သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ဘက္လူကုန္ကူးခံရသူ အမ်ဳိးသမီးေတြ သံ႐ံုးအကူအညီနဲ႔ ေနရပ္ျပန္ပို႔


တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံရံုး (ဓာတ္ပံု -Myanmar Embassy (ျမန္မာသံ႐ုံး ေပက်င္း))

[Zawgyi/Unicode]

COVID-19 ကပ္ေဘးကာလ တ႐ုတ္ႏိုင္ငံတြင္း လူကုန္ကူးခံရတဲ့ ျမန္မာအမ်ိဳးသမီးႏွစ္ေယာက္ကို ျမန္မာသံ႐ုံးက ကယ္ဆယ္အကူအညီေပးၿပီး ေနရပ္ျပန္ပို႔ခဲ့ပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံထဲမွာ ခုလို ျမန္မာလူမ်ိဳးေတြ လူကုန္ကူးခံရမႈေတြက အမ်ားႀကီး ရွိေနေသးတာေၾကာင့္ အစိုးရအေနနဲ႔ ဒီထက္ပိုၿပီး လုပ္ေဆာင္ေပးဖို႔ လိုအပ္ေနေသးတယ္လို႔ လူကုန္ကူးခံရသူေတြကို ကူညီေပးေနတဲ့ အဖြဲ႕အစည္းေတြက ေျပာတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက တင္ျပေပးပါမယ္။

၂၀၁၉ ခုႏွစ္က တ႐ုတ္ႏိုင္ငံမွာ ဇနီးမယားအျဖစ္ ေရာင္းစားခံခဲ့ရသူ အမ်ိဳးသမီးႏွစ္ေယာက္ကို တ႐ုတ္ႏိုင္ငံ ေပက်င္းျမန္မာသံ႐ုံး အကူအညီနဲ႔ ဇြန္လ ၁၇ ရက္နဲ႔ ၂၁ ရက္တို႔မွာ ျမန္မာႏိုင္ငံသို႔ ျပန္ပို႔ေပးခဲ့တယ္လို႔ ေပက်င္းျမန္မာသံ႐ုံးက ဇြန္လ ၂၂ ရက္ေန႔က ထုတ္ျပန္ပါတယ္။ ၂၀၁၉ ခုႏွစ္ တစ္ႏွစ္လုံးနဲ႔ ၂၀၂၀ ခုႏွစ္ ဇြန္လအထိ ေပက်င္း ျမန္မာသံ႐ုံးက လူကုန္ကူးခံရသူ ၂၂ ဦးကို ကူညီေပးခဲ့ရတယ္လို႔ သံ႐ုံးရဲ႕ တာဝန္ရွိသူက ဆိုပါတယ္။

အခု ကိုဗစ္ကာလမွာေတာ့ လူကုန္ကူးခံရမႈက မရွိသေလာက္ ေလ်ာ့နည္းေနတယ္လို႔ ေပက်င္းျမန္မာသံ႐ုံးရဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

“ကိုဗစ္ကာလ ဒီၾကားထဲမွာေတာ့သိပ္မရွိပါဘူး ခင္ဗ်။ မရွိပါဘူး။ ကိုဗစ္ကာလမတိုင္ခင္ေပါ့ေနာ္ ... က်ေနာ္တို႔ စာရင္းေလးေတြျပဳစုထားပါတယ္။ က်ေနာ္တို႔ ဒီေန႔ထိဆို ၂၂ ဦးရွိသြားပါၿပီခင္ဗ်။ ဒီကာလမွာ မေတြ႕ရတာေတာ္ေတာ္ၾကာပါၿပီခင္ဗ်။ ဒီေရာဂါျဖစ္တဲ့ကာလေလ၊ ဆိုေတာ့ တလပိုင္းကေနၿပီးေတာ့ ၅ လပိုင္း ၆ လပိုင္းထိ မေတြ႕ခဲ့ရဘူးေပါ့။ အခုက်မွ ဒါေလးက က်ေနာ္တို႔ဆီစာေရာက္လာလို႔ ကူညီေဆာင္႐ြက္ေပးလိုက္တာ ျဖစ္ပါတယ္ခင္ဗ်။ အခုေနာက္ပိုင္းေတာ့ ရွိေတာ့ရွိတယ္ နည္းလာတယ္ေပါ့ေလ။”

တ႐ုတ္ႏိုင္ငံကို လူကုန္ကူးခံရတဲ့သူ တခ်ိဳ႕ကို တရားမဝင္ ျဖတ္ေက်ာ္သြားလာတယ္ဆိုၿပီး ဖမ္းဆီးတာမ်ိဳးေတြ ရွိတာေၾကာင့္ တခ်ိဳ႕က အစိုးရဘက္ကို အကူအညီေတာင္းဖို႔ မရဲတာမ်ိဳးေတြရွိေနတယ္လို႔ လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးေတြကို ကူညီေပးေနတဲ့ ကခ်င္အမ်ိဳးသမီးအဖြဲ႕(KWAT)ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ မဆန္ထြယ္က ေျပာပါတယ္။ ၂၀၁၉ ခုႏွစ္တစ္ႏွစ္လုံးႏွင့္ ခုဇြန္လအထိ လူကုန္ကူးခံရလို႔ KWAT ကို အကူအညီေတာင္းခံလာၾကသူက ၄၀ ေက်ာ္ေလာက္ရွိတယ္လို႔ မဆန္ထြယ္က ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံတြင္းကို လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးေတြ မ်ားျပားလာေနတာေၾကာင့္ လူကုန္ကူးမႈ တိုက္ဖ်က္ေရးကို အစိုးရအေနနဲ႔ ဒီထက္ထိထိေရာက္ေရာက္ ေစာင့္ၾကည့္အေရးယူသင့္တယ္လို႔ မဆန္ထြယ္က ေျပာပါတယ္။

“ATTF (anti trafficking task force) လည္း လုပ္တယ္။ ဒါေပမဲ့ သူတို႔မွာလည္း အားနည္းခ်က္ အမ်ားႀကီးရွိတယ္။ တစ္ခုကေတာ့ သူတို႔ ဘတ္ဂ်က္ကို ေကာင္းေကာင္းမသုံးႏိုင္တဲ့ အပိုင္းေတြရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တကယ္လို႔မ်ား ေခၚယူမယ္ဆိုရင္ေတာင္ သူတို႔ဘာသာ သူတို႔ ဘတ္ဂ်က္ထုတ္ၿပီးေတာ့ ေခၚတာမ်ိဳးေတြ မလုပ္ႏိုင္ဘူး။ က်မတို႔ KWAT ကို ဝိုင္းဝန္းၿပီး ကူညီေပးပါအုံးဆိုတာမ်ိဳးေတြနဲ႔ လုပ္တယ္ဆိုေတာ့ သူတို႔ ထိထိေရာက္ေရာက္လုပ္ဖို႔အတြက္က ဘတ္ဂ်က္ အားနည္းခ်က္ရွိတယ္လို႔ က်မတို႔ ျမင္တယ္။ ေနာက္တစ္ခုကေတာ့ အစိုးရအေနနဲ႔ ရပ္႐ြာေတြမွာ သူတို႔သိတယ္။ အမႈေတြျဖစ္တဲ့ ႐ြာေတြ ဘယ္႐ြာေတြ ပုံမွန္ အမႈျဖစ္တယ္ဆိုတာသိတယ္။ ဒါေပမဲ့ သူတို႔ Monitoring မလုပ္ဘူး။ အဲလိုမ်ိဳး Process လည္း သူတို႔ မလုပ္ထားဘူးေပါ့ေနာ္။ သူတို႔က မ်ားေသာအားျဖင့္ ဒီ သူတို႔ Station လုပ္ထားတဲ့ လြယ္ဂ်ယ္လား ျမစ္ႀကီးနားလားေပါ့ အဲ့လိုမ်ိဳးေတြမွာပဲ သူတို႔က မ်ားေသာ္အားျဖင့္ ထိုင္တယ္။ ATTF ကပဲ လုပ္သားေတြရဲ႕ ကိစၥကို ေကာင္းေကာင္းနားမလည္တဲ့ အပိုင္းေပါ့ေႏွာ္ ဒါမ်ိဳးေတြလည္း က်ေနာ္တို႔ တြဲလုပ္ၾကည့္တဲ့ အခ်ိန္မွာ အဲ့လိုမ်ိဳးအားနည္းခ်က္ေတာ့ ရွိတယ္။”

စစ္ေဘးေရွာင္ေတြရွိတဲ့ IDP စခန္းေတြကို ေထာက္ပံ့မႈေတြ ေလွ်ာ့ခ်လိုက္တာေၾကာင့္ ဒုကၡသည္ေတြက စားဝတ္ေနေရးအတြက္ ေငြပိုရႏိုင္တဲ့ တ႐ုတ္ႏိုင္ငံက အလုပ္ေတြကို ပိုၿပီး လုပ္ဖို႔ျဖစ္လာတာျဖစ္တယ္လို႔ မဆန္ထြယ္က ဆိုပါတယ္။ KWAT က လူကုန္ကူးခံရသူအမ်ိဳးသမီးေတြကို ကူညီေပးေနတဲ့ စခန္းေတြဟာ နယ္စပ္တစ္ေလွ်ာက္မွာ ရွိသလို KIA ထိမ္းခ်ဳပ္တဲ့ မိုင္ဂ်ာရမ္ႏွင့္ အစိုးရထိန္းခ်ဳပ္တဲ့ မူဆယ္ဘက္မွာလည္း ရွိတာပါ။

လူကုန္ကူးခံရသူေတြထဲမွာ ျမန္မာျပည္ေအာက္ပိုင္းေဒသက ပိုမ်ားတာေတြ႕ရတယ္လို႔ ကူညီေပးတဲ့ အဖြဲ႕အစည္းေတြက ဆိုပါတယ္။ ကခ်င္ျပည္နယ္ဟာ ျမန္မာမွာ တတိယအမ်ားဆုံး လူကုန္ကူးခံရတဲ့ ျပည္နယ္ျဖစ္တယ္လို႔ KWATက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်ဘက်လူကုန်ကူးခံရသူ အမျိုးသမီးတွေ သံရုံးအကူအညီနဲ့ နေရပ်ပြန်ပို့

COVID-19 ကပ်ဘေးကာလ တရုတ်နိုင်ငံတွင်း လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးနှစ်ယောက်ကို မြန်မာသံရုံးက ကယ်ဆယ်အကူအညီပေးပြီး နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံထဲမှာ ခုလို မြန်မာလူမျိုးတွေ လူကုန်ကူးခံရမှုတွေက အများကြီး ရှိနေသေးတာကြောင့် အစိုးရအနေနဲ့ ဒီထက်ပိုပြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေသေးတယ်လို့ လူကုန်ကူးခံရသူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ အမျိုးသမီးနှစ်ယောက်ကို တရုတ်နိုင်ငံ ပေကျင်းမြန်မာသံရုံး အကူအညီနဲ့ ဇွန်လ ၁၇ ရက်နဲ့ ၂၁ ရက်တို့မှာ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့တယ်လို့ ပေကျင်းမြန်မာသံရုံးက ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ ၂၀၁၉ ခုနှစ် တစ်နှစ်လုံးနဲ့ ၂၀၂၀ ခုနှစ် ဇွန်လအထိ ပေကျင်း မြန်မာသံရုံးက လူကုန်ကူးခံရသူ ၂၂ ဦးကို ကူညီပေးခဲ့ရတယ်လို့ သံရုံးရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အခု ကိုဗစ်ကာလမှာတော့ လူကုန်ကူးခံရမှုက မရှိသလောက် လျော့နည်းနေတယ်လို့ ပေကျင်းမြန်မာသံရုံးရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကိုဗစ်ကာလ ဒီကြားထဲမှာတော့သိပ်မရှိပါဘူး ခင်ဗျ။ မရှိပါဘူး။ ကိုဗစ်ကာလမတိုင်ခင်ပေါ့နော် ... ကျနော်တို့ စာရင်းလေးတွေပြုစုထားပါတယ်။ ကျနော်တို့ ဒီနေ့ထိဆို ၂၂ ဦးရှိသွားပါပြီခင်ဗျ။ ဒီကာလမှာ မတွေ့ရတာတော်တော်ကြာပါပြီခင်ဗျ။ ဒီရောဂါဖြစ်တဲ့ကာလလေ၊ ဆိုတော့ တလပိုင်းကနေပြီးတော့ ၅ လပိုင်း ၆ လပိုင်းထိ မတွေ့ခဲ့ရဘူးပေါ့။ အခုကျမှ ဒါလေးက ကျနော်တို့ဆီစာရောက်လာလို့ ကူညီဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်ခင်ဗျ။ အခုနောက်ပိုင်းတော့ ရှိတော့ရှိတယ် နည်းလာတယ်ပေါ့လေ။”

တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့သူ တချို့ကို တရားမဝင် ဖြတ်ကျော်သွားလာတယ်ဆိုပြီး ဖမ်းဆီးတာမျိုးတွေ ရှိတာကြောင့် တချို့က အစိုးရဘက်ကို အကူအညီတောင်းဖို့ မရဲတာမျိုးတွေရှိနေတယ်လို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ ကချင်အမျိုးသမီးအဖွဲ့(KWAT)ရဲ့ ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ်က ပြောပါတယ်။ ၂၀၁၉ ခုနှစ်တစ်နှစ်လုံးနှင့် ခုဇွန်လအထိ လူကုန်ကူးခံရလို့ KWAT ကို အကူအညီတောင်းခံလာကြသူက ၄၀ ကျော်လောက်ရှိတယ်လို့ မဆန်ထွယ်က ပြောပါတယ်။ တရုတ်နိုင်ငံတွင်းကို လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ များပြားလာနေတာကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အစိုးရအနေနဲ့ ဒီထက်ထိထိရောက်ရောက် စောင့်ကြည့်အရေးယူသင့်တယ်လို့ မဆန်ထွယ်က ပြောပါတယ်။

“ATTF (anti trafficking task force) လည်း လုပ်တယ်။ ဒါပေမဲ့ သူတို့မှာလည်း အားနည်းချက် အများကြီးရှိတယ်။ တစ်ခုကတော့ သူတို့ ဘတ်ဂျက်ကို ကောင်းကောင်းမသုံးနိုင်တဲ့ အပိုင်းတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့များ ခေါ်ယူမယ်ဆိုရင်တောင် သူတို့ဘာသာ သူတို့ ဘတ်ဂျက်ထုတ်ပြီးတော့ ခေါ်တာမျိုးတွေ မလုပ်နိုင်ဘူး။ ကျမတို့ KWAT ကို ဝိုင်းဝန်းပြီး ကူညီပေးပါအုံးဆိုတာမျိုးတွေနဲ့ လုပ်တယ်ဆိုတော့ သူတို့ ထိထိရောက်ရောက်လုပ်ဖို့အတွက်က ဘတ်ဂျက် အားနည်းချက်ရှိတယ်လို့ ကျမတို့ မြင်တယ်။ နောက်တစ်ခုကတော့ အစိုးရအနေနဲ့ ရပ်ရွာတွေမှာ သူတို့သိတယ်။ အမှုတွေဖြစ်တဲ့ ရွာတွေ ဘယ်ရွာတွေ ပုံမှန် အမှုဖြစ်တယ်ဆိုတာသိတယ်။ ဒါပေမဲ့ သူတို့ Monitoring မလုပ်ဘူး။ အဲလိုမျိုး Process လည်း သူတို့ မလုပ်ထားဘူးပေါ့နော်။ သူတို့က များသောအားဖြင့် ဒီ သူတို့ Station လုပ်ထားတဲ့ လွယ်ဂျယ်လား မြစ်ကြီးနားလားပေါ့ အဲ့လိုမျိုးတွေမှာပဲ သူတို့က များသော်အားဖြင့် ထိုင်တယ်။ ATTF ကပဲ လုပ်သားတွေရဲ့ ကိစ္စကို ကောင်းကောင်းနားမလည်တဲ့ အပိုင်းပေါ့နှော် ဒါမျိုးတွေလည်း ကျနော်တို့ တွဲလုပ်ကြည့်တဲ့ အချိန်မှာ အဲ့လိုမျိုးအားနည်းချက်တော့ ရှိတယ်။”

စစ်ဘေးရှောင်တွေရှိတဲ့ IDP စခန်းတွေကို ထောက်ပံ့မှုတွေ လျှော့ချလိုက်တာကြောင့် ဒုက္ခသည်တွေက စားဝတ်နေရေးအတွက် ငွေပိုရနိုင်တဲ့ တရုတ်နိုင်ငံက အလုပ်တွေကို ပိုပြီး လုပ်ဖို့ဖြစ်လာတာဖြစ်တယ်လို့ မဆန်ထွယ်က ဆိုပါတယ်။ KWAT က လူကုန်ကူးခံရသူအမျိုးသမီးတွေကို ကူညီပေးနေတဲ့ စခန်းတွေဟာ နယ်စပ်တစ်လျှောက်မှာ ရှိသလို KIA ထိမ်းချုပ်တဲ့ မိုင်ဂျာရမ်နှင့် အစိုးရထိန်းချုပ်တဲ့ မူဆယ်ဘက်မှာလည်း ရှိတာပါ။

လူကုန်ကူးခံရသူတွေထဲမှာ မြန်မာပြည်အောက်ပိုင်းဒေသက ပိုများတာတွေ့ရတယ်လို့ ကူညီပေးတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။ ကချင်ပြည်နယ်ဟာ မြန်မာမှာ တတိယအများဆုံး လူကုန်ကူးခံရတဲ့ ပြည်နယ်ဖြစ်တယ်လို့ KWATက ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG