သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းမွာ ကုိဗစ္ထိန္းခ်ဳပ္ေရးကာလ သက္တမ္းတလ ထပ္တုိး


ထုိင္းဘက္ကေနလဲႊေျပာင္းလာတဲ့ ျမန္မာႏို္င္ငံသားလူကုန္ကူးခံရသူမ်ားကုိ ကုိျမန္မာျပည္ဘက္က ျပန္လက္ခံႀကိဳဆိုတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - U Phyo Zaw Ko Ko - ဇြန္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းနိုင္ငံမွာ COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး အေရးေပၚကာလကုိ ေနာက္ထပ္ ၁ လ သက္တမ္း တုိးလုိက္တ့ဲအတြက္ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္အ၀င္အထြက္ေတြမွာ ကန္႔သတ္မႈေတြ ဆက္ရွိေနဦးမွာ ျဖစ္တဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထုိင္း၀န္ႀကီးခ်ဳပ္Prayut Chan-o-cha ဥကၠ႒အျဖစ္ ဦးေဆာင္က်င္းပခဲ့တဲ့ ကူးစက္ေရာဂါ တိုက္ဖ်က္ကာကြယ္ေရး စီမံခန႔္ခြဲမႈဗဟိုဌာန အစည္းအေ၀းမွာ အေရးေပၚကာလကုိ ေနာက္ထပ္ ၁ လ သက္တမ္းတုိးဖုိ႔ ဒီကေန႔ပဲ ဆုံးျဖတ္လုိက္တာပါ။ အစည္းအေ၀းမွာေတာ့ နယ္စပ္ေဒသေတြမွာ ၀င္ထြက္သြားလာမႈေတြနဲ႔ ပတ္သက္လုိ႔လည္း ေဆြးေႏြးခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ႏွစ္ ႏုိင္ငံ နယ္စပ္က က်န္းမာေရးဌာနေတြက ခြင့္မျပဳေသးတဲ့အတြက္ ကူးလူဆက္ဆံႏုိင္ဦးမွာ မဟုတ္ေသးဘူးလုိ႔ ကရင္ျပည္နယ္ ျမ၀တီခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

ထုိင္းဘက္ကေနလဲႊေျပာင္းလာတဲ့ ျမန္မာႏို္င္ငံသားလူကုန္ကူးခံရသူမ်ားကုိ ကုိျမန္မာျပည္ဘက္က ျပန္လက္ခံႀကိဳဆိုတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - U Phyo Zaw Ko Ko - ဇြန္ ၂၉၊ ၂၀၂၀)
ထုိင္းဘက္ကေနလဲႊေျပာင္းလာတဲ့ ျမန္မာႏို္င္ငံသားလူကုန္ကူးခံရသူမ်ားကုိ ကုိျမန္မာျပည္ဘက္က ျပန္လက္ခံႀကိဳဆိုတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - U Phyo Zaw Ko Ko - ဇြန္ ၂၉၊ ၂၀၂၀)

"အလုပ္အကုိင္ အခြင့္အလမ္းေတြအတြက္ကေတာ့ ခက္ခဲေနအုန္းမွာပဲ ဟုိဘက္၊ ဒီဘက္စက္ရံုေတြ ဖြင့္ဖို႔ အလုပ္သမားေတြ သြားေရးလာေရး အခက္အခဲရွိေနတုန္းပဲ က်ေနာ္တို႔ဘက္ကလည္း ဇူလိုင္လ ၁၅ ရက္ေန႔ထိ ပိ္တ္ထားအုန္းမယ္။ နယ္စပ္ border pass ေပးဖို႔က ႏွစ္ႏိုင္ငံလံုးက က်န္းမာေရးဌာနေတြက သေဘာမတူၾကဘူးခင္ဗ်။ တကယ္လို႔ ကူးမယ္ဆုိရင္ေတာ့ကူး ဒါေပမဲ့ ႏွစ္ဘက္လံုးက ေစာင့္ၾကည့္ေနရာေတြမွာ ေနရမယ္။ အဲဒါမ်ိဳးျဖစ္ေနတယ္။ ဒါကေတာ့ လက္ရွိအေျခအေနရ ကုိဗစ္ထိန္းခ်ဳပ္ေရးအတြက္ က်ေနာ္တို႔ေတာ့လုပ္ေနရတာပဲ။"

ဒီကေန႔မွာပဲ ထုိင္းႏုိင္ငံက ေစာင့္ေရွာက္ေရးေဂဟာေတြမွာ ရွိေနၾကတဲ့ ျမန္မာႏုိင္ငံက လူကုန္ကူးခံရသူ ၇၀ ေက်ာ္ကုိလည္း ျမန္မာအာဏာပုိင္ေတြလက္ထဲ ဒီကေန႔ပဲ လႊဲေျပာင္းေပးခဲ့တာပါ။ ဒီလူေတြကုိေတာ့ ျမ၀တီခ႐ုိင္တြင္းက သီးျခားေစာင့္ၾကည့္ေရး စင္တာေတြမွာ ယာယီေနရာခ်ထားမယ္လုိ႔လည္း ဦးေတဇာေအာင္က ေျပာပါတယ္။

"ဒီေန႔ေတာ့ ေစာင့္ေရွာက္ေရးေဂဟာမွာ ရွိေနတဲ့ ျမန္မာႏိုင္ငံသား လူေမွာင္ခို လူကုန္ကူးခံရသူပထမ လူ ၇၉ ဦး လဲႊမလို႔ ေနာက္မွာ ၄ ေယာက္ကေတာ့ တရားရံုးတက္ဖုိ႔ လိုေနေသးလို႔ က်န္ေနခဲ့တယ္။ ၇၅ ဦး က်ေနာ္တို႔ကုိ လဲႊလုိက္တယ္။ မနက္ပုိင္းက လဲႊၿပီး ေန႔လယ္ ၁၂ နာရီေလာက္ က်ေနာ္တို႔ဆီကို ေရာက္တယ္။ သူတို႔ကိုေတာ့ ဆက္လဲြလို႔ မရေသးဘူး။ ေစာင့္ၾကည့္ထားမယ္။ သီးျခားေစာင့္ၾကည့္တာ လုပ္မယ္။ မေလးျပန္တုိ႔၊ ဘာတို႔ကို လုပ္သလိုေပါ့ သီျခားထားျပီးမွ သက္ဆုိင္ရာျပည္နယ္နဲ႔ တုိင္းကုိလဲႊပါမယ္။"

ေသဆုံးသူ ၅၈ ေယာက္ အပါအ၀င္ ကူးစက္သူ ၃,၀၀၀ ေက်ာ္ရွိတဲ့ ထိုင္းႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ၇ ေယာက္ကုိ ဒီကေန႔ ထပ္မံအတည္ျပဳခဲ့ပါတယ္။ ဒါေပမဲ့လည္း ေရာဂါကူးစက္သူေတြဟာ ျပည္ပက ျပန္လာသူေတြ ျဖစ္ၾကတဲ့အတြက္ ျပည္တြင္းမွာ ကူးစက္မႈမေတြ႔တာ ၃၅ ရက္ ရွိသြားပါၿပီ။ ဒီအတြက္လည္း ဇူလုိင္လ ၁ ရက္ေန႔ကစၿပီး ေဖ်ာ္ေျဖေရးလုပ္ငန္းေတြနဲ႔ ျပည္ပခရီးသြားတခ်ဳိ႕ကုိ ၀င္ခြင့္ျပဳဖုိ႔ အပါအ၀င္ အကန္႔အသတ္ေတြကုိ တျဖည္းျဖည္း ေလွ်ာ့ေပးဖုိ႔လည္း စီစဥ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode version]

ထိုင်းမှာ ကိုဗစ်ထိန်းချုပ်ရေးကာလ သက်တမ်းတလ ထပ်တိုး

ထိုင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေး အရေးပေါ်ကာလကို နောက်ထပ် ၁ လ သက်တမ်း တိုးလိုက်တဲ့အတွက် မြန်မာနိုင်ငံနဲ့ နယ်စပ်အဝင်အထွက်တွေမှာ ကန့်သတ်မှုတွေ ဆက်ရှိနေဦးမှာ ဖြစ်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းဝန်ကြီးချုပ်Prayut Chan-o-cha ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့တဲ့ ကူးစက်ရောဂါ တိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးမှာ အရေးပေါ်ကာလကို နောက်ထပ် ၁ လ သက်တမ်းတိုးဖို့ ဒီကနေ့ပဲ ဆုံးဖြတ်လိုက်တာပါ။ အစည်းအဝေးမှာတော့ နယ်စပ်ဒေသတွေမှာ ဝင်ထွက်သွားလာမှုတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နှစ် နိုင်ငံ နယ်စပ်က ကျန်းမာရေးဌာနတွေက ခွင့်မပြုသေးတဲ့အတွက် ကူးလူဆက်ဆံနိုင်ဦးမှာ မဟုတ်သေးဘူးလို့ ကရင်ပြည်နယ် မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

"အလုပ်အကိုင် အခွင့်အလမ်းတွေအတွက်ကတော့ ခက်ခဲနေအုန်းမှာပဲ ဟိုဘက်၊ ဒီဘက်စက်ရုံတွေ ဖွင့်ဖို့ အလုပ်သမားတွေ သွားရေးလာရေး အခက်အခဲရှိနေတုန်းပဲ ကျနော်တို့ဘက်ကလည်း ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိတ်ထားအုန်းမယ်။ နယ်စပ် border pass ပေးဖို့က နှစ်နိုင်ငံလုံးက ကျန်းမာရေးဌာနတွေက သဘောမတူကြဘူးခင်ဗျ။ တကယ်လို့ ကူးမယ်ဆိုရင်တော့ကူး ဒါပေမဲ့ နှစ်ဘက်လုံးက စောင့်ကြည့်နေရာတွေမှာ နေရမယ်။ အဲဒါမျိုးဖြစ်နေတယ်။ ဒါကတော့ လက်ရှိအခြေအနေရ ကိုဗစ်ထိန်းချုပ်ရေးအတွက် ကျနော်တို့တော့လုပ်နေရတာပဲ။"

ထုိင္းဘက္ကေနလဲႊေျပာင္းလာတဲ့ ျမန္မာႏို္င္ငံသားလူကုန္ကူးခံရသူမ်ားကုိ ကုိျမန္မာျပည္ဘက္က ျပန္လက္ခံႀကိဳဆိုတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - U Phyo Zaw Ko Ko - ဇြန္ ၂၉၊ ၂၀၂၀)
ထုိင္းဘက္ကေနလဲႊေျပာင္းလာတဲ့ ျမန္မာႏို္င္ငံသားလူကုန္ကူးခံရသူမ်ားကုိ ကုိျမန္မာျပည္ဘက္က ျပန္လက္ခံႀကိဳဆိုတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - U Phyo Zaw Ko Ko - ဇြန္ ၂၉၊ ၂၀၂၀)

ဒီကနေ့မှာပဲ ထိုင်းနိုင်ငံက စောင့်ရှောက်ရေးဂေဟာတွေမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံက လူကုန်ကူးခံရသူ ၇၀ ကျော်ကိုလည်း မြန်မာအာဏာပိုင်တွေလက်ထဲ ဒီကနေ့ပဲ လွှဲပြောင်းပေးခဲ့တာပါ။ ဒီလူတွေကိုတော့ မြဝတီခရိုင်တွင်းက သီးခြားစောင့်ကြည့်ရေး စင်တာတွေမှာ ယာယီနေရာချထားမယ်လို့လည်း ဦးတေဇာအောင်က ပြောပါတယ်။

"ဒီနေ့တော့ စောင့်ရှောက်ရေးဂေဟာမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား လူမှောင်ခို လူကုန်ကူးခံရသူပထမ လူ ၇၉ ဦး လွဲှမလို့ နောက်မှာ ၄ ယောက်ကတော့ တရားရုံးတက်ဖို့ လိုနေသေးလို့ ကျန်နေခဲ့တယ်။ ၇၅ ဦး ကျနော်တို့ကို လွဲှလိုက်တယ်။ မနက်ပိုင်းက လွဲှပြီး နေ့လယ် ၁၂ နာရီလောက် ကျနော်တို့ဆီကို ရောက်တယ်။ သူတို့ကိုတော့ ဆက်လွဲလို့ မရသေးဘူး။ စောင့်ကြည့် ထားမယ်။ သီခြားစောင့်ကြည့်တာ လုပ်မယ်။ မလေးပြန်တို့၊ ဘာတို့ကို လုပ်သလိုပေါ့ သီခြားထားပြီးမှ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းကိုလွဲှပါမယ်။"

သေဆုံးသူ ၅၈ ယောက် အပါအဝင် ကူးစက်သူ ၃,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇ ယောက်ကို ဒီကနေ့ ထပ်မံအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း ရောဂါကူးစက်သူတွေဟာ ပြည်ပက ပြန်လာသူတွေ ဖြစ်ကြတဲ့အတွက် ပြည်တွင်းမှာ ကူးစက်မှုမတွေ့တာ ၃၅ ရက် ရှိသွားပါပြီ။ ဒီအတွက်လည်း ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ပြည်ပခရီးသွားတချို့ကို ဝင်ခွင့်ပြုဖို့ အပါအဝင် အကန့်အသတ်တွေကို တဖြည်းဖြည်း လျှော့ပေးဖို့လည်း စီစဉ်နေပါတယ်။

XS
SM
MD
LG