သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာ အြန္လိုင္းကအလုပ္ရွာတဲ့ ျမန္မာႏုိင္ငံသူေတြ မတရားျပဳမႈနဲ႔ၾကံဳရ


လိင္ပုိင္းဆိုင္ရာ က်ဴးလြန္သူ ထုိင္းႏိုင္ငံသားပဲြစားကုိ ဖမ္းဆီးတဲ့ ျမင္ကြင္း။ (ဇြန္ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကာလ ဘန္ေကာက္ျမိဳ႕မွာ အလုပ္ရွာေနတဲ့ ျမန္မာနိုင္ငံသူေတြ အခန္းပိတ္ေလွာင္ျပီး မုဒိမ္းက်င့္ခံရတာေၾကာင့္ လူကုန္ကူးမႈတုိက္ဖ်က္ေရးအဖဲြ႔က က်ဴးလြန္သူ ထိုင္းႏိုင္ငံသားလူပဲြစားကုိ ဖမ္းဆီးလိုက္ပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ျမန္မာတိုင္းရင္းသူ နွစ္ဦးဟာ အခန္းေလွာင္ပိတ္ျပီး လိင္ပုိင္းဆုိင္ရာ အဓမၼျပဳက်င့္ခံရတယ္ဆိုျပီး ထိုင္းနိုင္ငံ ဘန္ေကာက္ျမိဳ႕ ladprao နယ္ေျမ အမွတ္ (၁) ရဲစခန္းမွာ အစိုးရမဟုတ္တဲ့ အဖဲြ႔အစည္းေတြရဲ႕ အကူအညီနဲ႔ က်ဳးလြန္ခံရတဲ့ မိန္းကေလးေတြ ကိုယ္တုိင္လာေရာက္တိုင္ခ်က္ ဖြင့္ခဲ့ျပီးတာပါ။ ဒီေနာက္ ဘန္ေကာက္ျမိဳ႕ လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲအရာရွိ နရေ၀့ စြန္ဖုန္း ကိုယ္တိုင္ ကိုင္တြယ္ျပီး က်ဴးလြန္ခဲ့တဲ့ တရားခံကို စံုစမ္းေဖၚထုတ္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

လိင္ပုိင္းဆိုင္ရာအဓမၼျပဳက်င့္က်ဳးလြန္ခံရတဲ့ အမ်ိဳးသမီးငယ္တဦး။ (ဇြန္ ၂၅၊ ၂၀၂၀)
လိင္ပုိင္းဆိုင္ရာအဓမၼျပဳက်င့္က်ဳးလြန္ခံရတဲ့ အမ်ိဳးသမီးငယ္တဦး။ (ဇြန္ ၂၅၊ ၂၀၂၀)

COVID-19 အေရးေပၚကာလမွာ အလုပ္လက္မဲ့ ျဖစ္ေနၾကတဲ့ ျမန္မာနိုင္ငံသူေတြဟာ လူမႈကြန္ယက္ အြန္လိုင္းကေနတဆင့္ ထိုင္းအလုပ္ပြဲစား တစ္ဦးနဲ ့အဆက္အသြယ္ရျပီး အိမ္ေဖာ္အလုပ္ကို လက္ခံခဲ့ျပီး ထိုင္းနိုင္ငံသား အလုပ္ပြဲစား ခ်ိန္းဆုိတဲ့ေနရာကို သြားေရာက္ေတြ႔ဆံုခဲ့ပါတယ္။ အလုပ္သြင္းေပးဖို႔ အလုပ္ရွင္ထံ ေခၚသြားမယ္လို႔ ေျပာျပီး လိုက္သြားတဲ့အခါ ဘန္ေကာက္ျမိဳ႕ ရပ္ကြက္တစ္ခုက အခန္းတခုမွာ ပိတ္ေလွာင္ထားျပီး လူပြဲစားဟာ ေသနတ္ေတြျပျပီး အမ်ိဳးမ်ိဳး ျခိမ္းေျခာက္ျပီး အဓမၼျပဳက်င့္ခဲ့တာျဖစ္ေၾကာင္း အမ်ိဳးသမီးေလးေတြက ထြက္ဆုိသြားပါတယ္။

ဘယ္လို စံုစမ္းေဖာ္ထုတ္လဲဆိုတာကို လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲအရာရွိက ထိုင္းဘာသာနဲ႔ အခုလို ေျပာပါတယ္။

ျမန္မာနိုုင္ငံသား အမ်ိဳးသမီး ႏွစ္ ဦး ေပးလာတဲ့ သတင္းအခ်က္အလက္အရ မိန္းကေလးေတြကုိ လူကုန္ကူးျပီး လိင္ပုိင္းဆိုင္ရာ က်ဳးလြန္ခဲ့သူ ဖြင့္ထားတဲ့ Facebook အေကာင့္ကို သိရျပီး ဘယ္သူဘယ္၀ါဆိုတာ စံုစမ္းေဖၚထုတ္နိုင္ခဲ့ျပီးတာ ျဖစ္ပါတယ္။ အခုအခါမွာေတာ့ တရားရံုးမွာ ဖမ္း၀ရမ္း ေလွ်ာက္ျပီး တရားခံကို ဖမ္းဆီးနိုင္ခဲ့ပါတယ္လို႔ ဆိုျပီး ေျပာသြားတာပါ။

လိင္ပုိ္င္းဆိုင္ရာ အႏိုင္က်င့္ခံရတဲ့ အမ်ိဳးသမီးေလး တဦးကေတာ့ အခုလိုေျပာသြားပါတယ္။

"LPN နဲ႔ ရဲတပ္ဖဲြ ့ပူးေပါင္းျပီး လူဆိုးကို အျမန္ဆံုး ဖမ္းဆီးေပးတဲ့အတြက္ LPN (အစုိးရမဟုတ္တဲ့အဖဲြ ့အစည္း) အဖဲြ႔နဲ႔ လူကုန္ကူးမႈ တုိက္ဖ်က္ေရး ရဲတပ္ဖဲြ႔၀င္ေတြကို အထူးေက်းဇူးတင္ပါတယ္။"

ျမန္မာႏိုင္ငံသား တုိင္းရင္းသူအမ်ိဳးသမီးေတြကုိ အဓမၼျပဳက်င့္ျပီးတဲ့ေနာက္ရက္ေတြမွာ မိန္းကေလးေတြကို ကုန္တိုက္တစ္ခုကို ေခၚသြားျပီး ထားခဲ့တယ္လို ့ ဆိုပါတယ္။ အခုဖမ္ဆီးခံထားရတဲ့ လူပဲြစားဟာ အခုလိုပဲ လူမႈကြန္ယက္ကို အသံံုးျပဳျပီး ျမန္မာမိန္းကေလးေတြကုိ အိမ္ေဖၚအလုပ္သြင္းေပးမယ္လို႔ ဆိုျပီး ဆက္သြယ္လာတာပါ။

ျမန္မာအမ်ိဳးသမီးငယ္ေတြက အလုပ္လိုခ်င္လို႔ ျပန္ဆက္သြယ္လာတဲ့အခါေတာ့ သူေနထိုင္ရာေနရာကို ေခၚသြားျပီး နည္းမ်ိဳးစံုသံုး၊ ျခိမ္းေျခာက္၊ မုဒိမ္းက်င့္ေနခဲ့တာေၾကာင့္ ဘန္ေကာက္ျမိဳ႕ လူကုန္ကူး တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႔က တရားခံကိုေဖၚထုတ္ ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမှာ အွန်လိုင်းကအလုပ်ရှာတဲ့ မြန်မာနိုင်ငံသူတွေ မတရားပြုမှုနဲ့ကြုံရ

COVID-19 ကာလ ဘန်ကောက်မြို့မှာ အလုပ်ရှာနေတဲ့ မြန်မာနိုင်ငံသူတွေ အခန်းပိတ်လှောင်ပြီး မုဒိမ်းကျင့်ခံရတာကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ကျူးလွန်သူ ထိုင်းနိုင်ငံသားလူပွဲစားကို ဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

မြန်မာတိုင်းရင်းသူ နှစ်ဦးဟာ အခန်းလှောင်ပိတ်ပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ladprao နယ်မြေ အမှတ် (၁) ရဲစခန်းမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ကျုးလွန်ခံရတဲ့ မိန်းကလေးတွေ ကိုယ်တိုင်လာရောက်တိုင်ချက် ဖွင့်ခဲ့ပြီးတာပါ။ ဒီနောက် ဘန်ကောက်မြို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲအရာရှိ နရဝေ့ စွန်ဖုန်း ကိုယ်တိုင် ကိုင်တွယ်ပြီး ကျူးလွန်ခဲ့တဲ့ တရားခံကို စုံစမ်းဖေါ်ထုတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

COVID-19 အရေးပေါ်ကာလမှာ အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ မြန်မာနိုင်ငံသူတွေဟာ လူမှုကွန်ယက် အွန်လိုင်းကနေတဆင့် ထိုင်းအလုပ်ပွဲစား တစ်ဦးနဲ့အဆက်အသွယ်ရပြီး အိမ်ဖော်အလုပ်ကို လက်ခံခဲ့ပြီး ထိုင်းနိုင်ငံသား အလုပ်ပွဲစား ချိန်းဆိုတဲ့နေရာကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အလုပ်သွင်းပေးဖို့ အလုပ်ရှင်ထံ ခေါ်သွားမယ်လို့ ပြောပြီး လိုက်သွားတဲ့အခါ ဘန်ကောက်မြို့ ရပ်ကွက်တစ်ခုက အခန်းတခုမှာ ပိတ်လှောင်ထားပြီး လူပွဲစားဟာ သေနတ်တွေပြပြီး အမျိုးမျိုး ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း အမျိုးသမီးလေးတွေက ထွက်ဆိုသွားပါတယ်။

ဘယ်လို စုံစမ်းဖော်ထုတ်လဲဆိုတာကို လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲအရာရှိက ထိုင်းဘာသာနဲ့ အခုလို ပြောပါတယ်။

မြန်မာနိုင်ငံသား အမျိုးသမီး နှစ် ဦး ပေးလာတဲ့ သတင်းအချက်အလက်အရ မိန်းကလေးတွေကို လူကုန်ကူးပြီး လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခဲ့သူ ဖွင့်ထားတဲ့ Facebook အကောင့်ကို သိရပြီး ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းဖေါ်ထုတ်နိုင်ခဲ့ပြီးတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ တရားရုံးမှာ ဖမ်းဝရမ်း လျှောက်ပြီး တရားခံကို ဖမ်းဆီးနိုင်ခဲ့ပါတယ်လို့ ဆိုပြီး ပြောသွားတာပါ။

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးလေး တဦးကတော့ အခုလိုပြောသွားပါတယ်။

"LPN နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး လူဆိုးကို အမြန်ဆုံး ဖမ်းဆီးပေးတဲ့အတွက် LPN (အစိုးရမဟုတ်တဲ့အဖွဲ့အစည်း) အဖွဲ့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေကို အထူးကျေးဇူးတင်ပါတယ်။"

မြန်မာနိုင်ငံသား တိုင်းရင်းသူအမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီးတဲ့နောက်ရက်တွေမှာ မိန်းကလေးတွေကို ကုန်တိုက်တစ်ခုကို ခေါ်သွားပြီး ထားခဲ့တယ်လို့ ဆိုပါတယ်။ အခုဖမ်ဆီးခံထားရတဲ့ လူပွဲစားဟာ အခုလိုပဲ လူမှုကွန်ယက်ကို အသံုံးပြုပြီး မြန်မာမိန်းကလေးတွေကို အိမ်ဖေါ်အလုပ်သွင်းပေးမယ်လို့ ဆိုပြီး ဆက်သွယ်လာတာပါ။

မြန်မာအမျိုးသမီးငယ်တွေက အလုပ်လိုချင်လို့ ပြန်ဆက်သွယ်လာတဲ့အခါတော့ သူနေထိုင်ရာနေရာကို ခေါ်သွားပြီး နည်းမျိုးစုံသုံး၊ ခြိမ်းခြောက်၊ မုဒိမ်းကျင့်နေခဲ့တာကြောင့် ဘန်ကောက်မြို့ လူကုန်ကူး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က တရားခံကိုဖေါ်ထုတ် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG