သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဂ်ာ္ဒန္က အလုပ္လက္မဲ့ ျမန္မာအလုပ္သမားေတြ အိမ္ျပန္ဖို႔အစီအစဥ္ စၿပီ


ေဂ်ာ္ဒန္ႏိုင္ငံရဲ႕ အလံ။ (ေမ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

အစၥေရးလ္ဆိုင္ရာ ျမန္မာသံ႐ံုးရဲ႕စီစဥ္ေပးမႈနဲ႔ေနရပ္ျပန္လိုတဲ့ ေဂ်ာ္ဒန္ေရာက္ျမန္မာအလုပ္သမားေတြ မၾကာခင္မွာ Relief Flight နဲ႔ အိမ္ျပန္ၾကရေတာ့မယ့္အေၾကာင္းနဲ႔ က်န္ေနေသးတဲ့ ျမန္မာအလုပ္သမားေတြ ရင္ဆိုင္ေနရဆဲ အခက္အခဲေတြအေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးခ်င္ပါတယ္။

COVID-19 ကမာၻ႔ကပ္ေရာဂါ ႐ိုက္ခတ္မႈေၾကာင့္ ႏုိင္ငံတကာမွာ စီးပြားေရးေတြ ထိခိုက္ၿပီး လုပ္ငန္းခြင္တခ်ိဳ႕ ရပ္နားလိုက္ရခ်ိန္မွာေတာ့ ျပည္ပေရာက္ ျမန္မာႏိုင္ငံသား အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ ဒုကၡေရာက္ေနၾကၿပီး ျမန္မာျပည္ကို အျမန္ဆံုးျပန္ေခၚေပးဖို႔ ေတာင္းဆိုေနၾကတာပါ။ အထူးသျဖင့္ ေဂ်ာ္ဒန္ေရာက္ျမန္မာအလုပ္သမားေတြအတြက္ေတာ့့ ေဂ်ာ္ဒန္ႏိုင္ငံနဲ႔ ျမန္မာအစိုးရၾကားတရားဝင္ သံတမန္ဆက္ဆံေရး မရွိတဲ့အတြက္ သူတို႔ေတြ မိခင္ႏိုင္ငံျပန္ႏုိင္ေရး အစၥေရးလ္ဆိုင္ရာျမန္မာသံ႐ံုးဘက္က စီစဥ္ေဆာင္ရြက္ေပးခဲ့လို႔ အခုဆိုရင္ ပထမဆံုးအသုတ္အေနနဲ႔ စုစုေပါင္း ၁၄၀ ဦး ျပန္ခြင့္ရ‌ေတာ့မယ္လို႔ အစၥေရးလ္ႏုိင္ငံဆိုင္ရာျမန္မာသံ႐ံုးက ဇူလိုင္လ ၉ ရက္ေန႔ရက္စြဲနဲ႔ သတင္းထုတ္ျပန္ပါတယ္။

ဒီပထမအသုတ္ထဲမွာ ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ ရင္ခြင္ပိုက္ကေလးငယ္ေတြကို ဦးစားေပးထည့္သြင္းထားၿပီး ေနာက္ထပ္ က်န္တဲ့ အလုပ္သမားေတြ ျပန္ခြင့္ရမယ့္အေျခအေနကို Camel and Vega အထည္ခ်ဳပ္စက္႐ံုက အလုပ္သမား မမို႔မို႔ခုိင္ကရွင္းျပပါတယ္။

"ပထမဆံုးအသုတ္က ဘယ္လိုလူမ်ိဳးေတြလဲဆိုေတာ့- Century Miracle ရယ္ ေနာက္ထပ္ Rich Pine ရယ္ အ့ဲဒီ့စက္႐ံု ႏွစ္ ႐ံုက သူေတြရယ္ ညီမတို႔စက္႐ံု Camel and Vega က လငယ္သမားေတြေပါ့။ ဒီကိုေရာက္တာ ၁၂ လပိုင္းတို႔ ၁ လပိုင္းတို႔ အဲ့လိုလူမ်ိဳးေတြေပါ့။ သူတို႔ကက်ေတာ့ လူမႈဖူလံုေရးေၾကးေပါ့ ညီမတို႔အေခၚခါလာေၾကးေပါ့။ အဲ့ဒီ့လူမႈဖူလံုေရးေၾကးကို သူတို႔က မယူေတာ့ဘူးဆိုၿပီး လက္မွတ္ထိုးလိုက္တဲ့သူေတြေပါ့ အဲ့သူေတြကေတာ့ ပထမဆံုးအသုတ္မွာပါသြားတယ္။ ညီမတို႔ကက်ေတာ့ လူမႈဖူလံုေရးေၾကးက နည္းနည္းမ်ားတယ္။ အဲ့လိုမ်ိဳးဆိုေတာ့ ညီမတို႔က ေစာင့္ယူမယ္ဆိုေတာ့ ဒီတေခါက္မွာေတာ့ မပါဘူး ဒါေပမဲ့ အခုက နာမည္စာရင္းေလး ထြက္လာၿပီဆိုေတာ့ ညီမတို႔အတြက္ အားရွိတာေပါ့။ အခုပထမဆံုးအသုတ္ နာမည္စာရင္းထြက္လာၿပီဆိုရင္ ေနာက္အသုတ္ေတြမွာ ညီမတို႔ေတြက အကုန္ထြက္စာတင္ထားၿပီးျဖစ္တဲ့အတြက္ သူတို႔ လအလိုက္ေတာ့ျပန္ရေတာ့မွာ။ အရင္လိုမ်ိဳးခ်ည္း ဘာမွ ေမွ်ာ္လင့္ခ်က္မရွိဘဲ ငုတ္တုပ္ၾကီး ထိုင္ေနၾကရမွာထက္စာရင္ နည္းနည္းေတာ့ ေျဖသာသြားတာေပါ့။"

အစၥေရးလ္ဆိုင္ရာ ျမန္မာသံ႐ံုးဘက္က ႏိုင္ငံကူးလက္မွတ္ကိစၥ၊ က်န္းမာေရးဆိုင္ရာေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို ကူညီေပးေနသလို အလုပ္ရွင္- အလုပ္သမားဆိုင္ရာ အက်ိဳးစီးပြားေတြကိုေတာ့ သက္ဆိုင္ရာအလုပ္သမားဥပေဒနဲ႔အညီ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါ စည္းကမ္းခ်က္ေတြအတိုင္း အလုပ္သမားေတြရဲ႕ ရပိုင္ခြင့္ေတြအတြက္ အလုပ္ရွင္ အလုပ္သမားေျပလည္ေအာင္ညိႇႏိႈင္းၾကဖို႔ တိုက္တြန္းထားပါတယ္။

ဒီအေပၚမွာေတာ့ က်န္ခဲ့တဲ့ အလုပ္သမားေတြဘက္က သူတို႔ရပိုင္ခြင့္ လူမႈဖူလံုေရးေၾကးေတြ ေဂ်ာ္ဒန္အစိုးရဆီက ရဖို႔ ေမွ်ာ္လင့္ေစာင့္ဆိုင္းေနၾကတယ္လို႔ Camel and Vega အထည္ခ်ဳပ္စက္႐ံုက လုပ္သက္ရင့္အလုပ္သမားတဦးျဖစ္တဲ့ မပိုပိုကေျပာပါတယ္။

"ႏွစ္ၾကီးသမားေတြထဲဆိုရင္ ဗုိက္ၾကီးသည္ ႏွစ္ ေယာက္ပဲပါပါတယ္။ ဒီခါလာေၾကးေတြ ဒီလူမႈဖူလံုေရးေၾကးေတြ မယူပါဘူးဆိုၿပီး သူတုိ႔က အတင္းစာခ်ဳပ္နဲ႔ လက္မွတ္ထိုးခိုင္းတာ အဲ့ဒီ့စာခ်ဳပ္ကို ကေလးေတြက ျပန္ခ်င္ေဇာနဲ႔ ျပန္ရရင္ၿပီးေရာဆိုၿပီး လက္မွတ္ထိုးေပးလိုက္ၾကတာ။ အဲ့ေတာ့ ကိုယ့္ရပိုင္ခြင့္ေတြ တခုမွ မရေတာ့ဘူး။ ျမန္မာေတြက အရမ္းေၾကာက္ၿပီးေတာ့ ထိုးၾကတယ္။ အမ်ားၾကီးပဲ အေယာက္ ၁၀၀ ေက်ာ္ေတာင္ အဲ့ဒီ့ထဲမွာ ညီမတို႔မပါဘူး။ ညီမတို႔ကက်ေတာ့ ျပန္မယ့္စာရင္း ေဖာင္ပဲျဖည့္ရေသးတယ္။ ဒီခါလာေၾကးကိုယူမယ္ဆိုတာ သူတို႔ကိုေျပာၿပီးသားျဖစ္တဲ့အတြက္ အခုသူတို႔စာရင္းထဲမွာ မပါဘူး။ အခုသူမ်ားစက္႐ံုေတြက ပိုက္ဆံေတြကို ေပးသင့္တာေတြ ေပးၿပီးသြားၿပီ။ ဒီစက္႐ံုက ပိုက္ဆံနဲ႔ပတ္သက္ၿပီး ေပးဖို႔ မရွိဘူး ညီမတို႔ကလည္း အဲ့ပိုက္ဆံေလးကို ေစာင့္ေနတာ။ လက္ထဲမွာေလ တျပားမွကို မရွိေတာ့တာ။ ညီမတို႔ ဒီမွာ အလုပ္မလုပ္ရတဲ့ ၃ လ အခုဆို ၄ လ ရွိၿပီ အဲ့ဒါေၾကးလည္းရမယ္၊ အျပင္မွာ အိမ္ဌားေနတဲ့သူဆိုရင္ အိမ္ဌားေၾကးက အဲ့တာက အစ ရမယ္လို႔ေတာ့ သူတို႔ကေျပာထားတယ္။ ဒီပိုက္ဆံေတြ မရေသးဘူးလို႔ ေျပာတဲ့သူက လွမ္းေျပာေတာ့ ျမန္မာအစိုးရဘက္ကေနၿပီးေတာ့ ဒီပိုက္ဆံေတြကို ဒီကေလးေတြရဲ႕ ရပိုင္ခြင့္မွန္သမွ်ကို ေပးရမယ္ေပါ့။ မေပးဘဲနဲ႔ဆိုရင္ ဟိုဘက္ကေန လာမေခၚဘူးလို႔ေျပာတယ္။ အဲ့ဒါ ညီမတို႔ HR ကေျပာတယ္ ညီမလည္းျပန္ၾကားတာေပါ့ေနာ္ ၅၀-၅၀ လို႔ေျပာတယ္ ဒါေပမဲ့ အခုကေလးေတြက အခု တရာနဲ႔တေယာက္ကို သူတို႔က စာခ်ဳပ္နဲ႔ကို လက္မွတ္ထိုးခိုင္းထားတာ။"

က်န္ခဲ့မယ့္ အလုပ္သမားေတြအတြက္ စားနပ္ရိကၡာ တစ္ေန႔ သုံးနပ္ ထမင္းနဲ႔ ဟင္းေလာက္ငွေအာင္ေကြၽးဖို႔၊ စာခ်ဳပ္ကာလ မျပည့္ခင္ ျပန္ခ်င္သူေတြ ေလ်ာ္ေၾကး မေပးဘဲ ျပန္ရဖို႔၊ ျဖစ္ႏိုင္ရင္ ေလယာဥ္လက္မွတ္ဖိုးပါ စီစဥ္ေပးဖို႔ေတြကို စက္႐ံုနဲ႔ ညိႇႏိႈင္းေပးထားတယ္လို႔ အစၥေရးလ္ဆိုင္ရာ ျမန္မာသံ႐ံုးဘက္ကေန ထုတ္ျပန္ထားပါတယ္။ အရင္တုန္းက လုပ္ငန္းခြင္ရပ္နားခံလိုက္ရတဲ့ အလုပ္သမားေတြမွာ ဝင္ေငြကလည္း ေန႔စဥ္မရွိေတာ့တဲ့အျပင္ စားနပ္ရိကၡာအတြက္ပါ အခက္ခဲျဖစ္ခဲ့ၾကရေပမဲ့ အခုေတာ့ အဆင္ေျပစျပဳလာၿပီလို႔ မမို႔မို႔ခုိင္ကေျပာျပပါတယ္။

"အရင္ေန႔ေတြတုန္းကဆိုရင္ ေရလံုျပဳတ္ပံုစံမ်ိဴး အခုဆိုရင္ေတာ့ ဆီေလးဘာေလး နည္းနည္းပါးပါး ပါလာၿပီ။ စားခ်င္စရာေလးေတြျဖစ္လာပါၿပီ။ အခု ထမင္းဆိုရင္လည္း လိုသေလာက္ယူလို႔ ရလာတယ္။ အခုလိုမ်ိဳးစီစဥ္ေပးတဲ့အတြက္ အစိုးရဘက္ကို ေက်းဇူးအမ်ားၾကီးတင္ပါတယ္လို႔။ အခုဆိုရင္ေတာ့ ပထမအသုတ္၊ ဒုတိယအသုတ္အတြက္ ရက္အတိအက်ေလးပဲ ညီမတို႔ သိခ်င္ပါတယ္။ ဒုတိယအသုတ္က ဘယ္ေန႔လာမယ္၊ တတိယအသုတ္က ဘယ္ေန႔လာမယ္၊ ဘယ္သူေတြက ဘယ္လိုပါလာမလဲဆိုတာ သူတို႔ဘက္က ေၾကညာေပးပါလို႔။"

လနဲ႔ခ်ီ အလုပ္လက္မဲ့ျဖစ္ ဝင္ေငြမရွိ စားစရာေနရာအခက္အခဲ အေတာ္ေလး အၾကပ္အတည္းျဖစ္ေနၾကရခ်ိန္ အခုလိုျပန္ခြင့္ရမယ့္ အေျခအေနတခု ေပၚလာတဲ့အေပၚ အလုပ္သမားေတြဘက္က ဝမ္းသာေနၾကတယ္လို႔ မပိုပိုကေျပာပါတယ္။

"မေန႔က သံ႐ံုးဘက္က စာရင္းေတြ ထြက္လာေတာ့ ေတာ္ေတာ္ေလးေပ်ာ္ေနၾကတာ။ ညီမတို႔ တခုေျပာခ်င္တာကေလ အကုန္လံုးက ေက်းဇူးအရမ္းတင္ေနၾကတယ္။ အမတို႔ကိုလည္း ေက်းဇူးတင္တယ္၊ အခုအမတို႔ကေနတဆင့္ အဲ့လိုဒုကၡေရာက္ေနတဲ့သူေတြျပန္ရတာမို႔ အခုျပန္ခြင့္ရတဲ့သူေတြကလည္း အမတို႔ေတြေၾကာင့္သာလွ်င္ သူတို႔ေတြျပန္ခြင့္ရတာဆိုၿပီး အရမ္းဝမ္းသာေနၾကတယ္။ က်မတို႔မွာ ေတာ္ေတာ္ကို ဒုကၡေရာက္ေနၾကရတာ ကိုယ္ရွိတဲ့ ပစၥည္းေလးေတြ ေရာင္းခ်ၿပီးေနေနၾကရတာ။ ဒီမွာက ဒုကၡအရမ္းေရာက္ၾကေတာ့ ျမန္မာျပည္ကို အျမန္ဆံုးျပန္ခ်င္ၾကပါတယ္။ အခုက ျမန္မာတမ်ိဳးတည္းမဟုတ္ဘူး။ သီရိလကၤာေတြေရာ ကေမာၻဒီးယားေတြေရာ အရမ္းကို ဒုကၡေရာက္ေနၾကရတာ။ သူတို႔ဆိုလည္း က်မတို႔လိုပဲ ၃ လပိုင္းကတည္းက အလုပ္မဆင္းရတာ စားဖို႔ေသာက္ဖို႔လည္း မရွိဘူး၊ ပိုက္ဆံလည္း မရွိၾကေတာ့ဘူး အားလံုးအတူတူပဲ ျမန္မာေတြလိုပဲ ဒုကၡေရာက္ေနၾကရတာ။"

ေဂ်ာ္ဒန္ႏုိင္ငံကေန ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ၾကရမယ့္ ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ အနည္းဆံုး ပတ္စပို႔သက္တမ္း ၆ လ က်န္ရွိရမွာျဖစ္ပါတယ္။ Relief Flight ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ၾကရမယ့္ ျမန္မာေတြဟာ ေလယာဥ္ပ်ံသန္းခ်ိန္တေလွ်ာက္လံုး အစားအေသာက္တည္ခင္းခ်ိန္မွအပ Face Mask ႏွာေခါင္းစည္း တပ္ဆင္ထားရမွာျဖစ္ၿပီး ေလယာဥ္လက္မွတ္ျပ ပစၥည္းအပ္ခ်ိန္နဲ႔ ေလယာဥ္ေပၚတက္ခ်ိန္ေတြမွာ အပူခ်ိန္တိုင္း၊ အဖ်ားရွိ-မရွိစစ္ေဆးၿပီး အဖ်ားမရွိမွ တင္ေဆာင္မွာျဖစ္ပါတယ္။ ျမန္မာႏုိင္ငံ ျပန္ေရာက္တယ္ဆိုရင္ Community based Facility Quarantine ၂၁ ရက္နဲ႔ Home Quarantine ၇ ရက္ေနထိုင္ရမယ့္ စည္းကမ္းခ်က္ေတြကို တိတိက်က် လိုက္နာေဆာင္ရြက္ေပးဖို႔ကိုလည္း အစၥေရးလ္ဆုိင္ရာျမန္မာသံ႐ံုးဘက္က တုိက္တြန္းထားပါတယ္။

ေဂ်ာ္ဒန္ႏုိင္ငံမွာေတာ့ COVID-19 ကပ္ေရာဂါေၾကာင့္ လက္ရွိအခ်ိန္ထိ ေသဆုံးသူ ၁၀ ဦးအထိရွိၿပီး ကူးစက္ခံရသူေပါင္း ၁,၁၆၉ ဦး၀န္းက်င္အထိ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျော်ဒန်က အလုပ်လက်မဲ့ မြန်မာအလုပ်သမားတွေ အိမ်ပြန်ဖို့အစီအစဉ် စပြီ

အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးရဲ့စီစဉ်ပေးမှုနဲ့နေရပ်ပြန်လိုတဲ့ ဂျော်ဒန်ရောက်မြန်မာအလုပ်သမားတွေ မကြာခင်မှာ Relief Flight နဲ့ အိမ်ပြန်ကြရတော့မယ့်အကြောင်းနဲ့ ကျန်နေသေးတဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရဆဲ အခက်အခဲတွေအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးချင်ပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် နိုင်ငံတကာမှာ စီးပွားရေးတွေ ထိခိုက်ပြီး လုပ်ငန်းခွင်တချို့ ရပ်နားလိုက်ရချိန်မှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ တောင်းဆိုနေကြတာပါ။ အထူးသဖြင့် ဂျော်ဒန်ရောက်မြန်မာအလုပ်သမားတွေအတွက်တော့ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြားတရားဝင် သံတမန်ဆက်ဆံရေး မရှိတဲ့အတွက် သူတို့တွေ မိခင်နိုင်ငံပြန်နိုင်ရေး အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးဘက်က စီစဉ်ဆောင်ရွက်ပေးခဲ့လို့ အခုဆိုရင် ပထမဆုံးအသုတ်အနေနဲ့ စုစုပေါင်း ၁၄၀ ဦး ပြန်ခွင့်ရ‌တော့မယ်လို့ အစ္စရေးလ်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ဇူလိုင်လ ၉ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဒီပထမအသုတ်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ရင်ခွင်ပိုက်ကလေးငယ်တွေကို ဦးစားပေးထည့်သွင်းထားပြီး နောက်ထပ် ကျန်တဲ့ အလုပ်သမားတွေ ပြန်ခွင့်ရမယ့်အခြေအနေကို Camel and Vega အထည်ချုပ်စက်ရုံက အလုပ်သမား မမို့မို့ခိုင်ကရှင်းပြပါတယ်။

"ပထမဆုံးအသုတ်က ဘယ်လိုလူမျိုးတွေလဲဆိုတော့- Century Miracle ရယ် နောက်ထပ် Rich Pine ရယ် အဲ့ဒီ့စက်ရုံ နှစ် ရုံက သူတွေရယ် ညီမတို့စက်ရုံ Camel and Vega က လငယ်သမားတွေပေါ့။ ဒီကိုရောက်တာ ၁၂ လပိုင်းတို့ ၁ လပိုင်းတို့ အဲ့လိုလူမျိုးတွေပေါ့။ သူတို့ကကျတော့ လူမှုဖူလုံရေးကြေးပေါ့ ညီမတို့အခေါ်ခါလာကြေးပေါ့။ အဲ့ဒီ့လူမှုဖူလုံရေးကြေးကို သူတို့က မယူတော့ဘူးဆိုပြီး လက်မှတ်ထိုးလိုက်တဲ့သူတွေပေါ့ အဲ့သူတွေကတော့ ပထမဆုံးအသုတ်မှာပါသွားတယ်။ ညီမတို့ကကျတော့ လူမှုဖူလုံရေးကြေးက နည်းနည်းများတယ်။ အဲ့လိုမျိုးဆိုတော့ ညီမတို့က စောင့်ယူမယ်ဆိုတော့ ဒီတခေါက်မှာတော့ မပါဘူး ဒါပေမဲ့ အခုက နာမည်စာရင်းလေး ထွက်လာပြီဆိုတော့ ညီမတို့အတွက် အားရှိတာပေါ့။ အခုပထမဆုံးအသုတ် နာမည်စာရင်းထွက်လာပြီဆိုရင် နောက်အသုတ်တွေမှာ ညီမတို့တွေက အကုန်ထွက်စာတင်ထားပြီးဖြစ်တဲ့အတွက် သူတို့ လအလိုက်တော့ပြန်ရတော့မှာ။ အရင်လိုမျိုးချည်း ဘာမှ မျှော်လင့်ချက်မရှိဘဲ ငုတ်တုပ်ကြီး ထိုင်နေကြရမှာထက်စာရင် နည်းနည်းတော့ ဖြေသာသွားတာပေါ့။"

အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်က နိုင်ငံကူးလက်မှတ်ကိစ္စ၊ ကျန်းမာရေးဆိုင်ရာဆောင်ရန်ရှောင်ရန်အချက်တွေကို ကူညီပေးနေသလို အလုပ်ရှင်- အလုပ်သမားဆိုင်ရာ အကျိုးစီးပွားတွေကိုတော့ သက်ဆိုင်ရာအလုပ်သမားဥပဒေနဲ့အညီ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းချက်တွေအတိုင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေအတွက် အလုပ်ရှင် အလုပ်သမားပြေလည်အောင်ညှိနှိုင်းကြဖို့ တိုက်တွန်းထားပါတယ်။

ဒီအပေါ်မှာတော့ ကျန်ခဲ့တဲ့ အလုပ်သမားတွေဘက်က သူတို့ရပိုင်ခွင့် လူမှုဖူလုံရေးကြေးတွေ ဂျော်ဒန်အစိုးရဆီက ရဖို့ မျှော်လင့်စောင့်ဆိုင်းနေကြတယ်လို့ Camel and Vega အထည်ချုပ်စက်ရုံက လုပ်သက်ရင့်အလုပ်သမားတဦးဖြစ်တဲ့ မပိုပိုကပြောပါတယ်။

"နှစ်ကြီးသမားတွေထဲဆိုရင် ဗိုက်ကြီးသည် နှစ် ယောက်ပဲပါပါတယ်။ ဒီခါလာကြေးတွေ ဒီလူမှုဖူလုံရေးကြေးတွေ မယူပါဘူးဆိုပြီး သူတို့က အတင်းစာချုပ်နဲ့ လက်မှတ်ထိုးခိုင်းတာ အဲ့ဒီ့စာချုပ်ကို ကလေးတွေက ပြန်ချင်ဇောနဲ့ ပြန်ရရင်ပြီးရောဆိုပြီး လက်မှတ်ထိုးပေးလိုက်ကြတာ။ အဲ့တော့ ကိုယ့်ရပိုင်ခွင့်တွေ တခုမှ မရတော့ဘူး။ မြန်မာတွေက အရမ်းကြောက်ပြီးတော့ ထိုးကြတယ်။ အများကြီးပဲ အယောက် ၁၀၀ ကျော်တောင် အဲ့ဒီ့ထဲမှာ ညီမတို့မပါဘူး။ ညီမတို့ကကျတော့ ပြန်မယ့်စာရင်း ဖောင်ပဲဖြည့်ရသေးတယ်။ ဒီခါလာကြေးကိုယူမယ်ဆိုတာ သူတို့ကိုပြောပြီးသားဖြစ်တဲ့အတွက် အခုသူတို့စာရင်းထဲမှာ မပါဘူး။ အခုသူများစက်ရုံတွေက ပိုက်ဆံတွေကို ပေးသင့်တာတွေ ပေးပြီးသွားပြီ။ ဒီစက်ရုံက ပိုက်ဆံနဲ့ပတ်သက်ပြီး ပေးဖို့ မရှိဘူး ညီမတို့ကလည်း အဲ့ပိုက်ဆံလေးကို စောင့်နေတာ။ လက်ထဲမှာလေ တပြားမှကို မရှိတော့တာ။ ညီမတို့ ဒီမှာ အလုပ်မလုပ်ရတဲ့ ၃ လ အခုဆို ၄ လ ရှိပြီ အဲ့ဒါကြေးလည်းရမယ်၊ အပြင်မှာ အိမ်ဌားနေတဲ့သူဆိုရင် အိမ်ဌားကြေးက အဲ့တာက အစ ရမယ်လို့တော့ သူတို့ကပြောထားတယ်။ ဒီပိုက်ဆံတွေ မရသေးဘူးလို့ ပြောတဲ့သူက လှမ်းပြောတော့ မြန်မာအစိုးရဘက်ကနေပြီးတော့ ဒီပိုက်ဆံတွေကို ဒီကလေးတွေရဲ့ ရပိုင်ခွင့်မှန်သမျှကို ပေးရမယ်ပေါ့။ မပေးဘဲနဲ့ဆိုရင် ဟိုဘက်ကနေ လာမခေါ်ဘူးလို့ပြောတယ်။ အဲ့ဒါ ညီမတို့ HR ကပြောတယ် ညီမလည်းပြန်ကြားတာပေါ့နော် ၅၀-၅၀ လို့ပြောတယ် ဒါပေမဲ့ အခုကလေးတွေက အခု တရာနဲ့တယောက်ကို သူတို့က စာချုပ်နဲ့ကို လက်မှတ်ထိုးခိုင်းထားတာ။"

ကျန်ခဲ့မယ့် အလုပ်သမားတွေအတွက် စားနပ်ရိက္ခာ တစ်နေ့ သုံးနပ် ထမင်းနဲ့ ဟင်းလောက်ငှအောင်ကျွေးဖို့၊ စာချုပ်ကာလ မပြည့်ခင် ပြန်ချင်သူတွေ လျော်ကြေး မပေးဘဲ ပြန်ရဖို့၊ ဖြစ်နိုင်ရင် လေယာဉ်လက်မှတ်ဖိုးပါ စီစဉ်ပေးဖို့တွေကို စက်ရုံနဲ့ ညှိနှိုင်းပေးထားတယ်လို့ အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်ကနေ ထုတ်ပြန်ထားပါတယ်။ အရင်တုန်းက လုပ်ငန်းခွင်ရပ်နားခံလိုက်ရတဲ့ အလုပ်သမားတွေမှာ ဝင်ငွေကလည်း နေ့စဉ်မရှိတော့တဲ့အပြင် စားနပ်ရိက္ခာအတွက်ပါ အခက်ခဲဖြစ်ခဲ့ကြရပေမဲ့ အခုတော့ အဆင်ပြေစပြုလာပြီလို့ မမို့မို့ခိုင်ကပြောပြပါတယ်။

"အရင်နေ့တွေတုန်းကဆိုရင် ရေလုံပြုတ်ပုံစံမျိူး အခုဆိုရင်တော့ ဆီလေးဘာလေး နည်းနည်းပါးပါး ပါလာပြီ။ စားချင်စရာလေးတွေဖြစ်လာပါပြီ။ အခု ထမင်းဆိုရင်လည်း လိုသလောက်ယူလို့ ရလာတယ်။ အခုလိုမျိုးစီစဉ်ပေးတဲ့အတွက် အစိုးရဘက်ကို ကျေးဇူးအများကြီးတင်ပါတယ်လို့။ အခုဆိုရင်တော့ ပထမအသုတ်၊ ဒုတိယအသုတ်အတွက် ရက်အတိအကျလေးပဲ ညီမတို့ သိချင်ပါတယ်။ ဒုတိယအသုတ်က ဘယ်နေ့လာမယ်၊ တတိယအသုတ်က ဘယ်နေ့လာမယ်၊ ဘယ်သူတွေက ဘယ်လိုပါလာမလဲဆိုတာ သူတို့ဘက်က ကြေညာပေးပါလို့။"

လနဲ့ချီ အလုပ်လက်မဲ့ဖြစ် ဝင်ငွေမရှိ စားစရာနေရာအခက်အခဲ အတော်လေး အကြပ်အတည်းဖြစ်နေကြရချိန် အခုလိုပြန်ခွင့်ရမယ့် အခြေအနေတခု ပေါ်လာတဲ့အပေါ် အလုပ်သမားတွေဘက်က ဝမ်းသာနေကြတယ်လို့ မပိုပိုကပြောပါတယ်။

"မနေ့က သံရုံးဘက်က စာရင်းတွေ ထွက်လာတော့ တော်တော်လေးပျော်နေကြတာ။ ညီမတို့ တခုပြောချင်တာကလေ အကုန်လုံးက ကျေးဇူးအရမ်းတင်နေကြတယ်။ အမတို့ကိုလည်း ကျေးဇူးတင်တယ်၊ အခုအမတို့ကနေတဆင့် အဲ့လိုဒုက္ခရောက်နေတဲ့သူတွေပြန်ရတာမို့ အခုပြန်ခွင့်ရတဲ့သူတွေကလည်း အမတို့တွေကြောင့်သာလျှင် သူတို့တွေပြန်ခွင့်ရတာဆိုပြီး အရမ်းဝမ်းသာနေကြတယ်။ ကျမတို့မှာ တော်တော်ကို ဒုက္ခရောက်နေကြရတာ ကိုယ်ရှိတဲ့ ပစ္စည်းလေးတွေ ရောင်းချပြီးနေနေကြရတာ။ ဒီမှာက ဒုက္ခအရမ်းရောက်ကြတော့ မြန်မာပြည်ကို အမြန်ဆုံးပြန်ချင်ကြပါတယ်။ အခုက မြန်မာတမျိုးတည်းမဟုတ်ဘူး။ သီရိလင်္ကာတွေရော ကမ္ဘောဒီးယားတွေရော အရမ်းကို ဒုက္ခရောက်နေကြရတာ။ သူတို့ဆိုလည်း ကျမတို့လိုပဲ ၃ လပိုင်းကတည်းက အလုပ်မဆင်းရတာ စားဖို့သောက်ဖို့လည်း မရှိဘူး၊ ပိုက်ဆံလည်း မရှိကြတော့ဘူး အားလုံးအတူတူပဲ မြန်မာတွေလိုပဲ ဒုက္ခရောက်နေကြရတာ။"

ဂျော်ဒန်နိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ကြရမယ့် မြန်မာနိုင်ငံသားများအနေနဲ့ အနည်းဆုံး ပတ်စပို့သက်တမ်း ၆ လ ကျန်ရှိရမှာဖြစ်ပါတယ်။ Relief Flight ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ကြရမယ့် မြန်မာတွေဟာ လေယာဉ်ပျံသန်းချိန်တလျှောက်လုံး အစားအသောက်တည်ခင်းချိန်မှအပ Face Mask နှာခေါင်းစည်း တပ်ဆင်ထားရမှာဖြစ်ပြီး လေယာဉ်လက်မှတ်ပြ ပစ္စည်းအပ်ချိန်နဲ့ လေယာဉ်ပေါ်တက်ချိန်တွေမှာ အပူချိန်တိုင်း၊ အဖျားရှိ-မရှိစစ်ဆေးပြီး အဖျားမရှိမှ တင်ဆောင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြန်ရောက်တယ်ဆိုရင် Community based Facility Quarantine ၂၁ ရက်နဲ့ Home Quarantine ၇ ရက်နေထိုင်ရမယ့် စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ပေးဖို့ကိုလည်း အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးဘက်က တိုက်တွန်းထားပါတယ်။

ဂျော်ဒန်နိုင်ငံမှာတော့ COVID-19 ကပ်ရောဂါကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၁၀ ဦးအထိရှိပြီး ကူးစက်ခံရသူပေါင်း ၁,၁၆၉ ဦးဝန်းကျင်အထိ ရှိနေပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG