သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘက္ပို႔မယ္ဆိုတဲ့ လက္နက္ခဲယမ္းေတြ ထိုင္းနယ္စပ္မွာဖမ္းမိ


ထိုင္း-ျမန္မာနယ္စပ္တြင္ ဖမ္းဆီးမိသည့္ ျမန္မာဘက္ ပို႔မည္ဆိုသည့္ လက္နက္ခဲယမ္းမ်ား။ (ဇြန္ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္း - ျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕မွာ ျမန္မာႏိုင္ငံဘက္ကုိ ပို႔မယ့္ စစ္သံုး လက္နက္အေျမာက္အမ်ား ဖမ္းမိတဲ့ သတင္းကို ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထုိင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထိုင္းနိုင္ငံ တာ့ခ္ခရိုင္ မဲေဆာက္ျမိဳ႕က မဲေတာင္ ရပ္ကြက္အတြင္းက ေနအိမ္တလံုးကို ထိုင္းနယ္ျခားေစာင့္ရဲတပ္ဖြဲ႔နဲ႔ နယ္စပ္ျခားေစာင္တပ္ အမွတ္ ၃၄၆ တပ္ရင္း တပ္ဖြဲ႔၀င္ေတြကဇြန္လ ၂၃ ရက္ေနက ၀င္ေရာက္ရွာေဖြဖမ္းဆီးခဲ့တာပါ။

ထိုင္းနိုင္ငံသား နွစ္ဦးေနထိုင္ေနတဲ့ ေနအိမ္အတြင္းမွာ စစ္သံုးလက္နက္မ်ိဳးစံု ၃၃ လက္-ပါ၀င္ပါတယ္။ ဒီထဲမွာ ေအ ေက ၄၇ စက္လတ္-အမ္ ၁၆၊ ရိုင္ဖယ္-အမ္ ၇၉ ေလာင္ခ်ာအျပင္ အသံတိတ္ကိရိယာ တတ္ဆင္ထားတဲ့ ရိုင္ဖယ္ေတြပါ ေတြရွိခဲ့ပါတယ္။ ဒါ့အျပင္ လက္နက္မ်ိဳးစံုရဲ႕ က်ည္ဆံ အေျမာက္အမ်ားနဲ ့ လက္ပစ္ဗံုးေတြပါ ပါ၀င္တာပါ။

အခုဖမ္းဆီးလိုက္တဲ့ စစ္သံုးလက္နက္ေတြဟာ ျမန္မာနိုင္ငံဘက္က လူနည္းစု လက္နက္ကိုင္ အဖြဲ ့အစည္းဆီ ပို႔ေဆာင္မယ့္ လက္နက္ေတြ ျဖစ္တယ္လို႔လည္း ထိုင္းသတင္းေတြမွာ ေဖၚျပေနပါတယ္။ လက္နက္ေတြ ဖမ္းမိတာနဲ႔ ပတ္သက္လို႔ ထုိင္းရဲခ်ဳပ္ Chakthip Chaijinda က အခုလိုေျပာပါတယ္။

ထိုင္း-ျမန္မာနယ္စပ္တြင္ ဖမ္းဆီးမိသည့္ ျမန္မာဘက္ ပို႔မည္ဆိုသည့္ လက္နက္ခဲယမ္းမ်ား။ (ဇြန္ ၂၄၊ ၂၀၂၀)
ထိုင္း-ျမန္မာနယ္စပ္တြင္ ဖမ္းဆီးမိသည့္ ျမန္မာဘက္ ပို႔မည္ဆိုသည့္ လက္နက္ခဲယမ္းမ်ား။ (ဇြန္ ၂၄၊ ၂၀၂၀)

ထိုင္းရဲခ်ဳပ္ ေျပာသြားတာကေတာ့ အခုလို နွစ္နိုင္ငံနယ္စပ္မွာ ဖမ္းဆီးခဲ့တဲ့ စစ္သံုးလက္နက္ပစၥည္းေတြဟာ ထိုင္း - ျမန္မာ နွစ္နိုင္ငံ အမ်ိဳးသားလံုျခံဳေရးဆိုင္ရာနဲ႔ သက္ဆိုင္ေနတာေၾကာင့္ မိမိတို ့အေနနဲ႔ ထိုင္းနိုင္ငံအတြင္းမွာေရာ တဘက္နိုင္ငံတြင္းမွာပါ အမ်ိဳးသားလံုျခံဳေရးထိခိုက္ေစမယ့္ လုပ္ရပ္ေတြကို ခြင့္ျပဳမွာ မဟုတ္ဘူးလို ့ေျပာဆိုသြားတာပါ။

လက္နက္ေတြနဲ႔အတူ ဖမ္းဆီးလိုက္တဲ့ ထိုင္းနိုင္ငံသား ႏွစ္ဦးကိုေတာ့ ဆက္လက္စစ္ေဆးမွုေတြျပဳလုပ္ေနတယ္လို႔လည္း ဆိုပါတယ္။ ထုိင္း - ျမန္မာနယ္စပ္မဲေဆာက္ျမိဳ႕မွာ မၾကာခဏဆုိသလို လက္နက္ေတြ ဖမ္းမိတာေတြရွိျပီး ဖမ္းမိတုိင္းမွာ ျမန္မာႏိုင္ငံဘက္ကို ပို႔မယ့္ လက္နက္ေတြ ျဖစ္ေၾကာင္းထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဘက်ပို့မယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေ ထိုင်းနယ်စပ်မှာဖမ်းမိ

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်ကို ပို့မယ့် စစ်သုံး လက်နက်အမြောက်အများ ဖမ်းမိတဲ့ သတင်းကို ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့က မဲတောင် ရပ်ကွက်အတွင်းက နေအိမ်တလုံးကို ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နယ်စပ်ခြားစောင်တပ် အမှတ် ၃၄၆ တပ်ရင်း တပ်ဖွဲ့ဝင်တွေကဇွန်လ ၂၃ ရက်နေက ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ။

ထိုင်းနိုင်ငံသား နှစ်ဦးနေထိုင်နေတဲ့ နေအိမ်အတွင်းမှာ စစ်သုံးလက်နက်မျိုးစုံ ၃၃ လက်-ပါဝင်ပါတယ်။ ဒီထဲမှာ အေ ကေ ၄၇ စက်လတ်-အမ် ၁၆၊ ရိုင်ဖယ်-အမ် ၇၉ လောင်ချာအပြင် အသံတိတ်ကိရိယာ တတ်ဆင်ထားတဲ့ ရိုင်ဖယ်တွေပါ တွေရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်မျိုးစုံရဲ့ ကျည်ဆံ အမြောက်အများနဲ့ လက်ပစ်ဗုံးတွေပါ ပါဝင်တာပါ။

အခုဖမ်းဆီးလိုက်တဲ့ စစ်သုံးလက်နက်တွေဟာ မြန်မာနိုင်ငံဘက်က လူနည်းစု လက်နက်ကိုင် အဖွဲ့အစည်းဆီ ပို့ဆောင်မယ့် လက်နက်တွေ ဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။ လက်နက်တွေ ဖမ်းမိတာနဲ့ ပတ်သက်လို့ ထိုင်းရဲချုပ် Chakthip Chaijinda က အခုလိုပြောပါတယ်။

ထိုင်းရဲချုပ် ပြောသွားတာကတော့ အခုလို နှစ်နိုင်ငံနယ်စပ်မှာ ဖမ်းဆီးခဲ့တဲ့ စစ်သုံးလက်နက်ပစ္စည်းတွေဟာ ထိုင်း - မြန်မာ နှစ်နိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာနဲ့ သက်ဆိုင်နေတာကြောင့် မိမိတို့အနေနဲ့ ထိုင်းနိုင်ငံအတွင်းမှာရော တဘက်နိုင်ငံတွင်းမှာပါ အမျိုးသားလုံခြုံရေးထိခိုက်စေမယ့် လုပ်ရပ်တွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ပြောဆိုသွားတာပါ။

လက်နက်တွေနဲ့အတူ ဖမ်းဆီးလိုက်တဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကိုတော့ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ ထိုင်း - မြန်မာနယ်စပ်မဲဆောက်မြို့မှာ မကြာခဏဆိုသလို လက်နက်တွေ ဖမ်းမိတာတွေရှိပြီး ဖမ်းမိတိုင်းမှာ မြန်မာနိုင်ငံဘက်ကို ပို့မယ့် လက်နက်တွေ ဖြစ်ကြောင်းထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

XS
SM
MD
LG