပ ခရီးသွားလာခွင့်တွေကိုပါ တရုတ်ဘက်က ကန့်သတ်ထိန်းချုပ်လိုက်တာကြောင့် မြန်မာ့သစ်သီး တင်ပို့ရောင်းချမှု ပမာဏက ၉၀ ရာခိုင်နှုန်း ကျဆင်းနေပြီး ဈေးနှုန်းပိုင်းမှာလည်း ထက်ဝက်နီးပါး ကျသွားပါတယ်။ ဖရဲသီး ရောင်းချရမှုကတော့ လုံးဝနီးပါး ရပ်သွားတာပါ။ တရုတ်ကို သစ်သီးတင်ပို့မှု ပုံမှန်ပြန်ဖြစ်လာမယ့် အလားအလာတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် လတ်တလော သိသိသာသာ အထိနာနေရတာကတော့ တရုတ်ဈေးကွက်ကို ရည်ရွယ်စိုက်ပျိုး ထုတ်လုပ်နေတဲ့ ဖရဲသီးနဲ့ သခွားမွှေး စိုက်ပျိုးထုတ်လုပ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ဘက်က အခု ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ခရီးသွားလာခွင့် အပါအဝင် အစိုးရလုပ်ငန်းတွေ ပြန်လည် လည်ပတ်ဖို့ ရှိနေတာကြောင့် မြန်မာဘက်က သစ်သီးအဝယ် အနည်းငယ် ပြန်တက်လာနိုင်မလားဆိုပြီး နယ်စပ် ကုန်သည်ကြီးတွေ မျှော်လင့်နေကြပါတယ်။ တရုတ်ဘက်က ဈေးကွက်အခြေအနေကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ခွာညိုသစ်သီးပွဲရုံ လုပ်ငန်းရှင် စိုင်းခင်မောင်က အခုလိုပြောပါတယ်။
“ရှေ့အလားအလာကို ပြောရမယ်ဆိုရင်တော့ တရုတ်ဘက်က သူ့ရောဂါ ထိန်းချုပ်နိုင်မှု အခြေအနေပေါ်မှာ အများကြီးမူတည်တယ်။ ဖေဖော်ဝါရီ ၁၈ ကနေ ၂၃ ရက်အတွင်းမှာ ထိန်းချုပ်နိုင်ဖို့ သူ့ဘက်ကလည်း မျှော်လင့်တယ်။ ထိန်းချုပ်နိုင်သည်ဖြစ်စေ၊ မထိန်းချုပ်နိုင်သည်ဖြစ်စေ အစိုးရ ယန္တရားတွေ တော်တော်များများလည်း အဲဒီရက်ပိုင်းမှာ ပြန်ပြီး လည်ပတ်လိမ့်မယ်။ အဓိက သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပြီးတော့ အုပ်ချုပ်ရေး အပိုင်းတွေ၊ နောက် အကောက်ခွန် စစ်ဆေးမှု အပိုင်းတွေကို စတင်လည်ပတ်နေပြီ၊ တချို့က လည်ပတ်ဖို့ တာဆူနေပြီ။ ဒါပေမယ့် အရေးကြီးဆုံးက ခရီးသွားလာရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ ဟိုတယ်တို့၊ Restaurant တို့ အဲဒီအပိုင်းတွေမှာ ပုံမှန်အခြေအနေဖြစ်မှ သစ်သီးစားသုံးမှုကလည်း တဖြည်းဖြည်း တက်လာမယ်။”
စိုင်းခင်မောင်ကို တနင်္ဂနွေနေ့ မနက်ခင်းမှာ ဗွီအိုအေက Skype ကနေ ဆက်သွယ် မေးမြန်းခဲ့တာမှာတော့ လက်ရှိ နယ်စပ်ဈေးကွက်မှာ ဖရဲသီး တင်ပို့ရောင်းချနိုင်မှု ကတော့ လုံးဝနီးပါး ရပ်ဆိုင်းနေပြီလို့ ပြောပါတယ်။
“အခုအချိန်မှာ ကုန်သွယ်မှု ဖရဲသီးပို့ကုန်၊ သခွားမွှေးပို့ကုန် ဒီအချိန်က လှိုင်လှိုင်ပေါ်တဲ့အချိန်။ Amount အများဆုံး တင်ပို့နေတဲ့ အချိန်ပေ့ါလေ။ တနေ့ကို အနည်းဆုံး အစီး ၃၀၀၊ ၄၀၀ လောက် ပို့နေရတဲ့ အခြေအနေမှာ အခု အစီးရေ ဆယ်ဂဏန်းပဲပို့တယ်။”
မြန်မာနိုင်ငံတွင်း စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေထဲက ၈ မျိုးလောက်ကိုပဲ တရုတ်က တရားဝင် တင်သွင်းခွင့်ပြုထားပြီး အဓိကတော့ ဖရဲသီးနဲ့ သခွားမွှေးကို တင်ပို့နေတာပါ။ တရုတ်ဈေးကွက်ကို အဓိကအားထားပြီး ပြည်တွင်းမှာ စိုက်ပျိုး ထုတ်လုပ်နေတဲ့ ဖရဲသီးအခင်းတွေက လက်ရှိမှာ ရင့်မှည့်နေပြီး အခင်းတွေကတော့ အသီးအနှံတွေ ပျက်စီးကုန်ပါတယ်။ အခုအချိန်မှာ စပြီး ရင့်မှည့်စပြုနေတဲ့ အခင်းတွေကတော့ တရုတ်ဈေးကွက် ပြန်ပွင့်လာမလားဆိုတဲ့ အပေါ်မှာ မျှော်လင့်နေကြရပါတယ်။ ဖရဲသီးနဲ့ သခွားမွှေး စိုက်ပျိုးထုတ်လုပ်မှုက ပြည်တွင်းဈေးကွက် ဝယ်လိုအားထက် အဆပေါင်းများစွာ ပိုလျှံနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့ဖရဲ၊ သခွားမွှေးပွဲတော် ၂၀၂၀ အဖြစ် ရန်ကုန်မြို့က မြေပဒေသာကျွန်းမှာ ဖော်ဖော်ဝါရီလ ၂၉ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ ကျင်းပဖို့လည်း ပြင်ဆင်နေကြပါတယ်။