သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းက ျမန္မာအလုပ္သမားေတြ အခြင့္အေရးကာကြယ္ဖို႔ အခ်က္အလက္ေကာက္ယူေန


ထိုင္းႏိုင္ငံရွိ အထည္စက္ရံုတခုမွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမားတဦး။ (စက္တင္ဘာ ၂၃၊ ၂၀၁၈)

[Zawgyi/Unicode]

ထုိင္းႏုိင္ငံေရာက္ ျမန္မာအလုပ္သမားေတြ အခြင့္အေရး အကာအကြယ္ေပးဖုိ႔ ရည္ရြယ္ၿပီး ျမန္မာအစုိးရက အခ်က္အလက္ေတြ စတင္စုေဆာင္းေနတဲ့အေၾကာင္း ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ကုိဗစ္ကပ္ေရာဂါကာလမွာ အလုပ္ရံုေတြ ပိတ္သိမ္းလိုက္လို႔ ေနရပ္ျပန္လာၾကတဲ့ ျမန္မာအလုပ္သမား ခန္႔မွန္းေျခ ၈၀,၀၀၀ ေက်ာ္ ရွိေပမဲ့ သိန္းနဲ႔ခ်ီၿပီး ထုိင္းႏုိင္ငံထဲမွာ က်န္ရွိေနဆဲ ျဖစ္ပါတယ္။ ဒီအလုပ္သမားေတြ အေနနဲ႔ အထူးသျဖင့္ ကပ္ေရာဂါကာလမွာ အခက္အခဲ ႀကံဳရတာမ်ဳိး၊ အခြင့္အေရးေတြ ခ်ဳိးေဖာက္ခံရတာမ်ဳိးေတြ ရွိခဲ့ရင္ ကာကြယ္ႏုိင္ဖုိ႔ ရည္ရြယ္ၿပီး စာရင္းစတင္ျပဳစုေနတယ္လုိ႔ ထုိင္းႏုိင္ငံ ရေနာင္းၿမိဳ႕အေျခစုိက္ ျမန္မာအလုပ္သမားသံအရာရွိ ဦးေက်ာ္စုိးေဝက VOA ကိုေျပာပါတယ္။

“လက္ရွိ ထုိင္းႏုိင္ငံထဲမွာ လုပ္ေနတဲ့သူေတြဆိုရင္ ျဖည့္လို႔ရပါတယ္။ အဲဒီမွာ က်ေနာ္တို႔ Option ေလးေတြ စီစဥ္ထားပါတယ္။ အဲလိုဆုိေတာ့ က်ေနာ္တို႔လည္း အၾကမ္းမ်ဥ္း သိရတာေပါ့။ MOU က ဘယ္ႏွစ္ေယာက္ေလာက္ရွိတယ္၊ အေထာက္အထားမဲ့ျဖစ္ေနတာက ဘယ္ႏွစ္ေယာက္ရွိတယ္ေပါ့ေနာ္။ ၿပီးရင္ PJ ေတြ PV ေတြ အဲလိုဝင္ေနတာ ဘယ္ႏွစ္ေယာက္ရွိလဲေပါ့။ အဲလိုေလးေတြ သိရတာေပါ့။ က်ေနာ္ကေတာ့ လူတိုင္းကုိ ျဖည့္ေစခ်င္တာေပါ့ေနာ္။ ဘာလို႔ဆို ဒီ Survey ေကာက္တယ္ဆုိတဲ့ သေဘာသဘာဝကေတာ့ အခ်က္အလက္မ်ားမ်ားရႏုိင္ေလေလ သူတုိ႔အတြက္ပုိၿပီး အေထာက္အပံ့ျဖစ္ေလေပါ့။ အဲလိုဆုိေတာ့ ရည္ရြယ္ခ်က္ကေတာ့ ဒီအလုပ္သမားေတြ ပူးေပါင္းပါဝင္ေဆာင္ရြက္ေပးတဲ့အေပၚမွာပဲ ရလဒ္ေကာင္းတခုကေတာ့ ထြက္လာမယ္လို႔ က်ေနာ္တို႔ကေတာ့ ေမွ်ာ္လင့္ပါတယ္။”

အခုေကာက္ယူတဲ့ စာရင္းဟာ တရားဝင္လမ္းေၾကာင္းနဲ႔ လာေရာက္လုပ္ကုိင္ေနသူေတြအျပင္ အေထာက္အထားမရွိသူေတြအတြက္ပါ အက်ံဳးဝင္တယ္လို႔လည္း ေျပာပါတယ္။ ထုိင္းႏုိင္ငံေရာက္ ျမန္မာအလုပ္သမားေတြကုိ ဥပေဒအရကာကြယ္ႏုိင္ဖို႔ ရည္ရြယ္ၿပီး စာရင္းေကာက္ယူရာမွာေတာ့ စိန္ေခၚမႈေတြ ႀကံဳရႏုိင္တယ္လုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူ ဦးမိုးေဝက ေျပာပါတယ္။

“ဒီစာရြက္စာတမ္းနဲ႔ တင္ရမယ္ဆုိတဲ့ ကိစၥကေတာ့ ထင္ထားသေလာက္ေတာ့ မရႏုိင္ဘူးဗ်။ ဘာေၾကာင့္လည္းဆုိေတာ့ အလုပ္သမားေတြက တခ်ိဳ႕အခ်က္အလက္က သူတုိ႔ဆီမေရာက္ႏုိင္တာလည္းရွိတယ္။ ေနာက္တခုက အစုိးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြကေနတဆင့္ အကူအညီေတာင္းၿပီးေတာ့ လုပ္တာကေတာ့ ရႏုိင္ပါတယ္။ ဒါေပမဲ့လည္း ထုိင္းအစုိးရက အလုပ္သမားေတြရဲ႕အခက္အခဲကုိ ထဲထဲဝင္ဝင္သိဖုိ႔ေတာ့ လိုတယ္ဗ်။”

ထုိင္းႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကပ္ေရာဂါနဲ႔ ႀကံဳခဲ့ရၿပီးေနာက္ မတ္လေလာက္ကစၿပီး သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္လုိက္သလုိ၊ လုပ္ငန္းေတြလည္း ရပ္ဆုိင္းကုန္တဲ့အတြက္ အလုပ္လက္မဲ့ျဖစ္ၾကရတဲ့ ေရႊ႕ေျပာင္းအလုပ္သမား အမ်ားအျပား ေနရပ္ျပန္ကုန္ၾကတာပါ။ ဒီအတြက္လည္း လုပ္ငန္းေတြ ျပန္လည္လုပ္ကုိင္ခြင့္ရတဲ့အခါ အလုပ္သမား လုိအပ္ခ်က္နဲ႔ ႀကံဳရမွာကုိ စုိးရိမ္လာေနၾကတဲ့ ထုိင္းႏုိင္ငံက လုပ္ငန္းရွင္ေတြကလည္း လုပ္သားအင္အားနဲ႔ ပတ္သက္လုိ႔ စာရင္းျပဳစုဖုိ႔ တရား၀င္ အေထာက္အထား မရွိသူေတြကုိပါ အလုပ္လုပ္ခြင့္ျပဳဖုိ႔ အစိုးရကုိ တုိက္တြန္းတာေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းက မြန်မာအလုပ်သမားတွေ အခွင့်အရေးကာကွယ်ဖို့ အချက်အလက်ကောက်ယူနေ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အခွင့်အရေး အကာအကွယ်ပေးဖို့ ရည်ရွယ်ပြီး မြန်မာအစိုးရက အချက်အလက်တွေ စတင်စုဆောင်းနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ကိုဗစ်ကပ်ရောဂါကာလမှာ အလုပ်ရုံတွေ ပိတ်သိမ်းလိုက်လို့ နေရပ်ပြန်လာကြတဲ့ မြန်မာအလုပ်သမား ခန့်မှန်းခြေ ၈၀,၀၀၀ ကျော် ရှိပေမဲ့ သိန်းနဲ့ချီပြီး ထိုင်းနိုင်ငံထဲမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီအလုပ်သမားတွေ အနေနဲ့ အထူးသဖြင့် ကပ်ရောဂါကာလမှာ အခက်အခဲ ကြုံရတာမျိုး၊ အခွင့်အရေးတွေ ချိုးဖောက်ခံရတာမျိုးတွေ ရှိခဲ့ရင် ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး စာရင်းစတင်ပြုစုနေတယ်လို့ ထိုင်းနိုင်ငံ ရနောင်းမြို့အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်စိုးဝေက VOA ကိုပြောပါတယ်။

“လက်ရှိ ထိုင်းနိုင်ငံထဲမှာ လုပ်နေတဲ့သူတွေဆိုရင် ဖြည့်လို့ရပါတယ်။ အဲဒီမှာ ကျနော်တို့ Option လေးတွေ စီစဉ်ထားပါတယ်။ အဲလိုဆိုတော့ ကျနော်တို့လည်း အကြမ်းမျဉ်း သိရတာပေါ့။ MOU က ဘယ်နှစ်ယောက်လောက်ရှိတယ်၊ အထောက်အထားမဲ့ဖြစ်နေတာက ဘယ်နှစ်ယောက်ရှိတယ်ပေါ့နော်။ ပြီးရင် PJ တွေ PV တွေ အဲလိုဝင်နေတာ ဘယ်နှစ်ယောက်ရှိလဲပေါ့။ အဲလိုလေးတွေ သိရတာပေါ့။ ကျနော်ကတော့ လူတိုင်းကို ဖြည့်စေချင်တာပေါ့နော်။ ဘာလို့ဆို ဒီ Survey ကောက်တယ်ဆိုတဲ့ သဘောသဘာဝကတော့ အချက်အလက်များများရနိုင်လေလေ သူတို့အတွက်ပိုပြီး အထောက်အပံ့ဖြစ်လေပေါ့။ အဲလိုဆိုတော့ ရည်ရွယ်ချက်ကတော့ ဒီအလုပ်သမားတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးတဲ့အပေါ်မှာပဲ ရလဒ်ကောင်းတခုကတော့ ထွက်လာမယ်လို့ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။”

အခုကောက်ယူတဲ့ စာရင်းဟာ တရားဝင်လမ်းကြောင်းနဲ့ လာရောက်လုပ်ကိုင်နေသူတွေအပြင် အထောက်အထားမရှိသူတွေအတွက်ပါ အကျုံးဝင်တယ်လို့လည်း ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ဥပဒေအရကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး စာရင်းကောက်ယူရာမှာတော့ စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးဝေက ပြောပါတယ်။

“ဒီစာရွက်စာတမ်းနဲ့ တင်ရမယ်ဆိုတဲ့ ကိစ္စကတော့ ထင်ထားသလောက်တော့ မရနိုင်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ အလုပ်သမားတွေက တချို့အချက်အလက်က သူတို့ဆီမရောက်နိုင်တာလည်းရှိတယ်။ နောက်တခုက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် အကူအညီတောင်းပြီးတော့ လုပ်တာကတော့ ရနိုင်ပါတယ်။ ဒါပေမဲ့လည်း ထိုင်းအစိုးရက အလုပ်သမားတွေရဲ့အခက်အခဲကို ထဲထဲဝင်ဝင်သိဖို့တော့ လိုတယ်ဗျ။”

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ကြုံခဲ့ရပြီးနောက် မတ်လလောက်ကစပြီး သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်သလို၊ လုပ်ငန်းတွေလည်း ရပ်ဆိုင်းကုန်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ကြရတဲ့ ရွှေ့ပြောင်းအလုပ်သမား အများအပြား နေရပ်ပြန်ကုန်ကြတာပါ။ ဒီအတွက်လည်း လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့်ရတဲ့အခါ အလုပ်သမား လိုအပ်ချက်နဲ့ ကြုံရမှာကို စိုးရိမ်လာနေကြတဲ့ ထိုင်းနိုင်ငံက လုပ်ငန်းရှင်တွေကလည်း လုပ်သားအင်အားနဲ့ ပတ်သက်လို့ စာရင်းပြုစုဖို့ တရားဝင် အထောက်အထား မရှိသူတွေကိုပါ အလုပ်လုပ်ခွင့်ပြုဖို့ အစိုးရကို တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG