သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဂ်ာ္ဒန္ေရာက္ျမန္မာေတြ သီတင္း ၂ ပတ္အတြင္းအိမ္ျပန္ႏုိင္ေရး အစၥေရးရွိ ျမန္မာသံရုံးစီစဥ္ေန


ေဂ်ာ္ဒန္ Amman ၿမိဳ႕တေနရာ

(Zawgyi/Unicode)

အစၥေရးလ္ဆိုင္ရာ ျမန္မာသံ႐ံုးအေနနဲ႔ ေနရပ္ျပန္လိုတဲ့ ျမန္မာအလုပ္သမားေတြအနက္က ကိုယ္ဝန္ေဆာင္မိခင္ေတြကို ဦးစားေပးလုိက္ပါႏုိင္ေအာင္ စီစဥ္ေဆာင္ရြက္ေပးေနတယ္လို႔ ဗီြအိုေအျမန္မာပိုင္းကို အေၾကာင္းျပန္ၾကားလာပါတယ္။ အထူးသျဖင့္ အစၥေရးလ္ဆိုင္ရာ ျမန္မာသံ႐ံုးဘက္က ေဂ်ာ္ဒန္ႏုိင္ငံ Amman ၿမိဳ႕ေတာ္နဲ႔ ျမန္မာႏိုင္ငံ ရန္ကုန္ ခရီးစဥ္အတြက္ လူတဦးလွ်င္ အေမရိကန္ေဒၚလာ ၈၀၀ႏႈန္းနဲ႔သယ္ေဆာင္နုိင္ေအာင္ ေဆာင္ရြက္ေနၿပီး ေလယာဥ္ခရီးစဥ္တေခါက္ကို လူ၁၄၀ ဦးႏႈန္းနဲ႔ (၃)ေခါက္ ေျပးဆြဲၿပီး လူ ၄၂၀ ဦးအထိ လိုက္ပါႏုိင္ေအာင္ ေဆာင္ရြက္ေနပါတယ္။

စက္ရံုေတြဘက္ကလည္း ေဂ်ာ္ဒန္အစိုးရနဲ႔ ေဆာင္ရြက္ရဦးမယ့္ လူမႈဖူလံုေရးကိစၥေတြ က်န္ေနေသးတဲ့အတြက္ သံ႐ံုးဘက္က ေလယာဥ္လိုင္းမ်ား စီစဥ္တဲ့အေပၚ စက္ရံုရဲ႕ေမတၱာရပ္ခံခ်က္အရ သီတင္းပတ္ ၂ပတ္ျခားၿပီး စီစဥ္ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း ဒါေၾကာင့္ အခုကစလို႔ ၂ပတ္အတြင္း ေလယာဥ္ခရီးစဥ္စတင္ႏုိင္မယ္လို႔ ခန္႔မွန္းတယ္လို႔ ေျပာပါတယ္။ စီးနင္းလိုက္ပါမယ့္ခရီးသည္ေတြကိုယ္တုိင္ ျဖည့္စြက္ရမယ့္ ေဖာင္ကိုစက္ရံုေတြကေန စုစည္းၿပီး ဇူလိုင္လ ၇ရက္ေန႔ ေနာက္ဆံုးထားေပးပို႔ပါရန္ ညိႇႏိႈင္းထားၿပီးျဖစ္တာမို႔ လုိက္ပါရမယ့္သူေတြအေနနဲ႔ ကိုယ္တုိင္ လုိက္ပါရျခင္း ရွိ-မရွိကို ၾကိဳတင္သိႏုိင္မွာျဖစ္တယ္လို႔ဆိုပါတယ္။

ေဂ်ာ္ဒန္ေရာက္ျမန္မာအလုပ္သမားေတြဘက္ကေန သူတို႔ အိမ္ျပန္ႏိုင္ေရး အစၥေရးလ္သံ႐ုံးကလည္း စီစဥ္ေပးမယ္ေျပာထားခ်ိန္ ေဂ်ာ္ဒန္ကုမၸဏီဘက္က အလုပ္သမားေတြကို အခုခ်ိန္အထိ တိက်ေသခ်ာတဲ့သတင္းအခ်က္အလက္မေပးဘူးလို႔ သိရတဲ့အတြက္ တကယ္ျပန္လိုတဲ့ အလုပ္သမားေတြအေရး သံ႐ုံးဘက္က ဘာေတြေဆာင္ရြက္ေပးေနပါသလဲဆိုတာ သိရွိႏိုင္ေအာင္ ဗီြအိုေအက ဆက္သြယ္ေမးျမန္းခ်က္အေပၚ ျပန္လည္ေျဖၾကားေပးခဲ့တာျဖစ္ၿပီး အလုပ္သမားေတြအေနနဲ႔ တကယ္လို႔ ဒီစာရင္းထဲမပါေသာ္လည္း မျဖစ္မေနျပန္လိုသူေတြအေနနဲ႔ စက္ရံုနဲ႔ ႏွစ္ဦးႏွစ္ဘက္ ညိႇႏိႈင္းေဆာင္ရြက္မယ္ဆိုရင္ ေလယာဥ္ေနရာ ၂၇ေနရာစာ အရန္ထားၿပီးျဖစ္ၿပီး ဒီ့ထက္ပိုလိုက္ပါလိုပါကလည္း ႏိုင္ငံေတာ္အစိုးရထံတင္ျပၿပီး ေလေၾကာင္းလိုင္းနဲ႔ ညိႇႏိႈင္းေဆာင္ရြက္ေပးသြားမယ့္ အေၾကာင္း ဗီြအိုေအျမန္မာပိုင္းကို Messenger ကေန အေၾကာင္းျပန္ၾကားခဲ့တာပါ။

COVID-19 ကမာၻ႔ကပ္ေရာဂါ႐ိုက္ခတ္မႈေၾကာင့္ ႏုိင္ငံတကာမွာ စီးပြားေရးေတြထိခိုက္ၿပီး လုပ္ငန္းခြင္တခ်ိဳ႕ ရပ္နားလိုက္ရခ်ိန္ ျပည္ပေရာက္ ျမန္မာႏိုင္ငံသား အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ ဒုကၡေရာက္ေနၾကၿပီး ျမန္မာျပည္ကို အျမန္ဆံုးျပန္ေခၚေပးဖို႔ ေတာင္းဆိုၾကခ်ိန္မွာ ေဂ်ာ္ဒန္ ၊ အစၥေရးလ္နဲ႔ ဆိုက္ပရပ္စ္မွာရွိတဲ့ ျမန္မာႏုိင္ငံသားေတြ မိခင္ႏိုင္ငံျပန္ႏုိင္ေရး အစၥေရးလ္ ဆိုင္ရာျမန္မာသံ႐ံုးဘက္က စီစဥ္ေဆာင္ရြက္ေပးေနပါတယ္လို႔ ဇူလိုင္လ ၁ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

အထူးသျဖင့္ ေဂ်ာ္ဒန္ေရာက္ျမန္မာအလုပ္သမားေတြအတြက္ေတာ့့ ေဂ်ာ္ဒန္ႏိုင္ငံနဲ႔ ျမန္မာအစိုးရၾကား တရားဝင္သံတမန္ဆက္ဆံေရး မရွိတဲ့အတြက္ အစၥေရးလ္ဆိုင္ရာျမန္မာသံ႐ံုးဘက္က ဝင္ေရာက္စီစဥ္ေဆာင္ရြက္ေပးေနၿပီး စက္႐ံုတာဝန္ရွိသူေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ပါ လို႔ သံ႐ံုးက အလုပ္သမားေတြကို ႏိုးေဆာ္ထားပါတယ္။ လတ္တေလာမွာေတာ့ ေဂ်ာ္ဒန္ေရာက္ ျမန္မာ အလုပ္သမားေတြထဲက Camel and Vega စက္႐ံုက ၃၅၃ ဦး၊ Rich Pine က ၁၄ ဦးနဲ႔ Century Miracle က ၂၆ ဦး ျပန္ေစလႊတ္မယ္လို႔ သက္ဆိုင္ရာ စက္႐ံုေတြဘက္က စာရင္းေပးပို႔လာလို႔ စုစုေပါင္း ၃၉၃ ဦးကို ျပန္ႏုိင္ဖို႔ စတင္စီစဥ္ေနၿပီလို႔ အစၥေရးလ္ဆိုင္ရာျမန္မာသံ႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

ဒီအေပၚမွာေတာ့ ေဂ်ာ္ဒန္ေရာက္ ျမန္မာေတြဘက္က အမွန္တကယ္ျပန္လိုတဲ့ အလုပ္သမားဦးေရက ၈၀၀ ေက်ာ္အထိရွိေနတဲ့အတြက္ ဝင္ေရာက္ကူညီေပးေနတဲ့ အစၥေရးလ္သံရံုးအေနနဲ႔ ျမန္မာအလုပ္သမားေတြရဲ႕ အေျခအေနမွန္ကိုသိရွိႏိုင္ေရး အလုပ္သမားေတြနဲ႔ တိုက္႐ိုက္ဆက္သြယ္ေပးဖို႔နဲ႔ အလုပ္သမားေတြဘက္က သံ႐ံုးနဲ႔ တုိက္ရိုက္တင္ျပႏုိင္ေရး ေတာင္းဆိုပါတယ္လို႔ ဗီြအိုေအကိုေျပာဆိုထားပါတယ္။ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၉ ဦးအထိရွိၿပီး ကူးစက္ခံရသူေပါင္း ၁,၁၃၃ ဦး၀န္းက်င္အထိရွိတဲ့ ေဂ်ာ္ဒန္ႏုိင္ငံတြင္းမွာ ကပ္ေရာဂါကူးစက္ျပန္႔ပြားမႈကို ကာကြယ္တဲ့အေနနဲ႔ အထည္ခ်ဳပ္စက္ရံုအပါအဝင္ လုပ္ငန္းခြင္ေတာ္ေတာ္မ်ားမ်ား ရပ္နားထားခ်ိန္ျဖစ္ပါတယ္။

................

ဂျော်ဒန်ရောက်မြန်မာတွေ သီတင်း ၂ ပတ်အတွင်းအိမ်ပြန်နိုင်ရေး အစ္စရေးရှိ မြန်မာသံရုံးစီစဉ်နေ
(Unicode)

အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးအနေနဲ့ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေအနက်က ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးလိုက်ပါနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဗွီအိုအေမြန်မာပိုင်းကို အကြောင်းပြန်ကြားလာပါတယ်။အထူးသဖြင့် အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်က ဂျော်ဒန်နိုင်ငံ Amman မြို့တော်နဲ့ မြန်မာနိုင်ငံ ရန်ကုန် ခရီးစဉ်အတွက် လူတဦးလျှင် အမေရိကန်ဒေါ်လာ ၈၀၀နှုန်းနဲ့သယ်ဆောင်နိုင်အောင် ဆောင်ရွက်နေပြီး လေယာဉ်ခရီးစဉ်တခေါက်ကို လူ၁၄၀ ဦးနှုန်းနဲ့ (၃)ခေါက် ပြေးဆွဲပြီး လူ ၄၂၀ ဦးအထိ လိုက်ပါနိုင်အောင် ဆောင်ရွက်နေပါတယ်။

စက်ရုံတွေဘက်ကလည်း ဂျော်ဒန်အစိုးရနဲ့ ဆောင်ရွက်ရဦးမယ့် လူမှုဖူလုံရေးကိစ္စတွေ ကျန်နေသေးတဲ့အတွက် သံရုံးဘက်က လေယာဉ်လိုင်းများ စီစဉ်တဲ့အပေါ် စက်ရုံရဲ့မေတ္တာရပ်ခံချက်အရ သီတင်းပတ် ၂ပတ်ခြားပြီး စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဒါကြောင့် အခုကစလို့ ၂ပတ်အတွင်း လေယာဉ်ခရီးစဉ်စတင်နိုင်မယ်လို့ ခန့်မှန်းတယ်လို့ ပြောပါတယ်။ စီးနင်းလိုက်ပါမယ့်ခရီးသည်တွေကိုယ်တိုင် ဖြည့်စွက်ရမယ့် ဖောင်ကိုစက်ရုံတွေကနေ စုစည်းပြီး ဇူလိုင်လ ၇ရက်နေ့ နောက်ဆုံးထားပေးပို့ပါရန် ညှိနှိုင်းထားပြီးဖြစ်တာမို့ လိုက်ပါရမယ့်သူတွေအနေနဲ့ ကိုယ်တိုင် လိုက်ပါရခြင်း ရှိ-မရှိကို ကြိုတင်သိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဂျော်ဒန်ရောက်မြန်မာအလုပ်သမားတွေဘက်ကနေ သူတို့ အိမ်ပြန်နိုင်ရေး အစ္စရေးလ်သံရုံးကလည်း စီစဉ်ပေးမယ်ပြောထားချိန် ဂျော်ဒန်ကုမ္ပဏီဘက်က အလုပ်သမားတွေကို အခုချိန်အထိ တိကျသေချာတဲ့သတင်းအချက်အလက်မပေးဘူးလို့ သိရတဲ့အတွက် တကယ်ပြန်လိုတဲ့ အလုပ်သမားတွေအရေး သံရုံးဘက်က ဘာတွေဆောင်ရွက်ပေးနေပါသလဲဆိုတာ သိရှိနိုင်အောင် ဗွီအိုအေက ဆက်သွယ်မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ တကယ်လို့ ဒီစာရင်းထဲမပါသော်လည်း မဖြစ်မနေပြန်လိုသူတွေအနေနဲ့ စက်ရုံနဲ့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် လေယာဉ်နေရာ ၂၇နေရာစာ အရန်ထားပြီးဖြစ်ပြီး ဒီ့ထက်ပိုလိုက်ပါလိုပါကလည်း နိုင်ငံတော်အစိုးရထံတင်ပြပြီး လေကြောင်းလိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ့် အကြောင်း ဗွီအိုအေမြန်မာပိုင်းကို Messenger ကနေ အကြောင်းပြန်ကြားခဲ့တာပါ။

COVID-19 ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုကြောင့် နိုင်ငံတကာမှာ စီးပွားရေးတွေထိခိုက်ပြီး လုပ်ငန်းခွင်တချို့ ရပ်နားလိုက်ရချိန် ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ တောင်းဆိုကြချိန်မှာ ဂျော်ဒန် ၊ အစ္စရေးလ်နဲ့ ဆိုက်ပရပ်စ်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေ မိခင်နိုင်ငံပြန်နိုင်ရေး အစ္စရေးလ် ဆိုင်ရာမြန်မာသံရုံးဘက်က စီစဉ်ဆောင်ရွက်ပေးနေပါတယ်လို့ ဇူလိုင်လ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ဂျော်ဒန်ရောက်မြန်မာအလုပ်သမားတွေအတွက်တော့ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြားတရားဝင်သံတမန်ဆက်ဆံရေး မရှိတဲ့အတွက် အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးဘက်က ဝင်ရောက်စီစဉ်ဆောင်ရွက်ပေးနေပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ လို့ သံရုံးက အလုပ်သမားတွေကို နိုးဆော်ထားပါတယ်။ လတ်တလောမှာတော့ ဂျော်ဒန်ရောက် မြန်မာ အလုပ်သမားတွေထဲက Camel and Vega စက်ရုံက ၃၅၃ ဦး၊ Rich Pine က ၁၄ ဦးနဲ့ Century Miracle က ၂၆ ဦး ပြန်စေလွှတ်မယ်လို့ သက်ဆိုင်ရာ စက်ရုံတွေဘက်က စာရင်းပေးပို့လာလို့ စုစုပေါင်း ၃၉၃ ဦးကို ပြန်နိုင်ဖို့ စတင်စီစဉ်နေပြီလို့ အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီအပေါ်မှာတော့ ဂျော်ဒန်ရောက် မြန်မာတွေဘက်က အမှန်တကယ်ပြန်လိုတဲ့ အလုပ်သမားဦးရေက ၈၀၀ ကျော်အထိရှိနေတဲ့အတွက် ဝင်ရောက်ကူညီပေးနေတဲ့ အစ္စရေးလ်သံရုံးအနေနဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေမှန်ကိုသိရှိနိုင်ရေး အလုပ်သမားတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးဖို့နဲ့ အလုပ်သမားတွေဘက်က သံရုံးနဲ့ တိုက်ရိုက်တင်ပြနိုင်ရေး တောင်းဆိုပါတယ်လို့ ဗွီအိုအေကိုပြောဆိုထားပါတယ်။ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၉ ဦးအထိရှိပြီး ကူးစက်ခံရသူပေါင်း ၁,၁၃၃ ဦးဝန်းကျင်အထိရှိတဲ့ ဂျော်ဒန်နိုင်ငံတွင်းမှာ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တဲ့အနေနဲ့ အထည်ချုပ်စက်ရုံအပါအဝင် လုပ်ငန်းခွင်တော်တော်များများ ရပ်နားထားချိန်ဖြစ်ပါတယ်။

XS
SM
MD
LG