သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ စက္ေလွဂိတ္ေတြ ျပန္ဖြင့္ေပးဖို႔ ႏွစ္ဘက္ကုန္သည္ေတြ ေတာင္းဆို


နယ္စပ္ေလွဂိတ္ေတြ ပိတ္ထားတဲ့အတြက္ အသြားအလာမရွိ ကုန္စည္စီးဆင္းမႈမရိွျဖစ္ေနတဲ့ ေလွဂိတ္တခု။ (ဇြန္ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 အေရးေပၚကာလ ထိုင္း - ျမန္မာ စီးပြားေရးနဲ႔ အလုပ္အကုိင္ဆံုးရံႈးနစ္နာတာေတြ ျဖစ္ေနတာေၾကာင့္ ထုိင္းျမန္မာနယ္စပ္ မဲေဆာက္နဲ႔ တန္ေဆာင္ရမ္းျမိဳ႕နယ္အတြင္းက စက္ေလွဂိတ္ေတြ ျပန္ဖြင့္ေပးဖုိ႔ ထုိင္းကုန္သည္ေတြနဲ႔ ျမန္မာကုန္သည္ေတြက ေတာင္းဆိုေနၾကတာကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထိုင္း- ျမန္မာနယ္စပ္ မဲေဆာက္ျမ၀တီ ျဖတ္ကူးတဲ့ ေလွဂိတ္ေတြ ပိတ္ထားတာ သံုးလနီးပါ ရွိေနျပီး ဒီအတြက္နယ္စပ္မွာ တနိုင္တပိုင္ လုပ္ေနၾကတဲ့ ထိုင္းနဲ႔ ျမန္မာ စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ ့ ဆံုးရံႈးနစ္နာမႈေတြ ရင္ဆိုင္ေနပါတယ္။

မဲေဆာက္ျမိဳ႕နယ္အတြင္းနယ္စပ္ အေျခစိုက္ ကုန္ပစၥည္းေတြ တင္သြင္းေနၾကတဲ့ ထိုင္း လုပ္ငန္းရွင္ေတြဟာ မဲေဆာက္ျမိဳ႕ပိုင္းကို စက္ေလွဂိတ္ေတြ ျပန္ဖြင့္ေပးဖို႔ ေတာင္းဆို ေနၾကပါတယ္။

"ဆံုးရႈံးနစ္နာသူေတြက က်ေနာ္တုိ႔တင္ မဟုတ္ဘူး။ က်ေနာ္တုိ႔ကို မီွခိုေနတဲ့ အလုပ္သမားေတြေရာ ေလွဂိတ္တေလွ်ာက္မွာ ႏွစ္ႏိုင္ငံနယ္စပ္ စီးပြားေရးကုိ လုပ္ေနၾကတဲ့ ႏွစ္ႏိုင္ငံသားေတြ အားလံုး ဒုကၡေရာက္ေနၾကတာပါ။ က်ေနာ္တို႔လည္း စက္ေလွဂိတ္ေတြမွာ ပိုးသတ္ေဆးေတြ ဖ်န္းတဲ့ ၀င္ေပါက္ေတြ လုပ္ထားျပီးပါျပီ။" ဆိုျပီး ထုိင္းဘာသာနဲ႔ ေျပာသြားတာပါ။

နယ္စပ္ေလွဂိတ္ေတြက ျမန္မာဘက္ကို အႀကီးမားဆံုးပုိ႔ေနတဲ့ ကုန္ပစၥည္းေတြ အားလံုးဟာ ကုန္တင္နာကားႀကီးေတြနဲ႔ ဘန္ေကာက္ကေနလာတာပါ။ အမ်ားဆံုးကေတာ့ ဂ်ပန္ကလာတဲ့ ကားအေဟာင္းေတြနဲ႔ တပတ္ရစ္ အသံုးျပဳျပီးသား ပစၥည္းစံုျဖစ္ပါတယ္။

နယ္စပ္ေလွဂိတ္ကေနတဆင့္ ျမန္မာႏိုင္ငံဘက္ကို ဂ်ပန္ကေန လာတဲ့ ကုန္ပစည္းေတြ ပုိ႔ေဆာင္ေနတဲ့ ျမန္မာကုန္သည္ တဦးကေတာ့ အခုလိုေျပာပါတယ္။

"ဘာမွအလုပ္လုပ္လို႔ မရဘူး။ ျမန္မာျပည္နယ္စပ္ ႏွစ္ ခုလံုး ေအာက္ဂိတ္ေတြ ပိတ္ထားေတာ့ ဟုိဘက္ ဒီဘက္ကူးသန္းသြားလာမႈ မရွိေတာ့ က်ေနာ္တုိ႔ ဆိုင္သမားေတြ ဟုိဘက္ျခမ္းက ဆုိင္သမားေတြ ဘာမွာလုပ္လို႔မရဘူး။ ဒီဘက္က ထရန္စစ္ပစၥည္း (တေထာက္နား) ေတြ ဘာမွ ပုိ႔မရ၊ သြားမရဘူး။ ကားေတြပါတယ္။ ဂ်ပန္အသံုးအေဆာင္ပစၥည္းေတြ ပါတယ္ ကြန္တိန္နာပံုးေတြေပါ့။"

ထိုု္င္းနိုင္ငံမွာလည္း ကိုဗစ္ ေရာဂါ ေနာက္ထပ္ကူးဆက္သူ ေသဆံုးသူ မရွိေတာ့တာေၾကာင့္ ေရာဂါ ထိန္းခ်ဳပ္နိုင္ျပီလို ့အစိုးရေၾကျငာထားျပီး ကုိဗစ္ကာလ ညမထြက္ရအမိန္႔ကို ရုပ္သိမ္းလိုက္ပါတယ္။ ႏိုင္ငံတြင္းစီးပြားေရးေတြကိုလည္း က်န္းမာေရး စည္းကမ္းခ်က္ေတြနဲ႔
လုပ္ခြင့္ျပဳထားပါတယ္။ ဒါအျပင္ ခရီးသြားလာေရးေတြ၊ စီးပြားေရးလုပ္ကိုင္မႈေတြ ျပန္လုပ္ခြင့္ေပးေနျပီဆိုေတာ့ နယ္စပ္ဂိတ္ျဖတ္သန္းမႈေတြ ျပန္ဖြင့္ေပးဖို႔ ထိုင္းကုန္သည္ေတြက ေမွ်ာ္လင့္ေနၾကတာပါ။

လက္ရွိမွေတာ့ ထိုင္းျမန္မာ ႏွစ္ႏိုင္ငံအစုိးရေတြဘက္ကေတာ့ နယ္စပ္ေလွဂိတ္ေတြ ျပန္ဖြင့္ေပး၊ မေပးဆုိတာကို တိက်တဲ့ အေျဖ မေပးနိုင္ေသးဘဲ ရွိေနပါေသးတယ္။ ဒါအျပင္ ကုန္ေတြ ေလွာင္ထားရတဲ့သူေတြ အဖို႔လည္း ကုန္က်စရိတ္ေတြ ရွိတာေၾကာင့္ ႏွစ္ဘက္ကုန္သည္ေတြ ဆံုးရံႈးနစ္နာမႈေတြျဖစ္လာပါတယ္။

ထိုင္းျမန္မာနယ္စပ္ ကုန္သြယ္ေရးမွာ ေအာက္လမ္း စက္ေလွဂိတ္ေတြဟာလည္း အေရးပါတဲ့ စီးပြားေရးလမ္းေၾကာင္း တစ္ခုလည္း ျဖစ္ပါတယ္။ ထုိင္းျမန္မာနယ္စပ္မွာ ေအာက္လမ္းေလွဂိတ္ ၃၀ ထက္မနည္းရွိပါတယ္။ တ၀က္ေက်ာ္ေလာက္ကေတာ့ ကုန္စည္ပုိ႔ေဆာင္ေနတဲ့ လမ္းေတြျဖစ္ပါတယ္။

လက္ရိွမွာ တရား၀င္ နယ္စပ္တံတားေတြက သြားတဲ့ ကုန္စည္ပုိ႔ေဆာင္ေရး လမ္းေၾကာင္းေတြကေတာ့ ပံုမွန္အတုိင္း သြားလာေနဆဲျဖစ္ပါတယ္။ အခုလုိ ေအာက္လမ္းေလွဂိတ္ေတြမွာ စီးပြားလုပ္ေနသူေတြ နယ္စပ္မွာ အလုပ္လုပ္ကုိင္စားေသာက္ေနသူေတြ ေန႔သြား၊ ညျပန္ အလုပ္သမားေတြကေတာ့ ကုိဗစ္အေရးေပၚကာလ ၃လတာအတြင္း စီးပြားေရး ဆံုးရံႈးနစ္နာမႈေတြအျပင္ အလုပ္လက္မဲ့ေတြလည္းျဖစ္ကုန္ျပီး ေနထုိင္စားေသာက္ေရးေတြလည္း ခက္ခဲလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်း-မြန်မာနယ်စပ် စက်လှေဂိတ်တွေပြန်ဖွင့်ပေးဖို့ နှစ်ဘက်ကုန်သည်တွေ တောင်းဆို

COVID-19 အရေးပေါ်ကာလ ထိုင်း - မြန်မာ စီးပွားရေးနဲ့ အလုပ်အကိုင်ဆုံးရှုံးနစ်နာတာတွေ ဖြစ်နေတာကြောင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်နဲ့ တန်ဆောင်ရမ်းမြို့နယ်အတွင်းက စက်လှေဂိတ်တွေ ပြန်ဖွင့်ပေးဖို့ ထိုင်းကုန်သည်တွေနဲ့ မြန်မာကုန်သည်တွေက တောင်းဆိုနေကြတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြဝတီ ဖြတ်ကူးတဲ့ လှေဂိတ်တွေ ပိတ်ထားတာ သုံးလနီးပါ ရှိနေပြီး ဒီအတွက်နယ်စပ်မှာ တနိုင်တပိုင် လုပ်နေကြတဲ့ ထိုင်းနဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရင်ဆိုင်နေပါတယ်။

မဲဆောက်မြို့နယ်အတွင်းနယ်စပ် အခြေစိုက် ကုန်ပစ္စည်းတွေ တင်သွင်းနေကြတဲ့ ထိုင်း လုပ်ငန်းရှင်တွေဟာ မဲဆောက်မြို့ပိုင်းကို စက်လှေဂိတ်တွေ ပြန်ဖွင့်ပေးဖို့ တောင်းဆို နေကြပါတယ်။

"ဆုံးရှုံးနစ်နာသူတွေက ကျနော်တို့တင် မဟုတ်ဘူး။ ကျနော်တို့ကို မှီခိုနေတဲ့ အလုပ်သမားတွေရော လှေဂိတ်တလျှောက်မှာ နှစ်နိုင်ငံနယ်စပ် စီးပွားရေးကို လုပ်နေကြတဲ့ နှစ်နိုင်ငံသားတွေ အားလုံး ဒုက္ခရောက်နေကြတာပါ။ ကျနော်တို့လည်း စက်လှေဂိတ်တွေမှာ ပိုးသတ်ဆေးတွေ ဖျန်းတဲ့ ဝင်ပေါက်တွေ လုပ်ထားပြီးပါပြီ။" ဆိုပြီး ထိုင်းဘာသာနဲ့ ပြောသွားတာပါ။

နယ်စပ်လှေဂိတ်တွေက မြန်မာဘက်ကို အကြီးမားဆုံးပို့နေတဲ့ ကုန်ပစ္စည်းတွေ အားလုံးဟာ ကုန်တင်နာကားကြီးတွေနဲ့ ဘန်ကောက်ကနေလာတာပါ။ အများဆုံးကတော့ ဂျပန်ကလာတဲ့ ကားအဟောင်းတွေနဲ့ တပတ်ရစ် အသုံးပြုပြီးသား ပစ္စည်းစုံဖြစ်ပါတယ်။

နယ်စပ်လှေဂိတ်ကနေတဆင့် မြန်မာနိုင်ငံဘက်ကို ဂျပန်ကနေ လာတဲ့ ကုန်ပစည်းတွေ ပို့ဆောင်နေတဲ့ မြန်မာကုန်သည် တဦးကတော့ အခုလိုပြောပါတယ်။

"ဘာမှအလုပ်လုပ်လို့ မရဘူး။ မြန်မာပြည်နယ်စပ် နှစ် ခုလုံး အောက်ဂိတ်တွေ ပိတ်ထားတော့ ဟိုဘက် ဒီဘက်ကူးသန်းသွားလာမှု မရှိတော့ ကျနော်တို့ ဆိုင်သမားတွေ ဟိုဘက်ခြမ်းက ဆိုင်သမားတွေ ဘာမှာလုပ်လို့မရဘူး။ ဒီဘက်က ထရန်စစ်ပစ္စည်း (တထောက်နား) တွေ ဘာမှ ပို့မရ၊ သွားမရဘူး။ ကားတွေပါတယ်။ ဂျပန်အသုံးအဆောင်ပစ္စည်းတွေ ပါတယ် ကွန်တိန်နာပုံးတွေပေါ့။"

ထိုင်းနိုင်ငံမှာလည်း ကိုဗစ် ရောဂါ နောက်ထပ်ကူးဆက်သူ သေဆုံးသူ မရှိတော့တာကြောင့် ရောဂါ ထိန်းချုပ်နိုင်ပြီလို့အစိုးရကြေငြာထားပြီး ကိုဗစ်ကာလ ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပါတယ်။ နိုင်ငံတွင်းစီးပွားရေးတွေကိုလည်း ကျန်းမာရေး စည်းကမ်းချက်တွေနဲ့ လုပ်ခွင့်ပြုထားပါတယ်။ ဒါအပြင် ခရီးသွားလာရေးတွေ၊ စီးပွားရေးလုပ်ကိုင်မှုတွေ ပြန်လုပ်ခွင့်ပေးနေပြီဆိုတော့ နယ်စပ်ဂိတ်ဖြတ်သန်းမှုတွေ ပြန်ဖွင့်ပေးဖို့ ထိုင်းကုန်သည်တွေက မျှော်လင့်နေကြတာပါ။

လက်ရှိမှတော့ ထိုင်းမြန်မာ နှစ်နိုင်ငံအစိုးရတွေဘက်ကတော့ နယ်စပ်လှေဂိတ်တွေ ပြန်ဖွင့်ပေး၊ မပေးဆိုတာကို တိကျတဲ့ အဖြေ မပေးနိုင်သေးဘဲ ရှိနေပါသေးတယ်။ ဒါအပြင် ကုန်တွေ လှောင်ထားရတဲ့သူတွေ အဖို့လည်း ကုန်ကျစရိတ်တွေ ရှိတာကြောင့် နှစ်ဘက်ကုန်သည်တွေ ဆုံးရှုံးနစ်နာမှုတွေဖြစ်လာပါတယ်။

ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အောက်လမ်း စက်လှေဂိတ်တွေဟာလည်း အရေးပါတဲ့ စီးပွားရေးလမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ အောက်လမ်းလှေဂိတ် ၃၀ ထက်မနည်းရှိပါတယ်။ တဝက်ကျော်လောက်ကတော့ ကုန်စည်ပို့ဆောင်နေတဲ့ လမ်းတွေဖြစ်ပါတယ်။

လက်ရှိမှာ တရားဝင် နယ်စပ်တံတားတွေက သွားတဲ့ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွေကတော့ ပုံမှန်အတိုင်း သွားလာနေဆဲဖြစ်ပါတယ်။ အခုလို အောက်လမ်းလှေဂိတ်တွေမှာ စီးပွားလုပ်နေသူတွေ နယ်စပ်မှာ အလုပ်လုပ်ကိုင်စားသောက်နေသူတွေ နေ့သွား၊ ညပြန် အလုပ်သမားတွေကတော့ ကိုဗစ်အရေးပေါ်ကာလ ၃လတာအတွင်း စီးပွားရေး ဆုံးရှုံးနစ်နာမှုတွေအပြင် အလုပ်လက်မဲ့တွေလည်းဖြစ်ကုန်ပြီး နေထိုင်စားသောက်ရေးတွေလည်း ခက်ခဲလာနေပါတယ်။

XS
SM
MD
LG