(ZAWGYI/UNICODE)
အစၥေရးလ္ႏိုင္ငံ Tel Aviv ၿမိဳ႕ရွိ ျမန္မာသံ႐ုံးအေနနဲ႔ ေဂ်ာ္ဒန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြအတြက္ ေဂ်ာ္ဒန္ႏိုင္ငံမွာ ႏိုင္ငံတကာေလဆိပ္ျပန္လည္ဖြင့္လွစ္တဲ့အခါ ျမန္မာႏိုင္ငံကို ျပန္ႏိုင္ေအာင္ စီစဥ္ေပးမယ္လို႔ ေျပာဆိုလိုက္ပါတယ္။ သက္ဆိုင္ရာကုမၸဏီက စီစဥ္ေပးမယ့္ေလေၾကာင္းလိုင္းကို ျမန္မာအစိုးရက စီစဥ္တဲ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔ခ်ိတ္ဆက္ထြက္ခြာႏိုင္ေအာင္ စီစဥ္ေပးမယ္လို႔ အစၥေရးႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ဗြီအိုေအျမန္မာပိုင္းကို အီးေမးလ္ကေနတဆင့္ အေၾကာင္းၾကားလိုက္ပါတယ္။
ေဂ်ာ္ဒန္ႏိုင္ငံ Amman ၿမိဳ႕ေတာ္မွာ ရွိတဲ့ ႏိုင္ငံတကာေလဆိပ္ ျပန္လည္ဖြင့္လွစ္တဲ့ သတင္းကို ေစာင့္ၾကည့္ေနၿပီး စာခ်ဳပ္သက္တမ္းျပည့္လို႔ ေနရပ္ျပန္လိုတဲ့ ျမန္မာအလုပ္သမားေတြရဲ႕စာရင္းကိုလည္း သက္ဆိုင္ရာ စက္႐ုံေတြဆီကေန ေတာင္းခံထားၿပီးျဖစ္ေၾကာင္းလည္းေဖၚျပပါတယ္။
သက္ဆိုင္ရာကုမၸဏီနဲ႔ ျမန္မာႏိုင္ငံက ေစလႊတ္တဲ့ အလုပ္သမားေအဂ်င္စီအၾကား အခုကိစၥကို ညႇိႏႈိင္းၾကရမွာျဖစ္ေၾကာင္းနဲ႔ ႏိုင္ငံေတာ္နဲ႔ သံ႐ုံးဘက္က လိုအပ္တဲ့ ကိစၥရပ္ေတြကို ကူညီေဆာင္႐ြက္ေပးသြားမွာျဖစ္ေၾကာင္း အစၥေရးလ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ဗြီအိုေအျမန္မာပိုင္းကို အေၾကာင္းျပန္ၾကားလိုက္တာပါ။
အဓိကကေတာ့ COVID 19 ေၾကာင့္ေသဆုံးသူ အနည္းဆုံး ၉ဦးနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၁ေထာင္ပတ္ဝန္းက်င္ထိ ရွိခဲ့တဲ့ ေဂ်ာ္ဒန္ႏိုင္ငံမွာ ကိုဗစ္ ၁၉ ကမာၻ႔ကပ္ေရာဂါ႐ိုက္ခတ္မႈေၾကာင့္ လုပ္ငန္းခြင္တခ်ိဳ႕ရပ္နားလိုက္ရခ်ိန္ ေဂ်ာ္ဒန္မွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသား အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ ဒုကၡေရာက္ေနၾကၿပီး ျမန္မာျပည္ကို သူတို႔ကို အျမန္ဆုံးျပန္ေခၚေပးဖို႔ သက္ဆိုင္တဲ့ တာဝန္ရွိသူေတြကို ေတာင္းဆိုခဲ့ၾကတာပါ။ ေဂ်ာ္ဒန္ႏိုင္ငံနဲ႔ ျမန္မာအစိုးရၾကား တရားဝင္သံတမန္အဆက္အသြယ္မရွိေပမဲ့ အစၥေရးလ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးဘက္က ျမန္မာႏိုင္ငံသားေတြအတြက္ မူေဘာင္အတြင္းကေန ေဆာင္႐ြက္ေပးေနတယ္လို႔လည္း ဇြန္လ ၂၆ရက္ေန႔က အခုလို အစၥေရးလ္ဆိုင္ရာ ျမန္မာသံ႐ုံးဘက္ကလည္း ေၾကညာခ်က္ထုတ္ျပန္ပါတယ္။
အထူးသျဖင့္ ေဂ်ာ္ဒန္ႏိုင္ငံ Amman ၿမိဳ႕ေတာ္ Al Karak ခ႐ိုင္က Camel & Vega ေဂ်ာ္ဒန္အထည္ခ်ဳပ္စက္႐ုံမွာ လြန္ခဲ့တဲ့ ၃လကစလို႔ ကိုဗစ္ ၁၉ ေၾကာင့္ စက္႐ုံပိတ္လိုက္ၿပီးတဲ့ေနာက္ ျမန္မာအလုပ္သမား တေထာင္ေက်ာ္ အလုပ္လက္မဲ့ျဖစ္ၿပီး ဝင္ေငြမရွိ စားစရာမရွိ အခက္အခဲ ဒုကၡေတြနဲ႔ရင္ဆိုင္ေနၾကရတဲ့အတြက္ အျမန္ဆုံး ျမန္မာႏိုင္ငံကိုပဲ ျပန္လိုၾကတယ္လို႔ ဗြီအိုေအကို ေျပာဆိုထားၾကပါတယ္။ အစၥေရးလ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက တာဝန္ရွိသူေတြနဲ႔ ေဂ်ာ္ဒန္မွာရွိတဲ့ စက္႐ုံေတြက ဝန္ထမ္းေရးရာ တာဝန္ခံေတြ ဧၿပီလနဲ႔ ဇြန္လတြင္း (၂) ႀကိမ္ အြန္လိုင္းကေန ေဆြးေႏြးၿပီး အလုပ္သမားေတြကို အစားအေသာက္ ေလာက္ငွေအာင္ေကြၽးေမြးဖို႔နဲ႔ အမ်ိဳးသမီး ကိုယ္ဝန္ေဆာင္ေတြရဲ႕ ကေလးမီးဖြားစရိတ္ကိစၥေတြအထိ အေသးစိတ္ ေဆြးေႏြးမွာၾကားခဲ့တယ္လို႔လည္း သံ႐ုံးကထုတ္ျပန္ထားပါတယ္။
(UNICODE)
အစ္စရေးလ်နိုင်ငံ Tel Aviv မြို့ရှိ မြန်မာသံရုံးအနေနဲ့ ဂျော်ဒန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ဂျော်ဒန်နိုင်ငံမှာ နိုင်ငံတကာလေဆိပ်ပြန်လည်ဖွင့်လှစ်တဲ့အခါ မြန်မာနိုင်ငံကို ပြန်နိုင်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ သက်ဆိုင်ရာကုမ္ပဏီက စီစဉ်ပေးမယ့်လေကြောင်းလိုင်းကို မြန်မာအစိုးရက စီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ချိတ်ဆက်ထွက်ခွာနိုင်အောင် စီစဉ်ပေးမယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး က ဗွီအိုအေမြန်မာပိုင်းကို အီးမေးလ်ကနေတဆင့် အကြောင်းကြားလိုက်ပါတယ်။
ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ ရှိတဲ့ နိုင်ငံတကာလေဆိပ် ပြန်လည်ဖွင့်လှစ်တဲ့သတင်းကို စောင့်ကြည့်နေပြီး စာချုပ်သက်တမ်းပြည့်လို့ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေရဲ့စာရင်းကိုလည်း သက်ဆိုင်ရာ စက်ရုံတွေဆီကနေ တောင်းခံထားပြီးဖြစ်ကြောင်းလည်းဖေါ်ပြပါတယ်။
သက်ဆိုင်ရာကုမ္ပဏီနဲ့ မြန်မာနိုင်ငံက စေလွှတ်တဲ့ အလုပ်သမားအေဂျင်စီအကြား အခုကိစ္စကို ညှိနှိုင်းကြရမှာဖြစ်ကြောင်းနဲ့ နိုင်ငံတော်နဲ့ သံရုံးဘက်က လိုအပ်တဲ့ ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဗွီအိုအေမြန်မာပိုင်းကို အကြောင်းပြန်ကြားလိုက်တာပါ။
အဓိကကတော့ COVID 19 ကြောင့်သေဆုံးသူ အနည်းဆုံး ၉ဦးနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၁ထောင်ပတ်ဝန်းကျင်ထိ ရှိခဲ့တဲ့ ဂျော်ဒန်နိုင်ငံမှာ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုကြောင့် လုပ်ငန်းခွင်တချို့ရပ်နားလိုက်ရချိန် ဂျော်ဒန်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို သူတို့ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ကြတာပါ။ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြား တရားဝင်သံတမန်အဆက်အသွယ်မရှိပေမဲ့ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က မြန်မာနိုင်ငံသားတွေအတွက် မူဘောင်အတွင်းကနေ ဆောင်ရွက်ပေးနေတယ်လို့လည်း ဇွန်လ ၂၆ရက်နေ့က အခုလို အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်ကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။
အထူးသဖြင့် ဂျော်ဒန်နိုင်ငံ Amman မြို့တော် Al Karak ခရိုင်က Camel & Vega ဂျော်ဒန်အထည်ချုပ်စက်ရုံမှာ လွန်ခဲ့တဲ့ ၃လကစလို့ ကိုဗစ် ၁၉ ကြောင့် စက်ရုံပိတ်လိုက်ပြီးတဲ့နောက် မြန်မာအလုပ်သမား တထောင်ကျော် အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိ စားစရာမရှိ အခက်အခဲ ဒုက္ခတွေနဲ့ရင်ဆိုင်နေကြရတဲ့အတွက် အမြန်ဆုံး မြန်မာနိုင်ငံကိုပဲ ပြန်လိုကြတယ်လို့ ဗွီအိုအေကို ပြောဆိုထားကြပါတယ်။ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ ဂျော်ဒန်မှာရှိတဲ့ စက်ရုံတွေက ဝန်ထမ်းရေးရာ တာဝန်ခံတွေ ဧပြီလနဲ့ ဇွန်လတွင်း (၂) ကြိမ် အွန်လိုင်းကနေ ဆွေးနွေးပြီး အလုပ်သမားတွေကို အစားအသောက် လောက်ငှအောင်ကျွေးမွေးဖို့နဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်တွေရဲ့ ကလေးမီးဖွားစရိတ်ကိစ္စတွေအထိ အသေးစိတ် ဆွေးနွေးမှာကြားခဲ့တယ်လို့လည်း သံရုံးကထုတ်ပြန်ထားပါတယ်။